Friday, August 15, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၈)

သစ်ထူးလွင်


Posted: 14 Aug 2014 06:14 AM PDT
 မလေးရှားနိုင်ငံ တရားရုံးတခုက မြန်မာနိုင်ငံသား ၅၂ ဦးကို ဗီဇာအတု ကိုင်ဆောင်ဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်လိုက်ပြီး သူတို့ကို တာဝန်ခံ ခေါ်ဆောင်တဲ့ ၃ ဦးကို လာမယ့်ရက်ပိုင်းအတွင်း ရုံးတင်အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ တဲ့ မြန်မာနိုင်ငံ သားတွေ ကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှ
Posted: 14 Aug 2014 06:08 AM PDT
 ချင်းပြည်နယ် ကျေးလက်ဒေသပြည်သူများ အစာရေစာ ပြတ်လပ် မှုဖြေရှင်းရေး အတွက် ဂျပန်နိုင်ငံမှ Nippon Foundation က အစိုးရနှင့် ပဏာမငြိမ်းချမ်းရေး ရယူထား သည့် CNF ကို ဖြတ်သန်းပြီး ကျပ်သိန်းပေါင်း ၁၈၀၀ ကူညီ မည်ဟု ယနေ့ ကြားသိရသည်။ ကျပ်သိန်းပေါင်း ၁၈၀၀ ကို Nippon Foundation က ကာလပေါက်ဈေးအတိုင်း ၀ယ်ယူပြီး ချင်းပြည်နယ် (၉) မြို့နယ် တွင် ဖြန့်ဝေသွားမှာဖြစ်ကြောင်း နှင့် ကူညီမည့် ပမာ ဏကို CNF နဲ့
Posted: 14 Aug 2014 06:05 AM PDT
 ယူကရိန်း အရှေ့ပိုင်းက လူတွေအတွက် အကူအညီ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရုရှား ယာဉ်တန်းဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်း နယ်စပ်အနီးကို ချဉ်းကပ် သွားနေစဉ်မှာပဲ သူပုန်တွေ ရှိရာ ဒွန်းညက်စ် မြို့ကို ယူကရိန်း အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေပါတယ်။ အစောပိုင်း သတင်းတွေအရ ဒွန်းညက်စ်မြို့မှာ လက်နက်ကြီး ပေါက်ကွဲသံတွေ ကြားနေရပြီး အရေးပေါ် အချက်ပေးသံတွေကြောင့် ရုံးတွေထဲက လူတွေြေ
Posted: 14 Aug 2014 05:53 AM PDT
 မန္တလေးတိုင်းဒေသကြီး ညောင်ဝန်းကျေးရွာမှာ ရဲနဲ့ ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ ရွာသားတွေ ပဋိပက္ခဖြစ်လို့ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားနေပါတယ်။ ဒီနေ့မနက် ၁၀ နာရီလောက်က မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို ရဲ အင်အား ၅၀ ကျော်နဲ့ ၀င်ရောက်စီးနင်းကြလို့ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ညောင်ဝန်းကျေးရွာသူ ၂ ဦး ဒဏ်ရာရပြီး မသန်းကြင်နုရဲ့ခြေထောက်ကိုေ
Posted: 14 Aug 2014 05:49 AM PDT
 ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် ဘေးလွတ်ရာ တိမ်းရှောင်လာတဲ့ ရွာသားတွေကို အစိုးရတပ်က လာရောက် တောင်းပန်ပြီး စားနပ်ရိက္ခာတွေပါ ကူညီခဲ့ပါတယ်။ ဖားကန့်မြို့နယ်နဲ့ ကာမိုင်းမြို့နယ်ခွဲကြားက ကဘော်မှော်ရွာဘက်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အေ)တို့ကြား ပစ်ခတ်မှုတွေကြောင့် ထိတ်လန့်ပြီး နမ့်ယားရွာဘက် ထွက်ပြေးလာတဲ့ ရွာသားတွေကို အစိုးရတပ် တပ်မ ၆၆
Posted: 14 Aug 2014 05:46 AM PDT
 နေပြည်တော်၊ သြဂုတ် ၁၄  ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ ည ၉ နာရီခွဲအချိန် ရန်ကုန်မှပြည်သို့ မောင်းနှင်လာသော အမှတ်(၇၁)အဆန် ရန်ကုန် -ပြည် လူစီး အမြန်ရထားသည် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရထားလမ်း ကြေးနန်း မိုင်တိုင်အမှတ်(၁၄၇/၁၅-၁၆)ကြား၊ ရွှေလင်ကျေးရွာအား ဖြတ်သန်းမောင်းနှင်စဉ် ရွှေလင် ကျေးရွာ ဇရပ်ပေါ်ရှိ လူ(၃)ဦးအနက် တစ်ဦးမှ ရထားလမ်းဘေးရှိ လမ်းခင်းသည့်ကျောက်ခဲနှင့် ပစ်ပေါက်ခဲ့သဖြင့်
Posted: 14 Aug 2014 05:40 AM PDT
 ဘရိတ်ပေါက်သောယာဉ် ကမ်းပါးယံနှင့်တိုက်မိပြီး တိမ်းမှောက်၍ (၅)ဦး သေ၊ (၁၆)ဦး ဒဏ်ရာရ  နေပြည်တော်၊ သြဂုတ် ၁၄  ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ် ဆေးရုံသို့ ယာဉ်တိမ်းမှောက်မှုမှ လူနာများ ရောက်ရှိနေကြောင်း သတင်းအရ ကျောရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။  စစ်ဆေးချက်အရ ယင်းနေ့ နံနက် ၈ နာရီ
Posted: 14 Aug 2014 01:58 AM PDT
 ဟိုအရင် မြန်မာ အစိုးရနဲ့  ချုပ်ဆိုထားတဲ့ ရေကာတာဆောက်လုပ်ရေး စီမံချက်စာချုပ်တွေ ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့  ဖြစ်နိုင်တယ်လို့ Power Construction Corp of China PCCC ကုမ္ပဏီ ၊ ဒုတိယ ဥက္ကဌ Sun Hongshui က ပြောကြားလိုက်ပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်က အရင်တုန်းကထက် များပြားလာနေတယ်လို့ လက်ရှိ မြန်မာ အစိုးရအနေနဲ့  ယူဆရင်၊ ပြည်တွင်း လိုအပ်ချက်ကို အရင် ဖြည့်ဆီးပေး ဖို့ ပြဿနာ မရှိကြောင်း၊
Posted: 14 Aug 2014 01:48 AM PDT
  မြန်မာနိုင်ငံကို အလည်အပတ်လာရောက်မယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် အွန်လိုင်းကနေ လျှောက်ထားနိုင်တဲ့ အီလက်ထရွန်းနစ်ဗီဇာ (အီးဗီဇာ) စနစ် စတင် ကျင့်သုံးနေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ တရားဝင်စတင်မှာ ဖြစ်ပေမယ့် သြဂုတ် ၁၀ ရက်နေ့ကတည်းက စမ်းသပ်နေပြီလို့ ပြောပါတယ်။ ဗီဇာလျှောက်ထားလိုသူ နိုင်ငံခြားသားတွေအနေနဲ့
Posted: 14 Aug 2014 01:45 AM PDT
 မုံရွာ သြဂုတ် ၁၃  သြဂုတ် ၁၂ ရက် နံနက် ၃ နာရီခွဲက အိပ်ပျော်နေရာမှ ယောင်၍ လမ်းထလျှောက်စဉ် ရေတွင်းအတွင်း ပြုတ်ကျသေဆုံးမှု မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် အမှတ်(၂)လမ်းနေ သန်းတိုးအောင် (၁၉)နှစ် (ဘ)ဦးကျော်မြသန်းသည် အိပ်ပျော်နေရာမှ ယောင်၍လမ်းထလျှောက်စဉ် နေအိမ်ဝင်းအတွင်းရှိ ရေတွင်းအတွင်းသို့ြ
Posted: 14 Aug 2014 01:42 AM PDT
 ကံမ သြဂုတ် ၁၃  မကွေးတိုင်းဒေသကြီး သရက် ခရိုင် ကံမမြို့တွင် မြစ်ကမ်းတစ် လျှောက် ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ကမ်းပါးမြေပြိုခြင်းများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ နွေရာသီ ရေနည်းကာလမှစတင်၍ မြစ်ကမ်းပါး မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ ကံမမြို့ အမှတ် (၃)ရပ်ကွက် မဒေးဝရပ်တွင် လူနေအိမ်များနှင့် နီးကပ်လာသဖြင့် နေအိမ်ရှစ်လုံးရွှေ့ပြောင်းခဲ့ပြီး ယခု မိုးရာသီ ရေများကာလတွင် မြေပြို ခြင်းများ
Posted: 14 Aug 2014 01:32 AM PDT
  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်က ကျေးရွာ အချို့မှာ လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကတည်းက ရေကြီးနေတာ အခုချိန်ထိ ရေပြန်မကျသေးတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ ငမိုးရိပ်ချောင်းရေ မကျသေးတဲ့အတွက် အခုထိ ရေပြန်မကျသေးတာလို့ လှည်းကူးမြို့နယ် ကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။ “ခါတိုင်းနှစ်တွေက ရေကြီးရင် ၁၀ ရက်လောက်ပဲကြာတယ်။ ဒီနှစ်က ၁ လလောက်ကြာလာတော့ အစားအစာ၊ သောက်ရေတွေ
Posted: 14 Aug 2014 01:30 AM PDT
 လာမယ့် စက်တင်ဘာ ဒုတိယ အပတ်ကျရင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဟာ Eazy Pay ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အွန်လိုင်းကနေတဆင့် လျှပ်စစ်မီတာခ ပေးချေတဲ့ လုပ်ငန်း စတင် ၀န်ဆောင်မှု ပေးသွား မယ်လို့ ပုဇွန်တောင်မြို့နယ် လျှပ်စစ်မီတာရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။ လက်ရှိ မြို့လယ် ၃ မြို့နယ် ဖြစ်တဲ့ ပုဇွန်တောင်၊ လသာနဲ့ လှိုင်မြို့နယ်တွေကို ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊
Posted: 14 Aug 2014 01:28 AM PDT
 ရန်ကုန် သြဂုတ် ၁၃  ရန်ကုန်မြို့၏ မြစ်သုံးစင်း ဆုံရာနေရာတွင် ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အဆိုပါ ဆယ်ယူသည့်နေရာသို့ သွားရောက်ကြည့်ရှုသူ များခြင်းကြောင့် သမ္ဗန်သမားများ အလုပ်ဖြစ်နေကြကြောင်း သိရှိရသည်။ ''မနေ့ကအထိတော့ တစ်ဦးတစ်ထောင်၊ ဒီနေ့တော့တစ်ဦး ငါးရာဖြစ်သွားတယ်''ဟု သာကေတဘက် ကမ်းနားမှ နေ့စဉ်လာရောက်ကြည့်ရှုသူတစ်ဦးက ပြောကြားသည်။ ထိုသာကေတ ရှုခင်းသာပန်းခြံနေရာ၏
Posted: 14 Aug 2014 01:22 AM PDT
 ဘောဂလိ သြဂုတ်လ ၁၂  ကရင်ပြည်နယ်၊ ဘောဂလိမြို့၊ ပလက်ဝဇက်ဆိပ် ဘောဂလိဘက်ခြမ်း ၌ မော်တော်ယာဉ် တစ်စီး ရေထဲသို့ကျသွားမှု ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားပုံမှ သြဂုတ်လ ၁၁ ရက် နံနက် ၁၁း၃၀ အချိန်တွင် တောင်ငူ မှ ဘောဂလိသို့ ယာဉ်မောင်း စောစေးမူး(ခ) ကုလားလေး၊ အသက် (၃၁)နှစ် မောင်းနှင်သော မော်တော်ယာဉ်အမှတ် ဘ/၆၅၈၄ သည် ခရီးသည် (၆)ဦး တင်ဆောင်လာရာ ပလက်ဝဇက်ဆိပ်ရှိ ဘောဂလိဘက်ခြမ်း ဇက်ရေယာဉ်ပေါ်မှ ကားလမ်းပေါ်သို့ေ
Posted: 14 Aug 2014 01:05 AM PDT
 ထိုင်းနိုင်ငံမှာ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကလေးထိန်းအလုပ် မခန့်ထားဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားခန့်ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဆုမစ် မဟိုဆွတ်က ပြောကြားတယ်လို့ အဲမ်ခွတ် နဲ့ မတီချွန်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။ အယုဒ္ဓယ ခရိုင် ရွှေ့ပြောင်း အလုပ်သမားမှတ်ပုံ တင်ပေးရေး ၀မ်းစတော့ပ် ဆားဗစ်စင်တာက အလုပ်သမား ကျန်းမာရေး စစ်ဆေးသူ ဒေါက်တာ
Posted: 14 Aug 2014 01:02 AM PDT
 စားသုံးဖို့မသင့်တဲ့ အစားအသောက်နဲ့ ရေသန့် ထုတ်လုပ်သူတွေကို အရေးယူဖို့ ရှိတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ပြောပါတယ်။ အခုရက်ပိုင်း သတင်းစာတွေထဲမှာ ကျန်းမာရေး ၀န်ကြီးဌာနက စားသုံးဖို့ မသင့်တဲ့ အစားအစာနဲ့ ရေသန့်တွေ ဆက်တိုက် ဖော်ပြနေတာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ေ
Posted: 13 Aug 2014 08:12 PM PDT
  ရန်ကုန် သြဂုတ် ၁၃   ရပ်နီးရပ်ဝေးမှ ပြည်သူများနှင့် ပြည်ပသတင်း မီဒီယာများ၊ ပြည်တွင်းရုပ်သံနှင့် သတင်းမီဒီယာ များက လေ့လာ စောင့်ကြည့်နေသော ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုတွင် ဩဂုတ် ၁၃ ရက်တွင် ထူးခြားမှုအချို့ကို မြင်တွေ့ နေရကြောင်း လေ့လာကြည့်ရှုနေသော ဧည့်ပရိသတ်များက ပြောကြားကြသည်။ မြစ်ဆုံအနီး ပင်လယ်ကူးသင်္ဘောများကို အချက်ပြသောမီးပြ တိုင်အနီး ကိုက် ၂၀ ကျော်တွင် ယနေ့ နံနက်ပိုင်းက ရေအောက်တွင်ရှိသော
Posted: 13 Aug 2014 08:10 PM PDT
  မကွေး သြဂုတ် ၁၃   မကွေး တိုင်းဒေသကြီး မကွေးမြို့ ဧရာဝတီ မြစ်ကမ်းပါးအနီး ရပ်ကွက်များမှ မြစ်အတွင်း နေ့စဉ်အမှိုက် စွန့်ပစ်မှု များရှိနေပြီး ပြည်သူ အချင်းချင်း တားမြစ်ဟန့်တားမှု မရှိခြင်း၊ ဒေသဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ထိရောက်စွာ ထိန်းသိမ်း အရေးယူမှုများ မရှိခြင်းကြောင့်၊ ကမ်းနားလမ်း သာယာလှပမှုကို အကျည်းတန်စေသည့် အပြင် ပျက်စီးရန် မလွယ်ကူသော ပလတ်စတစ်ကဲ့သို့သော အမှိုက်များ မြစ်အတွင်းေ
Posted: 13 Aug 2014 07:39 PM PDT
 အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲရေး အချိန်တိုးခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဂါဇာကမ်းမြှောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ အစ္စရေးလ် စစ်တပ်ဘက်က ပြောလိုက်ပါတယ်။ ပါလက်စတိုင်းတို့ဘက်က ရော့ကက်ဒုံးနဲ့ ပစ်ခတ်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်တာလို့ ပြောပါတယ်။ ဂါဇာမှာရှိတဲ့ အကြမ်းဖက်နေရာတွေအပေါ် ပစ်မှတ်ထား တိုက်ခဲ့တာလို့ အစ္စရေးလ်စစ်တပ်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြောခဲ့တာပါ။
Posted: 13 Aug 2014 07:29 PM PDT
 ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သာသနာရေး ၀န်ကြီးဌာန ၀န်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ကျန်းမာရေး မကောင်းတာကြောင့် အာမခံပေးဖို့ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။ ၀န်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ကျန်းမာရေး အာမခံပေးဖို့ တင်ပြခဲ့တာနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးတင်ထွန်းက သူ့ရဲတင်သွင်းချက်ကို အခုလိုပြောပါတယ်။ "ဒက္ခိဏတရားရုံးမှာ
Posted: 13 Aug 2014 07:22 PM PDT
  အီရတ်မြောက်ပိုင်းက တောင်တန်းတွေပေါ်မှာ အစ္စလာမ်မစ်သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ရာဇဒီး မျိုးနွယ်စုတွေနဲ့ အခြားဘာသာရေး လူနည်းစုတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာက စီစဉ်ဆောင်ရွက်နေပြီလို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။ အီရတ်က Sinjar တောင်တန်းနေရာတွေ လူသားချင်း စာနာအကူအညီပေးရေး ကိစ္စတွေအတွက် အကြံပေးတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ မစ္စတာ Cameron ဟာေ
Posted: 13 Aug 2014 07:16 PM PDT
 အင်ဒိုနီးရှားနိုင်ငံ ​ဘာလီကျွန်းက ​အထူးဈေးကြီးတဲ့ ​ဟိုတယ်တစ်ခုမှာ ​ခရီးဆောင်လက်ဆွဲ ​သေတ္တာထဲမှာ ​ထုနှက်ရိုက်ချိုးပြီးထည့်ထားတဲ့ ​အမေရိကန်နိုင်ငံသူ ​ကမ္ဘာလှည့် ​ခရီးသည်တစ်ဦးရဲ့ ​အလောင်းကို ​တွေ့ရှိခဲ့တယ်လို့ ​ရဲတွေက ​ပြောပါတယ်။ ဒီအလောင်း ​တွေ့ရှိမှုနဲ့ ​ပတ်သက်ပြီး ​သေဆုံးသွားတဲ့ ​အမျိုးသမီးရဲ့ ​သမီးနဲ့ ​သူမသမီးရဲ့ ​ရည်းစားတို့ကို ​ရဲတွေက ​ဖမ်းဆီး ​လိုက်တယ်လို့ ​ဆိုပါတယ်။ ခရီးဆောင်လက်ဆွဲေ
Posted: 13 Aug 2014 07:14 PM PDT
 မြန်မာနိုင်ငံမှာ ပြဿနာတွေ အားလုံး ပြေလည်သွားပြီလို့ မဆိုနိုင်ပေမဲ့ အရင်ကနဲ့မတူတဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတွေ၊ အလားအလာ ကောင်းတွေ တွေ့နေရပြီ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry က ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု ဟိုနိုလူလူမြို့က East West Center မှာ အာရှပစိဖိတ် ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားချိန်မှာ အခုလို ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။
Posted: 13 Aug 2014 07:10 PM PDT
 ကမ္ဘာအရပ်ရပ်က နိုင်ငံရေး ပါတီတွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာဖို့နဲ့ ဒီမိုကရေစီ အလေ့အကျင့် ထွန်းကားရေး အတွက် အကူ အညီ ပေးနေတဲ့ National Democratic Insitutes အဖွဲ့ NDI က နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိ သူတွေကို တွေ့ဆုံ နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုတွေကို လေ့လာပြီး နိုင်ငံရေး ပါတီတွေ အားလုံးကို လိုအပ်တဲ့ အကူအညီတွေ ပေးသွားမှာပါ လို့ NDI အဖွဲ့ဝင်တွေ က

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...