လောကပါလတရား ( သို့ ) ဟီရိသြတ္တပ္ပ
~ " လောကပါလတရားဟူသည် အခြားမဟုတ်။ အရှက် ( ဟီရိ ) နှင့် အကြောက် ( သြတ္တပ္ပ ) တို့တည်း။ အရှက်အကြောက်မရှိလျှင် လောကသားတို့သည် မကောင်းမှု အကုသိုလ် ဒုစရိုက်၌သာ ကိုင်းညွတ်ပျော်ဝင်၍ လောကပျက်စီးရာ၏။ ရှင်းဦးအံ့။
မိမိ အမျိုး ၊ဘိုးဘွား၊ မိဘတို့သည် မကောင်းမှု မပြုကုန်ပါတကားဟု အမျိုးဂုဏ်ကို အာရုံပြု၍လည်း မကောင်းမှုပြုရန် ရှက်ရ၏။
မိမိအရွယ် ၊ ပညာဗဟုသုတ ဂုဏ်သရေ စသည်ကို တွေး၍လည်း မကောင်းမှုပြုရန် ရှက်ရ၏။မကောင်းမှု အကုသိုလ်ပြုလျှင် သူတကာ ကဲ့ရဲ့လိမ့်မည်။အပ္ပါယ်သို့လည်း ကျရောက်လိမ့်မည်တွေ တွေးကာ ကြောက်လန့်မှုဖြစ်ရ၏။ဤ အရှက်နှင့်အကြောက်တရားနှစ်ပါးသည် ကုသိုလ်တရားများ အထူးသဖြင့် သီလ၏ အခြေခံအကြောင်းရင်းဖြစ်၏။ လောကသားတို့ကို အကုသိုလ်မှ ကာကွယ်စောင့်ရှောက်တတ်သော တရားဖြစ်၍ လောကပါလတရားဟုခေါ်၏။ "
" ဤ အရှက်နှင့်အကြောက် ( ဟီရိသြတ္တပ္ပ ) တရားတို့ကို
နတ်သူတော်ကောင်းတို့လည်း နှစ်သက်၏။ ကုသိုလ်ဖြစ်ရန် သမ္မုတိ ဥပပတ္ထိ
ဝိသုဒ္ဓိနတ်ဖြစ်ရန် အကြောင်းဖြစ်၍ ထိုနတ်တို့၏ တရား ( ဒေဝဓမ္မ ) လည်း ဖြစ်၏။ "
" အရှက်အကြောက် ရှိခြင်းမှာ ကုသိုလ်ဖြစ်ကြောင်း ချမ်းသာကြောင်း ကောင်းသော ကျက်သရေ မင်္ဂလာဖြစ်ပေရာ အရှက်အကြောက်ဖြင့် ပါပဝိရတိ ဖြစ်စေရာ၏။"
' အရှက်အကြောက်နှင့် လူလုပ်ခြင်း '
မောင်မောင်စိုးယု ( မန်းတက္ကသိုလ် )
အတွေးအမြင်
၂၀၁၃ အောက်တိုဘာ
" အရှက်အကြောက် ရှိခြင်းမှာ ကုသိုလ်ဖြစ်ကြောင်း ချမ်းသာကြောင်း ကောင်းသော ကျက်သရေ မင်္ဂလာဖြစ်ပေရာ အရှက်အကြောက်ဖြင့် ပါပဝိရတိ ဖြစ်စေရာ၏။"
' အရှက်အကြောက်နှင့် လူလုပ်ခြင်း '
မောင်မောင်စိုးယု ( မန်းတက္ကသိုလ် )
အတွေးအမြင်
၂၀၁၃ အောက်တိုဘာ
0 comments:
Post a Comment