Tuesday, March 27, 2012

မျှော်လင့်နေသော မျက်ဝန်းများဆီသို့ ... ကမ်းလင့်မယ့်လက်များ ( ပညာဒါန )


by Royal Angel on Sunday, March 25, 2012 at 10:21am



                ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဒုက္ခရောက်နေသူများကို ကူညီဖို့ရာ လက်နှေးလေ့မရှိတဲ့လူမျိုးများဖြစ်ကြပါတယ်..။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့... ဘာသာဓလေ့ထုံးတမ်းစဉ်လာများ က အနည်းငယ် ဇာချဲ့ လေသလားလို့ ကျွန်မမြင်မိပါတယ်။ မလိုအပ်ပဲ ဆိုင်းဝိုင်းတွေ စည်တော်တွေနဲ့ အလှုကို အကြီးအကျယ်ပြုနေတတ်ကြတာကို ငယ်စဉ်က သဘောအကျကြီးကျမိပေမယ့်..နားလည်သိတတ်စအရွယ်ရောက်တဲ့အခါမှာ.. ကျွန်မသာဆို..အဲဒီဆိုင်းဝိုင်းကိုပေးမယ့် ငွေကို လိုအပ်တဲ့နေရာပေါင်းများစွာ..လိုနေတဲ့သူပေါင်းများစွာကို ပေးလှုလို့ရတယ်ဆိုတာ မြင်လာမိပါတယ်...။ ဒါပေမယ့်... ဒါမျိုးကိုကျွန်မ လက်မခံလို့ ကျွန်မ မလုပ်ရုံပဲရှိမှာပါ... လူတကာကိုတော့ မတိုက်တွန်းလိုပါဘူး.. ။ အခုတော့ ..
ကျွန်မအတွက်ကြည်ကြည်နူးနူး အလှုပေးလို့ရတဲ့ ဒီစိမ်းလန်းမြေ ပရဟိတ အဖွဲ့ဝင် ဖြစ်ခွင့်ရတဲ့အတွက် ကိုဝသုန်နဲ့ မယုဇန တို့ဇနီးမောင်နှံ ကိုအများကြီးကျေးဇူးတင်မိပါတယ်..။
                " လူဆင်းရဲတစ်အိမ်ထောင် လူချမ်းသာဆယ်အိမ်ထောင် ဝိုင်းမလို့မပြောင်"   ဆိုတဲ့ စကားပုံ ကို ကျွန် မ စိတ်မချမ်းသာပါဘူးရှင်..။ ဒီစကားပုံကြောင့် ..အို..ငါတို့ ကုလဲ..အလကားပဲဆိုတဲ့စိတ်မျိုးတွေ ပေါ်လာတတ်ပါတယ်..။ အဲဒီအခါကျရင် ကူဖို့ လက်တွန့်သွားတတ်ကြတာဓမ္မတာ ပါ..။ တကယ်တော့.... ဒီစကားပုံကို သေချာတွေးကြည့်ကြပါ..။  ဘာလို့ လူချမ်းသာဆယ်အိမ်ထောင်ဝိုင်းမတောင်မပြောင်ရောင်လဲဆိုတာ... အဓိက ပညာ နည်းလို့ပါ.. ဆင်းရဲတော့ပညာသင်ခွင့်ဆုံးရှုံးပါတယ်။။  ပညာမတတ်တော့စာဖတ်ခွင့်လည်းမရတော့ပါဘူး...စာမဖတ်တော့..အသိဥာဏ်နည်းပါတယ်.. ဝေဖန်ပိုင်းခြားနိုင်စွမ်းနည်းပါတယ်..စီမံခန့်ခွဲမှု မကျွမ်းကျင်တတ်ပါဘူး.. ဒီလိုမိသားစုအစဉ်အဆက်များလာရင်... သူတို့တွေကို ဘယ်လိုပင်လူချမ်းသာဆယ်ယောက်မကလို့ ထီ ဆုကြီးဆယ်ဆောင်ပေါက်တာတောင် .. ခဏအတွင်း ဒုံရင်း ပြန်ဖြစ်သွားနိုင်ပါတယ်ရှင်.။
                       ပညာဒါန ကိုကျွန်မ သည့်အတွက်ကြောင့် ကျွန်မ အလွန်ဒါနပြုချင်ပါတယ်.တကယ်ကို အခြေခံ ကျတဲ့ဒါနမျိုးဖြစ်ပါတယ်ရှင်..။ လမ်းဘေးမှာတွေ့တဲ့.. တောင်းရမ်းနေတဲ့ကလေး လေး တစ်ယောက်ကို ကျွန်မ ပိုက်ဆံ လှုမယ့်အစား.... ယခုလို ပရဟိတ အဖွဲ့အစည်းတွေ ဖွင့်လှစ်ထားတဲ့အခမဲံ့ပညာသင်ကျောင်းတွေဆီသို့ ဆွဲခေါ်ပို့ပေးလိုက် မိချင်ပါတယ်..။ ကျွန်မ တို့ နိုင်ငံအတွက် အခြေကျကျ ..အဓိက လိုအပ်နေတဲ့ဒါနမျိုးတွေက ကျန်းမာရေး ဒါန .. ပညာဒါန သာဖြစ်ပါတယ်လို့ ကျွန် မ ပြောလိုပါတယ်ရှင်..။

                        ကဲ... သူငယ်ချင်းတို့ရေ... မျော်လင့် နေတဲ့မျက်ဝန်းလေးများဆီသို့. .. ဒို့လက်လေးတွေ ကမ်းလင့်လို့ လှုလိုက်ကြရအောင် နော်..။

မနတ်သမီး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...