ခြားနားချက်
ဦးချို ရှိတဲ့သတ္တဝါဟာ
ဦးချိုအားကိုးနဲ့ အနိုင်ယူတတ်တယ်။
အဆိပ်ရှိတဲ့ သတ္တဝါဟာ
အဆိပ်အားကိုးနဲ့ အနိုင်ယူတတ်တယ်။
ခွန်အားကြီးတဲ့ သတ္တဝါဟာ
ခွန်အား အားကိုးနဲ့ အနိုင်ယူတတ်တယ်။
အာဏာရှိတဲ့ သတ္တဝါဟာ
အာဏာ အားကိုးနဲ့ အနိုင်ယူတတ်တယ်။
ငွေကြေးဥစ္စာ ရှိတဲ့သတ္တဝါဟာ
ငွေကြေးဥစ္စာနဲ့ အနိုင်ယူတတ်တယ်။
မိုက်ဂုဏ်ရှိတဲ့သတ္တဝါဟာ
လူမိုက်လုပ်ရပ်နဲ့ အနိုင်ယူတတ်တယ်။
ဒါဆိုရင်--
လူနဲ့ တိရိစ္ဆာန် ဘယ်လိုခွဲခြားမှ မှန်မလဲ
လူဆိုရင်
ခွန်အားရှိပေမယ့် ကြင်နာတတ်တဲ့နှလုံးသား ရှိရမယ်။
အာဏာရှိပေမယ့် နားလည်တတ်တဲ့ အသိတရားရှိရမယ်။
ဓနဂုဏ်ရှိပေမယ့် ညှာတာတတ်တဲ့ စိတ်ဓါတ်ရှိရမယ်။
မြင့်မြတ်တဲ့ လူသားဆိုတာ
ကိုယ်ချင်းစာတရားကြီးမှ
လူပီသ မှာပေါ့။
။။။။။။။။။။ကိုစိုးနိုင်။။။။။။။ ။။။။
0 comments:
Post a Comment