Sunday, March 25, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်ပြီး လူငယ်တိုင်းမေးနေကြသော မေးခွန်းများရဲ့ အဖြေများ..။ အပိုင်း (၂)


by Yan Aung on Sunday, March 25, 2012 at 4:22pm 

နောက်ထပ်အကြောင်းအရာတစ်ခုမှာ  ယခုတလော အငြင်းပွားနေကြတော NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား လက်ရှိအစိုးရမှ အသုံးချနေသည်ဟု နှစ်ဖက်ငြင်းခုန်နေကြချက်များ၊ စီးပွားရေးပိတ်ဆို့အောင် ဖန်တီးထားပြီး ယခုထက်ထိ စီးပွားရေးမဖွင့်သေးတာ အမေစုကြောင့် ဟုသောစွပ်စွဲချက်များကို နားလည်သလောက် ပြန်လည်ဖြေရှင်းထားချက်များဖြစ်ပါသည်။

သီဟသစ်
NLD က နဲ့ ဒေါ်စုကရွေးချယ်ခွင့်မရှိတော့တဲ့အနေအထားမှာမချိတင်ကဲနဲ့
ပူးပေါင်းဆောင်ရွက်ခဲ့တာမဟုတ်ဖူးလား..
ဒေါ်စုကိုယ်တိုင်ပြည်တွင်းပြည်ပအတိုက်အခံတွေကိုဒီလိုမှမလုပ်ရင်
ဘယ်လိုဆက်လုပ်မယ်စဉ်းစားထားလဲဆိုပြီးမေးခွန်းထုတ်ခဲ့တာမ
ဟုတ်ဖူးလား..????


နိင်ငံကောင်းဖို့ဘယ်သူနဲ့ပေါင်းပေါင်းဆိုတော့.
လက်တဆုပ်စာစီးပွားရေးသမားတွေကိုဘာမှမသက်ရောက်ပဲ
နိင်ငံရဲ့အောက်ခြေလူတန်းစားအပေါ်တိုက်ရိုက်အထိနာနေတဲ့
စီးပွားရေးပိတ်ဆို့မှုကိုသိသိကြီးနဲ့ဆက်လက်ထောက်ခံနေတာ
နိင်ငံကောင်းဖို့လားး..??

ဒေါ်စုကြည်အကျယ်ချုပ်ကျသွားချိန်မှာ NLD ကနေ NDF.အဖြစ်
ခွဲထွက်သွားတာမဟုတ်ဖူးလား.??
ဗဟိုကိုနှုတ်ထွက်စာတင်သွားတဲ့ပါတီဝင်တွေပိုများမလာဘူးလား..??
2007ဘုန်းကြီးဆူပူမှုမှာတုတ်တုတ်မလှုပ်ခဲ့ပဲဘာမှမလုပ်တတ်မကိုင်
တတ်ဖြစ်နေတာဒေါ်စုကြည်မရှိတဲ့ NLD.မဟုတ်လား.??
ဦးတင်ဦး..ဦးဝင်းတင်.အပါအဝင်လူကြီးပိုင်းတွေကို.လူငယ်ပါတီဝင်
တွေဘယ်လိုဝေဖန်ခဲ့လဲ...ဒါတွေအားလုံးဒေါ်စုကြည်မရှိတဲ့အချိန်မှာ
ဖြစ်ခဲ့တာမဟုတ်လား.??

ဦးသန်းရွှေ.ဘာလဲဆိုတာကိုပြောဖို့ထက်..အခုထက်ထိ
သူချပေးခဲ့တဲ့လမ်းကြောင်းအတိုင်းအားလုံးလိုက်လုပ်နေကြတာ
သက်သေပဲမဟုတ်လား...ဦးသိန်းစိန်နေရာသူဘာလို့မဝင်ခဲ့လဲ
ဆိုတဲ့မေးခွန်းထက်.သူဘယ်သူ့ကိုရွေးချယ်ခဲ့လဲကပိုပြီးစိတ်ဝင်
စားဖို့ကောင်းတယ်မထင်ဘူးလား...??

ပြည်ခိုင်ဖြိုးကလက်ငင်းလိုအပ်ချက်တွေကိုဖြည့်ဆည့်ပေးပြီး
မဲဆွယ်တယ်..တဖက်မှာNLD.ကလေထဲတိုက်အိမ်ဆောက်ပြီး
မဲဆွယ်တယ်..ဒါပဲကွာတယ်..

......ဆိုတော့.မဲကိစ္စမှာထူးပြီးပြောစရာမရှိဘူး..
ဘယ်တော့မှန်းမသိတဲ့မာစီဒီးထက်
.ရှေ့ရောက်နေတဲ့ဆန်ထုပ်ကိုပိုမက်မောတာလူ့သဘောပဲ.

Yan Aung
ရွေးချယ်ခွင့်မရှိတော့တဲ့အနေအထားဆိုတဲ့မေးခွန်းက ရယ်စရာကောင်းပါတယ်..။ ဘယ်သူကရွေးချယ်ခွင့်မရခဲ့သလဲဆိုတာ..။ ပြန်လေ့လာကြည့်ပါ..။ ပြည်တွင်းက ယိမ်းယိုင်နေတဲ့စီးပွားရေး၊ ဆင်းရဲနေတဲ့ပြည်သူတွေနဲ့ တဖြေးဖြေးလွှမ်းမိုးလာတဲ့ နဂါးကြီးရဲ့ အရိပ်အောက်မှာ ရှေ့ဆက်သွားတဲ့ အစိုးရတစ်ရပ်၊ ပေးထားတဲ့ ကတိအတိုင်း အကောင်အထည်မဖော်နိုင်သေးတဲ့ အဖြစ်အပျက်တွေ၊ (ရွေးကောက်ပွဲ) သယံဇာတတွေစုပုံပြီး အထီးကျန်ဖြစ်နေတဲ့ မြန်မာပြည်ကို ကမ္ဘာ့အလယ်မှာ စုတ်ပြတ်သတ်အောင်ထားခဲ့တဲ့ နိုင်ငံတကာမှာသိက္ခာကျစရာဖြစ်ခဲ့တာတွေရဲ့ ဖိအားတွေက အနှေးနဲ့အမြန် ရောက်လာတော့မယ်ဆိုတာသိလို့ အစိုးရက ပြောင်းလဲခဲ့တာပါ..။
ကိုယ့်ဝမ်းနာကိုယ်သာသိလေဗျာ..။ ဥပမာပြောရင် နေပြည်တော်မြို့တော်ကြီးကို တိုင်းပြည်ရဲ့ ဘယ်ကရတဲ့ဘဏ္ဍာနဲ့ တည်ဆောက်ခဲ့သလဲဆိုတဲ့ မေးခွန်းကို ခင်ဗျားတို့ဖြေနိုင်ရင် ဒီမေးခွန်းကိုမေးစရာမလိုပါဘူး..။ ၀ မရှိပဲ ၀ိ လုပ်ပြီး ပဲကြီးဟင်းစားခဲ့တာလေ..။
အဲဒီတော့ ဖြေရမှာက ရွေးချယ်ခွင့်မရှိတာ ဘယ်သူတုန်းဗျ..။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအတိုင်းထားလိုက်/ကုန်ဈေးနှုန်းတွေတက်လိုက်/ကြံ့ဖွတ်တွေ အစိုးရတက်လုပ်လိုက်/ ဒါနဲ့ ပြည်သူက ကျေနပ်ပြီး ဒီအတိုင်း ဆက်သွားလို့ ရမယ် ထင်သလား..။
စီးပွားရေးပိတ်ဆို့တဲ့အချက်ကို ပြန်သုံးသပ်ရရင် မြန်မာနိုင်ငံမှာ အဲဒီအချိန်တုန်းက Decision Maker, Policy Maker က ဒေါ်စုမဟုတ်ပါဘူး။ အစိုးရပါ..။ အမှန်အတိုင်းဝန်ခံရရင် အစိုးရအသုံးမကျလို့ စီးပွားရေးပိတ်ဆို့ခံရတာပါ..။ စီးပွားရေးပိတ်ဆို့ဖို့ စီစဉ်နေချိန်မှာ သတင်းစာနဲ့ တီဗီမှာ သယံဇာတတွေပေါတယ် စီးပွားရေးပိတ်ဆို့တာ ဒို့မမှုဘူးဆိုတာက ဘယ်သူကလွှင့်နေတာလဲဗျ..။အပြည့်အ၀ စီးပွားရေးပိတ်ဆို့တဲ့အကြောင်းအရင်းကိုကော သိပါသလား.။ ၂၀၀၃ ခုနှစ် မေ ဒီပဲရင်း မှာ ဒေါ်စုအပါအ၀င် NLD တွေ လုပ်ကြံခံရတဲ့ကိစ္စဖြစ်ပြီး ဟိုလူထွက်ပြေး ဒီလူထွက်ပြေး၊ တချို့ထောင်ထဲရောက်သွားတဲ့ရဲ့ နောက်မှာပဲ သမ္မတဘုရှ်နဲ့ အီးယူက စီးပွားရေးပိတ်ဆို့မှု ဥပဒေကို လက်မှတ်ထိုးလိုက်တာပါ..။ အဲဒါ ဘယ်သူက သွား စ တာလဲ..။ အိမ်က ဘီအမ်ကားတောင် စွမ်းအားရှင်က ချောဆွဲလို့ ဒီပဲယင်းကို ပါသွားတယ်လို့ပြောတဲ့ သူငယ်ချင်းတွေ ရှိပါတယ်..။ အဲဒီအဖြစ်အပျက်ကြီးက စီးပွားရေးပိတ်ဆို့ခြင်းရဲ့ အဓိကအကြောင်းအရင်းပဲ..။ နိုင်ငံတကာမှာ စီးပွားရေးပိတ်ဆို့တဲ့အဖြစ်တွေက အစိုးရရဲ့ ပြည်သူအအပေါ် နှိပ်ကွပ်တဲ့အတွက်ဖြစ်လာတာများပါတယ်။ အတိုက်အခံခေါင်းဆောင်တွေကြောင့်မဟုတ်ဘူး။ ဥမာ မြောက်ကိုရီးယား၊ အီရန်၊ ဆီရီးယား၊ လစ်ဗျား


Yan Aung
နောက်တစ်ချက်က ဒီအချိန်မှာ စီးပွားရေးပိတ်တာ ပွင့်ရအောင် မြန်မာပြည်က အသင့်ဖြစ်ပြီလား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ် မေးကြည့်ကြပါ..။

(၁) ကိုယ်ကျိုးစီးပွားကာကွယ်ခွင့် ဥပဒေတွေ ခိုင်ခိုင်မာမာ ပြဌာန်းပြီးပြီလား..။
(၂) စီးပွားရေးအခြေခံအဆောက်အုံတွေ ခိုင်ခိုင်မာမာ ရှိနေပြီလား..။
(၃) ရင်းနှီးမြုပ်နှံမှု ဥပဒေတွေကော ခိုင်ခိုင်မာမာရှိနေပြီလား..။
(၄) အဂတိလိုက်စားမှုနဲ့ လက်သင့်ရာ စီမံကိန်းတွေ ချပေးတဲ့ အကျင့်ပျောက်နေပြီလား..။
(၅) အဲဒီ ဥပဒေတွေဘက်ကရပ်ပြီး ဥပဒေပြုရေး/တရားစီရင်ရေး/ တွေ ခိုင်မာနေပြီလား..။

အခုတောင်မှ နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေက ရန်ကုန်နဲ့ အနီးပတ်ဝန်းကျင်ကိုပဲ စိတ်ဝင်စားတဲ့အတွက် ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌကိုယ်တိုင် တိုင်းရင်းသားတွေရဲ့ဒေသတွေမှာပါ တိုးတက်အောင် ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းနေရတယ်..။ အဲဒါက ဘာကြောင့်လဲဆိုတော့ ဥပဒေနဲ့ စည်းကမ်း/ကိုယ်ကျိုးစီးပွားကာကွယ်ခွင့် မူဝါဒ ပေါ်လစီတွေ ခိုင်ခိုင်မာမာ မရှိလို့ပဲ..။ ဒီပုံစံနဲ့ စီးပွားရေးဖွင့်ဖို့ အများကြီးလိုပါသေးတယ်..။
အခု ဘာမှ မဟုတ်တဲ့ ကုလားတရုတ်စီးပွားရေးသမားတွေတောင် နိုင်ငံအတွင်းမှာ နေရာရပြီး လုပ်ချင်တာလုပ်နေတာက ဥပဒေတွေ ခိုင်ခိုင်မာမာမရှိလို့၊ အဂတိလိုက်စားမှု များပြားနေတဲ့အတွက်ပါ..။ ဒီအချိန်မှာ ဖွင့်ပေးလိုက်ရင် ကုလား တရုတ်သူဌေးတွေအစား အမေရိကန်နဲ့ အနောက်နိုင်ငံက ခရိုနီတွေ ၀င်လာပြီး ထင်တိုင်းကြဲတော့မယ်..။ ဒါတွေကို မျှော်လင့်နေကြတာလား..။ နောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ။ တိုင်းပြည်တည်ငြိမ်မှ နိုင်ငံတကာက လာရင်းနှီးလို့ရမှာပါ..။ တာပိန်စက်ရုံတွေအနီးမှာ ကေအိုင်အေနဲ့ တိုက်တော့ လုပ်ငန်းရှင်တရုတ်တွေ ထွက်ပြေးရတာကိုကြည့်လေ..။ နိုင်ငံတည်ငြိမ်ဖို့ ဘယ်သူတွေမှာတာဝန်ရှိသလဲ..။ သမ္မတကတော့ အပြစ်အခတ်ရပ်စဲဖို့ ကာချုပ်ကိုတိုက်တွန်းထားတယ်ပြောတာပဲ..။ တိုင်းပြည်မတည်ငြိမ်သရွေ့ လက်နက်ကိုင်တိုက်ပွဲတွေရှိနေသရွေ့ ဘယ် Sanction ပွင့်တာကိုမှ မျှော်နေလို့မရပါဘူး..။
လွှတ်တော်မှာတောင်မှ စီးပွားရေးဆိုင်ရာဥပဒေတွေ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ရေးဆွဲးအတည်ပြုနေတဲ့ အဆင့်ပဲရှိသေးတယ်..။ အခုဖွင့် အခုဝင်ပြီး အခုချမ်းသာအောင်လုပ်လို့မရပါဘူး.။ ဒေါ်စုပြောတာက အဲဒီအချက်တွေက အဓိကပါ..။ ဥပမာ shopping center တစ်ခုမှာ ဟိုကမီးလောင်လိုက် ဒီက ရန်ဖြစ်လိုက်နဲ့ဖြစ်တယ်၊ စည်းကမ်းလည်းမရှိဘူး၊ ညစ်ပတ်တယ်ဆိုရင် အဲဒီအထဲကို ပြင်ပကဆိုင်တွေက လာရင်းနှီးချင်မြုပ်နှံချင်ပါ့မလား..။ ဒါဥပမာပဲ..။

Yan Aung
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတဲ့အချိန်ကို ပြန်ပြောပါရစေ.။ သူမြန်မာပြည်ရောက်တဲ့ နှစ်နှစ်ဆယ်ကျော်မှာ ဆယ့်ငါးနှစ်လောက်က အိမ်ထဲမှာပါ..။ အဲဒီအချိန်အတွင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်အတော်များများက ထောင်ကျတဲ့သူတွေထောင်ကျ သေတဲ့သူတွေ သေကုန်ကြပါတယ်..။ အဒီအထဲမှာ မတရားဖမ်းဆီးထောင်ချခံရတာတွေရှိသလို နည်းမျိုးစုံနဲ့ ပညာပြလို့ စီးပွားပျက်၊ ဘ၀ပျက်သွားတာတွေလည်းရှိပါတယ်.။ အဲဒါ နယ်တိုင်းမှာပါ။ ထောင်ကျတဲ့စာရင်းနဲ့ သေတဲ့စာရင်းက NLD မှာရှိပါတယ်..။ အဲဒီလူတွေထဲမှာ ပညာတတ်တွေ၊ လူတော်တွေ အများကြီး ပါသွားပါတယ်။ တချို့က အရောင်ပြောင်းကုန်ကြပါတယ်။ ပုထုစဉ်ပါပဲ။ဒီကိစ္စဟာ သာမညမဟုတ်ပါဘူး။ မျိုးဆက်တစ်ဆက်စာ ကောက်ရိတ်လိုက်တာပါ။ အဲဒါရဲ့အကျိုးဆက်က အခု လူတော်တော်များများ သုံးသပ်နေကြတဲ့ NLD က မျိုးဆက်မကျန်ခဲ့ပါဘူးလို့ ထင်ရလောက်အောင် ဖြစ်သွားခဲ့ကြပါတယ်..။ စနစ်တက်နှိပ်ကွပ်ခဲ့တဲ့ဒဏ်က တော်တော်စိုးပါတယ်.. NLD ပါတီဝင်ဆိုရင် လုပ်ငန်းလိုင်စင်/လုပ်ပိုင်ခွင့် မချပေးတဲ့အဆင့် အထိ ဖြစ်ခဲ့ပါတယ်..။ ဒါက အရင်တုန်းကအစိုးရနဲ့ အရင်တုန်းက ပေါ်လစီကြောင့် ဖြစ်ခဲ့တာတွေပါ..။ အဲဒီပြဿနာကို NLD က နမူနာယူပြီး ကောင်းစွာရင်ဆိုင်နိုင်အောင် ပြုလုပ်နေကြပါတယ်။ အခု ဒေါ်စုအနားမှာ ရှိနေတဲ့ပါတိဝင်တွေထဲမှာ ပညာတတ်လူငယ်တွေပါဝင်ပါတယ်။ အခုအချိန်မှာ တရားဝင်မှတ်ပုံတင်ပြီးချိန်.. ။ နိုင်ငံတကာအလယ်မှာ ကမ္ဘာ့အလယ်မှာ အစိုးရကိုယ်တိုင် ဒေါ်စုကို ပွဲထုတ်နေချိန်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက် ဆိုးတဲ့အဖြစ်မျိုး မဖြစ်နိုင်ပါဘူးး
ဘာ့ကြောင့်လဲဆိုရင် ရှေ့နှစ်တွေမှာ မြန်မာ အာဆီယံဥက္ကဌ လုပ်ဖို့ရှိသလို နိုင်ငံတကာရဲ့ Sanction ပွင့်အောင် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ပြုလုပ်ဖို့က ပိုအရေးကြီးလို့ပါ..။ နောက်တစ်ချက်က ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဆွေးနွေးမှုအခြေအနေကို ဘယ်သူမှမသိပါဘူး..။ ပြည်သူအများစုမသိတဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးရဲ့ ရင်တွင်းစကားတစ်ခုကို တိုင်းပြည်ကိုမိန့်ခွန်းပြောတဲ့နေရာမှာ ထည့်သွင်းပြီး လက်နက်ကိုင်တဲ့နေရာမှာ လက်တော့တွေကိုင်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ စကားလုံးကို မူဝါဒတစ်ခုလို ဖန်တီးနိုင်တဲ့ အရည်အချင်းရှိသူ သမ္မတ ဟာ ဒေါ်စုရဲ့ အတွေးအခေါ်၊ အကြံဥာဏ်နဲ့ အရည်အချင်းကို အသိအမှတ်ပြုလက်ခံဆောင်ရွက်မယ်ဆိုတာတော့ ငြင်းစရာမလိုတဲ့အချက်ပါ..။ ဒီအချက်တစ်ခုတည်းကပဲ နောက်ပိုင်းမှာ NLD ခါးပြတ်စရာမလိုတော့ပါ..။ ဘာ့ကြောင့်လဲဆိုတော့ ထိပ်သီးနှစ်ဦးရဲ့ အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ..။ ဒေါ်စုကိုယ်တိုင် NLD ရုံးချုပ်မှာ အကျဉ်းသားစာရင်းကိုပြုစုနေတဲ့ သတင်းတွေကို ပြည်တွင်းဂျာနယ်တွေမှာဖော်ပြပြီး နောက်တစ်ပတ်အတွင်းမှာ အဲဒီစာရင်းက ပြည်ထဲရေးလက်ထဲရောက်သွားပြီး အကျဉ်းသားတွေ လွှတ်မြောက်လာတာ သက်သေပါပဲ..။ (ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦး၏ သတင်းစာရှင်းလင်းပွဲတွေ NLD ပေးပို့သောစာရင်းအရ ....ဟု ဖော်ပြထားသည်)


Yan Aung
အခုလမ်းကြောင်းကို ဦးသန်းရွှေ ချပေးခဲ့တဲ့လမ်းကြောင်းလို့ သုံးသပ်တာက ဒီကိစ္စကို သေသေချာချာမလေ့လာလို့ ပြောတယ်လို့ယူဆပါတယ်။ ရွေးကောက်ပွဲလုပ်ခဲ့တာက ဦးစောမောင်လက်ထက် န၀တ လက်ထက်မှာပါ.။ ရွေးကောက်ပွဲလုပ်ပြီး nld ကို အာဏာမပေးပဲ ခွင်းကောင်းကိုစောင်၊ ဦးစောမောင်လက်ထဲက အာဏာသိမ်းပြီး အမျိုးသားညီလာခံ ဆိုတာကြီးကို နှစ်ရှည်လများလုပ်ခဲ့တာက ဦးသန်းရွှေပါ..။ အဲဒီမှာ တစ်ခုပြောချင်ပါတယ်.. ။လမ်းပြမြေပုံဆိုတဲ့ ကိစ္စဟာ ဦးခင်ညွန့်ဝန်ကြီးချုပ်ဖြစ်ခဲ့တုန်းက ပေါ်လာတဲ့စကားပါ..။ အဲဒီ Road Map ဆိုတာကို ထိုင်းမှာ အာဏာသိမ်းပွဲတွေဖြစ်တုန်းက ကြားဖြတ်အစိုးရက သုံးခဲ့တဲ့စကားပါ။ အဲဒါကို မြန်မာအစိုးရအဖွဲ့က ယူသုံးတာပါ..။ ယူသုံးရတဲ့အကြောင်းအရင်းကလည်း ဒီပဲယင်းကိစ္စအပြီးမှာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ချိန် ၀န်ကြီးချုပ် ဦးခင်ညွန့်ရဲ့ သတင်းစာရှင်းလင်းပွဲ မိန့်ခွန်းမှာ ပထမဆုံး ကြားရတာပါ..။ အဲဒီနောက်ပိုင်း ဦးခင်ညွန့်ပြုတ်သွားပြီးတော့ ဦးသန်းရွှေက သတင်းစာထဲမှာ Road Map ဆိုတာ အစိုးရရဲ့ ဦးတည်ချက်ဖြစ်တယ်လို့ ကြေညာပြီး ခေါင်းစဉ်တပ်ခဲ့တာပါ..။ တကယ်တော့ ဘယ်သူ့အိုင်ဒီယာမှာမဟုတ်ပါဘူး..။ အဲဒီနှစ်တွေမှာ အာဆီယံထိပ်သီးအစည်းအဝေးကို ဦးသန်းရွှေတက်ခဲ့လို့လားခင်ဗျား..။
အဲ.. နောက်တစ်ခုပြောရဦးမယ် အဲဒီ Road Map ၇ ချက်မှာ အချိန်အတိုင်းအတာ ပါလာခဲ့ပါသလား..။ ဥပမာ ဘယ်နှနှစ်အတွင်း ဘာလုပ်ပေးမည်တို့ ဆိုတာတွေပါ..။ အဲဒီလိုမပါလာတဲ့အတွက် ပြည်ခိုင်ဖြိုးဟာ လိုသလောက် အချိန်၊ ငွေကြေးနဲ့ စည်းရုံးရေးကို အခြားပါတီတွေထက်ပိုပြီး အဆပေါင်းများစွာသာအောင် လုပ်နိုင်ခဲ့ပါတယ်..။

သီဟသစ်
ခင်ဗျားပြောတဲ့စကားတွေမှာပဲ.အဖြေကပါပြီးသား.

အစိုးရကမလိုတဲ့အချိန်မှာသူ့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်ကို
ဘောင်ထဲကနေထိန်းချုပ်ထားခဲ့တယ်.သူလိုအပ်တဲ့အချိန်မှာပွဲထုတ်ခဲ့တယ်...

ဒီ့တော့ဒေါ်စုရဲ့အရည်အချင်းဆိုတာအစိုးရရဲ့သဘောထားကိုလိုက်ပြီး
မှပေါ်ထွက်လာသလိုဖြစ်မနေဘူးလား.??
မိုးသီးတို့လွမ်းဆွေတို့ပြည်ပအဖွဲ့တော်တော်များများဒေါ်စု
ကိုတောက်လျှောက်ဝေဖန်လာကြတာကလဲဒါတွေကြောင့်ပဲ

နောက်ပြီး.မြန်မာနိင်ငံကိုစီးပွားရေးစပိတ်ဆို့နေတာ.၁၉၉၉.ကတည်း
ကပဲ.နောက်ဆုံးအပြီးသတ်ရုပ်သိမ်းခဲ့တာ၂၀၀၃.ခုနှစ်မဟုတ်ဖူးလား.

အတိုက်အခံဆိုတာကိုယ်ပိုင်ဟန်ရှိဖို့လိုတယ်.
အစိုးရမျက်နှာသာပေးမှဝင်စွာရဲတာအတိုက်အခံမဟုတ်တော့ဘူး
အလိုက်အထိုက်ဖြစ်သွားပြီ...ဒါကိုသဘောပေါက်ဖို့လိုမယ်ထင်ပါတယ်.

Than Tun
NLD တောက်လျှောက်စွဲကိုင်ခဲ့တာ ငြိမ်းချမ်းတဲ့နည်းလမ်းပါ၊ တွေ့ဆုံဆွေးနွေးရေးကို တောက်လျှောက်တောင်းဆိုခဲ့တာပါ။ ဒါ သူတို့ရဲ့ကိုယ်ပိုင်ဟန်ပါ။ တောင်အာဖရိကမှာ မင်ဒဲလားတို့လည်း ဒီလိုပဲ လုပ်ခဲ့ကြရပါတယ်။ သူတို့မှာ လက်နက်ဆိုလို့ အပ်တိုတောင်မရှိပါဘူး။
ပြည်ပကလူတွေ ဝေဖန်တာ အမြစ်ကလှန်မယ့် radical နည်းလမ်းမလိုက်လို့ပါ။ စေတနာလည်း မမှန်ပါဘူး။ တကယ်တမ်းကျတော့ ဗမာပြည်လို ဖွံ့ဖြိုးဆဲ(ရိုင်းရိုင်းပြောရင် မွဲနေတဲ့)နိုင်ငံတစ်ခုမှာ ဒီမိုကရေစီထွန်းကားဖို့ အတိုက်အခံရော အာဏာရတွေရော ပူးပေါင်းဆောင်ရွက်ရမှာပါ။ (စစ်အစိုးရနှင့် NLD ဟာ ပြိုင်ဖက်တွေ မဟုတ်ခဲ့ကြပါဘူး၊ လက်ရှိကြံ့ခိုင်ရေးနှင့်တော့ လက်ရှိ NLD ဟာ ပြိုင်ဖက်လို့ ဆိုနိုင်ပါတယ်။)
အပေါ်က နုတ်ကိုထင်မြင်ချက်ပေးရမယ်ဆိုရင်တော့ NLD မှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အကြီးမားဆုံးအားသာချက်ကတော့ ပြည်သူတွေရဲ့တခဲနက်ထောက်ခံမှု ရရှိခဲ့ ရရှိဆဲဆိုတဲ့အချက်ပါပဲ။ ကြံ့ဖွံ့မှာလည်း အားသာချက်တွေရှိတာမှန်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်လာလေလေ ကြံ့ဖွံ့ရဲ့ လက်ရှိအားသာချက်တွေ မှေးမှိန်လေဖြစ်မှာပဲ။

Yan Aung
ကမ္ဘာပေါ်မှာရှိတဲ့ ဒီမိုကရေစီအစိုးရတိုင်း အစိုးရတိုင်းလုပ်တဲ့ ရွေးကောက်ပွဲတိုင်းမှာ အတိုက်အခံဆိုတာရှိတယ်..။ အစိုးရက ကျင်းပခွင့်ပေးခဲ့ကြတာ၊ချည်းပဲလေ..။ အစိုးရက မလိုတဲ့အချိန်မှာ သူရဲပြိုင်ဘက်ကို ထိန်းချုပ်ထားတယ်ဆိုတဲ့စကားက ပညတ်ချက်အရပဲပြောပြော အနှစ်သာရ အရပဲပြောပြော ယခင်အစိုးရက ယခု အစိုးရမဟုတ်တော့သလို ဦးသန်းရွှေအာဏာရှင်လုပ်တဲ့ခေတ်လည်းမဟုတ်တော့ပါဘူး။ အစိုးရနှစ်ခု ကွဲပြားတယ်လို့လက်ခံထားတဲ့သူတိုင်းက ဒါကို ပိုသဘောပေါက်မှာပါ.။ နိုင်ငံတကာအပါအ၀င် အခုအချိန်မှာ အားလုံးက လက်ခံထားတာပဲ..။
ဦးသိန်းစိန် သမ္မတဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ လုပ်ဆောင်ခဲ့တာက ဥိးသန်းရွှေသမိုင်းမဟုတ်ဘူး..။ ဦးသိန်းစိန်သမိုင်းပဲ..။ လိုအပ်တဲ့အချိန်မှာ ထုတ်တာမဟုတ်ဘူး..။ ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ ကျရှုံးလာနိုင်တဲ့ သိက္ခာနဲ့ ဖိအားကြောင့် အားလုံးကို ထုတ်ခဲ့ရတာ..။ pass ပေးခဲ့ရတာဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်..။ ဒီအချိန်မှာ အစိုးရနဲ့လုပ်ထားတဲ့ပေါ်လစီဟာ win win ပေါ်လစီ ဖြစ်တယ်လို့ တရားဝင်ကြေညာထားပြီးသားလေ..။
နောက်တစ်ချက်ပြောရရင် ဦးသန်းရွေ/သူ့ရဲ့ မိသားစုရဲ့ အနေအထား စီမံခန့်ခွဲမှုပုံစံ၊ အမိန့်ပေးစေခိုင်းမှုတွေနဲ့ အခု ဦးသိန်းစိန်လက်ထက် ပုံစဲတွေနဲ့က လုံးဝမတူပါဘူး။ ၁၉၉၉ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့တဲ့အချိန်မှာ အမေရိကန်နဲ့ အနောက်က ရေနံကုမဏီတွေအပါအ၀င် ရုတ်သိမ်းတာ၊ အထည်ချုပ်တွေရပ်တာ သိပ်မရှိသေးပါဘူး..။ ၂၀၀၃ ခုနှစ်မှ တကယ်ရပ်ဆိုင်းကုန်တာပါ..။

သီဟ သစ်
မြန်မာပြည်မှာ စီးပွားရေးအကြပ်အတည်းတွေ ဖြစ်နေတာ
လူတွေအလုပ်လက်မဲ့ဖြစ်ပြီးဆင်းရဲနေတာတွေဟာအစိုးရရဲ့
စီးပွားရေးမူဝါဒတွေမှားယွင်းမှုကြောင့်ဆိုပြီးတော်တော်များများပြောကြတယ်..
....ကဲ….ဟုတ်ပြီဗျာ.

သူတို့မှာတာဝန်ရှိသလို အတိုက်အခံ နိုင်ငံရေးအုပ်စုတွေမှာလဲ မြန်မာပြည်ကို ရင်းနှီးမြှုပ်နှံမှုဝင်မလာအောင်စိတ်းပွားရေးပိတ်ဆို.မှုတွေလုပ်ထားအောင်
စည်းရုံးလှုံဆော်တိုက်တွန်းနေတဲ့လူတွေမှာကောတာဝန်မရှိဘူးလား???

နှစ်ဦးနှစ်ဖက်စလုံးမှာတာဝန်ရှိပြီး၂ဦးစလုံးကပြည်သူတွေအပေါ်
အကြွေးရှိနေသူတွေဆိုရင်ပိုမှန်မယ်မထင်ဘူးလား??

စီးပွားရေးဒဏ်ခတ်အရေးယူထားတဲ့နိုင်ငံတွေကသူတို.နိုင်ငံတွေ၏ပေါ်လစီ
တွေမူဝါဒတွေကို ခုခံကာကွယ်ပြောဆိုနေတာထားတော့..
ဒါကသဘာဝကျတယ်။

သဘာဝမကျတာကကြီးတော်နွားကျောင်းပြီးနိုင်ငံခြားအစိုးရတွေ
ကိုယ်စားကြားကနေ ခုခံကာကွယ်ပြောဆိုနေတာတွေမြင်နေကြားနေရတာပဲ…
တော်တော်စိတ်မချမ်းသာစရာကောင်းတဲ့အချက်ပဲ

သီဟ သစ်
စီးပွားရေးပိတ်ဆို့မှုဆိုတာဘာလဲဆိုတာ.အရင်ပြောကြည့်မယ်ဗျာ
စီးပွားရေး ပိတ်ဆို့မှုဆိုတာ နိုင်ငံတခုရဲ့ အခြေခံ နိုင်ငံရေးစနစ် (သို့မဟုတ်) ပေါ်လစီများကို ပြောင်းစေဖို့အတွက် အဲဒီနိုင်ငံအပေါ်မှာ အခြားနိုင်ငံတစ်ခု ကဖြစ်စေ၊ နိုင်ငံအများစုကဖြစ်စေ ပြုလုပ်တဲ့ ကုန်သွယ်မှုအတားအဆီးများနဲ့ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်အရေးယူမှုများလို့ အဓိပ္ပာယ်ဖွင့် ဆိုထားတယ်။
စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကရော.... ပစ်မှတ်နိုင်ငံက ပေါ်လစီတွေ ပြုပြင်ပြောင်းလဲဖို့ကနေ ပစ်မှတ်နိုင်ငံရဲ့ ခေါင်းဆောင်ပြောင်းလဲမှု၊ အစိုးရပြောင်းလဲမှဒါတွေကိုလိုက်ပြီးရည်ရွယ်ချက် ပုံစံအမျိုးမျိုး ကွာခြားတယ်.
အဓိကပုံစံ(၃)မျိုးကိုပဲလေ့လာကြည့်
primary objective
secondary objective
tertiary objective ဆိုပြီးရှိတယ်.
March 21 at 7:04pm · Like · 1

သီဟ သစ်
primary objective
ပစ်မှတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှု၊ အုပ်ချုပ်ရေးနဲ့ ပေါ်လစီရေးရာ ပြောင်းလဲမှုတွေဖြစ်လာအောင်လုပ်ဆောင်တာပဲ။
.(ဥပမာအီရန်နိုင်ငံမှာနျူးကလီးယားလက်နက်တွေထုတ်လုပ်နေတာကို
တားဆီးဖို့အတွက်ဆိုပြီးအကြောင်းပြကာအမေရိကန်ပြည်ထောင်စုရဲ့
စီးပွားရေးပိတ်ဆို့အရေးယူမှုမျိုး)
ဒီပိတ်ဆို့မှုရဲ့ နောက်ကွယ်က အဓိက အကြောင်းကတော့ လက်ရှိအစိုးရကို ဖြတ်ချဖို့ပဲ။

Secondary objective
sanction ပြုလုပ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ကို ရရှိဖို့၊ credibility လုပ်တာ။ဆိုလိုတာကတော့ သူတို့ အစိုးရဟာ ကမ္ဘာမှာ သြဇာလွှမ်းမိုးမှု
ရှိတယ်ကွ ......ဆိုပြီး သူ့ပြည်သူတွေရှေ့မှာ ဟီးရိုးလုပ်ပြီး အမှတ်ယူဘို့ ဖြစ်တယ်...


Tertiary objective

နိင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေး၊ နိုင်ငံတကာ ဥပဒေတွေရဲ့ အသုံးဝင်မှုကို ဖော်ဆောင်ရေး၊ နိုင်ငံကြီးတချို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ဖြန့်ဝေမှု ဒါတွေအတွက်လဲ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒ တခုအနေနဲ့ အသုံးပြုတယ်။

သီဟ သစ် ဒီအချက်တွေကိုလေ့လာကြည့်လိုက်ရင် sanction ပြုလုပ်တဲ့ နိုင်ငံကြီးတွေဟာ ပစ်မှတ်နိုင်ငံ တွေမှာ နေထိုင်တဲ့ ပြည်သူလူထုအရေး ဒီမိုကရေစီဖေါ်ဆောင်ရေး ဆိုတာတွေဟုတ်ရဲ့လား??
သူတို့အကျိုးစီးပွားကို ရှေးရှု လုပ်ဆောင်နေတယ်ဆိုတာ မထင်ရှားဘူးလား????
ကဲ..ဘယ်မှာလဲ.ကျွန်တော်တို့နိင်ငံအတွက်..??

Yan Aung
အပေါ်က ကိုသီဟသစ်ပြောတဲ့ အချက်တွေက ပေါ်လစီစောင်းပါးတွေနဲ့ စစ်တပ်ကထုတ်တဲ့ စစ်မဟာဗျူဟာစာစောင်လို ဟာမျိုးတွေမှာ ပါတဲ့အချက်တွေပါ..။
အဲဒီအချက်တွေအရဆိုရင် ကိုသီဟသစ်ကို ကျွန်တော် တစ်ခုဆွေးနွေးပါ့မယ်၊ အခု စီးပွားရေး ပိတ်ဆို့တယ် ဆိုတဲ့ ပေါ်လစီက အနောက်နိုင်ငံတွေကပဲ ကျင့်သုံးနေတယ်ဆိုရင်၊ သူတို့သြဇာခံဖို့၊ အဲဒီမှာတင် လွဲသွားပါပြီ..။ အပေါ်က ကိုယ်သီဟသစ်ပြောတဲ့ အချက်တွေအားလုံးကို ကျွန်တော် တစ်ခုတည်းပဲ အရင်ဖြေပါ့မယ်..။ ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်က ဘာ့ကြောင့် စီးပွားရေးပိတ်ဆို့ဖို့ ကြိုးစားသလဲ..။ အိုမန်ဆိုရင် ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်က ပိတ်သည်ဖြစ်စေ မပိတ်သည်ဖြစ်စေ သူတစ်နိုင်ငံတည်း စီးပွားရေးပိတ်မယ်လို့ ကြေညာခဲ့သေးတာပဲ..။
နောက်ပြီး မြန်မာကို အာဆီယံက ဘာ့ကြောင့်စီးပွားရေးပိတ်ဆို့ဖို့ ကြိုးစားခဲ့ပါသလဲ..။ ဂျပန်ကကော ဘာ့ကြောင့် စီးပွားရေးပိတ်ဆို့ထားပါသလဲ..။ လောပိတကို ဘာ့ကြောင့် မပြုပြင် အဆင့်မမြှင့်ပေးခဲ့ပါသလဲ..။

၂၀၀၇ သံဃာ့အရေးအခင်းမှာ သေနတ်နဲ့အပစ်ခံရလို့သေသွားတဲ့ ဂျပန်သတင်းထောက်အကြောင်းသိမှာပါ..။
အဲဒီ ကျည်ဆံတစ်တောင့်ကြောင့် မြန်မာနိုင်ငံကို ဂျပန်အစိုးရက ပေးတဲ့ အရပ်ရပ်ဆိုင်ရာ ကူညီငွေ ဒေါ်လာ သန်းတစ်ရာမက နစ်နာသွားခဲ့ပါတယ်..။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းသွားပါတယ်..။ ဂျပန်ကို တိုက်ရိုက်သွားသင်ခဲ့ကြတဲ့ JICA သင်တန်းကို မြန်မာတွေ အာဆီယံနိုင်ငံတွေမှာ သွားတက်တဲ့ဘ၀ရောက်သွားပါတယ်..။ အဲဒါက ဘယ်သူ့ကြောင့်ပါသလဲ.။ အနောက်အုပ်စုကြောင့်လားခင်ဗျား..။

Primary အချက်ကို ပြန်ဆွေးနွေးရရင်
အဲဒီထဲက လက်ရှိအစိုးရကို ဖြုတ်ချရေးဆိုတာ မှန်သင့်သလောက်မှန်ပါလိမ့်မယ်..။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာမှာ အာဏာရှင်တိုင်းက လူပြောင်းမှ ပူပြောင်းတာချည်းပါပဲ..။ လူရှိပြီး မူပြောင်းတာ မရှိသလောက်ပါ။

Secondary မှာ အစ်ကိုပြောတဲ့

......economic sanction ပြုလုပ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ကို ရရှိဖို့၊ credibility လုပ်တာ။ဆိုလိုတာကတော့ သူတို့ အစိုးရဟာ ကမ္ဘာမှာ သြဇာလွှမ်းမိုးမှု
ရှိတယ်ကွ ......ဆိုပြီး သူ့ပြည်သူတွေရှေ့မှာ ဟီးရိုးလုပ်ပြီး အမှတ်ယူဘို့ ဖြစ်တယ်........

ဆိုတဲ့ စကားကို လေ့လာကြည့်ရင် အပေါ်က စီးပွားရေးပိတ်ဆို့တဲ့ အနောက်အုပ်စုဝင် တွေမဟုတ်တဲ့ အခြားနိုင်ငံအစိုးရတိုင်း(ဥပမာ ဂျပန်)က အဲဒီလို ဟီးရိုးလုပ်ဖို့လားခင်ဗျား..။

Tertiary အနေနဲ့ကတော့ ပြောစရာမရှိပါဗျား..။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာမှာ စီးပွားရေးပိတ်ဆို့တဲ့ပေါ်လစီကို ကုလသမဂ ကတောင် တရားဝင် မဲခွဲဆုံးဖြတ်ခွင့်ပေးထားလို့ပါ..။


Yan Aung
နောက်ဆုံးကိုသီဟသစ်ရဲ့ လေ့လာချက်ကို ဆွေးနွေးရရင် Sanction်ပြုလုပ်တဲ့နိုင်ငံတွေက သူတို့အကျိုးစီးပွားပဲတစ်ခုတည်းကိုပဲကြည့်တယ်ဆိုတာ မှားပါတယ်.။ Sanction စလုပ်ပြီဆိုရင် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု ရပ်ဆိုင်းလိုက်ခြင်းတဲ့အတွက် နိုင်ငံကြီးပဲဖြစ်ဖြစ် နိုင်ငံငယ်ပဲဖြစ်ဖြစ် နှစ်ဖက်စလုံးအထိနာပါတယ်..။ အမေရိကန်ယူနိုကယ်နဲ့ ပြင်သစ် တိုတယ်ရေနံကုမဏီတို့ စွန့်ခွာသွားတဲ့အချိန်မှာ သူတို့ မြတ်စွန်းသွားကြပါသလား..။ သူတို့ အများကြီးနစ်နာပါတယ်..။ သူတို့နေရာကို တရုတ်နဲ့ ကိုရီးယားတွေ ၀င်လုပ်နေကြတာက သူတို့အတွက် အခံရခက်ဆုံးပါပဲ..။ သူတို့ရမယ့်ဟာတွေ သူများနောက်ပါသွားတာလေ..။ သူတို့ စီးပွားရေးပိတ်ဆို့လေ သူတို့ကုန်သွယ်မှု၊ ရင်းနှးမြုပ်နှံမှုတွေ အနည်းနဲ့အများ နစ်နာလေပါပဲ..။
ကိုယ်ပိတ်ထားတဲ့နိုင်ငံမှာ တရုတ်လို ပြိုင်ဘက်တွေဝင်ထားခဲ့ရင် ပိုတောင် ပွင့်ဖို့ ကြိုးစားလာကြပါဦးမယ်..။ အဲဒါကြောင့်မို့လို့လည်း စီးပွားရေးဖွင့်ဖို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေ ကြိုးစားနေကြတာပါ..။ ဒါပေမယ့် အမေရိကန်က နိုင်ငံခြားရေးပေါ်လစီနဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေတွေကို လွန်ခဲတဲ့နှစ်ပေါင်းများစွာကတည်းက အချက်အလက်အတိအကျနဲ့ လက်မှတ်ထိုးပြဌာန်းထားခဲ့တဲ့အတွက် အဲဒီအချက်တွေနဲ့ ကိုက်ညီမှ မြန်မာနိုင်ငံကို စီးပွားရေးဖွင့်ပေးမှာပါ..။
ဥရောပသမဂ ကတော့အမေရိကန်နဲ့မပတ်သက်ပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ စောစီးစွာ စီးပွားရေးဖွင့်လို့ ရသလို ဂျပန် စတဲ့ နိုင်ငံတွေကလည်း အခုအခြေအနေကို အကောင်းမြင်တဲ့အတွက် စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးပြီး လောပိတကို အဆင့်မြှင့်ပေးမယ်လို့ ကြားသိရပါတယ်..။
အဲဒီတော့ အစ်ကို့ဘာသာ ပြန်သုံးသပ်စေချင်ပါတယ်..။ မြန်မာကိုSanction လုပ်တာ အမေရိကနဲ့ အနောက်တင်မဟုတ်ပါဘူး..။ ဂျပန်လည်း ၂၀၀၃ ကတည်းက ပါခဲ့တယ် ဆိုတာ သတိထားပေးပါ..။ လူသားချင်းစာနာမှုအကူအညီကလွဲလို့ ဂျပန်က အလုံးအရင်းနဲ့လာရောက်ရင်းနှီးမြုပ်နှံမှုက မရှိသလောက်ပါ..။

စီးပွားရေးပိတ်ဆို့မှုလွတ်ကင်းအောင် ကြိုးစားကြဖို့က နိုင်ငံသားတိုင်း ကြိုးစားသင့်သောကိစ္စတစ်ခုဖြစ်သော်လည်း အခြေအနေနှင့်အချိန်အခါအရ ငုတ်တုတ်ထိုင်ကြည့်နေရသလိုဖြစ်နေပါသည်။ အပေါ်တွင်ဖော်ပြထားသည့်အချက်များအတိုင်း မြန်မာနိုင်ငံ .. အဆင်သင့်ဖြစ်ဖို့ လိုနေသေးသည်ဟု သုံးသပ်ပါသည်..။
 ဝေဖန်အကြံပြုဆွေးနွေးကြစေလိုပါသည်..။(ရန်အောင်..။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...