Tuesday, March 27, 2012

ဖျက်ချမည့်သူ


by Zay Ya on Wednesday, March 28, 2012 at 12:21am

Question  - အိုရှိုး ။ ကျနော့ကို ကူညီပါ။

Answer:  ဟင့်အင်း။ ကျနော် မကူညီနိုင်ပါဘူး။ ဒီလို ပြောရတာ စိတ်မကောင်း မဖြစ်ပါနဲ့ ။ ကျနော်က ခင်ဗျားရဲ့ ရန်သူ မဟုတ်ဘူး။

ကူညီမယ် ဆိုရအောင် ကလည်း ကျနော်က ကုသိုလ်ကောင်းမှု လုပ်တတ် နေတဲ့သူ မဟုတ်ဘူး။ ကျနော် ရိုးရိုး ရှင်းရှင်းပဲ ဆိုရရင် ကျနော် ခင်ဗျားကို မ "ကူညီ" နိုင်ဘူး။ ဘာလို့ ဆို ကူညီတယ် (ဝါ) ကူညီပေးဖို့ ဆန္ဒ ရှိတယ် ဆိုတာ ခင်ဗျား အဖြစ်ကို ဆက်လက် ဖြစ်ထွန်း ဖို့ စိတ်ဆန္ဒ ရှိတာသာ ဖြစ်ပါတယ်။ ခင်ဗျား က အခု တစ်စုံတစ်ခု လိုလားနေ မယ်။ အထောက်အပံ့ တစ်ခုခု လိုအပ်နေမယ်။ နှစ်သိမ့်မှု လိုချင်မယ် ။ သက်သောင့် သက်သာ ရှိချင်တယ်။ ကျနော် အဲ့ဒါ တွေ မပေးနိုင်ဘူး ရယ်။ ဖြစ်ကောင်း ဖြစ်ရင် ကျနော် ခင်ဗျား ရဲ့ အဲ့ဒီ လိုလား သမျှ ဆန္ဒ တွေ ဖျက်ဆီး ပစ်ဖို့ ပဲ ဖြစ်ပါ လိမ့်မယ်။ ခင်ဗျား ရင်ထဲက အရာ တွေကို အမြစ် ကနေ ဆွဲလှန် ပစ်မယ်။ အဲ့ဒီ ကနေ ခင်ဗျား ရင်တွင်းမှာ ချုပ်ပျက် သွားမယ်။ ပြီးရင် ဘာဖြစ်မလဲ။ ခင်ဗျား သန္တာန် အတွင်းက သစ်လွင်တဲ့ ဘဝ တစ်ခု ကို တွေ့ရမယ်။ သစ်လွင် တဲ့ ဘဝကို ခင်ဗျား ဘာသာ ခင်ဗျား ပြန်စမယ်။ အသစ်တစ်ခု အစပြု လာပါလိမ့်မယ်။


တစ်စုံတစ်ယောက်က ခင်ဗျားကို ကူညီဖို့ ၊ ကယ်တင်ဖို့ ရောက်လာတာ ပါ ဆိုရင် ထွက်သာ ပြေးပါ။ ခင်ဗျား ဘဝ အန္တရာယ် ကြား ရောက်နေပြီတောင် ပြောရတော့မှာ။ အဲ့သလို ကူညီချင်တဲ့ လူတွေ၊ သူတော်စင် လို့ သမုတ်ကြသမျှ လူတွေကနေ ရှောင်သာ ရှောင်ပြေးပါ လို့ ကျနော် ပြောရပါမယ်။


အခု ကျနော် ဒီမှာ ခင်ဗျား ကို နှစ်သိမ့်ပေး ဖို့ ရှိနေတာ မဟုတ် ဘူး။ ခင်ဗျားကို သက်တောင့် သက်သာ ပြင်ဆင် ပေး ဖို့ ပြောနေ ခဲ့ တာလည်း မဟုတ်ဘူး။ ခင်ဗျား ကို အပြီးတိုင် ဖျက်ချ ပစ်ဖို့ ရှိနေတာသာ ဖြစ်ပါတယ်။ ဘာလို့ ဆို ခင်ဗျား အပြည့် အဝ ပျက်စီး ပြီးတဲ့ နောက်မှသာ အသစ် ဆိုတာ ဖြစ် ထွန်း နိုင်ပါတယ်။ သစ်လွင်တဲ့ သိစိတ်၊ သစ်လွင် တဲ့ လူသား ၊ သစ်လွင်တဲ့ ဘဝ ဟာ အဲ့အခါ မှာ ရရှိနိုင် တယ်။ ကျနော် က အခု ကူညီခဲ့ရင် ခင်ဗျား အဟောင်းကြီးနဲ့ ဆက် လည်ပတ် နေဦး မယ်။ ဒီ အဟောင်းကြီးကို အသက် ဆက် ဖို့ ခင်ဗျား ဆက်ပြီး အကူအညီ တွေ တောင်းခံနေရဦးမယ်။ ခင်ဗျား တောင်းဆိုမယ့် အကူအညီ တိုင်းဟာ ဒီ အဟောင်း ကို ဆက်လက် မွေးမြူ ထား တာသာ ဖြစ်ပါတယ်။ အသက် ဆက်အောင် ကျွေးမွေး ထားမယ်။ ပြုစု ထားမယ်။ ကျနော့  အနေ နဲ့ အဲ့သလို မကူညီ နိုင်ဘူးရယ်။

ခင်ဗျား စကားကို ကြည့်ရင် ခင်ဗျား တကယ် လိုလားနေတာဟာ အကူအညီသာ ဖြစ်တယ်။ မိမိ သန္တာန် သစ်လွင် ရှင်သန် နေ ဖို့ ခင်ဗျား လိုချင် နေတာ မဟုတ်ဘူး။ အကူအညီ လိုနေတယ် ဟုတ်တယ် - သေဆုံး သွားဖို့ ကို တော့ မလိုချင် ဘူး။ ခင်ဗျား ဘဝ အသစ်ကို မလိုချင်ဘူး။

ဒါပေမယ့် တကယ်လို့သာ ခင်ဗျား ကျနော်နဲ့ အတူ အချိန် အတိုင်း အတာ တစ်ခု အထိ ဆက်ရှိ နေမယ် ဆိုရင် - ဖြစ်လာမှာက - ခင်ဗျား လိုလားသမျှ ကျနော် ဖျက်ချသွားဖို့ပဲ။ နောက်ဆုံး ခင်ဗျား အခု ရပ်တည်ထားတဲ့ မြေကြီးကို တောင် ကျနော် ခွာ ယူကောင်း ခွာယူ သွားပါလိမ့်မယ်။ အဆုံး အစမဲ့တဲ့ တွင်းနက်ကြီး ထဲ ခင်ဗျား ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားမယ်။ အသူရာ နက်တဲ့ ချောက်ထဲ ခင်ဗျား နစ်ဝင် ပျောက် ကွယ် သွား မယ်။ နောက်ဆုံး ခင်ဗျား ပျောက်ဆုံးသွားမယ်။ အဲ့ဒီ ပျောက်ဆုံး သွားတဲ့ အခါ မှသာ ဘုရား သခင် ကို ခင်ဗျား တွေ့မြင် ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ခင်ဗျား လုံးဝ အကူအညီ ကင်းမဲ့ ဆိတ်သုဉ်း သွားချိန် မှာ ဘုရားသခင် ပေါ်ပေါက်လာပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော် ခင်ဗျားကို မကူညီနိုင်ဘူး။ ဖြစ်ကောင်း ဖြစ်ရင် ခင်ဗျား လုံးဝ အကူအညီ မဲ့သွားစေဖို့သာ ကျနော် ဆန္ဒ ရှိပါလိမ့်မယ်။ ခင်ဗျား အကူအညီမဲ့သွားမယ် - မျှော်လင့်ချက် မဲ့သွားမယ်- မိမိ ကိုယ်ကိုယ် အနိမ့်ဆုံး မက နှိမ်ချ သွားမယ်- အဲ့သည်နောက်မှာ ခင်ဗျား ရဲ့ ဘုရားသခင် က ခင်ဗျား ဆီ သူ့ အလိုအလျောက် ရောက်ရှိ လာပါလိမ့်မယ်။ ဒါ့ကြောင့် အခြား သူ တစ်ဦးတစ်ယောက်ရဲ့ အကူအညီ တွေဟာ ဘုရားသခင် ဆီက ရလာမယ့် ခင်ဗျား ရဲ့ ချမ်းမြေ့မှု အတွက် ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်နေ ပါလိမ့်မယ်။ ကျနော် ဒီလိုပဲ ဆိုရမယ်။

ဒါ့ကြောင့် ကျနော့ဆီက အကူအညီ ကို မတောင်းဆိုပါနဲ့။ တောင်းချင်း တောင်းရင် - ခင်ဗျား ဆီက ရှိသမျှ ၊ စီစဉ် ထားသမျှ ဆွဲခွာ ဖျက်ချပစ်ဖို့သာ တောင်းဆိုပါ။ ခင်ဗျားကို သတ်ပစ်ဖို့သာ တောင်းဆိုပါ။ ကျနော် ကလည်း ခင်ဗျားကို သတ်ပစ်ကောင်း သတ်ပစ်ပါလိမ့်မယ်။

ခင်ဗျား ဦးခေါင်းကို ခုတ်ဖြတ်ချမယ်။ ဦးခေါင်းပြတ်- မြေပြင်ကို သွေးပေါက်ပေါက် ကျတဲ့ ခဏ ၊ ခင်ဗျား လည်မျို မှာ ခေါင်း တစ်လုံး အသစ်  ပြန်ပေါက် လာပါလိမ့်မယ်။ အဲ့ဒီ ဦးခေါင်းဟာ ခင်ဗျား ကိုယ်၌ ကသာ ဖြစ်တယ်။ ခင်ဗျားအတွက် ဒီ ဦးခေါင်း အသစ်ဟာ ကျနော် ဖန်တီးပေးတာ မဟုတ်ဘူး ရယ်။ ခင်ဗျား အမြင် ၊ ခင်ဗျား အစွမ်းသာ ဖြစ်ပါ တယ်။ အမြင်သစ် ၊ အတွေး သစ် တွေသာ ပေးစွမ်း လိမ့်မယ်။ နားလည် ထားစေ ချင်တာက ချမ်းမြေ့မှု သုခ ဆိုတာ အဲ့ဒီ သစ်လွင်မှု ကနေ သာ ပေါ်ပေါက် တယ်။ ဒါကို စေ့စေ့ သိဖို့ လိုပါတယ်။ ဒါဆိုရင် - ကျနော် ခင်ဗျားကို ဘာကြောင့် မကူညီ သလဲ ခင်ဗျား နားလည် မှာပဲ။ 

....................
March 27th 2012 at 11:45 PM
.....................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.....................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...