Tuesday, March 6, 2012

Sim Card များအား ၀ယ်ယူသူတိုင်းအား အခမဲ့ ပေးဝေသွားမည် .....

by Soe Oo Han on Tuesday, March 6, 2012 at 8:10pm ·
 
မိုးကောင်းကင်ကြီးက ပြာလဲ့လဲ့ နှင့် မနက်ခင်းက သာယာ စွာ လင်းလက်လျှက်ရှိသည် ။ စောစောစီးစီး သတင်း စာ စာမျက်နှာ ခေါင်းကြီးပိုင်းရှိ သတင်းတစ်ပုဒ်အားဖတ်မိလိုက်သည် ။

“ ယခုအချိန်မှစ၍ ပြည်သူအများ၏ ဆန္ဒအား အလေးထားသောအားဖြင့် Sim Card များအား ၀ယ်ယူသူ တိုင်းအား အခမဲ့ ပေးဝေသွားမည်ဖြစ်သည် ။ ဖုန်းခေါ်ဆိုခများအားလည်း တစ်မိနစ်လျှင် ၁၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်သည် ။ ထို့အပြင် ပုဂ္ဂလိက ကုမ္ပဏီအချို့မှလည်း သူ့ထက်ငါ အပြိုင်အဆိုင် Sim Card များအား အခမဲ့ပေးဝေနေသည့်အပြင် တချို့ဆိုလျှင် ဆင်းန်ကဒ် တစ်ကဒ်ယူလျှင် ငွေဖြည့်ကဒ်တစ်ကဒ် နှင့် အကျီင်္တစ်ထည် ၊ တချို့ဆိုလျှင် ဆင်းကဒ် ယူလျှင် Nokia ဖုန်းတစ်လုံးပေးမည် ၊ တချို့ဆိုလျှင် ဆင်းန်ကဒ် ယူလျှင် Iphone 4S အား ထက်ဝက်ဈေးလျော့ ၍ပေးမည့်အကြောင်း အပြိုင်အ ဆိုင်ကြော် ငြာပေး လျှက်ရှိကြောင်းသတင်းရရှိပါသည် ”


အိုး--- ဒီလိုတွေတောင်ဖြစ်လာပြီကိုး ။ မင်္ဂလာရှိသော သတင်းအား ဖတ်ပြီးသည်နှင့် စိတ်လက်ကြည်သာစွာ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့၏ ။ လက်ဖက်ရည်ဆိုင်တွင် ရောက်နှင့်နေသော သူငယ်ချင်းများက စ၍ နှုတ် ဆက်လေသည် ။

“ မင်္ဂလာပါ ကိုသက်တန့်ရေ ”
“ မင်္ဂလာ နံနက်ခင်းပါဗျို့ ”
“ ဒီနေ့ ကြားရတဲ့ သတင်းတွေအကုန်သိပြီးပြီလားဗျ ”
“ ဆင်းန်ကဒ်တော့ဖတ်ပြီးပြီဗျ ၀မ်းသာစရာပဲ ”
“ ဆင်းန်ကဒ်တင်ဘယ်ကမလဲဗျ အခုဆို နိုင်ငံတော်က ကားတင်သွင်းခွင့် အခွန်တွေ ပယ်ဖျက်ပေး လိုက်ပြီ တဲ့ဗျ နိုင်ငံခြားက ဒေါ်လာ ၁၅၀၀ ၊ ၂၀၀၀ တန်ကားတွေကို မူရင်းဈေးအတိုင်း ဒီမှာ ၀န်ဆောင်ခ နည်းနည်းနဲ့ ၀ယ်ယူနိုင်ပြီလို့ အတိအလင်းကြေငြာလိုက်ပြီဗျ ”
“ ၀ိုးးးး တကယ်လားဗျ ”
“ တကယ်ပေါ့ဗျ ကျွန်တော်ကနောက်ပါ့မလား ဒါတင်မကသေးဘူး အခုဆို လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံက စင်ကာပူမြို့ထက် တောင် ခမ်းနားခေတ်မီအောင် မွမ်းမံ ပြင်ဆင်ကြတော့မယ်တဲ့ ဘယ်လောက်ကောင်း လိုက်သ လဲ လူနည်းစု သူဌေးကြီးတွေကို အခွန် တိုးကောက်ခံပြီးလူများစု အခြေခံလူတန်းစားတွေကို အ ခွန်တွေလျော့ပေါ့ပေးတော့မှာတဲ့ ”
“ မပြီးသေးဘူးနော် ၀န်ထမ်းလစာတွေကို တစ်လ ၂ သိန်းသတ်မှတ်ပေးလိုက်ပြီဗျာ ကဲ ဘယ်လောက်တောင်ဝမ်း သာစရာကောင်းသလဲ ”

သတင်းများကို ကြားပြီး ပီတိဖြစ်နေခိုက် အနားမှ တစုံတခုက ၀င်တိုက်လိုက်သလိုဖြစ်ပြီး “ ၀ုန်း ” ကနဲ အသံကြီးကို ကြားလိုက်ရလေသည် ။

မျက်လုံးထဲ ကြယ်တွေလတွေမြင်ပြီးနောက် မျက်စိဖွင့်ကြည့်လိုက်သောအခါတွင် အိပ်မက်မက်ပြီး ကုတင်ပေါ်မှ ပြုတ်ကျခြင်းဖြစ်ကြောင်းသိလိုက်ရလေတော့သည် ။

သက်တန့်ချို
March 6-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...