Tuesday, March 27, 2012

အိမ်ထောင်ရေးနှင့်သူ၏အမြင် ( ၂ )


 


အခု ကျွန်တော်တင်သော post ကလေးသည် မည်သူကိုမှ ရည်ညွှန်းခြင်းမရှိပါ။ယောက်ျားကလေးများကို နာစေမိန်းခလေးများကို သာစေလိုသည့် စိတ်မျိုးလည်းမရှိပါ။ သူငယ်ချင်းအားလုံးနှင့် သိထားသင့်သည်ဟူသော ရည်ရွှယ်ချက်ကြောင့်တင်ပြရခြင်းဖြစ်ပါသည်။ သူငယ်ချင်းယောက်ျားလေးများ လည်း ငါတော့ဘယ်အချက်နှင့် ကိုက်ညီ၍ မိန်းခလေးသူငယ်ချင်းများကလည်း ငါတော့ ဘယ်လိုလူမျိုးနှင့် ကိုက်ညီမှု့ ရှိသည်ဟူ တွေးတော ရီမောနိုင်ကြပါစေ…အရင်နေ့ က နံပါတ် ( ၁၅ ) ထိတင်ပြီးပြီ ဆိုတော့ နံပါတ်(၁၆ ) ကစလိုက်ပါတယ်အိမ်ထောင်ရှင်ဘဝ ရည်ရွယ်တည်ဆောက်ကြမည့် သမီးများသို့ ရည်ရွယ် ညွန်းပါသည်။ ချင့်ချိန်စဉ်းစား ဆုံးဖြတ်ပါ။ (ဘဝကြင်ဖေါ် ရွေးတတ်ကြပါစေ….နားလည်အောင်
ကြိုးစားပါ…. ရွေးချယ်မူ မှန်ကန်ပါစေ…)


၁၆။ ဒေါသကြီးသော ယောက်ျား
ဒေါသကြီးသော ယောက်ကျားတွေကိုတော့ မိန်းခလေး တော်တော်များများက ကြောက်ကြတယ်။
ဒါပေမဲ့ အချစ်ဆိုတဲ့လက်နက်က အဲဒီကြောက်စိတ်ကို ခြေဖျက်ပစ်တတ်ကြလေရဲ့။
သူ့ရဲ့ဒေါသကို ကိုယ့်ရဲ့မေတ္တာနဲ့ ဖျောင့်ဖျဖြေသိမ့်နိုင်လိမ့်
မယ်လို့ မျှော်လင့်တတ်ကြတာပေါ့ကွယ်။ လက်တွေ့ဘဝတစ်ခုကို တည်ဆောက်တဲ့နေရာမှာတော့ လူတစ်ယောက်ရဲ့ ပင်
ကိုစရိုက်ဆိုတာပြုပြင်ပြောင်းလည်းပစ်ဖို့ မလွယ်လှကြောင်း သမီးတွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
ငယ်စဉ်ကတည်းက သူတို့ရဲ့ အလိုဆန္ဒတွေကို ဒေါသနဲ့ ရင်းနှီးယူခဲ့သူတွေ ဖြစ်နေတတ်လို့ပါ။ဒေါသကြီးတဲ့သူတွေဟာ
များသောအားဖြင့် ရှေ့နောက်မဆင်ခြင်တတ်ကြဘူး။ ပြောပြီးလုပ်ပြီးကာမှနောင်တရတတ်ကြတဲ့သူတွေပဲ။ တချို့က
တော့ ဒေါသထွက်လာရင် ဒေါသပြေစေဖို့ သက်မဲ့ပစ္စည်းတွေကိုထုခွဲ ဖျက်ဆီးတတ်ကြတယ်။ နံရံကို လက်သီးနဲ့ထိုးပြီး
ကိုယ်ကိုကိုယ် အနာခံကြသူတွေလည်းရှိတယ်။ တချို့ကတော့ ကိုယ်ဒေါသကို သူတစ်ပါးအပေါ် အပြစ်ပုံချပြီး ပေါက်
ကွဲပြတတ်ကြတယ်။ ဒေါသကြောင့် လက်ပါတဲ့ ယောက်ကျားမျိုးတွေကို လက်တွဲမိတဲ့ မိန်းမသားအတွက်ကတော့
တစ်သက်လုံး စိတ်ဆင်းရဲရပြီသာမှတ်ပေတော့။“အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်တယ်” ဆိုတဲ့ မဟုတ်တန်း
တရား စကားဖြေသိမ့်မှုတွေနဲ့အတူ  ဒူးနဲ့မျက်ရည်သုတ်ပြီး မိမိဘဝတည်ဆောက်မှု အုတ်မြစ်တွေကိုဖြိုဖျက်စွံ့ပစ်လိုက်ရ
မှာ အမှန်ပဲ။။မခံနိုင်တဲ့ တနေ့မှာတော့ လမ်းခွဲကြလေသတည်းပေါ့ သမီးလေးရယ်……..။ (အရေးကြုံသက်လုံကောင်းမှ…
သတ္တိရှိအောင်လုပ်ထား…)



၁၇။ အယုယခံလိုသော ယောက်ျား
တချို့သောယောက်ကျားတွေကြတော့ အလွန်အယုယခံလိုကြပြန်တယ် သမီးရေ…….။ သူတို့ဟာ ကြင်နာယုယတတ်
သော မိသားစုက ဆင်းသက်လာသူတွေ ဖြစ်တတ်သလို ဘဝမှာ အကြင်နာနဲ့ကင်းဝေးစွာ အထီးကျန်ကြီးပြင်းခဲ့ရသူတွေ
လည်း ဖြစ်တတ်တယ်။ သူတို့က မိန်းမသားတစ်ယောက်ကို ရွေးချယ်လိုက်ပြီဆိုကတည်းက သူတို့အပေါ် ယုယကြင်နာ
မှု ပေးနိုင်မယ်လို့ယုံကြည်သောကြောင့်သာဖြစ်တယ်။ သူတို့ဟာ မိန်းမတွေကို အားကိုးချင်တာ မဟုတ်ဘူး၊ မိန်းမတွေရဲ့
အယုအယ အပြုအစု ခံချင်တာသက်သက်ပဲ။ အဲဒီမှာ သူတို့အတွက် ပြသနာတွေ တွေ့ရတော့တာပါပဲ။ သမီးရေ……
ထက်မြက်တဲ့ မိန်းခလေးတစ်ယောက်ဟာ မိမိဘဝကို ဦးစာပေးတည်ဆောက်ချင်တတ်တာ သဘာဝနော်။ အဲဒီတော့
အယုအယခံလိုသော ယောက်ျားတစ်ယောက်ကို ရွေးချယ်ဖို့သင့်လျော်ပါ့မလား။ မိမိရဲ့တန်ဖိုးရှိသောအချိန်တွေကို
ယောက်ျားတစ်ယောက်အနာမှာကြင်နာယုယမူတွေပေးရင်း ကုန်ဆုံးစေနိုင်ပါ့မလား။အဲဒီယောက်ျားဟာ မိမိထက်အသက်
ကြီးသူဖြစ်တယ်ဆိုပါစို့၊ သမီးနေနဲ့ ယုယကြင်နာစွာ အလုပ်အကြွေးပြုနိုင်ပါ့မလား။။။ များသောအားဖြင့် အဲဒီလို ယောက်ျား
မျိုးတွေဟာဘဝတစ်ခုအပေါ်မှာ သစ္စာတည်စွာ မရပ်တည်နိုင်ကြသူတွေ ဖြစ်တယ်။ဘာဖြစ်လို့လည်း ဆိုတော့သူတို့ဟာ
သူတို့လိုလားတဲ့ကြင်နာယုယမှုကို မရရှိနိုင်တဲ့ အချိန်ကာလတွေမှာ အိမ်ထောင်ရေးဖေါက်ပြန်မှုတွေပြုလုပ်တတ်ကြပြီး
သာယာမှု ရှာတတ်ကြလို့ပါပဲ။ (ရွှေအကြောင်း ဖယောင်းကသိ၊ လူအကြောင်း ပေါင်းကြည့်မှသိဆိုပေမဲ့အိမ်ထောင်သည်
လို ပေါင်းကြည့်ဖို့ဆိုတာက ……မပေါင်းခင် သိနိုင်ရင် အကောင်ဆုံးပါနော်)



၁၈။ မာနကြီးသော ယောက်ျား
များသောအားဖြင့် ယောက်ျားတိုင်းလိုလို မာနရှိတတ်ကြတယ်သမီး။ အဲဒါကိုယောက်ျားမာနလို့ခေါ်တယ်။ ငါယောက်ျား
ဆိုတဲ့ အတ္တမာနမျိုးပေါ့ကွယ်။ အဲဒီလိုမာန ရှိတာကိုတော့ အပြစ်လို့မဆိုနိုင်ဘူးပေါ့။ဒါပေမဲ့ သမီးရေ….။ တချို့သော
ယောက်ျားတွေကြတော့ သိပ်ကို မာနကြီးလွန်းတတ်ကြတယ်။မာနကို ရှေ့တန်းတင်ထားသူတွေဆိုတော့ သူတို့ဟာ သူတို့
ရဲ့ မာနကို နည်းနည်းလေးမှအထိပါးခံကြသူတွေ မဟုတ်ကြဘူး။ မာန ဘယ်ကလာသလဲ…သမီး သိသလား။ မာန အမျိုး
မျိုးရှိတာမို့ မြစ်ဖြားခံရာချင်း မတူကြဘူးကွဲ့။ တချို့မာနတွေဟာ မခံချင်စိတ်ကလာတယ်။ ဖိနိပ်ချိုးနှိမ်ခံရပါများလို့ ဖြစ်ပေါ်
လာတဲ့ မာနမျိုးပေါ့။ အဲဒီလို မာနရှိတဲ့ယောက်ျားတွေဟာ သူတို့ရဲ့ဘဝကိုဇွဲကောင်းကောင်းနဲ့ တင့်တယ်အောင်မဖြစ်မနေ
ကြိုးစားတည်ဆောင်တတ်ကြတယ်။ သူတို့ဟာအတေးအမှတ် အလွန်ကြီးပြီး အငြိုးထားတတ်ကြတယ်။ သူတို့အပေါ်မှာ
နည်းနည်းကလေးမှအပြစ်မတင်လိုက်နဲ့……ရန်သူလို့သတ်မှတ်လိုက်တတ်ကြတယ်နော်။ တချို့မာနတွေကြတော့ သူတို့
ရဲ့ အောင်မြင်မှုကရတယ်။ သူတို့ရဲ့ ပြည့်စုံမှုက လာတယ်။ကိုယ်ကိုကိုယ် မောက်မာဂုဏ်ယူတတ်သူတွေမှာ ရှိနေတတ်
တဲ့ မာနမျိုးပေါ့။ အဲဒီလို မာနရှိတဲ့ ယောက်ျားတွေကတော့ မာနနဲ့ အနိုင်ယူတတ်တဲ့ သူမျိုးတွေပဲ။ဘယ်သူ့ကိုမှ မခယဘူး
ဆိုတဲ့ မာနကြီးသူတွေမို့ သူတို့ဟာ စာနာကြင်နာ အနစ်နာခံတတ်ကြသူတွေမဟုတ်ကြဘူး သမီးရေ။ မာနကြီးတဲ့
ယောက်ျားတစ်ယောက်ကို ဘဝကြင်ဖေါ်အဖြစ် ရွေးချယ်မယ် ဆိုရင်တော့အဲဒီမိန်းခလေးဟာ သူ့မှာရှိတဲ့ မာနတွေကို
ခေါက်သိမ်းထားရလိမ့်မယ်။ မာနချင်းပြိုင်ခဲ့ရင်တော့လက်တွဲဖြုတ်ရပြီသာ မှတ်ပေတော့ သမီး……….။ (အသိတရားနဲ့
အမှန်မြင်အောင်လုပ်ပေတော့)



၁၉။ စာဖတ်ဝါသနာပါသော ယောက်ျား
တချို့သောယောက်ျားကတော့ အင်မတန်စာနာတတ်ကြတယ် သမီး……..။ သူတစ်ဖက်သားရဲ့ အမှား၊အပြစ် တွေကို
ဘယ်တော့မှ မောက်မောက်မာမာမပြောဆိုတတ်ကြဘူး။ စာနာစိတ်နဲ့ ခွင့်လွတ်နားလည်ပေးတတ်ကြတယ်။ သူတို့ဟာ
များသောအားဖြင့် စာဖတ်သူတွေပေါ့ကွယ်။ စာဖတ်ဝါသနာပါတဲ့ ယောက်ျားမျိုးတွေပေါ့။ ရာခိုင်နုံးအားဖြင့် အလွန်နည်း
ပါးတဲ့အရေအတွက်ပါပဲ။ သူတို့ဟာဘယ်လိုအဆင့်အတန်းမျိုးမှာမဆို တွေ့နိုင်သူမျိုးဖြစ်တယ်။ ပြည့်စုံတဲ့အသိုင်းအဝိုင်းက
ယောက်ျားတစ်ယောက် ဆိုရင်တော့ သူဟာ မွန်မွန်ရည်ရည်နဲ့နှစ်သက်ဖွယ်ကောင်တဲ့သူ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လည်း
ဆိုတော့ သူဟာ လူတွေအပေါ် နားလည်မှုနဲ့အတူရိုင်းပင်းကူညီနိုင်သူဖြစ်လို့ပဲ။။။ သာမန်အခြေအနေက ယောက်ျား
တစ်ယောက်ဆိုရင်လည်း ကိုယ်ချင်းစာတရားနဲ့ မုဒိတာပွားနိုင်သူဖြစ်တယ်။ တချို့များ ဘဝက မပြည့်စုံတာတောင်
စာဖတ်ခြင်းအတွက်ခြိုးခြံချွေ တာ တတ်ကြတယ်။သူတို့ကတော့ ဘဝ အသိနဲ့ယှဉ်ပြီး ပိုခံစားနားလည်တတ်ကြတာပေါ့။
အားပေးနှိမ့်သိမ့်ခြင်းနဲ့ ဝေမျှခံစားခြင်းပြုတတ်သူတွေပါပဲ။။။“အလိမ္မာ စာမှာရှိ” ဆိုသလို တတ်သိနားလည်မျှဝေခံစား
တတ်သော ပညာရပ်ကို စာဖတ်ခြင်းကသာ ရစေတတ်တာမို့ သမီးလေး အိမ်ထောင်ဖက်ရွေးချယ်ရာမှာ စာဖတ်ဝါသနာ
ပါသူ ဟုတ်မဟုတ်လေ့လာကြည့်သင့်တယ်။စာဖတ်တယ်ဆိုတာ စာတတ်တာမဟုတ်ဘူးနော်။ တချို့ ပညာတွေ မိုးထိ
အောင်တော်နေ တတ်နေပေမယ့် အသိပညာတိုးပွားစေတဲ့ စာတစ်အုပ်တလေမှ ဖတ်ဖူးကြတဲ့သူ မဟုတ်ပါဘူး။
ဒါကြောင့်ပညာတတ်တိုင်း ဆင်ခြင်ဥာဏ်မရှိတာပေါ့ သမီး………..။။။ (အရွေးမမှားစေနဲ့၊ အတွေးမလွဲစေနဲ့။)



၂၀။ ခေါင်းရှောင်တတ်သော ယောက်ျား
လောကမှာ ခေါင်းရှောင်တတ်တဲ့ ယောက်ျားတွေ အများကြီးရှိတယ် သမီးရေ….။များသောအားဖြင့် တစ်ကိုယ်ကောင်း
ဆန်သူတွေမှာ ပိုပြီးတွေ့ရတတ်တယ်။ သူတို့ဟာသူတို့အပေါ် အပြစ်တစ်စုံတစ်ရာ ကျရောက်လာမှာ အလွန်စိုးရွံ့တတ်သူ
တွေပေါ့။။။မျှဝေခံစားတတ်ခြင်းမရှိသူတွေမို့ သူတို့ဟာ ဥပက္ခာတရားကို လက်ကိုင်ထား တတ်သူတွေဖြစ်တယ်။ ဘယ်သူ
တွေ ဘာဖြစ်ဖြစ် ကိုယ်မဖြစ်ဖို့ အဓိကဆိုတဲ့အတ္တဝါဒီတွေဖြစ်တယ်။ သူတို့ဟာ မိသားစုဝင် တစ်ဦးဦး အပေါ်မှာရော၊ရင်းနှီး
ခင်မင် လှပါတယ်ဆိုတဲ့ မိတ်ဆွေအပေါင်းအသင်းအပေါ်မှာပါ၊ ယုတ်စွအဆုံးကိုယ့်ရဲ့ ဘဝကြင်ဖေါ်အပေါ်မှာတောင်ခေါင်း
မခံတတ်ကြသူမျိုးတွေပေါ့။သူတို့ဟာ ဘယ်သူ့ကိုမှလည်း အကူအညီ မပေးတတ်သလို ကိုယ်တိုင်ကလည်း အကူအညီ
တောင်းခံရမှာ အလွန်ဝန်လေးတတ်ကြတယ်။ ပြသနာဖြစ်မယ့်လမ်းကို ရှောင်ရှားတတ်ကြသလို ဖြစ်လာရင်လည်းရင်
မဆိုင်ရဲကြ သူတွေ ဖြစ်တယ်။ လူမူရေးချို့တဲ့သူ ယောက်ျားတွေပေါ့ သမီး။ဒီလိုယောက်ျားမျိုးကို လက်တွဲဖေါ်အဖြစ်
ရွေးချယ်လိုက်ရင်တော့ သမီးဘဝဟာအမြဲတမ်းအောင်မြင်မူတွေရနေမှ ဖြစ်မယ်။ အဲဒီအချိန်မျိုးမှာတော့ သူတို့ဟာ
ဝေမျှခံစားအားပေးဂုဏ်ယူတတ်ကြပါရဲ့။ဒါပေမဲ့ ဘဝရဲ့နိမ့်ကျ အားနည်းချိန်မျိုးမှာတော့ သူတို့ဟာ မျက်စိကိုမှိတ်နား
ကိုပိတ်ရင်းကိုယ်နဲ့မသက်ဆိုင် မပတ်သက်သလို တိတ်တိတ်လေး နေတတ်ကြတယ်ကွယ်။ (မှား မပေါင်းမိစေနဲ့…)



၂၁။ ချမ်းသာသော ယောက်ျား
ချမ်းသာတဲ့ယောက်ျား အမျိုးမျိုးရှိတယ် သမီး …။ မိဘလက်ငုတ်ချမ်းသာသူ၊ မိမိ အတတ်ပညာနဲ့ ချမ်းသာသူ၊ မိမိ လုပ်
ရည်ကိုင်ရည်ကြောင့် ချမ်းသာသူ၊ ကံတရားကြောင့် ချမ်းသာသူ စသည်ဖြင့်ပေါ့။ အဲဒီလို ချမ်းသာခြင်းမှာ အမျိုးမျိုးကွဲပြား
နေသလို သူတို့ရဲ့ စရိုက်လက္ခဏာတွေဟာလည်းတစ်ဦးနဲ့တစ်ဦး မတူကြဘူးနော်။ တစ်သက်လုံးက ချမ်းသာလာတဲ့
ယောက်ျားတွေဟာ ချို့တဲ့ခြင်းရဲ့ ဒုက္ခတွေကို လက်တွေ့မခံစားဘူးသူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ဆင်းရဲမှာကို
မကြောက်ကြဘူး။ အချစ်တစ်ခုကိုသာဦးစားပေးပြီးလက်တွဲဖေါ်ရွေးတတ်ကြတယ်။ အဓိက ပြသနာကတော့ မိဘသဘော
မတူခြင်းဆိုတာပါပဲ။ တချို့ကလည်း မိဘစကားမပယ်ရှား၊ဖြန့်သုံးလက်ဝေခံ ဘဝမျိုးပေါ့ကွယ်။ ကံတရားကြောင့် ကြီးပွား
လာတဲ့ လူမျိုးကတော့ ငွေကို ငွေလိုမမြင်သူတွေပဲ။ သူတို့ကိုသာရွေးချယ်မိခဲ့ရင်တော့ အဲဒီမိန်းခလေးဟာ စုဆောင်းထိန်း
သိမ်းမှု ပြုတတ်မှ ဖြစ်မယ်။ဒါမှမဟုတ်ရင်တော့ကံတရားရဲ့ စေစားရာအတိုင်း သူတို့နဲ့အတူ နိမ့်ဆင်းမြင့်တက်ဖြစ်ရတော့
မှာပဲ။(ကံကိုယုံပြီး ဆူးပုံမနင်နဲ့)



၂၂။ ရန်များသော ယောက်ျား
တချို့သော ယောက်ျားတွေဟာ ရန်သိပ်များတတ်ကြတယ် သမီးရေ……၊။ ထစ်ခနဲဆို ရန်ဖြစ်တတ်ကြသူတွေပေါ့။
သူတို့ရဲ့ ဘဝတွေဟာ အလိုဆန္ဒ မပြည့်ဝတတ်ကြဘူးလေ၊ ဒီတော့သူတို့ဟာအရိပ်ကို ရန်သူထင်ပြီး ရန်လိုနေတတ်ကြ
လေရဲ့၊။လက်ရှိအခြေအနေမှာတော့ သူတို့ကို ရုန်းကန်လှုပ်ရှားကြိုးစားပြီး ဘဝတည်ဆောက်နေသူတွေအဖြစ် တွေ့နိုင်
လိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ဘဝဟာပြိုင်ဆိုင်မှုတွေနဲ့ ရှင်သန်နေတတ်တယ်။ သူတို့ဟာ သူတစ်ပါးရဲ့ကြီးပွားမှုအပေါ် ဝန်တို
တတ်သူမျိုးတွေပဲ။အဲဒီအတွက် ရန်ရှာတတ်လေ့လည်းရှိကြတယ်။သူတို့ဟာ မျက်နှာချင်းဆိုင် ဆုံတွေ့ဖြေရှင်းလေ့မရှိကြပဲ
လက်ရုံးအားကိုး တစ်ရှူးထိုးသမားတွေဖြစ်တယ်။ သည်းခံနားလည်တတ်ခြင်း မရှိသူတွေဖြစ်ပြီးခွင့်လွှတ်ကြေအေးခြင်း
မပြုတတ်သူတွေ ဖြစ်တယ်။သူတို့မနှစ်သက်သူဆိုရင် ရန်မရှိ ရန်ရှာပြီး ရန်ဖြစ်ဖို့ စိတ်ကူးနေတတ်ကြပြန်တယ်။သူတို့ဟာ
သတ္တိရှိသူတွေတော့ မဟုတ်ပေဘူး သမီးရေ။ တကယ်တန်း အားနည်းမှားယွင်းသွားခဲ့ပြီဆိုရင်တော့ ဘယ်လိုလူမျိုးကိုမဆို
ထိုင်ရှစ်ခိုးဖို့ဝန်လေးတတ်သူတွေ မဟုတ်ဘူး။။ဒါပေမဲ့ သူတို့ဟာ ပတ်ဝန်းကျင်အပေါ်မှာသာ ရန်လိုတတ်ကြပြီးကိုယ်ရဲ့
ဘဝကြင်ဖေါ်ကိုတော့အလွန်ဦးစားပေးတတ်ကြတယ်။ အဲဒီလိုလူမျိုးကို လက်တွဲလိုက်မိတဲ့ မိန်းခလေးဟာ စိတ်ချမ်းသာမှု
ကိုရရှိခံစားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း သူတို့ဟာ မိမိအပေါ် မကောင်းကြသူတွေမဟုတ်တာမို့ သူတို့ကိုစွန့်ခွါပစ်ပြေး
သွားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ဘူး။တစ်သက်လုံး စိတ်ဆင်းရဲရမှာ အမှန်ပါပဲ သမီးရယ်။
(ယောက်ျားကောင်းရှားတယ်နော်………..)



၂၃။ ညာတတ်သော ယောက်ျား
တချို့သော ယောက်ျားတွေကတော့ ညာတတ်ကြတယ် သမီးရေ…….။ ညာခြင်းကို သူတို့ရဲ့ဗီဇတစ်ခုလို ခုံခုံမင်မင်
ကျင့်သုံးတတ်ကြလေရဲ့။ သူတို့ဟာ အညာပေါ်သွားမှာကိုလည်း သိပ်မစိုးရိမ်တတ်ကြဘူး။ ညာမိပါတယ်လို့ဝန်ခံရမှာ
ကိုလည်းသိပ်ဝန်မလေးကြဘူး။ မညာတော့ပါဘူးဆိုတဲ့ ဂတိကိုလည်း လွယ်လွယ်လေးနဲ့ ပေးတတ်ကြတယ်။ တစ်ချိန်မှာ
အဖြေမှန် ရသွားနိုင်မှန်း သိပေမယ့်လည်း ခတ်တည်တည်ညာရဲတတ်ကြတယ်။ ခေတ္တခဏ ရရှိလာနိုင်တဲ့သာယာမူကို
သာအဓိကထား တတ်ကြသူတွေပေါ့။တချို့ယောက်ျားတွေကတော့ ညာတတ်ခြင်းထက်ဆိုးတဲ့ လိမ်လည်ခြင်းအမှုကို
ပြုတတ်ကြတယ်။ ညာပြောခြင်းနဲ့ လိမ်လည်လှည့်ဖျားခြင်းဟာ အတိမ်အနက် မတူဘူး သမီး။ ညာခြင်းဟာမိမိအပေါ်
အပြစ်မရောက်အောင် ဖုံးဖိခြင်း၊ လမ်လွဲခြင်းဖြစ်တယ်။ မိမိကိုယုံကြည်လေးစားလာအောင် ဆွဲဆောင်ခြင်းဖြစ်တယ်။
လိမ်လည်လှဲ့ဖျားခြင်းကတော့သူတစ်ပါးအကျိုးယုတ်အောင် ဖန်တီးလုပ်ဆောင်ခြင်းပါပဲ။။။မုသားဆိုတာ လူသားတိုင်း
ကျူးလွန်တတ်ကြတဲ့ အပြစ်တစ်မျိုးမို့ ခွင့်လွှတ်နိုင်တဲ့အတိုင်းအတာရှိတယ်။ ဒါပေမဲ့ လှည့်ဖျားခြင်းဆိုတာကိုတော့ သည်း
မခံနိုင်သောပြစ်မှုတစ်ခုပဲလေ။ဒါကြောင့် သမီးလေး ဘဝကြင်ဖေါ်ရွေးချယ်ရာမှာ ညာတတ်သူကိုသတိထားပါ။ လိမ်လည်
လှည့်ဖျားတတ်သူတစ်ယောက်ကို မှားယွင်းစွာ မရွေးမိပါစေနဲ့။ (လောဘကြီးရင် အလိမ်ခံရတယ်။ )



၂၄။ တစ်ယူသန်ယောက်ျား
တချို့ယောက်ျားတွေကျပြန်တော့ တစ်ယူသန်လွန်းကြပြန်တယ်။ တစ်ယူသန်ခြင်းနဲ့အတူ တစ်ဇွတ်ထိုး တစ်ဇောက်ကန်း
လုပ်တတ်သူတွေ လောကမှာ အများကြီးရှိနေတာပေါ့ကွယ်။တစ်ယူသန်သူဆိုတာကတော့ သူ့ရဲ့ အယူအဆနဲ့ ခံယူချက်
ကိုစွဲမြဲစွာလက်ကိုင်ထားတတ်သူမျိုးပေါ့။ သူတို့ဟာ ဘယ်သူပြောတာကိုမှ လက်ခံတတ်တဲ့သူတွေမဟုတ်ကြဘူး သမီး.။
ဘယ်သူ့သြဇာမှလည်းနာခံတတ်တဲ့သူတွေ မဟုတ်ဘူး။ ကိုယ့်ရဲ့ထင်မြင်ချက်တွေတိမ်းစောင်းနေမှန်းသိနေတာတောင်
တစ်ယူသန်စွာ ငြင်းဆန်တတ်ကြသူတွေပဲ။တစ်ယူသန်သမားတွေဟာ တစ်ဇွတ်ထိုးလုပ်ရမှာကိုလည်း ဝန်မလေးကြဘူး။
လုပ်ချင်တာကိုလုပ်ကိုလုပ်လိုက်ရမှ ကျေနပ်တတ်ကြတယ်။ ဆန္ဒကို ဦးစားပေးလွန်းသူတွေမို့ရှေ့နောက်မကြည့်တတ်ကြ
တာမို့ ပိုးဖလန်မျိုး မီးကိုတိုးဆိုတာလိုကိုယ်ကျိုးနည်းတတ်သူတွေပါပဲ။ သူတို့မှာ ဆင်ခြင်တုံတရားဆိုတာလည်း မရှိဘူး။
ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ခြင်းလည်း မရှိဘူး။ အမှား အမှန် ဝေဖန်သုံးသပ်လေ့မရှိသလိုချင့်ချိန်စဉ်းစား အချိန်ယူဆုံးဖြတ်
ခြင်းဆိုတာလည်း မရှိဘူး။အဲဒီလို ယောက်ျားမျိုးကိုမှ သမီးရွေးချယ်မိရင်တော့ သမီးဟာ လူရာမဝင်တဲ့ဘဝနဲ့ဆုံးရှုံးနစ်နာ
မူတွေကို ပိုင်ဆိုင်လာရမှာ မလွဲဘူးနော်။ သူရဲ့ တစ်ယူသန်မူကိုသမီးဘယ်လိုမှ ပြောင်းလဲမပစ်နိုင်တာကြောင့် ယောက်ျား
တစ်ယောက်ကိုလည်း လက်တွဲယူပြီးမှပြုပြင်မယ်ဆိုတဲ့ စိတ်ကူးယဉ်နှစ်သိမ့်မှုမျိုးနဲ့ ဘယ်တော့မှမရွေးချယ်မိပါစေနဲ့။
(သဒ္ဒါလွန်တော့ တဏှာကျွန်တဲ့….)



၂၅။ ရိုးသားသောယောက်ျား
ရှားပါးသော အရေအတွက်သာရှိတဲ့ ယောက်ျားအမျိုးအစားကတော့ ရိုးသားသော ယောက်ျားပါပဲသမီး…။ရိုးသားခြင်း
ဟာ မွန်မြတ်သော အကျင့်စရိုက်မှန်းလူတိုင်း သိထားကြပေမယ့် လက်တွေ့မလိုက်နာနိုင်ကြဘူးမဟုတ်လား။ ဒါကြောင့်
ရိုးသားသော ယောက်ျားတစ်ယောက်ဖြစ်ရတာဂုဏ်ယူစရာကောင်းတာပေါ့လေ။များသော အားဖြင့်အဲဒီလိုရိုးသားတဲ့
ယောက်ျားမျိုးတွေကိုစီးပွားရေးလုပ်ငန်းရှင်များအဖြစ် မတွေ့နိုင်ပေဘူး။ သူတို့ဟာလောဘနည်းတတ်သူတွေဖြစ်တာမို့
သူတို့ရဲ့ ဘဝကိုလည်း ရိုးသားစွာ တည်ဆောက်ထားတတ်ကြတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ရဲ့ရိုးသားခြင်းအတွက်
ဂုဏ်ယူဝင့်ကြွားတတ်ပြီးမရိုးသားသူတွေအပေါ်မှာ အပြစ်တင် ရှုတ်ချတတ်ကြလေရဲ့။ သူတို့ဟာလမ်းသစ်တည်ထွင်ဖို့ကို
ဝါသနာမပါကြဘူး။ စည်းမျဉ်းစည်းကမ်း ဘောင်တစ်ခုအတွင်းမှာပဲလှုပ်ရှားကျင်လည်တတ်ကြတယ်။ ကြီးပွားတိုးတက်ဖို့
ထက်အေးဆေး တည်ငြိမ်စွာ နေထိုင်ရဖို့ကိုသာ လိုလားတတ်ကြတယ်။ သူတို့ဟာ မိမိကိုးကွယ်တဲ့ဘာသာအပေါ်ရိုသေ
ကိုင်းရှိုင်းလေ့ရှိပြီး ဘဝရဲ့အလိုဆန္ဒတွေကို ချုပ်တည်းနိုင်ကြတယ်။တင်းတိမ်ရောင့်ရဲနိုင်သူတွေ ဖြစ်ကြပြီးအပြစ်ရှိမှာ၊
အပြစ်တင်ခံရမှာ၊ရင်ဆိုင်ဖြေရှင်းကြရမှာကို စိုးရွံ့တတ်ကြတယ်။ ဒါကြောင့် အဲဒီလိုယောက်ျားမျိုးကို ရွေးချယ်လိုတဲ့ မိန်း
ခလေးဟာ သူနဲ့ ထပ်တူညီသောအလေ့အကျင့်ရှိဖို့ လိုတာပေါ့။သူတို့ဟာ သူတို့ရဲ့ ရိုးသားသော ဂုဏ်သိက္ခာကို ထိပါးခံ
နိုင်သူတွေ မဟုတ်ကြတာမို့ဘဝကို မြင့်မားတိုးတက်အောင် ယှဉ်ပြိုင်ရင်ဆိုင်တည်ဆောက်လိုသော မိန်းမသားတွေ
အတွက်ကတော့ သူတို့ဟာ မရွေးချယ်အပ်သော ယောက်ျားကောင်းတွေပါပဲ။( အသွင်တူမှကြင်သူဖြစ်တာ ..သဘော
ထားတူဖို့စဉ်းစား)



၂၆။ လောဘကြီးသော ယောက်ျား
လောဘကြီးတဲ့ယောက်ျားတွေကြပြန်တော့ အလိုဆန္ဒတွေကို အတောမသတ်နိုင်ပြန်ဘူး သမီး…….။ ကိုယ်ရသင့်ရထိုက်
သော အခွင့်အရေးထက် ပိုပြီးလိုခြင်တတ်ကြတဲ့ ယောက်ျားမျိုးတွေပေါ့။အမှားအများဆုံးကျူးလွန်တတ်သူလို့ ဆိုရမယ်။
လူတွေတော်တော်များများမှာ လောဘဆိုတာရှိတတ်ကြတာပါပဲ။ ဒီထက်ပို၍ပို၍ ပိုင်ဆိုင်တိုးတက်မြင့်မား အောင်မြင်ချမ်း
သာ ပြည့်စုံခြင်ကြစမြဲပါ။ဒါပေမဲ့ မိမိရဲ့ လက်ရှိဘဝ အခြေအနေပေါ်မှာ မူတည်ပြီး တင်တိမ်ရောင့်ရဲခြင်းဆိုတာလည်း ရှိရ
မယ်။နောက်ဆုတ်လက်လျှော့ခြင်း(အားမတန်၍ မာန်လျှော့ခြင်း)ဆိုတာလည်းရှိရမယ်။ သည်းခံခွင့်လွှတ်ခြင်း ဆိုတာ
လည်းရှိရမယ် သမီး…။ အဲဒီလိုယောက်ျားမျိုးတွေကတော့ ဆန္ဒကို ဦးစားပေးလွန်းသူတွေဖြစ်တာမို့ လောဘကို မသတ်
နိုင်ကြဘူးလေ။ စီးပွားရေး၊ ကြီးပွားရေးနဲ့ ပတ်သက်ရင်လည်း သူတို့ဟာ မသမာမှုနဲ့ မရိုးသားမှုတွေကို ပြုတတ်ကြတယ်။
အချစ်ရေးနဲ့ ပတ်သက်ရင်လည်း မိန်းမတစ်ယောက်ကိုလောဘကြီးစွာ ပိုင်ဆိုင်စိုးမိုးခြင်တတ်ကြတယ်။ သူတို့ဟာ အချစ်
ကြီးသူတွေ ဖြစ်တတ်ကြပေမယ့် မချစ်တတ်ကြသူတွေ ဖြစ်တယ်။ မိမိနည်းတူ ဘဝကြင်ဖေါ်ကိုလည်းမြင့်သထက်မြင့်၊
အောင်မြင်သထက် အောင်မြင်စေခြင်လွန်းကြပြန်တယ်။ အဲဒီအတွက် အားတက်သရော တိုက်တွန်းလေ့ ရှိကြလေရဲ့။
ဒါပေမဲ့ သမီးရယ် လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ရဲ့ အလိုဆန္ဒအားလုံးကို ပြည့်ဝအောင်ကြိုးစားဖြည့်ဆည်း
ပေးနိုင်ဖို့ဆိုတာ မလွယ်လှပါဘူးကွယ်။ ဖြည့်ဆည်းပေးသူဆိုတာအဖြည့်ခံဘဝကို ကျေနပ်မှသာ စိတ်ချမ်းမြေ့နိုင်မှာ
မဟုတ်လား သမီးရယ်…………….။ (လူ့အလိုနတ်မလိုက်နိုင်ဘူး)



၂၇။ အသုံးကြီးသော ယောက်ျား
တချို့သော ယောက်ျားတွေဟာ လက်ဖွာတတ်ကြတယ်။ သူတို့ကို အသုံးအစွဲကြီးသူတွေလို့ဆိုပါစို့။ သူတို့ဟာ ငွေကို
ရေလိုသုံးတတ်သူမျိုးတွေပေါ့။ လောကမှာအများကြီး တွေ့နိုင်တတ်ကြတယ်လေ။ သူတို့ဟာ ငွေကို အရှာတော်သ
လောက်အသုံးကြမ်းတတ်ကြသူတွေပေါ့။ ဒါကြောင့်လည်း သူတို့တွေဟာ ဝင်ငွေများတဲ့ဘဝကို ပိုင်ဆိုင်ထားတတ်ကြ
တယ်။ သူတို့ဟာငယ်စဉ်ကတည်းက ငွေကို မနှမြောတတ်ကြသူတွေဖြစ်ခဲ့ကြတယ်။ လူဆိုတာ မွေးကတည်းက သူ့ဗီဇ
နဲ့သူလာတယ်သမီးတစ်မိသားစုတည်းက မွေးဖွားလာတဲ့ သားချင်းတွေမှာတောင် တစ်ဦးနဲ့တစ်ဦးဗီဇတူကြတာမဟုတ်
ဘူး။ ညီအကို နှစ်ယောက်ရှိတယ်ဆိုပါစို့၊ တစ်ယောက်ကပေးရင်ပေးသလောက်ကုန်ပြီး တစ်ယောက်မှာတော့ စုဆောင်း
သိမ်းဆည်းထားတဲ့ ငွေစက္ကူလေးတွေအမြဲလိုလို ရှိနေတတ်တယ်၊။ အဲဒီအကျင့်ကို ဘယ်သူကမှ မွေးမြူပေးခဲ့တာ
မဟုတ်ဘူးလေ။ ဒီတော့ ယောက်ျားတစ်ယောက်ရဲ့ဗီဇဆိုတာ ဖျောက်ဖျက်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အသုံးအစွဲကြီး
တဲ့ ယောက်ျားမျိုးတွေဟာ ရရင်ရသလောက်ကုန်အောင်သုံးတတ်ကြပြီး မရရအောင်လည်း ရှာတတ်ကြလေရဲ့။ ဒါပေမဲ့
အသုံးနဲ့ အဖြုန်းတော့ မတူဘူးနော်။ တချို့သုံးကြတာပါ။ဒါပေမဲ့ အပိုကုန်တွေ လုပ်တတ်ကြတယ်။ တချို့ကတော့
ဖြုန်းတီးပစ်ခြင်းသက်သက်ပဲ၊အပျော်အပါး နဲ့အသောက်အစားဖက်မှာ ဖြုန်းကြတာမျိုးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အသုံးကြီး
သောယောက်ျားမျိုးကို ရွေးချယ်လက်တွဲလိုတဲ့ မိန်းခလေးဖြစ်ရင်တော့ စုဆောင်းထိန်းသိမ်း ချွေတာတတ်သူ ဖြစ်ဖို့လို
တယ်။ အဲဒီလိုဖြစ်ရင်တောင်မှ သူ့အပေါ် စိုးမိုးပိုင်နိုင်သူဖြစ်ရအုံးမယ်။ ဒါပေမဲ့သမီးရေ ……….. ဝင်ငွေကြမ်းတဲ့ယောက်
ကျားတစ်ယောက်ကိုချုပ်ကိုင်ဖို့ဆိုတာ အင်မတန်ခဲရင်းလှပါတယ်။ ။ (ဗီဇ၊ အကျင့်၊ ဝါသနာ ဆိုတာ….. ပြင်ဖို့ခက်တယ်၊
သေခြာရွေး…)




၂၈။ အမျိုးချစ်သော ယောက်ျား
အမျိုးကို ချစ်တတ်လွန်းတဲ့ ယောက်ျားတွေကို ရွေးချယ်မိပြန်တော့လည်း ပြသနာပါပဲ သမီးရယ်…။စ,ကတည်းက မြင်
သာလွန်းလှတဲ့ အဲဒီစရိုက်နဲ့ ယောက်ျားတွေကိုတော့ ရှောင်ကြဉ်နိုင်ရင်ကောင်းလိမ့်မယ် ထင်ပါရဲ့။တစ်မိသားနဲ့ တစ်မိ
သမီး ဘဝနှစ်ခု ပေါင်းစပ်ပြီဆိုရင် ဆွေမျိုးသားချင်းဆိုတဲ့သံယောဇဉ်တွေက နှောင့်ယှက်လာတတ်ကြတာ သဘာဝပါပဲ။
အဲဒီအချိန်မှာ နှစ်ဦးစလုံးက ညီမျှသောဆက်ဆံမှုတွေ ပြုတတ်ကြရမယ်လေ။ဒါပေမဲ့ တချို့ယောက်ျားတွေဟာ ကိုယ့်
အမျိုးဖက်ကို အင်မတန် အလိုက်သိတတ်ကြတယ်။သူတို့ဟာ အိမ်ထောင်တစ်ခု တည်ဆောက်လိုက်တာနဲ့ မိဘကိုမသိ
တတ်တော့ဘူး၊ သားချင်းတွေကိုမခင်တွယ်တော့ဘူး၊ ဆွေမျိုးတွေကိုမကူညီ မထောက်ပံ့တော့ဘူး ဆိုတဲ့ သွေးထိုး
လှုံ့ဆော်အပြောမျိုးတွေအပေါ်မှာ ခံနိုင်ရည်မရှိကြသူတွေပါပဲ။ကိုယ့်ဖက်ကိုသာ အလေးထားတတ်သူတွေမို့ သူ့ဖက်ကို
အရေးပေးမိခဲ့ရင် ကိုယ့်မိဘဆွေမျိုးတွေကလက်ညှိုးထိုး အပြစ်တင်လာလိမ့်မယ်ဆိုတဲ့ တဖက်သတ်အတွေးတွေနဲ့
မကြည်ဖြူတတ်သူတွေဖြစ်တယ်။တစ်ကိုယ်ကောင်းဆန်ခြင်း တစ်မျိုးပါပဲ သမီးရယ်……….။ပိုဆိုးတာက အဲဒီဆွေမျိုး
သားခြင်းတွေဟာ တည်ဆောက်ထားတဲ့ ဘဝမှာ နေရာတကာဝင်ပါတတ်ကြတာမျိုးပေါ့။ တစ်ခါတစ်ရံ အရေးပါတဲ့
အဆင့်ထိ စိုးမိုးခြယ်လှယ်လာတတ်ကြတယ်။သည်းခံနိုင်ရင်တော်ပါရဲ့၊ မခံနိုင်တဲ့အဆုံး ပြသနာတွေ အလုံးအရင်းနဲ့
ရင်ဆိုင်ရတော့တာပေါ့ကွယ်။။။(လူဆိုတာ..ပေါက်တူး လိုမျိုး- လိပ်လိုမျိုးတွေကွဲ့…ကိုယ်ချင်းစာစိတ် ရှိဖို့လိုတယ်)



၂၉။ ကပ်စေးနဲသော ယောက်ျား
တချို့သော ယောက်ျားတွေကြပြန်တော့လည်း ကပ်စေးနဲကြပြန်ရောကွယ်။ တစ်ကျပ်ကိုနှစ်ကျပ်မှတ်ပြီး ခွာကြည့်တတ်
သူမျိုးတွေပေါ့။ လူတော်တွေလို့ပဲ ဆိုရမလား။ သူတို့ဟာ များသောအားဖြင့် တစ်ကိုယ်ကောင်းဆန်သူတွေ ဖြစ်တတ်ကြ
တယ်။ ကိုယ့်အတွက်ဆိုရင်ဘယ်သူ့အပေါ်မှာမှ ငဲ့ညှာသနား ပေးကမ်းစွန့်ကြဲခြင်းမရှိသူမျိုးတွေပေါ့။ တချို့များ ကိုယ့်ဖို့ကို
တောင်ကိုယ်မသာထာလောက်အောင် ကပ်စေးနဲတတ်ကြတယ်။သူတို့ဟာ စီးပွားရှာရာမှာလည်း ကုပ်ကပ်ရှာဖွေတတ်ကြ
တယ်။ လုပ်ငန်းကြီးလုပ်နေပေမယ့် အသေးအမွှားဝင်ငွေကိုလည်း လက်မလွှတ်လိုတတ်ကြဘူး။ ဒါပေမဲ့ ကိုယ်ရှာဖွေသ
လောက် ကိုယ့်အတွက်အသုံးမချရက်ကြသူတွေမို့ သူတို့ဟာ လူလူသူသူခန့်ခန့်ညားညား ဘယ်တော့မှမနေတတ်ကြဘူး။
ကိုယ်ပိုင်ကား ဝယ်နိုင်ပါလျက်နဲ့ ဘတ်(စ်)ကား တိုးစီးကြသူမျိုးတွေပေါ့။ သူတို့ဟာလူမှုရေး ကိစ္စတွေအပေါ်မှာလည်း
မျက်နှာလွှဲတတ်ကြသူမျိုးတွေမို့ လူရာလည်း မဝင်ကြပါဘူး သမီးရယ်။။စာရေးသူအမြင်တော့ စီးပွားရေးဥစ္စာဆိုတာ
သေရာပါတော့ မဟုတ်ဘူးလေ။ တော်တန်ရုံချွေတာစုဆောင်းတတ်ရင်ပဲ ဘဝကို သာယာစေဖို့ လုံလောက်တယ်ထင်တာ
ပဲ မဟုတ်လား။။ဒါပေမဲ့ အဲဒီလိုတော့ သူတို့ကို ဖြောင့်ဖျဖို့ မကြိုးစားလေနဲ့။ သူတို့ကဆိုလိမ့်မယ်၊ အိုစာ မင်းစာ ဘယ်သူ
လာပေးမလည်းလို့။ဒီတော့ သူတို့လို ယောက်ျားမျိုးကို ရွေးချယ်မိခဲ့သူဟာ သူတို့နည်းတူ နေထိုင်စားသောက်နိုင်မှ ဖြစ်
မယ်။ အဲဒီ အလေ့အကျင့်မျိုး မိမိမှာ ရှိမနေရင်တော့ မစဉ်းစားတာ အကောင်းဆုံးပါပဲသမီးရယ်။(သေခြာ စဉ်းစား)



၃၀။ ဇွဲကောင်းသော ယောက်ျား
တချို့ယောက်ျားတွေကြတော့ ဇွဲသိပ်ကောာင်းကြတယ် သမီး…။ အလုပ်တစ်ခုကို မဖြစ်မနေ ကြိုးစားဆောင်ရွက်တတ်
ကြတယ်။ ရည်မှန်းချက်ပန်းတိုင်ဆီကိုလည်း မရောက်မချင်း တစိုက်မတ်မတ်လျှောက်လှမ်းတတ်ကြတယ်။ သူတို့ဟာ
ဆူးညှောင့်ခလုပ်တွေကိုလည်း နောက်တွန့်မသွားကြဘူး။ တက်ကျိုးရင် လက်နဲ့လှော်မယ်ဆိုတဲ့ လူစားမျိုးတွေပေါ့။
သူတို့ရဲ့အားမာန်တွေဟာရပ်တန့်မနေတတ်တာကြောင့် သူတို့ရဲ့ ဘဝတွေကိုလေ့လာကြည့်မယ်ဆိုရင်အမြဲတမ်း
ရှင်သန်လှုပ်ရှားရုန်းကန်ကြိုးစားနေတာ တွေ့ရလိမ့်မယ်။ဇွဲ၊ လုံ့လ၊ ဝီရိယရှိတဲ့ ယောက်ကျားတွေမို့ သူတို့ဟာ ချို့တဲ့နိမ့်
ကျလွန်းတဲ့ ဘဝဆိုးတွေထဲမှာ ကြာရှည်နေရသူတွေ မဟုတ်ဘူး။ ဘဝကြင်ဖေါ်ရွေးချယ်ရာမှာလည်းသူတို့နှစ်သက်သူကို
ဇွဲရှိရှိနဲ့ ရယူနိုင်တတ်ကြပြီး အဲဒီဘဝသစ်ကိုလည်း ခိုင်မာတည်တန့်အောင် ကြိုးပမ်းတတ်ကြတယ်။ဒါပေမဲ့ သူတို့ဟာ ဆန္ဒ
တစ်ခုကို မဖြစ်ဖြစ်အောင် ဖန်တီးယူတတ်ကြသူတွေမို့သူတို့ဆန္ဒမပါရှိပဲ ဘာကိုမှ တိုက်တွန်းလို့ရမယ့်သူတွေ မဟုတ်ဘူး
နော်။ပြီးတော့….သူတို့အားထုတ်နေတဲ့ ကိစ္စတစ်ခုအပေါ်မှာလည်းဝင်ရောက်စွက်ဖက်ဟန့်တားသတိပေးတာမျိုးကို လက်
ခံတတ်တဲ့သူတွေ မဟုတ်ဘူး။ဒါကြောင့် အဲဒီလိုယောက်ျားမျိုးကို လက်တွဲဖေါ်ရွေးမယ်ဆိုရင်တော့ သူတို့လုပ်သမျှ
လက်ခုတ်တီးအားပေးနိုင်သူဖြစ်ရမယ်။ မိမိဆန္ဒနဲ့ မကိုက်ညီရင်လည်း လိုက်လျောလက်ပိုက်ကြည့်နေနိုင်သူတော့ ဖြစ်ရ
လိမ့်မယ် နော် သမီး…..။ (ပါရမီဖြည့်ဖက် ဆိုတာကိုနားလည်အောင်ကြိုးစားထားပေါ့)




၃၁။ အရက်သောက်တတ်သော ယောက်ျား
အရက်မသောက်တတ်ဘူးဆိုသော ယောက်ကျားမျိုးကတော့ ရှာမှရှားပါပဲကွယ်။ အရက်ကလေးမှမသောက်တတ်ရင်ပဲ
ယောက်ျားမဟုတ်တော့သလောက် အရက်ရဲ့ လွှမ်းမိုးမှုက အင်အားကြီးလှတယ်။ တချို့က အရက်ကိုသောက်ရုံသာ
သောက်တတ်ပြီး အလွန့်အလွန် ကြုံကြိုက်မှသာသောက်တတ်ကြတယ်။ အချို့ကတော့ ကြုံတိုင်းသောက်တယ်။
တချို့တလေကကျန်းမာရေးအတွက်ဆိုပြီးနေ့စဉ်အတိုင်းအဆနဲ့သောက်တတ်ကြတယ်။တချို့များကြတော့အတိုင်းအဆ
မရှိအလွန်အကျွံအကြောင်းရှာပြီးလိုက်ရှာသောက်တတ်ကြတယ်သမီးရေ…..။အရက်သောက်ပြီး တချို့က လုံးဝစကား
မပြောတော့ဘူး အိပ်ပစ်တတ်ကြတယ်။ အချို့ကအရက်သောက်ပြီး အရက်မှုးရင် စကားအလွန်များတတ်ကြတယ်။
တချို့ကတော့ အရက်မှုးပြီးပြသနာရှာတတ်ကြလေရဲ့၊။ဘာပဲဖြစ်ဖြစ် အရက်ဆိုတာကတော့ ဘယ်လိုကောင်းကျိုးမှ
မပေးတတ်တဲ့၊ ဘယ်ဘုရားကမှမနှစ်သက်တဲ့ ပညတ်ချက်ပါ။ ဒါပေမဲ့ ရှောင်နိုင်ခဲလှတဲ့ ဆွဲဆောင်မှုပါပဲလေ။အဲဒီတော့
သမီးရဲ့ ဘဝကြင်ဖေါ် ဖြစ်မဲ့သူဟာ အရက် မသောက်သူ ဖြစ်နိုင်ရင်အကောင်းဆုံးပဲ။သောက်တတ်ရင်လည်း ဘယ်လို
သောက်တတ်သူလည်း ဆိုတာ လေ့လာကြည့်ပါ။အရက်သောက်တတ်ခြင်ဟာ မွေးရာပါ ဗီဇစရိုက် မဟုတ်တဲ့အတွက်
ထိန်းချုပ်ဖြတ်တောက်နိုင်တဲ့အမှုအကျင့်တမျိုးမို့ ကြိုးစားပြုပြင်ပြီးမှ လက်တွဲတာ အသင့်ဆုံးဖြစ်ပါတယ်။သူဟာ သိပ်ချစ်
တတ်သူ၊ ပြီးတော့ အရက်ကို အလွန်အမင်း မဆွဲလမ်းသေးဘူးဖြစ်ရင် သမီးအောင်မြင်နိုင်မှာပါ။။။



စိတ်ရှည်ရှည်ထားပြီး စောင့်ဖတ်ပါနော်.....နံပါတ် ၆၀ ကျော်ရှိမယ်.......ကိုယ့်ကို ကိုယ်..ကိုယ်နံပါတ်ဘယ်လောက်လည်း
ဆိုတာ တိုက်ဆိုင်ကြည့်ပေါ့...တချို့ဆို (ကိုယ်တိုင်) နံပါတ် ၃၊ ၄၊ ၅ မျိုး ရှိတတ်ပါတယ်။လူတော်တွေပေါ့...လိုင်းပေါင်းစုံ
(မထသ)တွေလေ..........


ကျေးဇူးပါ..စောင့်ဖတ်ကြည့်နော်...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...