Tuesday, March 27, 2012

သိပ္ပံဆိုင်ရာ အသိပညာ အပိုင်း(၂)


by Wai Maw on Wednesday, March 28, 2012 at 11:08am ·


အချိန်ကာလနှင့်ဌာနသတ်မှတ်မှုအရ ဖြစ်ပျက်နေသည့်သဘာဝ လက်တွေ့ဖြစ်ရပ်တွေကို တိုက်ရိုက် ကိုယ်စားပြုသည့်အယူအဆအား ပယ်ခွာရမည်ဆိုသည်ကို လက်မခံနိုင်ကြသောရူပဗေဒ သိပ္ပံပညာရှင် အချို့ တွင် ကျွနုပ်ကိုယ်တိုင်လည်းပါဝင်သည်။” ဟုအိုင်းစတိုင်းကသူ၏ “THE FUNDEMENTS OF THEORETICAL PHYSICS’’ စာတမ်း၌ရေးသားခဲ့လေသည်။

ဤနေရာ၌သူက သိပ္ပံစမ်းသပ်ချက်များတွင်အသုံးပြုသော ကိရိယာတန်ဆာပလာများထိခိုက် ပွန်းပဲ့ပိန်ချိုင့် သွားခြင်းကိုထောက်ဆပြီး အနူမြူဆိုင်ရာပညာရပ်နယ်ပယ် အတွင်း၌ မသေချာခြင်းသဘောတရား (နိယာမ) ကြီးထွားလွှမ်းခြုံလာမည်ဆိုသောအယူအဆကို မယုံကြည်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆို ပါသည်။ အချိန်ကာလနှင့်ဌာနသတ်မှတ်ချက်အတွင်း သဘာဝလက်တွေ့ဖြစ်ရပ်ကို တိုက်ရိုက်ကိုယ်စားပြုမှု သဘောအား အလေးအနက်ယုံကြည်ကြောင်း QUANTUM MECHANICS သဘောတရားကို ဖီလာဆန့်ကျင် ပြုပြီး ပြောဆို လိုက် ခြင်းဖြစ်သည်။ သို့သော်လည်း သိပ္ပံသုတေသနနှင့် စမ်းသပ်အတည်ပြုချက် ရလဒ်များက မရေရာခြင်း သဘောတရား မှန်ကန်ကြောင်း အတိအလင်းသက်သေပြုပြီးဖြစ်ပါသည်။
သိပ္ပံစမ်းသပ်မှုအတွေ့အကြုံအားလုံးက QUANTUM MECHANICS သီအိုရီကို ကိုယ်စားပြု ရပ်ခံနေသော ကြောင့် အိုင်းစတိုင်းအနေဖြင့် QUANTUM MECHANICS သီအိုရီအပေါ် လုံးလုံးလျားလျား ဆန့်ကျင် နိုင်စွမ်း မရှိချေ။ ကံတရားနှင့်ကြွေအံကစားရသလိုမျိုး ရှောင်တခင်ရုတ်ချည်းဖြစ်ရပ်များနှင့် စခန်းသွားနေသော သဘာဝတရား အပေါ် အိုင်းစတိုင်းက အငေါ်တူးလိုက်ပုံရပါသည်။ သူက ကံတရားနှင့် စခန်းသွား ရသည့် မရေရာမှုသဘောကိုမလိုလားပေ။ ထို့ကြောင့် သူတစ်ဘ၀တာလုံး Theory of everything  အားလုံး လွှမ်းခြုံမှု သီအိုရီကိုထူထောင်ရန်ကြီုးပမ်းခဲ့သော်လည်း အောင်မြင်မှုတော့မရပေ။
အဆုံးစွန်းမှန်ကန်သော စင်္ကြာဝဠာလုံးဆိုင်ရာ သီအိုရီတစ်ခုကိုရှာဖွေဖော်ထုတ်ဖို့ အိုင်းစတိုင်းက သူ၏တန်ဖိုးရှိ လှသောအချိန်များစွားကိုအချည်းနှီး ကုန်လွန်စေခဲ့တာနှင့် ပတ်သက်၍ သိပ္ပံပညာရှင်အများစု စိတ်မသက်မသာ ဖြစ်ရပါသည်။ သို့သော်လည်းအိုင်းစတိုင်း တီထွင်ဖော်ထုတ်ခဲ့သော သီအိုရီကို အသိအမှတ်ပြု ကြိုဆိုသော သိပ္ပံနည်းကျတွေးခေါ်ပညာရှင်အများအပြားရှိကြောင်း  Reichenbath ကအောက်ပါအတိုင်း မှတ်ချက်ပေးဖှုး ပါသည်။
 “အခွင့်အခါကြုံခိုက် Theory of Relativity ကိုမည်သို့တွေ့ရှိဖော်ထုတ်လိုက်သနည်းဟု ကျွန်တော် က ပါမေက္ခအိုင်းစတိုင်းကိုမေးမြန်းသည့်အခါ သူက စင်္ကြာဝဠာကြီး၏ သဟဇာတဖြစ်မှု (လိုက်ဖက်ညီထွေရှိမှု) ကိုအခိုင်အမာယုံကြည်သောကြောင့် ယင်းသီအိုရီကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားပါသည်။”
 စင်္ကြာဝဠာစနစ်အတွင်း သဟဇတဖြစ်မှုကို ယုံကြည်သော အိုင်းစတိုင်း၏အယူအဆကို Reichenbath က လိုလားကြိုဆိုပါသည်။ စင်္ကြာဝဠာစနစ်အတွင်၌ သဟဇာတညီညွှတ်မှုရှိသော သဘာဝဖြစ်ရပ်အချို့ ရှိနိုင် သော်လည်း ယင်းသဘာဝဥပဒေသကို အကိုးအကားပြု၍ အရာအားလုံးအကြွင်းမဲ့ ပြဠာန်းပြီးဖြစ်သည် ဟု ကောက်ချက်ချရန်မဖြစ်နိုင်ပေ။
                        အနာဂတ်စင်္ကြာဝဠာစနစ်ကိုအဆုံးအဖြတ်ပေးစီရင်ချက်ချမည့်ရှောင်တခင်ဖြစ်ပျက်မှု့အချို့နှင့်ယင်းသို့ဖြစ်ပေါ်စေသောအကြောင်းအချက်သစ်အချို့ရှိနေနိင်သောကြောင့်ပင်။် ထို့ကြောင့်နောက်ဆုံးတွင် အိုင်းစတိုင်းက သူ၏ ရောင်းရင်းဖြစ်သူ Max Born အားကြွေးအံကစားသောဘုရားသခင်ကိုယုံကြည်အပ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်တန်ရာ၏။
ဘုရားသခင်ကိုယ်တိုင်သော်မှအစိုးမရသော သဘာဝလောကကြီး၌ မိမိတို့လိုလူသာမန်များ အနေဖြင့် အနူမြူစုဖွဲ့မှု့ဆိုင်ရာစနစ်ယန္တရားကို ကိုင်တွယ်ဖြေရှင်းလိုပါက မသေချာမရေရာမှု သဘောကို ကြုံတွေ့ ရမည်သာဖြစ်ကြောင်း Max Born က ခွန်းတုံ့ပြန်ပါသည်။ သို့ဖြင့် အိုင်စတိုင်း၏ အစွဲကင်းလက်တွေ့ကမ္ဘာကြီး ဖြစ်တည်မှုသဘောတရားသည် စိတ်ကူးယဉ် သဘောတရားဆန်ကြောင်း Max Born ကသူ၏ နာမည်ကျော် Natural Philosophy of Cause and Chance စာအုပ်၌ဆိုထားပါသည်။
ဆက်လက်ဖော်ပြပါမည်။

ဝေမော် 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...