ရွေးကောက်ပွဲ ပုံပြင် (၁)
Nay Myo August 2, 2014 at 11:08am
၂၀၁၀ ခုနှစ်၊ သြဂတ်စ်လ ၂၆ ရက်
မကွေးတိုင်း/စည်း တစ်ယောက်မှတစ်ဆင့် ဒေါက်တာသန်းငြိမ်းမှ NLD ၉၀ ဆင်ပေါင်ဝဲအမတ် ဦးခင်မောင်အေး ကိုမှာပါတယ်။ ဆွေးနွေးစရာရှိလို့ လိုက်ခဲ့စေချင်ပါတယ်ပေါ့။ NDF ရုံးခန်းမှာ တွေ့ကြတဲ့ အခါ ဒေါက်တာသန်းငြိမ်းက ဦးခင်မောင်အေးကို ငွေ ၅ သိန်း ထုတ်ပေးပါတယ်။ ဦးခင်မောင်အေးက ဘာလုပ်ဖို့လဲ လို့ မေးတဲ့အခါ ဒီပိုက်ဆံနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီး NDF ကနေ ၀င်ပြိုင်ပေးပါလို့ ပြောပါတယ်။
ဦးခင်မောင်အေးက မ၀င်နိုင်ကြောင်း၊ ခင်ဗျားတို့နဲ့ သဘောထားမတူလို့ လမ်းခွဲပြီးဖြစ်ကြောင်း ပြောတဲ့အခါ ဒေါက်တာသန်းငြိမ်းက နည်းလို့လား၊ နောက်ထပ် ၅ သိန်းထပ်ပေးမယ်။ ၁၀ သိန်းဆိုရင်တော့ လောက်မှာပါလို့ ပြောပြန်ပါတယ်။ ဦးခင်မောင်အေးက ဘယ်လိုနည်းနဲ့မှ မ၀င်နိုင်ကြောင်းပြောတဲ့အခါမှာတော့ ဒေါက်တာသန်းငြိမ်းက ပိုက်ဆံ ၅ သိန်းကို အတင်းထိုးပေးပြီး ၁ ရက်လောက်တော့ စဉ်းစားပါဦးဆို ပြောလို့ ဦးခင်မောင်အေးလဲ ပြန်လာလိုက်ပါတယ်။
နောက်နေ့မှာ ဦးခင်မောင်အေး က NDF ရုံးခန်းကိုပြန်သွားပြီး ဒေါက်တာသန်းငြိမ်းကို ပြောပါတယ်။ သူ့အနေနဲ့ မနေ့ကတည်းက ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း၊ ဒေါက်တာသန်းငြိမ်းက ၁ ရက်လောက် စဉ်းစားပါဦးဆိုလို့ ပိုက်ဆံကို ယူသွားရခြင်းဖြစ်ကြောင်းနဲ့ ယခု ပိုက်ဆံပြန်လာပေးခြင်းဖြစ်ကြောင်း ပြောပါတယ်။
ဒေါက်တာသန်းငြိမ်းက ဘာဖြစ်လို့ NDF က မ၀င်ချင်တာလဲ မေးတဲ့အခါ ဦးခင်မောင်အေးက ကျွန်တော်က ခင်ဗျားတို့ကို သစ္စာဖောက်လို့ သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ရပ်တည်ချက်၊ ခံယူချက်မတူတဲ့အတွက် လက်တွဲဖို့မဖြစ်နိုင်ကြောင်းပြောပါတယ်။ ပိုက်ဆံ ၅ သိန်းကိုလဲ ပြန်လည်လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးရမယ်ဆိုလို့ ဒေါက်တာသန်းငြိမ်းခမျာ လက်မှတ်ထိုးပေးလိုက်ရပါတယ်။
မယုံရင် ပုံပြင်မှတ်လို့ ပြောစရာမလိုအောင် ပုံပါတင်ပေးလိုက်ပါတယ်။ :)

0 comments:
Post a Comment