Sunday, March 25, 2012

ဗိုလ်ချုပ်ကိုသတ်တာဘယ်သူလဲ??


by James Mmt on Monday, March 26, 2012 at 10:56am

မသမာသူတို့ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည့် ဗိုလ်ချုပ်

ဗိုလ်ချုပ်အောင်ဆန်း အုတ်ဂူ

(You tube မှ Who really killed Aung San BBC ဗီဒီယိုကို မြန်မာလိုအကျဉ်းချုပ်ပြန်ရေးပေးထားပါတယ်။)

ကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်း 
ဗိုလ်ချုပ်တို့ ဇနီးမောင်နှံ (ဘေးက ခေါင်းပေါင်းနှင့်အား ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟု ယူဆပါသည်)

ဗိုလ်ချုပ်ကိုသတ်တာ အင်္ဂလိပ်အစိုးရပါ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ဟာ တိုင်းပြည် တစ်ခုလုံးကို စည်းရုံးနိုင်တဲ့ ခေါင်းဆောင်မို့လို့ပါ။ ဗိုလ်ချုပ်ကိုဖယ်ရှားလိုက်ရင်သူတို့အနေနဲ့ ကိုင်တွယ်ရတာပိုလွယ်မယ်လို့ထင်ထားတယ် ဟု ဗိုလ်ချုပ်ကျော်ဇောမှ ပြောကြားခဲ့သည်။ 

ညောင်ရွှေရောက် ဗိုလ်ချုပ်အောင်ဆန်း (၀ဲမှယာ ဦးဖေခင်၊ စ၀်ရွှေသိုက်၊ ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း)
၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေသည့် ဗိုလ်ချုပ်အောင်ဆန်း...
အင်းလေးရောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဖေခင်...
ဝဲမှယာ ဦးဖေခင်၊ အမည်မသိ၊ မစ္စတာ ဘော့တွမ်လေး၊ ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး
The Constitution Committee for Fundamental Principles of State
ပင်လုံညီလာခံ
ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးနေသော ဗိုလ်ချုပ်အောင်ဆန်း

ဦးစောက ထောင်ထဲကနေ ဘင်ဂလီဆိုတဲ့ လူရယ် ကပ္ပတိန် ဗီဗီယန်ရယ်ကို စာရေးခဲ့ပါတယ်။ အရပ်ရှည်ရှည်နဲ့လူကို တွေ့ချင်တယ်လို့ ရေးခဲ့တယ်တဲ့။ ဦးစောပေးလိုက်တဲ့စာကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်လိုက်ပီး မောင်းထုတ် လိုက်တယ် ပြောပါတယ်။ ပုလိပ်မင်း တွမ်ဖလာအောင်က မကျေမနပ်ဖြစ်ခဲ့ပြီး ဘင်ဂလီကို ပြန်စစ်ဆေးဖို့လုပ်ပေမယ့် ဆာဟူးဘတ်ရန့်က ဘင်ဂလီသည် Victim of the situation ဖြစ်တယ်ဆိုပြီး ပြန်ပို့ဖို့လုပ်ပါတယ်။ မြန်မာအစိုးရက မလိုလားစွာနဲ့ပဲ သဘောတူခဲ့ရပီး တွမ်ဖလာအောင်ရဲ့ စစ်ဆေးမှုကို မပြုလုပ်နိုင်ခဲ့ပါဘူး။


မစ္စတာဘင်ဂလီကို စထရန်းဟိုတယ်မှာ ပုလိပ်မင်းကြီးတွမ်ဖလာအောင်က သွားရောက်တွေ့ဆုံဖို့အားထုတ်ခဲ့ပါတယ်။ ဦးစောရဲ့  ဒုတိယစာတစ်စောင်နဲ့ပေါ့။ ဗီဒိယိုထဲမတော့ ဥိးစောကပြောတဲ့ဟန်နဲ့ "ငါတော့ သေတွင်းရောက်မယ့်ကိစ္စကို အကြံပေးတဲ့အတိုင်း စွန့်စားလိုက်ပြီ" လို့ဖော်ပြထားပါတယ်။ ဘင်ဂလီက ဒစ်ပလိုမက်တွေရဲ့ အကာအကွယ်နဲ့ ပုလိပ်မင်းကြီးရဲ့ မေးခွန်းတွေကိုဖြေဖို့ ငြင်းဆိုသွားပါတယ်။


ပူးပေါင်းသူ ကပ္ပတိန်ဗီဗီယန်ကို အသေမိတယ်လို့ပြောသော်လည်း ၁၉၅၅ ခုနှစ်မှာ ထိုင်းကနေ စာရွက်အတုတွေနဲ့ ဂျွန်မော်ဂန်ဆိုပီး ဗြိတိန်ကိုပြန်ရောက်လာခဲ့ပါတယ်။ နောက်ပီး မစ္စတာ ဘင်ဂလီရဲ့ ကရင်အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဗြိတိသျှနိုင်ငံခြားေ၇းရုံးက ယနေ့အထိ ထုတ်ပေးခြင်းမပြုခဲ့ပါဘူး။ ဦးစောနဲ့ရင်းနှီးတဲ့ သူတွေကတော့  အင်္ဂလိပ်ရှေ့နေရယ် မောင်မောင်ကြီးဆိုတဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်စကြာကတော့ ဗိုလ်ချုပ်တို့ကိုလုပ်ကြံတဲ့အချိန်မှာ လန်ဒန်မှာ အင်မတန်အင်အားကြီးတဲ့ အဖွဲ့တစ်ခုက ကြိုးကိုင်နေခဲ့တယ်လို့ ပြောပါတယ်။ ကပ္ပတိန်ဗီဗီယန်ရဲ့ စာရွက်စာတမ်းတွေကို နိုင်ငံခြားရေးရုံးက ဖျက်ဆီးလိုက်တယ်လို့ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းမှာရှိတဲ့ ဗြိတိန်သံရုံးအနေနဲ့ ဗီဗီယန်သည် ဗမာအကျဉ်းသားဆိုတာ သိနေခဲ့လို့ဖြစ်ပါတယ်။ ဗီဗီယန်ကတော့ "ကျနော့်ကိုအချက်တိုင်းမပြောဖို့ လူတစ်ဦးက တားထားတယ်ဗျ။ ပြောလိုက်ရင် ဗြိတိန်နဲ့ ဘားမား အကြီးအကျယ် ပြဿနာတက်လိမ့်မယ်" ဟုပြောသွားပါတယ်။

ကပ္ပတိန်ဗီဗီယန် ပြန်ရောက်လာခြင်းကို တစ်စိတ်တစ်ပိုင်းသာထုတ်ဝေတဲ့ ဗြိတိန်နိုင်ငံခြားရေးရုံး စာတမ်းများအရသာ သိရှိရခြင်းဖြစ်ပါတယ။် သူတို့အနေနဲ့  အရှေ့တောင်အာရှ ကေ့စ်တွေထဲက အရေးကြီး စာရွက်စာတမ်းတွေကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။


အသေးစိတ်ကို အောက်က လင့်များမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်.....

Who Really killed Aung San? Vol 1
http://www.youtube.com/watch?v=N003jRV75kc
Who really killed Aung San? Vol 2
http://www.youtube.com/watch?v=0EP-3-wTBj8
Who Really killed Aung San? Vol 3
http://www.youtube.com/watch?v=39jnsh0LyNg
Who Really killed Aung San? Vol 4
http://www.youtube.com/watch?v=LvLBHhlkeA0
Who Really killed Aung San? Vol 5
http://www.youtube.com/watch?v=r3huRoNnq2A
 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...