ရှေးမူမပျက် ခေတ်သစ်လူ့ဘောင် (နိဒါန်း)
by ဧ၀ံမေသုတံ on Saturday, 24 March 2012 at 02:07 ·
(က)
နိဒါန်း
ကာရာဂိုရမ်တောင်တန်းကြီ၏အောက် ဘက် ဟိမ၀န္တာတောင်တန်းဒေသရှိ ကက်ရှမီးယားပြည်နယ်၏ အစိတ်အပိုင်း (ခရိုင်) တစ်ခုဖြစ်သော လာဒါတ်နယ်သည် ဝေလံခေါင်သီသော ကုန်းမြင့်ကန္တာရအပေါ်တွင် တည်ရှိသည်။ လာဒါတ်နယ်သည် ပင်လယ်ပြင်ရေမျက်နှာအထက် ပေပေါင်း နှစ်သောင်းခန့်အထိ မြင့်မားသော တောင်ထွတ်များနှင့် ကျယ်ပြန့်ခြောက်သွေ့သော တောင်ကြားများနှင့် ပြည်နှက်နေပါသည်။ ထိုအပြင် ဟိမ၀န္တာတောင်တန်း၏ မိုးကွယ်ရပ်ဝန်းတွင်တည်ရှိသောေေ ကြာင့် အပူရိုန်ပြင်းထန်ပြီး လေပြင်းများ တိုက်ခတ်လေ့ရှိသော ကုန်းမြင့်ကန္တာရတစ်ခုဖြစ်သည်။ လာဒါတ်နယ်မှ တောင်ဖက် အိန္ဒိယပြည်သို့ဆက်သွယ်ရာတွင် ဟိမန္တာတောင်တန်း ရှိနေသဖြင့် လမ်းခရီးမပြေပြစ်သော်လည်း မြောက်ဖက် တိဘက်ပြည်နယ်နှင့် ဆက်သွယ်ရေး အလွန်လွယ်ကူပေသည်။ ထို့ကြောင့် ဟိမ၀န္တာမှ အာသံ၊ဘူတန်၊နီပေါနိုင်ငံမြောက် ပိုင်းရှိ မွန်စတန်နှင့် ဒိုလပိုနယ်များနည်းတူ လာဒါတ်တွင်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကပင် တိဘက်ဗုဒ္ဓဘာသာ(မယာယန)အမြစ်စွဲခဲ့ သည်။ လာဒါတ်လူမျိုးတို့၏ ဘာသာစကားသည် တိဘက်ဘာသာစကားအုပ်စုတွင်ပါဝင် ပါသည်။
၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့က မွတ်ဆလင်တို့၏ ပါကစ္စတန်နိုင်ငံနှင့် ဟိန္နူတို့၏ အိန္ဒိယနိုင်ငံဟူ၍ သီးခြားလွတ်လပ်ရေးပေးခဲ့သည်။ လာဒါတ်ခရိုင်မှာ ထိုနှစ်နိုင်ငံကြားရှိ လွတ်လပ်သောကက်ရှမီးယားပြည် အတွင်းတည်ရှိသည်။ လာဒါတ်ယဉ်ကျေးမှုများမှာ အလွန်ရှေးကျပေသည်။
လာဒါတ်ဘုရင့်နိုင်ငံကို တာတာလူမျိုးများက နှစ်ပေါင်းနှစ်ထောင်ကျော်က ထူထောင်ခဲ့သည်။ တာတာတို့သည် အလွန်မြင့်မားသော ဒေသ၌ တိုတောင်းသော စိုက်ပျိုးရေးရာသီအတွင်း ဘာလီ၊ပဲသီး၊နိုကိုဥ နှင့် အာလူးတို့ကို ကျွမ်းကျင်စွာ စိုက်ပျိုးတတ်ကြသည်။ သစ်ကြားသီးနှင့် တရုတ်ဆီသီးတို့ကို မြေနိုမ့်ပိုင်းတွင် စိုက်ပျိုးကြသည်။ လာဒါတ်လုမျိုးတို့သည် ရတတ်သမျှသောရေ နှင့် ပါးလွှာသောမြေဆီလွှာ ကို ချွေတာလျက် ကြမ်းတမ်းသောရာသီဥတုတွင် ကောင်းမွန်စွာ စိုက်ပျိုးလုပ်ကိုင် နိုင်ကြသည်။ မွေးမြူရေးအနေနှင့် သိုး၊ဆိတ်၊လား အပြင် အာရှအိမ်မွေးနွားမနှင့် ယာ့ ခေါ်သော အနက်ရောင်ရှိသည့် နွားတစ်မျိုးကိုလည်း ကျွမ်းကျင်စွာမွေးမြူကြသည်။ အကြမ်းခံသော အမွေးပွမြင်းပုမျိုး ကိုလည်း မွေးမြူကြသည်။ ဤတိရစ္ဆာန်တို့၏မစင်များကို အခြောက်လှမ်းကာ မီးဖိုချောင်လောင်စာအဖြစ် လည်းကောင်း၊ဆောင်းရာသီတွင် အနွေးဓာတ်ရရန် အတွက်လည်းကောင်း အသုံးပြုကြသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်အထိ လဒါခီလူမျိုးတို့သည် အဓိကအသုံးအဆောင်များ ဖြစ်သော အိုးအိမ် ဆောက်လုပ်ရေးပစ္စည်း၊ အ၀တ်အတည်နှင့် အစားအသောက်တို့ကို မိမိဒေသ၌ပင် ဖန်တီးထုတ်လုပ် ယူခဲ့ ကြသည်။ နေအိမ်များကိုဆောက်လုပ်ရာတွင် ကျောက်တုံး၊ ရွှံ့စေးနှင့် ထုံးတို့ကို အဓိကအသုံးပြုကြသည်။ လူတို့၏ မစင်ကို ပြာ၊ မြေကြီးတို့နှင့်ရောနှော၍ မြေသြဇာအဖြစ် အသုံးပြုကြသည်။ သို့ဖြစ်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှု အလျည်းမရှိသည်သာမက အလာဟသ လေလွင့်ပြုန်းတီခြင်းကို လည်း ကာကွယ်နိုင်ပေသည်။
ဗုဒ္ဓအဆုံးမအောက်တွင် အသက်ရှင်ကြသော လဒါခီလူမျိုးတို့သည် မြေဆီလွှာနှင့် ရေကိုပင် ချွေတာ၍ အကျိုးရှိစွာအသုံးချတတ်ကြသည်။ ချွေတာခြင်းသည် ကပ်စေးနှဲခြင်းနှင့် မတူပါ။ ချွေတာသုံးစွဲခြင်းသည် သဘာဝသယံဇာတများကို တန်ဖိုးထားပြီး လောကကြီးအား ကျေးဇူးတုံ့ပြန်ရာရောက်ပေသည်။ လာဒါတ်ဒေသတွင် သောက်သုံးရေကို ရေခဲမြစ်ငယ်များမှ သီးခြားသွယ်ယူကြသည်။ စိုက်ခင်းအတွင်းသို့ ရေကို လုံလောက်စွာရရှိစေရန် ရေစီးချောင်းမှရေသွယ်၊ရေလွဲ၊ ရေနှုတ်မြောင်းငယ်များကို စနစ်တကျဖောက် လုပ်ထားကြသည်။
လာဒါတ်စကားအသုံးအနှုန်းအချို့မှာ ဟိုပီနှင့် အိန္ဒိယလူနီစကားများနှင့် အလွန်ဆင်တူသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ ဥပမာအားဖြင့် ဘာလီမုန့်ညက် ကို လာဒါတ်လူမျိုးတို့က ဆန်ဌဟုခေါ်သည်။ ထိုထက် ပို၍ လူမျိုးများကြား၌ ဓလေ့စရိုက်များလည်း ဆင်တူပေသည်။ ဥပမာ အိမ်ဆောက်လျှင် နေထွက်ရာဘက်သို့ မျက်နှာမှုခြင်း၊ဆောင်းရာသီ၌ ပုံပြောခြင်းကို ရှောင်ကြဉ်ခြင်း၊ ကိုယ်ပိုင်အိမ်သုံး ဆေးမြီးတိုများနှင့် ရောဂါကုသနည်းများရှိခြင်း၊ သက်ကြီးရွယ်အိုနှင့် ကလေးသုငယ်များ ကို လေးစားနေရာ ပေးတတ်ခြင်းတို့မှာ ဤလူမျိုးတို့၏ တူညီသော ဓလေ့များဖြစ်သည်။
လဒါခီလူမျိုးများသည် ယဉ်ကျေးသိမ့်မွေ့ပြီး မာန်မာနကင်းသူများဖြစ်သည်။ သူတစ်ပါးကို ကုညီမစရန် လည်း စိတ်အားထက်သန်ကြသည်။ ကျွန်တော်သည် လာဒါတ်သို့ ကိုယ်တိုင်မရောက်ဖူးသော်လည်း ဤစာအုပ်အရ လာဒါတ်နယ်မှ ဘာသာဓလေ့ထုံးစံများ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့သည် ကျွန်တော် သိသော ဒိုလပိုလူမျိုးတို့နှင့် များစွာဆင်တူကြောင်း တွေ့ရသည်။ ကျောက်ဆောင် တောင်ကုန်း များနှင့် ပြည်နှက်နေသော လာဒါတ်နှင့် ဒိုလပိုနယ်များတွင် ထူပါများ၊ စေတီငယ်များ၊ သာသနာအလံ စိုက်ထူထားသော ဆုထောင်းဝတ်ပြုရာကျောက်ဂုငယ်များကို ပေါများစွာတွေ့ရသည်။ အာရှ ၀ံပုလွေ၊ နှင်းကျားသစ်နှင့် သိုးပြာ ခေါ် ဆိတ်တစ်မျိုးကို ဤဒေသများတွင် အတွေ့ရများသည်။
လာဒါတ်ရိုးရာပွဲလမ်းသဘင်များတွ င်တင်ဆက်လေ့ရှိသော ဇာတ်လမ်းတွဲများ အနက် တစ်ချိန်က ပိုင်ဆိုင် ခဲ့ဖူးသော နိဗ္ဗာန်ဘုံငြိမ်သက်ချမ်းသာမှုများကို ပြန်လည်လွမ်းဆွတ်တမ်းတနေဟန် ဇာတ်လမ်းတစ်ခု အပါဝင်ဖြစ်သည်။ လာဒါတ်လူမျိုးတို့က ဘ၀၏သင်္ခါရတရားကို လက်ကိုင်ထားသူများဖြစ်ရာ လောဘရမ္မက် နည်းပြီး တင်းတိမ်ရောင့်ရဲနိုင်ကြသူများ ဖြစ်သည်။ လဒါခီလူမျိုးတို့၏ သက်မွေးဝမ်းကြောင်းမှုလုပ်ငန်းများ တွင် တိရစ္ဆာန်နှင့် လူအင်အားကိုသာ အဓိက အသုံးပြုကြသည်။ မြေယာထွန်ယက်ရာတွင် တိရစ္ဆာန်များကို အသုံးပြု၍ ကောက်ပဲသီးနုံများကို ကြိတ်ခွဲရာတွင် ရေအားသုံးဘီး(ဒလက်)များကို အသုံးပြုကြသည်။ ထိုသို့ ရှေးကျသော လူအဖွဲ့စည်းများသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေး နိုင်စွမ်း ရှိရှံမျှသာ မက ကမ္ဘာသဘာဝသယံဇာတများကို ပိုမိုအဓွန်ရှည်စွာ ထိန်းသိမ်းပေးနိုင်သည်။ သဘာဝလောကကြီးနှင့် သဟဇာတ ရှိခြင်းသည်ပင် ငြိမ်းချမ်းပျော်ရွှင်မှုကို ဖန်တီးပေးခြင်းဖြစ်သည်။
ဤစာအုပ်ကိုရေးသားသူ မစ္စနော်ဘာဟော့ဂ်ျသည် လက်တွေ့သမားတစ်ဦး ဖြစ်ပြီး သူမ၏ ခံယုချက်များကို ဤသို့ရေးသားဖော်ပြခဲ့သည်။“ယနေ့ေ ဘာဂဗေဒပညာရှင်များနှင့် ဖွံဖြိုးတိုးတတ်ရေးပါရဂူတို့၏ ခေတ်သစ် ဖွံဖြိုးရေးစီမံကိန်းအမြင်သည် တစ်ဖက်သတ်ဆန်ပြီး အဆိုပါ ဖွံဖြိုးတိုးတတ်ရေးလုပ်ငန်းများ ၏ ဆိုးကျိုးများကို မှုမျက်ကွယ်ပြုနေကြသည်။ ထိုတစ်ယုသန် တစ်ဖက်အမြင်နှင့် လုပ်ဆောင်မှုများကြောင့် ကမ္ဘာပေါ်ရှိ လူအများစုတို့၏ ဘ၀အခြေအနေကို အကျိုးမပြုနိုင်ရုံမက တတိယကမ္ဘာမှ ကျေးလက်နေ လုသန်းပေါင်းများစွာတို့၏ လူနေမှု အဆင့်အတန်းကို ပို၍ပင် နိမ့်ကျလာစေသည်။”
ယနေ့ခေတ်သစ်နည်းပညာရပ်များသည် သဘာဝအရင်းအမြစ်နှင့် တွင်းထွက်လောင်စာကို အခြေခံကာ ဗဟိုချုပ်ကိုင်မှုနှင့် တစ်ခုကောင်းကျွမ်းကျင်မှုကို ဦးတည်နေသည်။ သို့ဖြစ်၍ စိုက်ပျိုးရေးနှင့် သမားရိုးကျ ကုန်ပစ္စည်းဖလှယ်မှု အစား စက်မှုကုန်ထုတ်လုပ်ငန်းနှင့် မြို့ပြလူနေမှုစနစ်သို့ ရွှေ့လျားပြောင်းလဲလာစေ သည်။ စက်မှုကုန်ထုတ်လုပ်ငန်းကြောင့် လူ၏လုပ်အားကို ချွေတာခြင်း ဟူသော ကျဉ်းမြောင်း သည့် ခံယူချက်များ ထွက်ပေါ်လာသည်။
ခေတ်သစ်စက်မှုနှင့် နည်းပညာစနစ်သည် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်မှု သက်သက်ဖြစ်သော ကြောင့် လူအဖွဲ့စည်းတစ်ရပ်လုံး၏ တိုးတတ်မှုကို နှောင့်နှေးကြန့်ကြာစေသည်။ စီးပွားရေးတွင် နိုင်ငံတကာ ကုန်သွယ်မှုစနစ်ကို ကျင့်သုံးခြင်းဖြင့် ကမ္ဘာနိုင်ငံအသီးသီးမှ ရုပ်ဝတ္တုပစ္စည်းများနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် (ဥပမာ--၀တ်စားဆင်ယင်မှုနှင့် တေးဂီတ) တို့ အတွက် တူညီသော ဘုံယဉ်ကျေးမှု တစ်ရပ်ကို ပေါ်ပေါက်စေသည်။ ဘုံယဉ်ကျေးမှုရလဒ်အဖြစ် လူနည်းစု တိုင်းရင်းသားဘာသာ စကားများ တိမ်ကော ပျောက်ကွယ်သွားနိုင်ပါသည်။ တိုင်းတစ်ပါးမှ ပညာရေး၊ ဓလေ့ ထုံးစံနှင့် ယဉ်ကျေးမှုများ ကို အထင်ကြီင်္း ကျင့်သုံးလာလျှင် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို အထင်သေးစွန်ပစ်ခြင်း ကြောင့် ယဉ်ကျေးမှုနှင့် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါသည်။
လာဒါတ်နှင့် အခြားသော တတိယကမ္ဘာမှ နိုင်ငံများတွင် ၎င်းတို့နှင့် မဆီလျော်သော စီးပွားရေးစနစ်သစ်များကြောင့် မလိုလားအပ်သော ဆိုးကျိုးများဖြစ်ထွန်းလာရသည်။ စီးပွားရေး စနစ်သစ်များ ကြောင့် မလိုလားအပ်သော ဆိုးကျိုးများဖြစ်ထွန်းလာရသည်။ စီးပွားရေးပြိုင်ဆိုင်မှု များကြောင့် အချင်းချင်းမကျေနပ်မှု၊အငြင်းပွားမူ၊ ပဋိပက္ခနှင့် စစ်မက်များဘက်သို့ ဦးတည်လာစေသည်။ ဤနိုင်ငံများ၏ ကံကြမ္မာသည် ကမ္ဘာဘဏ်အပါအ၀င် ဘဏ်ကြီးများနှင့် စီးပွားရေးကော်ပိုရေးရှင်းများ၏ စီမံခန့်ခွဲမှုအပေါ်တွင် မူတည်နေပေသည်။ သို့ဖြစ်သော်လည်း အနောက်တိုင်း (ဖွံဖြိုးပြီး)နိုင်ငံများ၏ စီးပွားရေးစနစ်အပေါ် အခြေခံထားသော အဆိုပါ အဖွဲ့အစည်းများသည် တတိယကမ္ဘာ(ဖွံဖြိုးဆဲ၊ မဖွံဖြိုးသေးသော) နိုင်ငံများ၏ အကျိုးစီးပွားကို မဖော်ဆောင်နိုင်ပေ။ တတိယကမ္ဘာနိုင်ငံများ၌ လူဦးရေ အလွန်အမင်းတိုးတတ်များပြားလြာ ခင်းကြောင့် ကမ္ဘာအနုံအပြားရှိ ယဉ်ကျေးမှုများ ချိနဲ့လာခဲ့ရသည်။ ပြည်ပမှ နည်းပညာနှင့် အရင်းအနီုးများကိုမှီ၍ စီးပွားရေးချဲ့ထွင်တိုးတက်လာသည် နှင့် အမျှ လူတို့၏ တာဝန် သိတတ်မှု လျော့နည်းလာရုံမျှမက သဘာဝသယံဇာတဖြုန်းတီးမှုများကိုပါ တွေ့လာရသည်။ အကောင်းမြင်ဝါဒီများကမူ သိပ္ပံပညာသည် သယံဇာတရှားပါးမှုမှ လွတ်မြောက်ရန်နှင့် အဆိုပါ သဘာဝသယံဇာတများကို နှစ်ကာလအပိုင်းအခြားမရှိဘဲ ကြာမြင့်စွာအသုံးပြုရန် တီတွင်လုပ်ဆောင် လိမ့်မည်ဟု ဆိုသည်။
အမှန်မှာ တစ်စုံတစ်ရာသော အကန့်အသတ်အတွင်း၌ တည်ရှိသော သဘာဝသယံဇာတများကို လူသားများ အနေဖြင့် တိုးပွားများပြားအောင် လုပ်ဆောင် နိုင်ခြင်းမရှိပေ။ ထို့ကြောင့် အကန်အသတ် ရှိသော သဘာဝသယံဇာတအရင်းအမြစ်များကို တရားမျှတစွာ စနစ်တကျခွဲဝေသုံးစွဲရန် အထူးလိုအပ် ပါသည်။ ယနေ့ခေတ်စားနေသော “ကမ္ဘာအတိုင်းအတာနှင့် စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲ ရေး” ဆိုသည် မှာ လက်တွေ့တွက် မလိုအပ်လှပေ။
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းေ က်ာပိုရေးရှင်းများနှင့် ဖွံဖြိုးရေး အထောက်အပံပေးမည့် အဖွဲ့အစည်းများသည် ဖွံဖြိုးဆဲနိုင်ငံများ၏ လက်ရှိပခြေအနေများနှင့် ဆီလျှော်ဟပ်စပ်မှု၊ ထိရောက်မှုမရှိသော မိမိတို့၏ နည်းပညာရပ်များကို ပြန်လည်ဆန်းစစ်သင့်ပေသည်။ တစ်နည်းအားဖြင့် ယခင်က ကြေးမြီနှင့် စီးပွားရေး အမှီအခိုကင်းသော ပတ်ဝန်းကျင်နှင့် လူအဖွဲ့စည်း ညစ်ညမ်းမှုကင်းသော နိုင်ငံများတွင် ယနေ့ခေတ်သစ် နည်းပညာရပ်များကြောင့် စီးပွားရေးကြပ်တည်းမှု၊ ကြွေးမြီတင်ရှိမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမူနှင့် လူမှုရေးပြဿနာများ ပေါ်ပေါက်လာရခြင်းအတွက် ဖွံ့ဖြိုးရေးစီမံကိန်းများကို ပြန်လည်ဆန်းစစ်သင့်သည်။ ဗုဒ္ဓဘာသာ လဒါခီလူမျိုးတို့ ခံယူယုံကြည်သော သဟဇာတနှင့် အညမညတရားသည် အနောက်တိုင်းနည်း ပညာလုပ်ထုံးများနှင့် လုံးဝကွာခြားလှပါသည်။
လဒါခီလူမျိုးတို့သည် အနောက်တိုင်းယဉ်ကျေးမှုနှင့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးလာသော အခါ ဗုဒ္ဓတရား၏ သွန်သင်မှုများမှ သွေဖီလာကာ တည်ငြိမ်အေးချမ်းမှု လိုက်လျောညီထွေရှိမှု ညီညွတ်မျှတမှုများ ပျောက်ဆုံးကုန်တော့သည်။ လွန်ခဲ့သော (၁၆)နှစ်ခန့်က လာဒါတ်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိစဉ် လဒါခီလူမျိုးတို့ သုံးစွဲသော သစ်သားအိုးများကို တန်ဖိုးကြီးကြီးပေးဝယ်၍ပင် မရနိုင်သော်လည်း ယခုအခါ ထိုသစ်သားထောပတ်အိုးများကို တန်ဖိုးအနည်းငယ်မျှနှင့် ရောင်းချနေကြပြီး ၎င်းတို့ကိုယ်တိုင် သံဗူးများကို အစားထိုးသုံးစွဲလာကြသည်ကို တွေ့ရသည်။ ထုတ်ကုန်တိုးတတ်မှုများလာပါက လုမှုရေးအပိုင်းတွင် ပို၍ဆုံးရှုံးနစ်နာစေပါသည်။ ဒေသဖွံ့ဖြိုးရေး၏ အခြေခံအုတ်မြစ်အဖြစ် မိသားစုကြီးများ နှင့် ဖွဲ့စည်း ထားသော လာဒါတ် လူမှုအဖွဲ့စည်းသည် ယခုအခါ တစ်နယ်တစ်ကျေးတွင် သွားရောက်ကာ စီးပွားရှာ ခြင်းဖြင့် မိသားစုအသိုက်အမြုံများပြိုကွဲ စပြုလာသည်။ စီးပွားရေးကိုသာ အားသန်ဖက်တွယ် နေရခြင်း ကြောင့် လူမှုဆက်ဆံရေးတွင် မပြေလည်မှုများရှိလာပြီး ဗုဒ္ဓတရား၏ အဆုံးအမနှင့် သွေဖီဆန့်ကျင်လာ သည်။ ဒေသနှင့် မညီညွတ်သော နည်းပညာဖွံ့ဖြိုးမှုများက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို အထင်အမြင်သေးလာစေ ပြီး အလိုလောဘလွန်ကျူးခြင်းကြောင့် ဆိုးကျိုးများစွာဖြစ်ပေါ်စေသည်။
တစ်ခုကောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှ င့် အတူ အိမ်ထောင်စုနှင့် ကင်းကွာလျက် တစ်ရပ်တစ်ကျေးတွင် အလုပ်သွားရောက်လုပ်ကိုင်လာကြသည် ။ စီးပွားဖက်များ၊ ဖောက်သည်များ၊ သူစိမ်းများနှင့်သာ ထိတွေ့မှုများလာပြီး လုမှုဆက်ဆံရေးတွင် အလုပ်သဘောဆန်ကာ သားသမီး၊ မိသားစုနှင့် ရင်နီုးမှုလျော့နည်းသွားသည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုသည် အရိုန်အဟုန်ပြင်းစွာ ပြိုကွဲလာသည်။ ဖွံ့ဖြိုးတိုးတက်မှုများက လဒါခီလူမျိုးတို့အတွက် စိတ်ဝမ်းကွဲမှု၊ သွေးကွဲမှုနှင့် မညီညွတ်မှုများ ကို ဖြစ်ပေါ်စေသည်။ အမေရိကန်နိုင်ငံတွင်ထုတ်ဝေသော စာအုပ်တစ်အုပ်တွင် ၀င်ဒယ်လ်ဘယ်ရီ ဆိုသူက ဤသို့ ဖော်ပြထားသည်…………
“တစ်ခုကောင်းကျွမ်းကျင်သော အသက်မွေးဝမ်းကျောင်းမှုအောက်တွင် လူ့အဖွဲ့အစည်းသည် စုစည်း သယောင်နှင့် ပရမ်းပတာဖြစ်ပြီးလူမှုအဆောက်အအုံ ကြီးမှာ ပြိုကွဲလာနေသည်။ ခေတ်သစ်သိပ္ပံနှင့် နည်းပညာဖွံးဖြိုးမှုစီမံကိန်းများ အောက်တွင် လူသားများ၏ တာဝန်သိတတ်မှုနှင့် ပရမ်ပတာဖြစ်နေပြီး လူမှုအဆောက်အအုံကြီးမှာ ပြိုကွဲလာနေသည်။ ခေတ်သစ်သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးမှုစီမံကိန်းများ အောက် တွင် လူသားများ၏တာဝန်သိတတ်မှုနှင့် အကျင့်စာရိတ္တများ ပျက်ပြားလာကြသည်။ ယနေ့ ပစ္စုပ္ပန်တွင် ကမ္ဘာ့သယံဇာတအရင်းအမြစ်များကို ပစ္စုပ္ပုန်တွင် စည်းစနစ်မဲ့၊ တာဝန်မဲ့ သုံဖြုန်းပစ်ခြင်း သည် မိမိတို့ အနာဂတ်ကို ဖျက်ဆီးပစ်နေခြင်းဖြစ်သည်။
သဘာဝအရင်းအမြစ်များကို စနစ်တကျသုံးစွဲရန်ထိန်းသိမ်းစော င့်ရှောက်ရန် ကမ္ဘာ့လူအရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရန် ကမ္ဘာ့လူအရင်းအမြစ်ထိန်းသိမ်းရေး အဖွဲ့အစည်းများက လမ်းညွန်ခြင်းလှုံဆော် အသိပေးခြင်းပြုနေသော်လည်းဒ လက်တွေ့လိုက်နာကျင့်သုံးကြရန်မူ မစွမ်းဆောင်နိုင် ကြပေ။ လူသားတစ်ဦးစီ၏ လုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့သယံဇာတပြုန်းတီးမှု ဖြစ်ပေါ်စေသကဲ့သို့ပင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မှာ လည်း လူ့အဖွဲ့စည်းအတွင်းရှိ လူသားတစ်ဦး စီ၏ တာဝန်သိတတ်မှု ဆင်ခြင်တိုင်းတာတတ်မှုအပေါ်တွင် မူတည်နေပေသည်။
ဤစာအုပ်တွင် ကမ္ဘာကြီးအပေါ်အညှာအတာကင်းမဲ့ကာ တစ်ဖက်သတ် ဆန်လှသောလူသားများအား မိမိတို့လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန်၊ ရပ်တန့်ပစ်ကြရန် ဟင်လင်နာက အလေးအနက် တိုက်တွန်းနှိုး ဆော်ထားသည်။ ဟောပြောပွဲများတွင်လည်း သူမက သဘာဝအရင်းအမြစ်ကာကွယ်ထိန်းသိမ်း ရေးအတွက် အရေးကြီးပုံများကို အကျိုးအကြောင်းခိုင်လုံစွာ ဟောပြောပြီး ကမ္ဘာသဘာဝအရင်းအမြစ် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ကြရန် လူထုပရိသတ်ကြီးအား တိုက်တွန်းနှိုးဆော်လေ့ရှိသည်။
ဟယ်လင်နာသည် ရိုးသားတည်ကြည်ပြီး ဥာဏ်ပညာထက်မြက်သူ၊ စိတ်ဓာတ်ခိုင်မာသူတစ်ဦးဖြစ်သည် ။ သူမသည် နိုင်ငံ ငါး နိုင်ငံတွင်ပညာဆည်းပူးခဲ့ပြီး ဘာသာစကား ခြောက်မျိုးကို ကျွမ်းကျင်စွာပြောဆို ရေးသားနိုင်သည်။ လာဒါတ်သို့ ပထမဆုံးရောက်ရှိသည့် နှစ်တွင်ပင် လဒါခီဘာသာစကားကို သင်ယူတတ်မြောက်ခဲ့သည်။ လဒါခီစီမံကိန်းကို အကောင်တည်ဖော်နိုင်ရန် ကျွမ်းကျင်အပ်သော လူမှုရေးပညာ၊ သိပ္ပံပညာနှင့် အခြားစွမ်းအင်ဆိုင်ရာပညာရပ်များ ကို လေ့လာဆည်းပူးခဲ့သည်။ လဒါခီစီမံကိန်းစတင်ချိန်မှစ၍ ကမ္ဘာ့ပညာရှင်အများအပြား၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ ဟယ်လင်နာသည် (၁၆) နှစ်တာကာလအတွင်း နှစ်စဉ် (၆)လမျှ လာဒါတ်နယ်တွင် သွားရောက်နေထိုင်ကာ သူမ၏စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ဤ “ရှေးမှုမပျက်ခေတ်သစ်လူဘောင်” စာအုပ်တွင် ဗုဒ္ဓ၏အယုဝါဒနှင့် ဗုဒ္ဓဘာသာကျင့်ထုံးများကို ရှင်းလင်းစွာ တွေ့မြင်ရသလို ဗုဒ္ဓတရားနှင့်အညီ ဖွဲ့စည်းအပ်သော ရှေးခေတ်လူမှုရေးယန္တရားနှင့် လူအဖွဲ့စည်းကို နားလည်လာရသည်။ တစ်ပြိုင်နက်တည်းမှာပင် အဆိုပါ သဟဇာတရှိလှသော ရှေးကျကျလူအဖွဲ့စည်းကို ပြိုကွဲလာစေမည့် ခေတ်သစ်နည်းပညာနှင့် အယူဝါဒအတွေးအခေါ်များ၏ ခြိမ်းခြောက်မှု အန္တရယ်ကို မျက်ဝါးထင်ထင် သိမြင်နိုင်ပေသည်။ သို့ဆိုသော် လဒါခီ လူအဖွဲ့စည်း၏ ကြွယ်ဝမှုတို့ကို လုံးလုံးပျက်စီးပြိုကွဲသွားပြီ ဟု မဆိုလိုပါ။ ယနေ့ဖြစ်ပေါ်နေသော လူမှုရေး၊စီးပွားရေး အခက်အခဲပြဿနာများအတွက် ဤစာအုပ်က အဖြေရှာနည်းလမ်းခင်းပြထားသည်။ ထိုမျှမက ခိုင်မာသောခံယူဆုံးဖြတ်ချက်နှင့်  အတူပြဿနာများကို လက်တွေ့ဖြေရှင်းသွားကြရန် အနာဂတ်၏ လှပမှုကို မျှော်လင့်လျက် လှုံဆော်ထားသည်။
လဒါခီ လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့စည်းများ၏ အခြေအနေများမှ ကျွန်ုပ်တို့အတွက် သင်ခန်းစာယူစရာ များစွာရှိသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့၏ လူ့အဖွဲ့စည်းသည်လည်း မဝေးတော့သော အနာဂတ်တွင် အခက်ခဲ အကြပ်အတည်းများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
အိန္ဒိယနိုင်ငံပိုင် ဂျမ္မူးနှင့် ကတ်ရှမီယားပြည်နယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လာဒါတ်နယ်တွင် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ “လေး” ခရိုင်နှင့် အစ္စလာမ်ဘာသာဝင်အများရှိသော “ကာဂီး”ခရိုင်တို့ ပါဝင်သည်။ လာဒါတ်နယ်၏ အကျယ်အ၀န်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း(၄၀၀၀၀) ရှိပြီး လူဦးရေ တစ်သိန်း သုံးသောင်းခန့်ရှိသည်။
ဤစာအုပ်သည် “လေး”ခရိုင်နှင့် “ကားဂီး” ခရိုင် ဇန်စကာချိုင့်ဝှမ်းဒေသရှိ ဗုဒ္ဓဘာသာယဉ်ကျေးမှုများကို စာရေးသူ၏ အတွေ့အကြုံများ အပေါ် အခြေပြုရေးသားထားခြင်းဖြစ်သည်။ ဤစာအုပ်တွင် အဆိုပါဒေသနှစ်ခုကို လာဒါတ် ဟူ၍သာ ရည်ညွန်းသုံးနှုန်းထားပါသည်။
လာဒါတ်ဒေသ ဓါတ်ပုံ မောင်ဥဂ္ဂါ
နိဒါန်း
ကာရာဂိုရမ်တောင်တန်းကြီ၏အောက်
၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့က မွတ်ဆလင်တို့၏ ပါကစ္စတန်နိုင်ငံနှင့် ဟိန္နူတို့၏ အိန္ဒိယနိုင်ငံဟူ၍ သီးခြားလွတ်လပ်ရေးပေးခဲ့သည်။ လာဒါတ်ခရိုင်မှာ ထိုနှစ်နိုင်ငံကြားရှိ လွတ်လပ်သောကက်ရှမီးယားပြည် အတွင်းတည်ရှိသည်။ လာဒါတ်ယဉ်ကျေးမှုများမှာ အလွန်ရှေးကျပေသည်။
လာဒါတ်ဘုရင့်နိုင်ငံကို တာတာလူမျိုးများက နှစ်ပေါင်းနှစ်ထောင်ကျော်က ထူထောင်ခဲ့သည်။ တာတာတို့သည် အလွန်မြင့်မားသော ဒေသ၌ တိုတောင်းသော စိုက်ပျိုးရေးရာသီအတွင်း ဘာလီ၊ပဲသီး၊နိုကိုဥ နှင့် အာလူးတို့ကို ကျွမ်းကျင်စွာ စိုက်ပျိုးတတ်ကြသည်။ သစ်ကြားသီးနှင့် တရုတ်ဆီသီးတို့ကို မြေနိုမ့်ပိုင်းတွင် စိုက်ပျိုးကြသည်။ လာဒါတ်လုမျိုးတို့သည် ရတတ်သမျှသောရေ နှင့် ပါးလွှာသောမြေဆီလွှာ ကို ချွေတာလျက် ကြမ်းတမ်းသောရာသီဥတုတွင် ကောင်းမွန်စွာ စိုက်ပျိုးလုပ်ကိုင် နိုင်ကြသည်။ မွေးမြူရေးအနေနှင့် သိုး၊ဆိတ်၊လား အပြင် အာရှအိမ်မွေးနွားမနှင့် ယာ့ ခေါ်သော အနက်ရောင်ရှိသည့် နွားတစ်မျိုးကိုလည်း ကျွမ်းကျင်စွာမွေးမြူကြသည်။ အကြမ်းခံသော အမွေးပွမြင်းပုမျိုး ကိုလည်း မွေးမြူကြသည်။ ဤတိရစ္ဆာန်တို့၏မစင်များကို အခြောက်လှမ်းကာ မီးဖိုချောင်လောင်စာအဖြစ် လည်းကောင်း၊ဆောင်းရာသီတွင် အနွေးဓာတ်ရရန် အတွက်လည်းကောင်း အသုံးပြုကြသည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်အထိ လဒါခီလူမျိုးတို့သည် အဓိကအသုံးအဆောင်များ ဖြစ်သော အိုးအိမ် ဆောက်လုပ်ရေးပစ္စည်း၊ အ၀တ်အတည်နှင့် အစားအသောက်တို့ကို မိမိဒေသ၌ပင် ဖန်တီးထုတ်လုပ် ယူခဲ့ ကြသည်။ နေအိမ်များကိုဆောက်လုပ်ရာတွင် ကျောက်တုံး၊ ရွှံ့စေးနှင့် ထုံးတို့ကို အဓိကအသုံးပြုကြသည်။ လူတို့၏ မစင်ကို ပြာ၊ မြေကြီးတို့နှင့်ရောနှော၍ မြေသြဇာအဖြစ် အသုံးပြုကြသည်။ သို့ဖြစ်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှု အလျည်းမရှိသည်သာမက အလာဟသ လေလွင့်ပြုန်းတီခြင်းကို လည်း ကာကွယ်နိုင်ပေသည်။
ဗုဒ္ဓအဆုံးမအောက်တွင် အသက်ရှင်ကြသော လဒါခီလူမျိုးတို့သည် မြေဆီလွှာနှင့် ရေကိုပင် ချွေတာ၍ အကျိုးရှိစွာအသုံးချတတ်ကြသည်။ ချွေတာခြင်းသည် ကပ်စေးနှဲခြင်းနှင့် မတူပါ။ ချွေတာသုံးစွဲခြင်းသည် သဘာဝသယံဇာတများကို တန်ဖိုးထားပြီး လောကကြီးအား ကျေးဇူးတုံ့ပြန်ရာရောက်ပေသည်။ လာဒါတ်ဒေသတွင် သောက်သုံးရေကို ရေခဲမြစ်ငယ်များမှ သီးခြားသွယ်ယူကြသည်။ စိုက်ခင်းအတွင်းသို့ ရေကို လုံလောက်စွာရရှိစေရန် ရေစီးချောင်းမှရေသွယ်၊ရေလွဲ၊ ရေနှုတ်မြောင်းငယ်များကို စနစ်တကျဖောက် လုပ်ထားကြသည်။
လာဒါတ်စကားအသုံးအနှုန်းအချို့မှာ ဟိုပီနှင့် အိန္ဒိယလူနီစကားများနှင့် အလွန်ဆင်တူသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ ဥပမာအားဖြင့် ဘာလီမုန့်ညက် ကို လာဒါတ်လူမျိုးတို့က ဆန်ဌဟုခေါ်သည်။ ထိုထက် ပို၍ လူမျိုးများကြား၌ ဓလေ့စရိုက်များလည်း ဆင်တူပေသည်။ ဥပမာ အိမ်ဆောက်လျှင် နေထွက်ရာဘက်သို့ မျက်နှာမှုခြင်း၊ဆောင်းရာသီ၌ ပုံပြောခြင်းကို ရှောင်ကြဉ်ခြင်း၊ ကိုယ်ပိုင်အိမ်သုံး ဆေးမြီးတိုများနှင့် ရောဂါကုသနည်းများရှိခြင်း၊ သက်ကြီးရွယ်အိုနှင့် ကလေးသုငယ်များ ကို လေးစားနေရာ ပေးတတ်ခြင်းတို့မှာ ဤလူမျိုးတို့၏ တူညီသော ဓလေ့များဖြစ်သည်။
လဒါခီလူမျိုးများသည် ယဉ်ကျေးသိမ့်မွေ့ပြီး မာန်မာနကင်းသူများဖြစ်သည်။ သူတစ်ပါးကို ကုညီမစရန် လည်း စိတ်အားထက်သန်ကြသည်။ ကျွန်တော်သည် လာဒါတ်သို့ ကိုယ်တိုင်မရောက်ဖူးသော်လည်း ဤစာအုပ်အရ လာဒါတ်နယ်မှ ဘာသာဓလေ့ထုံးစံများ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့သည် ကျွန်တော် သိသော ဒိုလပိုလူမျိုးတို့နှင့် များစွာဆင်တူကြောင်း တွေ့ရသည်။ ကျောက်ဆောင် တောင်ကုန်း များနှင့် ပြည်နှက်နေသော လာဒါတ်နှင့် ဒိုလပိုနယ်များတွင် ထူပါများ၊ စေတီငယ်များ၊ သာသနာအလံ စိုက်ထူထားသော ဆုထောင်းဝတ်ပြုရာကျောက်ဂုငယ်မျ
လာဒါတ်ရိုးရာပွဲလမ်းသဘင်များတွ
ဤစာအုပ်ကိုရေးသားသူ မစ္စနော်ဘာဟော့ဂ်ျသည် လက်တွေ့သမားတစ်ဦး ဖြစ်ပြီး သူမ၏ ခံယုချက်များကို ဤသို့ရေးသားဖော်ပြခဲ့သည်။“ယနေ့ေ
ယနေ့ခေတ်သစ်နည်းပညာရပ်များသည် သဘာဝအရင်းအမြစ်နှင့် တွင်းထွက်လောင်စာကို အခြေခံကာ ဗဟိုချုပ်ကိုင်မှုနှင့် တစ်ခုကောင်းကျွမ်းကျင်မှုကို ဦးတည်နေသည်။ သို့ဖြစ်၍ စိုက်ပျိုးရေးနှင့် သမားရိုးကျ ကုန်ပစ္စည်းဖလှယ်မှု အစား စက်မှုကုန်ထုတ်လုပ်ငန်းနှင့် မြို့ပြလူနေမှုစနစ်သို့ ရွှေ့လျားပြောင်းလဲလာစေ သည်။ စက်မှုကုန်ထုတ်လုပ်ငန်းကြောင့် လူ၏လုပ်အားကို ချွေတာခြင်း ဟူသော ကျဉ်းမြောင်း သည့် ခံယူချက်များ ထွက်ပေါ်လာသည်။
ခေတ်သစ်စက်မှုနှင့် နည်းပညာစနစ်သည် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်မှု သက်သက်ဖြစ်သော ကြောင့် လူအဖွဲ့စည်းတစ်ရပ်လုံး၏ တိုးတတ်မှုကို နှောင့်နှေးကြန့်ကြာစေသည်။ စီးပွားရေးတွင် နိုင်ငံတကာ ကုန်သွယ်မှုစနစ်ကို ကျင့်သုံးခြင်းဖြင့် ကမ္ဘာနိုင်ငံအသီးသီးမှ ရုပ်ဝတ္တုပစ္စည်းများနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် (ဥပမာ--၀တ်စားဆင်ယင်မှုနှင့် တေးဂီတ) တို့ အတွက် တူညီသော ဘုံယဉ်ကျေးမှု တစ်ရပ်ကို ပေါ်ပေါက်စေသည်။ ဘုံယဉ်ကျေးမှုရလဒ်အဖြစ် လူနည်းစု တိုင်းရင်းသားဘာသာ စကားများ တိမ်ကော ပျောက်ကွယ်သွားနိုင်ပါသည်။ တိုင်းတစ်ပါးမှ ပညာရေး၊ ဓလေ့ ထုံးစံနှင့် ယဉ်ကျေးမှုများ ကို အထင်ကြီင်္း ကျင့်သုံးလာလျှင် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို အထင်သေးစွန်ပစ်ခြင်း ကြောင့် ယဉ်ကျေးမှုနှင့် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါသည်။
လာဒါတ်နှင့် အခြားသော တတိယကမ္ဘာမှ နိုင်ငံများတွင် ၎င်းတို့နှင့် မဆီလျော်သော စီးပွားရေးစနစ်သစ်များကြောင့် မလိုလားအပ်သော ဆိုးကျိုးများဖြစ်ထွန်းလာရသည်။ စီးပွားရေး စနစ်သစ်များ ကြောင့် မလိုလားအပ်သော ဆိုးကျိုးများဖြစ်ထွန်းလာရသည်။ စီးပွားရေးပြိုင်ဆိုင်မှု များကြောင့် အချင်းချင်းမကျေနပ်မှု၊အငြင်းပွာ
အမှန်မှာ တစ်စုံတစ်ရာသော အကန့်အသတ်အတွင်း၌ တည်ရှိသော သဘာဝသယံဇာတများကို လူသားများ အနေဖြင့် တိုးပွားများပြားအောင် လုပ်ဆောင် နိုင်ခြင်းမရှိပေ။ ထို့ကြောင့် အကန်အသတ် ရှိသော သဘာဝသယံဇာတအရင်းအမြစ်များကို တရားမျှတစွာ စနစ်တကျခွဲဝေသုံးစွဲရန် အထူးလိုအပ် ပါသည်။ ယနေ့ခေတ်စားနေသော “ကမ္ဘာအတိုင်းအတာနှင့် စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းေ
လဒါခီလူမျိုးတို့သည် အနောက်တိုင်းယဉ်ကျေးမှုနှင့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးလာသော အခါ ဗုဒ္ဓတရား၏ သွန်သင်မှုများမှ သွေဖီလာကာ တည်ငြိမ်အေးချမ်းမှု လိုက်လျောညီထွေရှိမှု ညီညွတ်မျှတမှုများ ပျောက်ဆုံးကုန်တော့သည်။ လွန်ခဲ့သော (၁၆)နှစ်ခန့်က လာဒါတ်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိစဉ် လဒါခီလူမျိုးတို့ သုံးစွဲသော သစ်သားအိုးများကို တန်ဖိုးကြီးကြီးပေးဝယ်၍ပင် မရနိုင်သော်လည်း ယခုအခါ ထိုသစ်သားထောပတ်အိုးများကို တန်ဖိုးအနည်းငယ်မျှနှင့် ရောင်းချနေကြပြီး ၎င်းတို့ကိုယ်တိုင် သံဗူးများကို အစားထိုးသုံးစွဲလာကြသည်ကို တွေ့ရသည်။ ထုတ်ကုန်တိုးတတ်မှုများလာပါက လုမှုရေးအပိုင်းတွင် ပို၍ဆုံးရှုံးနစ်နာစေပါသည်။ ဒေသဖွံ့ဖြိုးရေး၏ အခြေခံအုတ်မြစ်အဖြစ် မိသားစုကြီးများ နှင့် ဖွဲ့စည်း ထားသော လာဒါတ် လူမှုအဖွဲ့စည်းသည် ယခုအခါ တစ်နယ်တစ်ကျေးတွင် သွားရောက်ကာ စီးပွားရှာ ခြင်းဖြင့် မိသားစုအသိုက်အမြုံများပြိုကွဲ စပြုလာသည်။ စီးပွားရေးကိုသာ အားသန်ဖက်တွယ် နေရခြင်း ကြောင့် လူမှုဆက်ဆံရေးတွင် မပြေလည်မှုများရှိလာပြီး ဗုဒ္ဓတရား၏ အဆုံးအမနှင့် သွေဖီဆန့်ကျင်လာ သည်။ ဒေသနှင့် မညီညွတ်သော နည်းပညာဖွံ့ဖြိုးမှုများက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို အထင်အမြင်သေးလာစေ ပြီး အလိုလောဘလွန်ကျူးခြင်းကြောင့် ဆိုးကျိုးများစွာဖြစ်ပေါ်စေသည်။
တစ်ခုကောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှ
“တစ်ခုကောင်းကျွမ်းကျင်သော အသက်မွေးဝမ်းကျောင်းမှုအောက်တွင် လူ့အဖွဲ့အစည်းသည် စုစည်း သယောင်နှင့် ပရမ်းပတာဖြစ်ပြီးလူမှုအဆောက်အအုံ
သဘာဝအရင်းအမြစ်များကို စနစ်တကျသုံးစွဲရန်ထိန်းသိမ်းစော
ဤစာအုပ်တွင် ကမ္ဘာကြီးအပေါ်အညှာအတာကင်းမဲ့ကာ တစ်ဖက်သတ် ဆန်လှသောလူသားများအား မိမိတို့လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန်၊ ရပ်တန့်ပစ်ကြရန် ဟင်လင်နာက အလေးအနက် တိုက်တွန်းနှိုး ဆော်ထားသည်။ ဟောပြောပွဲများတွင်လည်း သူမက သဘာဝအရင်းအမြစ်ကာကွယ်ထိန်းသိမ်း
ဟယ်လင်နာသည် ရိုးသားတည်ကြည်ပြီး ဥာဏ်ပညာထက်မြက်သူ၊ စိတ်ဓာတ်ခိုင်မာသူတစ်ဦးဖြစ်သည်
ဤ “ရှေးမှုမပျက်ခေတ်သစ်လူဘောင်” စာအုပ်တွင် ဗုဒ္ဓ၏အယုဝါဒနှင့် ဗုဒ္ဓဘာသာကျင့်ထုံးများကို ရှင်းလင်းစွာ တွေ့မြင်ရသလို ဗုဒ္ဓတရားနှင့်အညီ ဖွဲ့စည်းအပ်သော ရှေးခေတ်လူမှုရေးယန္တရားနှင့် လူအဖွဲ့စည်းကို နားလည်လာရသည်။ တစ်ပြိုင်နက်တည်းမှာပင် အဆိုပါ သဟဇာတရှိလှသော ရှေးကျကျလူအဖွဲ့စည်းကို ပြိုကွဲလာစေမည့် ခေတ်သစ်နည်းပညာနှင့် အယူဝါဒအတွေးအခေါ်များ၏ ခြိမ်းခြောက်မှု အန္တရယ်ကို မျက်ဝါးထင်ထင် သိမြင်နိုင်ပေသည်။ သို့ဆိုသော် လဒါခီ လူအဖွဲ့စည်း၏ ကြွယ်ဝမှုတို့ကို လုံးလုံးပျက်စီးပြိုကွဲသွားပြီ
လဒါခီ လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့စည်းများ၏ အခြေအနေများမှ ကျွန်ုပ်တို့အတွက် သင်ခန်းစာယူစရာ များစွာရှိသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့၏ လူ့အဖွဲ့စည်းသည်လည်း မဝေးတော့သော အနာဂတ်တွင် အခက်ခဲ အကြပ်အတည်းများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
အိန္ဒိယနိုင်ငံပိုင် ဂျမ္မူးနှင့် ကတ်ရှမီယားပြည်နယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လာဒါတ်နယ်တွင် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ “လေး” ခရိုင်နှင့် အစ္စလာမ်ဘာသာဝင်အများရှိသော “ကာဂီး”ခရိုင်တို့ ပါဝင်သည်။ လာဒါတ်နယ်၏ အကျယ်အ၀န်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း(၄၀၀၀၀) ရှိပြီး လူဦးရေ တစ်သိန်း သုံးသောင်းခန့်ရှိသည်။
ဤစာအုပ်သည် “လေး”ခရိုင်နှင့် “ကားဂီး” ခရိုင် ဇန်စကာချိုင့်ဝှမ်းဒေသရှိ ဗုဒ္ဓဘာသာယဉ်ကျေးမှုများကို စာရေးသူ၏ အတွေ့အကြုံများ အပေါ် အခြေပြုရေးသားထားခြင်းဖြစ်သည်။ ဤစာအုပ်တွင် အဆိုပါဒေသနှစ်ခုကို လာဒါတ် ဟူ၍သာ ရည်ညွန်းသုံးနှုန်းထားပါသည်။
လာဒါတ်ဒေသ ဓါတ်ပုံ မောင်ဥဂ္ဂါ
---
--
ပတ္တနာ ဂါထာ
စိရံ တိဌတု။ အသဒ္ဓမ္မော ၀ိနဿတု။
သဒ္ဓမ္မဂရုနော နိစ္စ၊ ဟောန္တုသဗ္ဗေပိ ပါဏိနော။
လွမ်းနေသူ®
0 comments:
Post a Comment