Sunday, August 3, 2014

ကျနော် နဲ့ အမေရိကား (၃)



ကျနော်ကဆေးရုံဆိုတက်ရမယ်ဆိုတော့ ကြောက်တာပေါ့ ဒါပေမဲ့ ကျနေယ်ဆရာဝန်က
အဆင်ပြေအောင်ဆေးရုံစရိတ်ကအစ သူလုပ်ပေးမယ်တဲ့။ဒါနဲ့ သမီးဘာယူရမလဲဆရာလို့
ပြောတော့ အကျီလေးနည်းနည်းထည့်ပေါ့ဆိုတယ်။ ကျနော်လဲတွေးရင်းကြောက်တာ အမှန်ပဲ။
လူကလဲအားလုံးဝမရှိတော့ဘူးး ပေါင် ၈၀ ပဲကျန်တော့တယ်။


သွားမဲ့နေမှာဆေးရုံကကားလွှတ်ပေးတယ်။ဘယ်သူမှ လိုက်မပို့နိုင်ကြတော့ ကိုယ့်အထုပ်လေး
ကိုယ်ဆွဲလိုအပ်တာလေး ယူပြီးကားပေါ်တက်ခဲ့တယ်။ ဆေးရုံကအကြီးကြီးပဲ။ ကြောက်လိုက်တာ
ဒါပေမဲ့အားတင်းပြီးသူတို့နောက်ကိုလိုက်ခဲ့တယ်။ဒီလိုနဲ့ ကျနော်နေရမဲ့ အဆောင်ဝမှာ ရဲ၂ယောက်
စောင့်နေတယ်။ကျနော်နေရမဲ့ အခန်းလေးကိုပြတယ်။ရေချိုးးခန်းအိမ်သာတွဲရက် အတော်ကျယ်တဲ့
အခန်းလေးပေါ့။လူနာအကျီလေးလာပေုးပြီး ပိတ်သွားတဲ့ အခန်းတံခါးက နောက် ၂လကျော်ကြာမှ ကျနော်ပြန်ထွက်ရမယ်လို့ ဘယ်သူထင်မှာလဲ။
ညနေစောင်းမှ ကျနော်မောင်လေး အလုပ်က ပြေးလာတယ်။အဲ့အချိန်မှာ ကျနော်က
အပ်ပေါက်ရာတွေ ဆေးတွေစသွင်းနေရပြီ။ကျနော်က ကွယ်ရာမှာ တစ်ယောက်ထဲ ငိုချင်ငိုမယ်
ကျနော်မောင်ရှေ့မှာ မျက်ရည်ဘယ်တော့မှ မကျဘူး။ကျနော်သူ့ရှေ့မှာ ယိုင်ဲတဲ့ အမ မဖြစ်ချင်ဘူး။
ဆေးတွေစစ်တဲ့ အချိန်မှာ အနီးမီးယား နဲ့ ပိုတက်စီမယ်က တအားကိုနည်းပါတယ်ဆိုပြီးနေ့တိုင်း
ပိုတက်စီမယ် ၄ထုပ်သွင်းတယ်။
ပိုတက်စီရမ် အင်မတန်ပစ်တဲ့ဆေးမို့ ကျနော်ကို ဖြေးဖြေးလေးသွေးကြောထဲသွင်းပေမဲ့
အရမ်းနာပါတယ်။ မငိုဘူးအံကြိတ်ထားတဲ့နှုတ်ခမ်းသွေးကျတဲ့အထိ နာပါတယ်။တနေ့ ၈နာရီဝဋ်ခံ
ရတော့တာပေါ့။ ဆေးရုံကကျွေးတဲ့ ထမင်းကိုလဲ မစားနိုင်တော့ ပိုပိန်လာတယ်။တစ်ပေါက်ထဲသော
ပြတင်းပေါက်က ဘာမှ မမြင်ရဘူး။ ကျနော်တစ်ယောက်ထဲ စကားပြောမဲ့သူလဲမရှိတော့ စိတ်ဓာတ်က
ပိုကျလာတယ်။။
ကျနောလက်က အပ်အမြဲစိုက်ထားပေးတယ်။နေ့တိုင်းဆေးသွင်းနေရတာကို ။ဒါပေမဲ့
အပ်တန်းလန်းနဲ့ ကျနော် ပန်းထိုးတယ် ။ပုံဆွဲတယ်။ကဗျာရေးတယ်။ကျနော်တရားနာတယ်
တတ်နိုင်သမျှ မရူးအောင်စိတ်ကိုစောင့်ရှောက်တယ်။ငိုချင်အော်ငိုတယ်။နေ့မှန်းညမှန်းလဲမသိဘူး။
ကျနော်အိပ်ရင်နေ့ နိုးရင်ည။ဘေးခန်းက ရူးပြီးအဆောင်ပြောင်းရတော့ ကျနော် အကြီးအကျယ်ငိုဖြစ်
တယ်။ကျနော်ကြောက်တာကို။
ကျနော် ချစ်သူက ကျနော်ကိုပစ်သွားတယ်။ဟုတ်တယ်လေ ပိန်ချိနေတဲ့ သေခါနီးလူမမာကို
မချစ်နိုင်တာ အပြစ်လို့သဘောမထားပါဘူး။ထားပါတော့လေအဲ့လိုလက်ကစိုက်ထားတဲ့ အပ်က
၃ရက်၁ခါ လဲတယ်။နောက်ပိုင်း လက်ကသွေးကြောမရတော့ ခြေထောက်ဆီရောက်သွားကြတယ်။
ကျနော်အိမ်ဘယ်တော့ပြန်မရလဲ ဘယ်တော့မှ မမေးဘူး။ အန်တယ် နေ့တိုင်း ကိုယ့်ဒရစ်တိုင်လဲ
ကိုယ်တွန်းပြီး အိမ်သာထဲသွားရတယ်။မောင်လေးလဲ ပင်ပန်းလွန်းတာရယ်ရာသီဥတု သိပ်ဆိုးလွန်းတော့ တပတ် ၂ခါလောက်လာခိုင်းတော့တယ်။ အမေ ဖုန်းဆက်တိုင်း မြန်မာပြည်ပြန်မဲ့
အကြောင်းတွေ ပြောပီး မငိုအောင်ချော့တယ်။
တချိန်ကဒုက္ခတွေဟာ အခုချိန်ပုံပြင်လေးတွေပေါ့။ကျနော် အဲ့ဆေးရုံမှာ အကျဉ်းသား
လို ၂လ နဲ့ ၃ရက် နေခဲ့ရတယ်။ ဧပြီဟာ သိပ်လှတဲ့နွေဦးအပြင်ကျနော်အတွက် လွတ်လပ်မှုပါဆောင်
ကျဉ်းခဲ့တယ်။
ကျနော်တိုက်ပွဲတစ်ခုနိုင်လိုက်တယ်ပေါ့။. ဆေးရုံမှာဆွဲခဲ့တဲ့ ပုံလေးတင်ပေးလိုက်တယ်။
အပိုင်းလေး နောက်မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...