Tuesday, March 27, 2012

ဟာသလေးများ အပိုင်း(၆)


(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့
အိမ်ထောင်ကြတယ်။ ကလေး တစ်ယောက်မွေးတယ်။ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့
အိမ်ထောင်ကြတယ်။သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး
လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။

ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။
ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကို ပြောတယ် ။ အဖေ…သမီးမှာ ရည်းစား
ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရ
အောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်
ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက
ကျွန်တော်က ” သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေး အဖေ ပါးစပ်က ဟေ……………….

( ၂) မလွဲသောအမှား
အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်

လူငယ် ။ မောင်လှ

ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် ” ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ ” ဆရာမောင်လှ ”

( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။
ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ
ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ
ဦးလေး ။ ဘာဖြစ်လို့လဲကွ
ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ
ဦးလေး ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ
ချူချာ ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ

( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက....
ဆရာ ။ ဘာဖြစ်လို့ ကျောင်းနောက်ကျတာလဲ

ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ

ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ

ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ


( ၅ ) မှတ်သားလောက်တယ်

သူငယ်ချင်း မင်း…..ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား
အေး…ကြားဖူးတယ်။ ဘာဖြစ်လို့လဲ
ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့ သူဘာမယ်ဆိုတာ
 ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။
ဟုတ်လားကွ….” ဘာမယ်တဲ့တုန်း ”
” ပါးကျိုးမယ် ” တဲ့

( ၆ ) မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ

ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်

လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောက်ျားတွေဟာ မိန်းမတွေ
အပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ

ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်

မှတ်ပြီလား

တစ်နေ့လူတစ်ယောက် နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ……
ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ
လူနာ – ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။
ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား

အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ အခွံတွေကို ချန်မထားနဲ့ဗျ၊ အခွံတွေကလည်း
အားရှိတယ် ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။
ထိုအခါ လူနာဖြေလိုက်သော အဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။

လူနာပြောလိုက်သည်မှာကား….
လူနာ – အုန်းသီး။


သူဘယ်မှာလဲ….

ကိုလှ – ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ ဘာဖြစ်နေတာလဲဗျ။
ကိုမြ – သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်း တစ်ယောက်လောက် ခင်ဗျားသိလား။

နှုတ်ပစ်မလို့ အဲဒီသွားကို။
ကိုလှ – ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။

ဟိုနေ့က ကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့ မိန်းမကိုခေါ်ပြီးနှုတ်ခမ်းချင်းစုပ်ပြီး နမ်းလိုက်တာ ကောင်းသွား
ရောဗျ။ခင်ဗျားလည်းစမ်းကြည့်ပါလား။
ကိုမြ – ဟာ…အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။

ဘယ်မှာလဲ ခင်ဗျားမိန်းမ။


သိနားလည်မှု

” မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ ”

” ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျာ ”

” ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ ”

သူ မှာထားခဲ့လို့

” ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ ”

” ကျွန်မ ယောက်ျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့
အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့”

နားလေးသူမို့ပါ

” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”

” ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”

” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။
သူက နားနည်းနည်းလေးတယ် ”

အပူကိုယ်စားလှယ်

” အခုတလော ကျုပ်မှာ ပူပင်စရာတွေ များလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ ”

” ကိုင်း……. ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ ”

” အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ ”

မေမေ့ တာဝန်ထားလိုက်

” အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို
မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ ”

” လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ ”

အချစ်အတွက်ဆိုရင်

” အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ် ဘယ်အရာမှလာပြီး
 တားလို့ မရဘူးကွ ”

” ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် ”

” စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ ”

နည်းနည်းစောင့်ပါ

ပထ၀ီဝင်ဆရာမ – ” ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့ သိသမျှ ပြောပြစမ်းကွာ ”

တပည့် – ” လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ် ”
 Posted by ပြည့် စုံ on March 28, 2012 at 2:30am 
ဆိုမှဆိုတက်ပဲဟာ

” ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က
သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့  ခြိမ်းခြောက် ကြတယ် မေမေ ”

” အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ ”

” ဟွန့်မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ ”

အမွေဆက်ခံမိလို့

” ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”

” ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား ”

” ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောက်ျားပါ ”


ရေတွက်ပုံချင်းမတူ

” စိတ်ဆိုးမယကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု
ရန်ဖြစ်လာပြန်ပြီလား ”

” အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ ”

” ဘာဖြစ်လို့လဲကွ ”

” ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ “

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...