မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁)
ရွှေအိမ်စည်
http://harrylwin.blogspot.com/ 2008/08/blog-post_26.html
မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ဆိုပြီးတော့ ဂန္ထဝင်မြန်မာကဗျာ (သရုပ်မှန်ကဗျာ လို့လည်း တချို့ကခေါ်ကြပါရဲ့) တွေအကြောင်း ကျနော် ကဗျာရွာ (http://www.poemscorner.com/) မှာ ကျနော် စရေးခဲ့ပါတယ်။ စာပန်းချီ Online မဂ္ဂဇင်း ထဲမှာလည်း အခန်းဆက်အဖြစ် အပိုင်း(၂) ကာရန်၊
အသံအကြောင်းအထိ ရေးခဲ့ပါတယ်။ ဒီအကြောင်းစပြီး ခေါင်းထဲ ရောက်လာတာကတော့
မမေဓါဝီ ရဲ့ကျေးဇူးပါပဲ။ မမေ က သူ့ဘလော့ဂ် 'တွေးမိတွေးရာ .. ရေးမိရေးရာ'
(http://maydar-wii.blogspot. com) မှာ "ကိုပြူးကျယ်သို့ပေးစာများ" ဆိုပြီး မြန်မာကဗျာတွေ ရေးပုံရေးနည်းကို ရေးထားခဲ့ပါတယ်။ ဒါကိုကျနော်ဖတ်ရင်းကနေ ဒီအကြောင်းကိုရေးဖို့ ခေါင်းထဲရောက်လာတာပါ။ ကျနော့်မှာရှိသလောက် စာအုပ်စာတမ်းလေးတွေ ကိုပဲ ကိုးကားပြီးရေးနိုင်ပါတယ်။
မြဝတီအင်တာနက်စာမျက်နှာ (http://myawady.net) နဲ့ မြန်မာ့စွယ်စုံကျမ်းကနေလည်း တချို့ အချက်အလက်တွေကို အကိုးအကားအနေနဲ့ ရရှိပါတယ်။ ညီလေးချီရွန် ကလည်း သူ့ဘလော့ဂ် 'Love to Eternal'(http://lovetoeternal. blogspot.com/) မှာ အပိုင်း (၂) အထိဖေါ်ပြပေးခဲ့ပါတယ်။ သူတို့ကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။
ကျနော့်ဘလော့ဂ် (http://harrylwin.blogspot.com ) မှာ ဒီပို့စ်တွေကိုတင်ထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကလူတွေက blogspot ကို ဝင်လို့မရဘူးဆိုတာနဲ့ အခု ဒီမှာ ထပ်တင်ပေးလိုက်ပါတယ်။ အသစ်ရေးပြီးရင်လည်း ကျနော့်ဘလော့ဂ်မှာ တင်တိုင်း ဒီမှာ ဆက်တင်ပေးသွားပါမယ် ...
မြန်မာကဗျာ အဖွင့်
ကဗျာဆိုတာ ပညာရှိတို့၏ပစ္စည်းဥစ္စာ လို့ဆိုပါတယ်။ စာဆိုကဝိတွေဟာ
သူတို့စိတ်မှာ ထိတွေ့ခံစားရတဲ့ ခံစားချက်တွေကို တခြားသူတွေဆီ
ကဗျာလင်္ကာတွေနဲ့ ကူးစက်ထိတွေ့ ခံစားစေတတ်ပါတယ်။ ဒီတော့ ကဗျာလင်္ကာ ဆိုတာဘာလဲ
ဆိုတာကြည့်ကြရအောင်။
ကဗျာလင်္ကာဆိုတာ လူတွေ နေ့စဉ်ပြောဆိုသုံးစွဲနေတဲ့ သာမာန်စကားတွေကို
တေးဂီတပမာ ပြေပြစ်ချောမောစွာနဲ့ ချိုသာငြိမ့်ငြောင်းအောင်
ရေးဖွဲ့သီကုံးထားတဲ့ စာဖြစ်ပါတယ်။ တေးဂီတပမာဖွဲ့သီ ထားသော
စာပန်းကုံးများလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမယ်၊
'ဂုဏ်' မြောက်ရပါမယ် (မြန်မာစာပေမှာ ဒေါသ နဲ့ ဂုဏ် ဆိုတာကို နောက်ပိုင်း
သီးခြားဆက်ဆွေးနွေးပါ့မယ်)။ အဲဒီလို ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ
စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ခေါ်ပြီး
မြန်မာဘာသာမှာတော့ လင်္ကာသီချင်းတွေကို ကဗျာလင်္ကာ လို့ခေါ်ပါတယ်။
ကဗျာလင်္ကာဆိုတာ တေးဂီတကနေ စတင်အခြေတည်ခဲ့တယ်လို့ယူဆကြပါ တယ်။ ကမ္ဘာကြီးမှာ
သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့လို့ ဆိုကြပါတယ်။
ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက်လေးတွေ လေတိုးသံ၊
ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စတဲ့အသံတွေဟာ သဘာဝရဲ့ ဂီတသံတွေ
ဖြစ်ပါတယ်။ ဒီအသံကို လူတွေ သတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး
အသံထွက်ကြရင်းနဲ့ ဂီတဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီ ဂီတ ကနေ ဂီတသံနှောတဲ့
စကားလုံးတွေကို စကားပြောရာမှာသုံးရင်းက ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့တယ်
လို့မှတ်သားဖူးပါတယ်။ အဲဒီကနေ စာပေအက္ခရာပေါ်ပေါက်လာတော့မှ ကဗျာလင်္ကာ တွေ
ရေးသားလာကြပါတယ်။
ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
ဒီတော့ မြန်မာကဗျာ ဆိုတဲ့ အရာရဲ့ အရင်းအမြစ်ကို အရင်လိုက်ကြည့်မယ်ဆိုရင်
ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆိုပြီး စတင်တွေ့ရှိရပါလိမ့်မယ်။
အဲဒီ ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်းတို့အကြောင်းကို မပြောခင်
အဖွဲ့အကြောင်းကို အနည်းငယ် ပြောမှဖြစ်ပါလိမ့်မယ်။ ဂီတ၊ ကဗျာ၊ လင်္ကာ၊
သီချင်း လေးမျိုးလုံးကို 'အဖွဲ့' လို့ခေါ်ပါတယ်။ အကြောင်းအရာ တွေကို
သီကုံးဖွဲ့နွဲ့ထားတာပါ။
အဖွဲ့
အဖွဲ့ကို ပါဠိလိုတော့ 'ဗန္ဓ' လို့ခေါ်ပါတယ်။
ရေးသားသီကုံးဖွဲ့နွဲ့ထားတဲ့စာမှ န်သမျှဟာ ဗန္ဓ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကမှ
'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ'၊ 'ဂဇ္ဇ' လို့ခေါ်တဲ့ 'စကားပြေ' နဲ့ 'ဝိမိဿ'
လို့ခေါ်တဲ့ 'နှစ်ထွေရော' (ကဗျာရော စကားပြေပါ ရောပြီးရေးထားတဲ့အဖွဲ့ -
ပြဇာတ် လို့ခေါ်ရင်အဆင်ပြေနိုင်ပါတယ်) ရယ်လို့ ခွဲထွက်လာပါတယ် ဆိုပြီး
ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန်စာအုပ်ထဲမှာ ဆိုထားပါတယ်။ အဲဒီ 'ပဇ္ဇ'
လို့ခေါ်တဲ့ 'ကဗျာ' ပင်မကိုင်းကြီး ကနေမှ 'ဂီတ' နဲ့ 'လင်္ကာ' ဆိုပြီး
ကိုင်းသွယ်နှစ်ခု ထပ်မံခွဲထွက်လာပါ တယ်။ အောက်ကပုံစံကို ကြည့်ပါ။
တနည်းအားဖြင့် ဗန္ဓ (အဖွဲ့) ကို ပါဠိအားဖြင့် ဂါထာ၊ စုဏ္ဏိယ၊ ဝိမိဿ
လို့လည်း ခွဲခြားထားတာရှိပါသေးတယ်။ ဂါထာ ဆိုတာ အက္ခရာ၊ ဂိုဏ်း၊ ဂရု၊ လဟု၊
ကာရန် အစပ် တွေကို မှတ်ပြီး ဖွဲ့ဆိုတဲ့ ဗန္ဓ၊ စုဏ္ဏိယ ဆိုတာ အက္ခရာ၊ ဂိုဏ်း၊
ဂရု၊ လဟု၊ ကာရန် အစပ် တွေကို မမှတ်ဘဲ စကားပြေသက်သက် ဖွဲ့ဆိုတဲ့ ဗန္ဓ နဲ့
ဝိမိဿ ဆိုတာကတော့ ဂါထာနဲ့ စုဏ္ဏိယ (တနည်းအားဖြင့် လင်္ကာနဲ့စကားပြေ) ကို
ရောနှောဖွဲ့ဆိုတဲ့ ဗန္ဓ လို့ အဓိပ္ပာယ်ရတာကြောင့် အခေါ်အဝေါ်သာကွဲပြားပေမဲ့
ဆိုလိုရင်းကတော့ ပဇ္ဇ၊ ဂဇ္ဇ၊ ဝိမိဿ နဲ့ သဘောချင်းအတူတူမို့
ကဗျာစွယ်စုံကျမ်းကြီးထဲက အဆိုကိုပဲ အဓိကမှတ်ယူလို့ရပါတယ်။
ဂီတ (သီချင်း) အမျိုးအစားတွေကတော့ ...
ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊
ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့၊ ဘောလယ်အရိုး၊ တေး - အရိုးအဆန်း၊ သဖြန်
- အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း
- အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဆိုပြီး ၂၂
မျိုး ရှိပါတယ်။
လင်္ကာ (ကဗျာ) တွေကတော့ ...
လင်္ကာ၊ ပျို့၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊
ဧချင်းသံတိုင်၊ ဧချင်းသံပေါက်၊ ရတု၊ လူးတား၊ အန်ချင်း၊ သံပေါက်၊
ဝဲရိုက်ဝဲသွင်း ဆိုပြီး ၁၄ မျိုး သတ်မှတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့
နောက်ထပ်လည်း ...
တျာချင်း၊ တေးထပ်၊ တောလား၊ လွမ်းချင်း၊ မေတ္တာစာ၊ ဆိုတာတွေအပြင်
ဆရာလယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိဂါထာ တွေ ကနေ ထွင်ခဲ့တဲ့
ရှစ်လုံးဖွဲ့ကဗျာတွေနဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ရဲ့
ခေတ်စမ်းကဗျာတွေ၊ ဆရာဒေါင်းနွယ်ဆွေရဲ့ ကာရန်မဲ့ကဗျာနဲ့ အခု နောက်ဆုံး
မော်ဒန်ကဗျာတွေအထိ ရှိပါတယ်။
(တချို့ကတော့ ရကန်၊ ဟောစာ၊ မေတ္တာစာ၊ မှာတမ်း တို့ဟာ ကဗျာနဲ့စကားပြေ
နှစ်မျိုးရော နေလို့ 'ဝိမိဿ' အမျိုးအစားထဲကို ထည့်ထားပါတယ်။)
အဖွဲ့ ဆိုရာမှာ ကဗျာ၊ သီချင်း အမျိုးအစားတစ်မျိုးထဲမှာပဲ
အကြောင်းအရာအမျိုးမျိုးကို ဖွဲ့ဆိုကြရာမှာ မယ်ဖွဲ့ (မယ်ဘွဲ့)၊ မောင်ဖွဲ့၊
ဘုန်းတော်ဖွဲ့ စသဖြင့် ကွဲပြားပါတယ်။ ဒီအဖွဲ့တွေအကြောင်းကို
ဓမ္မာစရိယဦးထွန်းရွှေ ရေးတဲ့ နန္ဒမာလိနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီး ထဲမှာ
အခုလိုဖေါ်ပြထားပါတယ်။
မယ်ဖွဲ့ - မိန်းမတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
မောင်ဖွဲ့ - ယောက်ျားတို့နှင့်စပ်ဆိုင်သမျှေ သာ စကားအဓိပ္ပါယ်
ဘုန်းတော်ဖွဲ့ - ရတနာသုံးပါးနှင့် ဘုရင်၊ မင်းညီမင်းသားတို့၏ ဘုန်းတော်၊
ဂုဏ်တော် တို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
နိဗ္ဗိန္ဒဖွဲ့ - လောကကြီးမှ ငြီးငွေ့ခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသော
လက္ခဏာရေးသုံးပါး နှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
သံဝေဂဖွဲ့ - ဇာတိ၊ ဒုက္ခ စသည်တို့မှ ထိတ်လန့်ခြင်းနှင့်စပ်ဆိုင်သမျှ သော စကားအဓိပ္ပါယ်
တောဖွဲ့ - တောအကြောင်းနှင့်စပ်ဆိုင်သမျှေ သာ စကားအဓိပ္ပါယ်
တောင်ဖွဲ့ - တောင်အကြောင်းနှင့်စပ်ဆိုင်သမျှ သော စကားအဓိပ္ပါယ်
ပန်းဖွဲ့ - ပန်းအမျိုးမျိုးတို့နှင့်စပ်ဆို င်သမျှသော စကားအဓိပ္ပါယ်
သစ္စာထားဖွဲ့ - ယောကျာ်း၊ မိန်းမတို့၏ တယောက်နှင့်တယောက် အချစ်မေတ္တာ
ခိုင်မြဲ တည်ကြည်ခြင်းနှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
အမျှော်စိုက်ဖွဲ့ - တယောက်ကတယောက်ကို ရှုလို၊ မြင်လို၊ ဆက်ဆံလိုခြင်းနှင့်
စပ်ဆိုင်သမျှ သော စကားအဓိပ္ပါယ်
မြှောက်ပင့်ဖွဲ့ - သူတပါးကို ချီးကျူး၊ မြှောက်ပင့် ထောမနာခြင်းနှင့်
စပ်ဆိုင် သမျှသော စကား အဓိပ္ပါယ်
အလွမ်းဖွဲ့ - ရှင်ကွဲ၊ သေကွဲ ကွဲကြရ၍ တမ်းတလွမ်းဆွတ်ခြင်းနှင့်
စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
မိုးဖွဲ့ - မိုးရေ၊ မိုးပေါက်၊ မိုးတိမ် စသည်တို့နှင့် စပ်ဆိုင်သမျှသော
စကား အဓိပ္ပါယ်
ကိုယ်ရည်သွေးဖွဲ့ - အခါအခွင့်သင့်၍ မိမိ၏ဂုဏ်အစွမ်း၊ သတ္တိဗလတို့ကို
မိမိကပင် ထုတ်ဖေါ်၍ ရေးသားခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
ဒီအဖွဲ့တွေကတော့ အသုံးများထင်ရှားတဲ့အဖွဲ့တြွေ ဖစ်ပါတယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် အချစ်ဖွဲ့၊ အချော့ဖွဲ့၊ အညုဖွဲ့၊ အပူဖွဲ့၊ ဘုရားတိုင်ဖွဲ့၊
ကျေးစေဖွဲ့ စသဖြင့် အများအပြား ရှိသေးပေမယ့် ဒီလောက်ဆိုရင် ပုံစံယူပြီး
သိသာ လောက်ပြီဖြစ်တဲ့အပြင် ဒါတွေဟာ မောင်ဖွဲ့၊ မယ်ဖွဲ့ တွေထဲမှာ
အထိုက်အလျောက် ပြန်ပြီး အကြုံးဝင်တဲ့အတွက် သီးခြား မဖေါ်ပြတော့ပါ။
အဲဒီ မောင်ဖွဲ့၊ မယ်ဖွဲ့ စတဲ့ အဖွဲ့တစ်ခုစီမှာလဲ မောင်ဆို၊ မယ်ဆို၊
မောင်မယ်ဆို ဆိုပြီး သုံးမျိုးစီပြားပြန် ပါသတဲ့။ သဘောကတော့
ယောက်ျားအသုံးအနှုန်းတွေဖြစ်တဲ့ 'ဗျာ'၊ 'ကျနော်'၊ စသဖြင့်ပါရင် မောင်ဆို၊
မိန်းမအသုံးအနှုန်း 'ကျမ'၊ 'ရှင်' စသဖြင့် ပါရင် မယ်ဆို ပေါ့။
အဲဒီလိုမဟုတ်ဘဲ သာမန်စီကုံးသွားခဲ့ရင်တော့ ကျားမ မရွေး ဆိုနိုင်တဲ့အတွက်
မောင်မယ်ဆို လို့ မှတ်ယူရပါမယ်။ ဒါပေမယ့် မောင်ဆို မို့လို့
ယောက်ျားလေးတွေသာ ဆိုရမယ်၊ မယ်ဆို ဖြစ်တဲ့အတွက်
မိန်းကလေးတွေသာဆိုရမယ်လို့တော့ တင်းတင်းကျပ်ကျပ်သတ်မှတ် ထားတာ
မဟုတ်ပါဘူး။ စာရေးသူက ဘယ်နေရာကနေ ခံစားပြီးရေးသလဲဆိုတာ သိသာရုံ ဖေါ်ပြ
ထားကြောင်း မှတ်ယူရမယ်လို့ ဆိုပါတယ်။
ဒါလောက်ဆိုရင် အဖွဲ့တွေကို သိသာလောက်ပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့အားလုံးကို
ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း ဆိုပြီး အမည်လေးမျိုးနဲ့ခေါ်ပါတယ်။
ဒီအထဲမှာ ဂီတ၊ ကဗျာ၊ လင်္ကာ ဆိုတာ ပါဠိဘာသာနဲ့ ခေါ်တာဖြစ်ပြီး
သီချင်းဆိုတာကတော့ မြန်မာ ဘာသာနဲ့ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ အဲဒီတော့
တစ်ခုခြင်းကို ကြည့်ရင် ...
ဂီတ
ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ စည်း၊
ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆို ရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည်
ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။
ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။
ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန်
ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။
('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit)
ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ
ကြာတယ်လို့ တိုင်းတာပါတယ်)
ကဗျာ
စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ
ပညာရှိ ဆိုတာ ကဝိ လို့ ခေါ်ပါတယ်။ ကဝိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း
စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။) မူလပုဒ်ရင်းက
'ကဝိ' ဖြစ်ပါတယ်။ ကဝိ ကနေမှ ကာဝေယျ၊ အဲဒီကနေ ကဗ္ဗ၊ ကာဗျ၊ ကဗျ ဆိုပြီးမှ
မြန်မာဘာသာနဲ့ ကဗျာ ဆိုပြီးဖြစ်လာတယ်လို့ ဆိုပါတယ်။
လင်္ကာ
အလင်္ကာရ (နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သောသီချင်း) ဆိုတဲ့စကားကနေ
ဆင်းသက် လာပါတယ်။ အဲဒီ အလင်္ကာရ ပုဒ်ရင်းကနေ အစစာလုံး 'အ' နဲ့ အဆုံးစာလုံး
'ရ' တို့ ကာလ ရွေ့လျောကြေပျောက်ရာကနေ လင်္ကာ ဆိုပြီး ခေါ်စမှတ်ပြုတယ်လို့
ဆိုပါတယ်။
သီချင်း
အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏ ဟု
ကဗျာသာရတသင်္ဂြိုဟ်ကျမ်း မှာ ဆိုထားပါတယ်။ ဒီကျမ်း အလိုအရ ဆိုရင်တော့
ချင်းသီ လို့ဆိုသင့်ပေမယ့် အက္ခရာရှေ့နောက်ပြန်တဲ့ နည်းအရ သီချင်းလို့
ဖြည့်စွက်ရေးသားတယ် လို့ဆိုပါတယ်။
အတိုချုပ်လိုက်ရင် ...
ဂီတ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်း
ကဗျာ - ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း
လင်္ကာ - အလင်္ကာရ - နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သော သီချင်း
သီချင်း - အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏။
ဒီ လေးမျိုးလုံးဟာ အမည်သာကွဲပြားပေမယ့် တရားကိုယ်သဘောအားဖြင့်
အတူတူပဲလို့လည်း ကဗျာစွယ်စုံကျမ်းထဲမှာ ဆိုထား ပါတယ်။ ဒါပေမယ့် ရတုတွေလို
လေးလုံးစပ်ကဗျာအသွားမျိုး၊ ကာရန်အထပ်ကြား ညှပ်ရေးထားတဲ့ စကားပြင်မျိုးကို
လင်္ကာ လို့အခေါ်များပြီး ကာလပေါ်တီးလုံး၊ ပတ်ပျိုး၊ ယိုးဒယား စတာ တွေကိုတော့
သီချင်းလို့ အခေါ်များပါတယ် လို့လည်း ဆက်ပြောထားပါတယ်။
မူလစာအုပ်ထဲမှာတော့ ပါဠိအကိုးအကားတွေနဲ့ ဒီအမည်လေးမျိုးကို
ရှင်းပြထားပေမယ့် ဒီမှာထည့်မရေးတော့ပါဘူး။ အဓိပ္ပါယ်ကို
သိဖို့ပဲအရေးကြီးလို့ မြန်မာပြန်ကိုပဲ ဖေါ်ပြလိုက်ပါတယ်။
ဒီအထဲက လေ့လာမိသလောက် မြန်မာကဗျာလင်္ကာပုံစံတွေကိုလည်း တင်ပြပါ့မယ်။
ဒီတော့ ကဗျာလင်္ကာစပ်ပြီဆိုရင် အသံကာရန်၊ စပ်ပုံစပ်နည်း၊ အစချီပုံ၊
အဆုံးသတ်ချပုံ၊ အနက်အဓိပ္ပါယ် အစရှိတာတွေ အရေးကြီးလာပါတယ်။ ဒါပေမယ့်
ကာရန်လေးတွေချိတ်မိရုံနဲ့ ပြီးသလား၊ ကဗျာဖြစ်ပြီလား ဆိုတော့ မဟုတ်ပါဘူး။
အနက်အဓိပ္ပါယ်လည်းအရေးကြီး ပါသေးတယ်။ ဒါ့အပြင် သဒ္ဒါလင်္ကာရ
(အသံကောင်းမွန်မှန်ကန်ခြင်း)၊ အတ္တလင်္ကာရ (အနက်
အဓိပ္ပါယ်ကောင်းမွန်မှန်ကန်ခြင်း ) အစရှိတဲ့ တန်ဆာတွေလည်း ဆင်ရပါတယ်။ ဥပမာ
အရင်တုန်းက စန္ဒာမဂ္ဂဇင်းမှာ ဆရာကြပ်ကလေးရေးထားတဲ့ ဟာသဝတ္ထုတစ်ပုဒ်ထဲက
ကဗျာရူးအဘိုးကြီးစပ်ထားတဲ့ တေးထပ်အပိုင်းအစလေးကိုကြည့်ပါ ....
မြတ်ပန်းဝေဆာလေမှာလွင့်
မေကညာခင့်ပြောင်သထက်ပြောင်
ဗေဒါတပွင့်အရောင်လက်သယောင်ငယ်
ပူတက်ဗျောင်နောင်ဗေပုံချမ်း
မြန်မြန်ပြေးခဲ့ ကလေးတို့အမေရယ်
အေးလို့နေရင် ခြေသုတ်ဖျဉ်နဲ့လွှမ်း။ ။
ကဲ .. ကောင်းရဲ့လား၊ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ဒါပေမယ့် မှန်သလားဆိုရင်တော့
မှန်ပါတယ်။ ထပ်ပြီးကြည့်ပါဦး။ မြဝတီ website မှာ ဖေါ်ပြထားတဲ့ ဥပမာ
မှာဆိုရင်လည်း ...
တို့ကျောင်း တောင်က စိန်ပန်းတော
အပျိုလေးတွေ လက်နဲ့ခေါလို့
ရွှေမုဋ္ဌောတဲ့ တင်ကြရှာ။
ကာရန်ကတော့ တော၊ ခေါ၊ ဋ္ဌော ဆိုပြီး မှန်ပါတယ်။ ဒါပေမယ့် 'လက်နဲ့ခေါ' ဆိုတာ
ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီတော့ အတ္တလင်္ကာရ မမြောက်ဘူး လို့ဆိုနိုင်ပါတယ်။
အဲဒီမှာပဲ အလွန်လှတဲ့ ကဗျာလေးတစ်ပုဒ် ထုတ်နှုတ်ဖေါ်ပြထားပါတယ်။ အောက်မှာကြည့်ပါ။
လနေအစွန်၊ မြ မြေမွန်ဝယ်
လေသွန်ပင့်မှုတ်၊ ရွက်ရင့်ပြုတ်က
ကျေးနှုတ်ဖူးဆင့်၊ လွတ်ကျူးတင့်သည်
နူးခွင့်ခါမှီ၊ သရဖီလည်း
ရာသီသိဆုံး၊ စီဘိကုံးသို့
တောလုံးလျှမ်းမောက်၊ ပန်းပိတောက်မူ
နွမ်းခြောက်ကြွေရော်၊ မခြွေသော်လည်း
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။
ဒီမှာ နဘေသဘောမျိုး ကာရန်တစ်ချက်တည်းမဟုတ်ပဲ နှစ်ချက်သုံးချက်မိအောင်
ဆင့်စပ် ထားတာပါ (ဝမ်းတွင်းကာရန်ပါ ညီအောင် စပ်ထားတယ်လို့ခေါ်ပါတယ်၊ အစပ်
အဟပ် အကြောင်းမှာ အသေးစိတ်တင်ပြပါမယ်)။ အရောင်ခြယ်ပြထားပါတယ်။ ကာရန်ကတော့
အားလုံး 'လေးသုံးနှစ်' လို့ အလွယ်ခေါ်တဲ့ 'သတ်စေ့နှက်သုံးချက်ညီ'
စပ်နည်းနဲ့ပဲယူထားတာပါ။ အဲဒီမှာမှ နဘေထပ်ဆင့်ပြီး
နှစ်ချက်သုံးချက်ပြန်ထပ်ထားတာပါ ။ (ပင်မကာရန်က စွန်၊ မွန်၊ သွန် ...
အဲဒီမှာမှ လနေ၊ မြမြေ၊ နေအစွန်၊ မြေမွန်၊ လေသွန် ... ဒီလိုယူပါတယ်။ တစ်ခါ
မှုတ်၊ ပြုတ်၊ နှုတ်၊ ဒီမှာ နဘေက ပင့်မှုတ် နဲ့ ရင့်ပြုတ်။ နောက်မှ ဆင့်၊
တင့်၊ခွင့်။ အဲဒီမှာထပ်ပြီး ဖူးဆင့်၊ ကျူးတင့်၊ နူးခွင့်
နှစ်ချက်ဆင့်ပြီး ကာရန်ထပ်ပါတယ်။ ပြီးတော့ မှီ၊ ဖီ၊ သီ။ ပြီးရင် ဆုံး၊
ကုံး၊ လုံး။ အဲဒီမှာ သီဘိဆုံး၊ စီဘိကုံး သုံးချက်ဆင့်
နဘေထပ်ကွန့်လိုက်ပါတယ်။ နောက်ထပ်ပြီး မောက်၊ တောက်၊ ခြောက်။ အဲဒီမှာလည်း
လျှမ်းမောက်၊ ပန်းပိတောက်၊ နွမ်းခြောက် - နှစ်လုံးဆင့် နဘေ
သုံးချက်ထပ်လိုက်ပါတယ်။ အဲဒါပြီးတော့ ရော်၊ သော်၊ ပေါ် -
အဲဒီမူရင်းကာရန်ပေါ်မှာမှ ကြွေရော်၊ မခြွေသော်၊ မြေပေါ် ဆိုပြီး
နှစ်ချက်ဆင့် ထပ်ကွန့်လိုက်တာပါ)
အနက်အဓိပ္ပါယ်ကတော့ ....
အခါရာသီအလျောက် လူကမချွေရဘဲနဲ့ အလိုလိုအပင်ထက်က နွမ်းခြောက်ကြွေကျလာတဲ့
သရဖီနဲ့ပိတောက်ပွင့်တွေ မြေပြင်ပေါ်မှာ ပုံလျက်သားကျနေတာကို ဆိုလိုတာပါ။
ဒါတင်မကသေးပါဘူး။ အတ္တလင်္ကာရပြီးတော့ သဒ္ဒါလင်္ကာရ ကိုလည်း နဲနဲကြည့်ရအောင်။
ကဗျာကိုရေးတဲ့အခါ (အထူးသဖြင့် ရှေးကဗျာ အမျိုးအစားတွေမှာ) အသံရှိန်
(မတြာ) ကိုလည်း သတိထားရပါတယ်။ ဒီဃသံ (သံရှည်)၊ ရဿ သံ (သံတို၊ သံပြတ်)၊
ဂရုသံ (လေးသောအသံ)၊ လဟုသံ (ပေါ့သောအသံ) တွေကိုလည်း Harmony ဖြစ်အောင်
ထည့်သွင်းစပ်ဆိုတတ်ရမယ် လို့အဆိုရှိပါတယ်။ အသံအရှည်၊ အသံအလေး တွေဟာ
ဆွဲငင်လို့ရတဲ့ အတွက် သနားစဖွယ်အဖြစ်တွေမှာ နူးညံ့သိမ်မွေ့တဲ့
အကြောင်းတွေမှာ စပ်ဆိုလေ့ရှိသလို၊ အသံတို၊ အသံပေါ့ တွေကိုတော့ ရဲရင့်တဲ့၊
ပြတ်သားတဲ့ အကြောင်းတွေရေးရင် သုံးလေ့ရှိပါတယ်။ အသံတွေအရေးကြီးတာကြောင့်
ကဗျာကို စိတ်ထဲကဖတ်ရုံနဲ့ မလုံလောက်ပဲ အသံထွက်ဖတ်ဖို့ အမြဲ
တိုက်တွန်းပြောဆိုလေ့ရှိကြတာပါ။ နောက်ပြီး ဂရုသံ၊ လဟုသံ
အသံအနေအထားမှားနေရင် ကာရန်စပ်ဟပ်ပုံမှန်ပေမယ့် ကဗျာကောင်းတစ်ပုဒ်
ဖြစ်မလာနိုင်ပါဘူး။
အဲဒီတော့ မြန်မာကဗျာတွေရဲ့ အခြေခံတွေကို စပြီး ကြည့်ကြရအောင် ...
အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါမည် ...
ဟယ်ရီ
http://harrylwin.blogspot.com/
မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ဆိုပြီးတော့ ဂန္ထဝင်မြန်မာကဗျာ (သရုပ်မှန်ကဗျာ လို့လည်း တချို့ကခေါ်ကြပါရဲ့) တွေအကြောင်း ကျနော် ကဗျာရွာ (http://www.poemscorner.com/) မှာ ကျနော် စရေးခဲ့ပါတယ်။ စာပန်းချီ Online မဂ္ဂဇင်း ထဲမှာလည်း အခန်းဆက်အဖြစ် အပိုင်း(၂) ကာရန်၊
အသံအကြောင်းအထိ ရေးခဲ့ပါတယ်။ ဒီအကြောင်းစပြီး ခေါင်းထဲ ရောက်လာတာကတော့
မမေဓါဝီ ရဲ့ကျေးဇူးပါပဲ။ မမေ က သူ့ဘလော့ဂ် 'တွေးမိတွေးရာ .. ရေးမိရေးရာ'
(http://maydar-wii.blogspot.
မြဝတီအင်တာနက်စာမျက်နှာ (http://myawady.net) နဲ့ မြန်မာ့စွယ်စုံကျမ်းကနေလည်း တချို့ အချက်အလက်တွေကို အကိုးအကားအနေနဲ့ ရရှိပါတယ်။ ညီလေးချီရွန် ကလည်း သူ့ဘလော့ဂ် 'Love to Eternal'(http://lovetoeternal.
ကျနော့်ဘလော့ဂ် (http://harrylwin.blogspot.com
မြန်မာကဗျာ အဖွင့်
ကဗျာဆိုတာ ပညာရှိတို့၏ပစ္စည်းဥစ္စာ လို့ဆိုပါတယ်။ စာဆိုကဝိတွေဟာ
သူတို့စိတ်မှာ ထိတွေ့ခံစားရတဲ့ ခံစားချက်တွေကို တခြားသူတွေဆီ
ကဗျာလင်္ကာတွေနဲ့ ကူးစက်ထိတွေ့ ခံစားစေတတ်ပါတယ်။ ဒီတော့ ကဗျာလင်္ကာ ဆိုတာဘာလဲ
ဆိုတာကြည့်ကြရအောင်။
ကဗျာလင်္ကာဆိုတာ လူတွေ နေ့စဉ်ပြောဆိုသုံးစွဲနေတဲ့ သာမာန်စကားတွေကို
တေးဂီတပမာ ပြေပြစ်ချောမောစွာနဲ့ ချိုသာငြိမ့်ငြောင်းအောင်
ရေးဖွဲ့သီကုံးထားတဲ့ စာဖြစ်ပါတယ်။ တေးဂီတပမာဖွဲ့သီ ထားသော
စာပန်းကုံးများလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမယ်၊
'ဂုဏ်' မြောက်ရပါမယ် (မြန်မာစာပေမှာ ဒေါသ နဲ့ ဂုဏ် ဆိုတာကို နောက်ပိုင်း
သီးခြားဆက်ဆွေးနွေးပါ့မယ်)။ အဲဒီလို ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ
စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ခေါ်ပြီး
မြန်မာဘာသာမှာတော့ လင်္ကာသီချင်းတွေကို ကဗျာလင်္ကာ လို့ခေါ်ပါတယ်။
ကဗျာလင်္ကာဆိုတာ တေးဂီတကနေ စတင်အခြေတည်ခဲ့တယ်လို့ယူဆကြပါ
သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့လို့ ဆိုကြပါတယ်။
ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက်လေးတွေ လေတိုးသံ၊
ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စတဲ့အသံတွေဟာ သဘာဝရဲ့ ဂီတသံတွေ
ဖြစ်ပါတယ်။ ဒီအသံကို လူတွေ သတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး
အသံထွက်ကြရင်းနဲ့ ဂီတဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီ ဂီတ ကနေ ဂီတသံနှောတဲ့
စကားလုံးတွေကို စကားပြောရာမှာသုံးရင်းက ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့တယ်
လို့မှတ်သားဖူးပါတယ်။ အဲဒီကနေ စာပေအက္ခရာပေါ်ပေါက်လာတော့မှ ကဗျာလင်္ကာ တွေ
ရေးသားလာကြပါတယ်။
ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
ဒီတော့ မြန်မာကဗျာ ဆိုတဲ့ အရာရဲ့ အရင်းအမြစ်ကို အရင်လိုက်ကြည့်မယ်ဆိုရင်
ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆိုပြီး စတင်တွေ့ရှိရပါလိမ့်မယ်။
အဲဒီ ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်းတို့အကြောင်းကို မပြောခင်
အဖွဲ့အကြောင်းကို အနည်းငယ် ပြောမှဖြစ်ပါလိမ့်မယ်။ ဂီတ၊ ကဗျာ၊ လင်္ကာ၊
သီချင်း လေးမျိုးလုံးကို 'အဖွဲ့' လို့ခေါ်ပါတယ်။ အကြောင်းအရာ တွေကို
သီကုံးဖွဲ့နွဲ့ထားတာပါ။
အဖွဲ့
အဖွဲ့ကို ပါဠိလိုတော့ 'ဗန္ဓ' လို့ခေါ်ပါတယ်။
ရေးသားသီကုံးဖွဲ့နွဲ့ထားတဲ့စာမှ
'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ'၊ 'ဂဇ္ဇ' လို့ခေါ်တဲ့ 'စကားပြေ' နဲ့ 'ဝိမိဿ'
လို့ခေါ်တဲ့ 'နှစ်ထွေရော' (ကဗျာရော စကားပြေပါ ရောပြီးရေးထားတဲ့အဖွဲ့ -
ပြဇာတ် လို့ခေါ်ရင်အဆင်ပြေနိုင်ပါတယ်) ရယ်လို့ ခွဲထွက်လာပါတယ် ဆိုပြီး
ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန်စာအုပ်ထဲမှာ ဆိုထားပါတယ်။ အဲဒီ 'ပဇ္ဇ'
လို့ခေါ်တဲ့ 'ကဗျာ' ပင်မကိုင်းကြီး ကနေမှ 'ဂီတ' နဲ့ 'လင်္ကာ' ဆိုပြီး
ကိုင်းသွယ်နှစ်ခု ထပ်မံခွဲထွက်လာပါ တယ်။ အောက်ကပုံစံကို ကြည့်ပါ။
တနည်းအားဖြင့် ဗန္ဓ (အဖွဲ့) ကို ပါဠိအားဖြင့် ဂါထာ၊ စုဏ္ဏိယ၊ ဝိမိဿ
လို့လည်း ခွဲခြားထားတာရှိပါသေးတယ်။ ဂါထာ ဆိုတာ အက္ခရာ၊ ဂိုဏ်း၊ ဂရု၊ လဟု၊
ကာရန် အစပ် တွေကို မှတ်ပြီး ဖွဲ့ဆိုတဲ့ ဗန္ဓ၊ စုဏ္ဏိယ ဆိုတာ အက္ခရာ၊ ဂိုဏ်း၊
ဂရု၊ လဟု၊ ကာရန် အစပ် တွေကို မမှတ်ဘဲ စကားပြေသက်သက် ဖွဲ့ဆိုတဲ့ ဗန္ဓ နဲ့
ဝိမိဿ ဆိုတာကတော့ ဂါထာနဲ့ စုဏ္ဏိယ (တနည်းအားဖြင့် လင်္ကာနဲ့စကားပြေ) ကို
ရောနှောဖွဲ့ဆိုတဲ့ ဗန္ဓ လို့ အဓိပ္ပာယ်ရတာကြောင့် အခေါ်အဝေါ်သာကွဲပြားပေမဲ့
ဆိုလိုရင်းကတော့ ပဇ္ဇ၊ ဂဇ္ဇ၊ ဝိမိဿ နဲ့ သဘောချင်းအတူတူမို့
ကဗျာစွယ်စုံကျမ်းကြီးထဲက အဆိုကိုပဲ အဓိကမှတ်ယူလို့ရပါတယ်။
ဂီတ (သီချင်း) အမျိုးအစားတွေကတော့ ...
ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊
ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့၊ ဘောလယ်အရိုး၊ တေး - အရိုးအဆန်း၊ သဖြန်
- အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း
- အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဆိုပြီး ၂၂
မျိုး ရှိပါတယ်။
လင်္ကာ (ကဗျာ) တွေကတော့ ...
လင်္ကာ၊ ပျို့၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊
ဧချင်းသံတိုင်၊ ဧချင်းသံပေါက်၊ ရတု၊ လူးတား၊ အန်ချင်း၊ သံပေါက်၊
ဝဲရိုက်ဝဲသွင်း ဆိုပြီး ၁၄ မျိုး သတ်မှတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့
နောက်ထပ်လည်း ...
တျာချင်း၊ တေးထပ်၊ တောလား၊ လွမ်းချင်း၊ မေတ္တာစာ၊ ဆိုတာတွေအပြင်
ဆရာလယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိဂါထာ တွေ ကနေ ထွင်ခဲ့တဲ့
ရှစ်လုံးဖွဲ့ကဗျာတွေနဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ရဲ့
ခေတ်စမ်းကဗျာတွေ၊ ဆရာဒေါင်းနွယ်ဆွေရဲ့ ကာရန်မဲ့ကဗျာနဲ့ အခု နောက်ဆုံး
မော်ဒန်ကဗျာတွေအထိ ရှိပါတယ်။
(တချို့ကတော့ ရကန်၊ ဟောစာ၊ မေတ္တာစာ၊ မှာတမ်း တို့ဟာ ကဗျာနဲ့စကားပြေ
နှစ်မျိုးရော နေလို့ 'ဝိမိဿ' အမျိုးအစားထဲကို ထည့်ထားပါတယ်။)
အဖွဲ့ ဆိုရာမှာ ကဗျာ၊ သီချင်း အမျိုးအစားတစ်မျိုးထဲမှာပဲ
အကြောင်းအရာအမျိုးမျိုးကို ဖွဲ့ဆိုကြရာမှာ မယ်ဖွဲ့ (မယ်ဘွဲ့)၊ မောင်ဖွဲ့၊
ဘုန်းတော်ဖွဲ့ စသဖြင့် ကွဲပြားပါတယ်။ ဒီအဖွဲ့တွေအကြောင်းကို
ဓမ္မာစရိယဦးထွန်းရွှေ ရေးတဲ့ နန္ဒမာလိနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီး ထဲမှာ
အခုလိုဖေါ်ပြထားပါတယ်။
မယ်ဖွဲ့ - မိန်းမတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
မောင်ဖွဲ့ - ယောက်ျားတို့နှင့်စပ်ဆိုင်သမျှေ
ဘုန်းတော်ဖွဲ့ - ရတနာသုံးပါးနှင့် ဘုရင်၊ မင်းညီမင်းသားတို့၏ ဘုန်းတော်၊
ဂုဏ်တော် တို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
နိဗ္ဗိန္ဒဖွဲ့ - လောကကြီးမှ ငြီးငွေ့ခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသော
လက္ခဏာရေးသုံးပါး နှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
သံဝေဂဖွဲ့ - ဇာတိ၊ ဒုက္ခ စသည်တို့မှ ထိတ်လန့်ခြင်းနှင့်စပ်ဆိုင်သမျှ
တောဖွဲ့ - တောအကြောင်းနှင့်စပ်ဆိုင်သမျှေ
တောင်ဖွဲ့ - တောင်အကြောင်းနှင့်စပ်ဆိုင်သမျှ
ပန်းဖွဲ့ - ပန်းအမျိုးမျိုးတို့နှင့်စပ်ဆို
သစ္စာထားဖွဲ့ - ယောကျာ်း၊ မိန်းမတို့၏ တယောက်နှင့်တယောက် အချစ်မေတ္တာ
ခိုင်မြဲ တည်ကြည်ခြင်းနှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
အမျှော်စိုက်ဖွဲ့ - တယောက်ကတယောက်ကို ရှုလို၊ မြင်လို၊ ဆက်ဆံလိုခြင်းနှင့်
စပ်ဆိုင်သမျှ သော စကားအဓိပ္ပါယ်
မြှောက်ပင့်ဖွဲ့ - သူတပါးကို ချီးကျူး၊ မြှောက်ပင့် ထောမနာခြင်းနှင့်
စပ်ဆိုင် သမျှသော စကား အဓိပ္ပါယ်
အလွမ်းဖွဲ့ - ရှင်ကွဲ၊ သေကွဲ ကွဲကြရ၍ တမ်းတလွမ်းဆွတ်ခြင်းနှင့်
စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
မိုးဖွဲ့ - မိုးရေ၊ မိုးပေါက်၊ မိုးတိမ် စသည်တို့နှင့် စပ်ဆိုင်သမျှသော
စကား အဓိပ္ပါယ်
ကိုယ်ရည်သွေးဖွဲ့ - အခါအခွင့်သင့်၍ မိမိ၏ဂုဏ်အစွမ်း၊ သတ္တိဗလတို့ကို
မိမိကပင် ထုတ်ဖေါ်၍ ရေးသားခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
ဒီအဖွဲ့တွေကတော့ အသုံးများထင်ရှားတဲ့အဖွဲ့တြွေ
ဒါ့အပြင် အချစ်ဖွဲ့၊ အချော့ဖွဲ့၊ အညုဖွဲ့၊ အပူဖွဲ့၊ ဘုရားတိုင်ဖွဲ့၊
ကျေးစေဖွဲ့ စသဖြင့် အများအပြား ရှိသေးပေမယ့် ဒီလောက်ဆိုရင် ပုံစံယူပြီး
သိသာ လောက်ပြီဖြစ်တဲ့အပြင် ဒါတွေဟာ မောင်ဖွဲ့၊ မယ်ဖွဲ့ တွေထဲမှာ
အထိုက်အလျောက် ပြန်ပြီး အကြုံးဝင်တဲ့အတွက် သီးခြား မဖေါ်ပြတော့ပါ။
အဲဒီ မောင်ဖွဲ့၊ မယ်ဖွဲ့ စတဲ့ အဖွဲ့တစ်ခုစီမှာလဲ မောင်ဆို၊ မယ်ဆို၊
မောင်မယ်ဆို ဆိုပြီး သုံးမျိုးစီပြားပြန် ပါသတဲ့။ သဘောကတော့
ယောက်ျားအသုံးအနှုန်းတွေဖြစ်တဲ့ 'ဗျာ'၊ 'ကျနော်'၊ စသဖြင့်ပါရင် မောင်ဆို၊
မိန်းမအသုံးအနှုန်း 'ကျမ'၊ 'ရှင်' စသဖြင့် ပါရင် မယ်ဆို ပေါ့။
အဲဒီလိုမဟုတ်ဘဲ သာမန်စီကုံးသွားခဲ့ရင်တော့ ကျားမ မရွေး ဆိုနိုင်တဲ့အတွက်
မောင်မယ်ဆို လို့ မှတ်ယူရပါမယ်။ ဒါပေမယ့် မောင်ဆို မို့လို့
ယောက်ျားလေးတွေသာ ဆိုရမယ်၊ မယ်ဆို ဖြစ်တဲ့အတွက်
မိန်းကလေးတွေသာဆိုရမယ်လို့တော့ တင်းတင်းကျပ်ကျပ်သတ်မှတ် ထားတာ
မဟုတ်ပါဘူး။ စာရေးသူက ဘယ်နေရာကနေ ခံစားပြီးရေးသလဲဆိုတာ သိသာရုံ ဖေါ်ပြ
ထားကြောင်း မှတ်ယူရမယ်လို့ ဆိုပါတယ်။
ဒါလောက်ဆိုရင် အဖွဲ့တွေကို သိသာလောက်ပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့အားလုံးကို
ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း ဆိုပြီး အမည်လေးမျိုးနဲ့ခေါ်ပါတယ်။
ဒီအထဲမှာ ဂီတ၊ ကဗျာ၊ လင်္ကာ ဆိုတာ ပါဠိဘာသာနဲ့ ခေါ်တာဖြစ်ပြီး
သီချင်းဆိုတာကတော့ မြန်မာ ဘာသာနဲ့ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ အဲဒီတော့
တစ်ခုခြင်းကို ကြည့်ရင် ...
ဂီတ
ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ စည်း၊
ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆို ရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည်
ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။
ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။
ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန်
ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။
('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit)
ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ
ကြာတယ်လို့ တိုင်းတာပါတယ်)
ကဗျာ
စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ
ပညာရှိ ဆိုတာ ကဝိ လို့ ခေါ်ပါတယ်။ ကဝိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း
စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။) မူလပုဒ်ရင်းက
'ကဝိ' ဖြစ်ပါတယ်။ ကဝိ ကနေမှ ကာဝေယျ၊ အဲဒီကနေ ကဗ္ဗ၊ ကာဗျ၊ ကဗျ ဆိုပြီးမှ
မြန်မာဘာသာနဲ့ ကဗျာ ဆိုပြီးဖြစ်လာတယ်လို့ ဆိုပါတယ်။
လင်္ကာ
အလင်္ကာရ (နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သောသီချင်း) ဆိုတဲ့စကားကနေ
ဆင်းသက် လာပါတယ်။ အဲဒီ အလင်္ကာရ ပုဒ်ရင်းကနေ အစစာလုံး 'အ' နဲ့ အဆုံးစာလုံး
'ရ' တို့ ကာလ ရွေ့လျောကြေပျောက်ရာကနေ လင်္ကာ ဆိုပြီး ခေါ်စမှတ်ပြုတယ်လို့
ဆိုပါတယ်။
သီချင်း
အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏ ဟု
ကဗျာသာရတသင်္ဂြိုဟ်ကျမ်း မှာ ဆိုထားပါတယ်။ ဒီကျမ်း အလိုအရ ဆိုရင်တော့
ချင်းသီ လို့ဆိုသင့်ပေမယ့် အက္ခရာရှေ့နောက်ပြန်တဲ့ နည်းအရ သီချင်းလို့
ဖြည့်စွက်ရေးသားတယ် လို့ဆိုပါတယ်။
အတိုချုပ်လိုက်ရင် ...
ဂီတ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်း
ကဗျာ - ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း
လင်္ကာ - အလင်္ကာရ - နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သော သီချင်း
သီချင်း - အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏။
ဒီ လေးမျိုးလုံးဟာ အမည်သာကွဲပြားပေမယ့် တရားကိုယ်သဘောအားဖြင့်
အတူတူပဲလို့လည်း ကဗျာစွယ်စုံကျမ်းထဲမှာ ဆိုထား ပါတယ်။ ဒါပေမယ့် ရတုတွေလို
လေးလုံးစပ်ကဗျာအသွားမျိုး၊ ကာရန်အထပ်ကြား ညှပ်ရေးထားတဲ့ စကားပြင်မျိုးကို
လင်္ကာ လို့အခေါ်များပြီး ကာလပေါ်တီးလုံး၊ ပတ်ပျိုး၊ ယိုးဒယား စတာ တွေကိုတော့
သီချင်းလို့ အခေါ်များပါတယ် လို့လည်း ဆက်ပြောထားပါတယ်။
မူလစာအုပ်ထဲမှာတော့ ပါဠိအကိုးအကားတွေနဲ့ ဒီအမည်လေးမျိုးကို
ရှင်းပြထားပေမယ့် ဒီမှာထည့်မရေးတော့ပါဘူး။ အဓိပ္ပါယ်ကို
သိဖို့ပဲအရေးကြီးလို့ မြန်မာပြန်ကိုပဲ ဖေါ်ပြလိုက်ပါတယ်။
ဒီအထဲက လေ့လာမိသလောက် မြန်မာကဗျာလင်္ကာပုံစံတွေကိုလည်း တင်ပြပါ့မယ်။
ဒီတော့ ကဗျာလင်္ကာစပ်ပြီဆိုရင် အသံကာရန်၊ စပ်ပုံစပ်နည်း၊ အစချီပုံ၊
အဆုံးသတ်ချပုံ၊ အနက်အဓိပ္ပါယ် အစရှိတာတွေ အရေးကြီးလာပါတယ်။ ဒါပေမယ့်
ကာရန်လေးတွေချိတ်မိရုံနဲ့ ပြီးသလား၊ ကဗျာဖြစ်ပြီလား ဆိုတော့ မဟုတ်ပါဘူး။
အနက်အဓိပ္ပါယ်လည်းအရေးကြီး ပါသေးတယ်။ ဒါ့အပြင် သဒ္ဒါလင်္ကာရ
(အသံကောင်းမွန်မှန်ကန်ခြင်း)၊ အတ္တလင်္ကာရ (အနက်
အဓိပ္ပါယ်ကောင်းမွန်မှန်ကန်ခြင်း
အရင်တုန်းက စန္ဒာမဂ္ဂဇင်းမှာ ဆရာကြပ်ကလေးရေးထားတဲ့ ဟာသဝတ္ထုတစ်ပုဒ်ထဲက
ကဗျာရူးအဘိုးကြီးစပ်ထားတဲ့ တေးထပ်အပိုင်းအစလေးကိုကြည့်ပါ ....
မြတ်ပန်းဝေဆာလေမှာလွင့်
မေကညာခင့်ပြောင်သထက်ပြောင်
ဗေဒါတပွင့်အရောင်လက်သယောင်ငယ်
ပူတက်ဗျောင်နောင်ဗေပုံချမ်း
မြန်မြန်ပြေးခဲ့ ကလေးတို့အမေရယ်
အေးလို့နေရင် ခြေသုတ်ဖျဉ်နဲ့လွှမ်း။ ။
ကဲ .. ကောင်းရဲ့လား၊ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ဒါပေမယ့် မှန်သလားဆိုရင်တော့
မှန်ပါတယ်။ ထပ်ပြီးကြည့်ပါဦး။ မြဝတီ website မှာ ဖေါ်ပြထားတဲ့ ဥပမာ
မှာဆိုရင်လည်း ...
တို့ကျောင်း တောင်က စိန်ပန်းတော
အပျိုလေးတွေ လက်နဲ့ခေါလို့
ရွှေမုဋ္ဌောတဲ့ တင်ကြရှာ။
ကာရန်ကတော့ တော၊ ခေါ၊ ဋ္ဌော ဆိုပြီး မှန်ပါတယ်။ ဒါပေမယ့် 'လက်နဲ့ခေါ' ဆိုတာ
ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီတော့ အတ္တလင်္ကာရ မမြောက်ဘူး လို့ဆိုနိုင်ပါတယ်။
အဲဒီမှာပဲ အလွန်လှတဲ့ ကဗျာလေးတစ်ပုဒ် ထုတ်နှုတ်ဖေါ်ပြထားပါတယ်။ အောက်မှာကြည့်ပါ။
လနေအစွန်၊ မြ မြေမွန်ဝယ်
လေသွန်ပင့်မှုတ်၊ ရွက်ရင့်ပြုတ်က
ကျေးနှုတ်ဖူးဆင့်၊ လွတ်ကျူးတင့်သည်
နူးခွင့်ခါမှီ၊ သရဖီလည်း
ရာသီသိဆုံး၊ စီဘိကုံးသို့
တောလုံးလျှမ်းမောက်၊ ပန်းပိတောက်မူ
နွမ်းခြောက်ကြွေရော်၊ မခြွေသော်လည်း
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။
ဒီမှာ နဘေသဘောမျိုး ကာရန်တစ်ချက်တည်းမဟုတ်ပဲ နှစ်ချက်သုံးချက်မိအောင်
ဆင့်စပ် ထားတာပါ (ဝမ်းတွင်းကာရန်ပါ ညီအောင် စပ်ထားတယ်လို့ခေါ်ပါတယ်၊ အစပ်
အဟပ် အကြောင်းမှာ အသေးစိတ်တင်ပြပါမယ်)။ အရောင်ခြယ်ပြထားပါတယ်။ ကာရန်ကတော့
အားလုံး 'လေးသုံးနှစ်' လို့ အလွယ်ခေါ်တဲ့ 'သတ်စေ့နှက်သုံးချက်ညီ'
စပ်နည်းနဲ့ပဲယူထားတာပါ။ အဲဒီမှာမှ နဘေထပ်ဆင့်ပြီး
နှစ်ချက်သုံးချက်ပြန်ထပ်ထားတာပါ
အဲဒီမှာမှ လနေ၊ မြမြေ၊ နေအစွန်၊ မြေမွန်၊ လေသွန် ... ဒီလိုယူပါတယ်။ တစ်ခါ
မှုတ်၊ ပြုတ်၊ နှုတ်၊ ဒီမှာ နဘေက ပင့်မှုတ် နဲ့ ရင့်ပြုတ်။ နောက်မှ ဆင့်၊
တင့်၊ခွင့်။ အဲဒီမှာထပ်ပြီး ဖူးဆင့်၊ ကျူးတင့်၊ နူးခွင့်
နှစ်ချက်ဆင့်ပြီး ကာရန်ထပ်ပါတယ်။ ပြီးတော့ မှီ၊ ဖီ၊ သီ။ ပြီးရင် ဆုံး၊
ကုံး၊ လုံး။ အဲဒီမှာ သီဘိဆုံး၊ စီဘိကုံး သုံးချက်ဆင့်
နဘေထပ်ကွန့်လိုက်ပါတယ်။ နောက်ထပ်ပြီး မောက်၊ တောက်၊ ခြောက်။ အဲဒီမှာလည်း
လျှမ်းမောက်၊ ပန်းပိတောက်၊ နွမ်းခြောက် - နှစ်လုံးဆင့် နဘေ
သုံးချက်ထပ်လိုက်ပါတယ်။ အဲဒါပြီးတော့ ရော်၊ သော်၊ ပေါ် -
အဲဒီမူရင်းကာရန်ပေါ်မှာမှ ကြွေရော်၊ မခြွေသော်၊ မြေပေါ် ဆိုပြီး
နှစ်ချက်ဆင့် ထပ်ကွန့်လိုက်တာပါ)
အနက်အဓိပ္ပါယ်ကတော့ ....
အခါရာသီအလျောက် လူကမချွေရဘဲနဲ့ အလိုလိုအပင်ထက်က နွမ်းခြောက်ကြွေကျလာတဲ့
သရဖီနဲ့ပိတောက်ပွင့်တွေ မြေပြင်ပေါ်မှာ ပုံလျက်သားကျနေတာကို ဆိုလိုတာပါ။
ဒါတင်မကသေးပါဘူး။ အတ္တလင်္ကာရပြီးတော့ သဒ္ဒါလင်္ကာရ ကိုလည်း နဲနဲကြည့်ရအောင်။
ကဗျာကိုရေးတဲ့အခါ (အထူးသဖြင့် ရှေးကဗျာ အမျိုးအစားတွေမှာ) အသံရှိန်
(မတြာ) ကိုလည်း သတိထားရပါတယ်။ ဒီဃသံ (သံရှည်)၊ ရဿ သံ (သံတို၊ သံပြတ်)၊
ဂရုသံ (လေးသောအသံ)၊ လဟုသံ (ပေါ့သောအသံ) တွေကိုလည်း Harmony ဖြစ်အောင်
ထည့်သွင်းစပ်ဆိုတတ်ရမယ် လို့အဆိုရှိပါတယ်။ အသံအရှည်၊ အသံအလေး တွေဟာ
ဆွဲငင်လို့ရတဲ့ အတွက် သနားစဖွယ်အဖြစ်တွေမှာ နူးညံ့သိမ်မွေ့တဲ့
အကြောင်းတွေမှာ စပ်ဆိုလေ့ရှိသလို၊ အသံတို၊ အသံပေါ့ တွေကိုတော့ ရဲရင့်တဲ့၊
ပြတ်သားတဲ့ အကြောင်းတွေရေးရင် သုံးလေ့ရှိပါတယ်။ အသံတွေအရေးကြီးတာကြောင့်
ကဗျာကို စိတ်ထဲကဖတ်ရုံနဲ့ မလုံလောက်ပဲ အသံထွက်ဖတ်ဖို့ အမြဲ
တိုက်တွန်းပြောဆိုလေ့ရှိကြတာပါ။ နောက်ပြီး ဂရုသံ၊ လဟုသံ
အသံအနေအထားမှားနေရင် ကာရန်စပ်ဟပ်ပုံမှန်ပေမယ့် ကဗျာကောင်းတစ်ပုဒ်
ဖြစ်မလာနိုင်ပါဘူး။
အဲဒီတော့ မြန်မာကဗျာတွေရဲ့ အခြေခံတွေကို စပြီး ကြည့်ကြရအောင် ...
အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါမည် ...
ဟယ်ရီ
0 comments:
Post a Comment