Saturday, March 24, 2012

နိုင်ငံရတနာများနှင့် နိုင်ငံချီးထုပ်များ (From Forward Mail)

by Thin Thin Nyunt on Saturday, March 24, 2012 at 9:08am 

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ တန်ဖိုးထားတဲ့ နိုင်ငံ့ရတနာတွေကို
သတ်မှတ်ထားလေ့ရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ပြည်သူတွေ၊
နိုင်ငံသားတွေ တန်ဖိုးထားလေးစားရမယ့် နိုင်ငံ့ရတနာတွေ အများကြီးရှိပါတယ်။
တော်တော်များများကတော့ သတိထားမိကြမှာ မဟုတ်ပါဘူး။ သတ်မှတ်ထားတာလည်း
မရှိခဲ့ပါဘူး။ ကျွန်တော်မြန်မာပြည်သားရဲ့
ခံစားချက်ဖြင့်သတ်မှတ်ထားတဲ့အတိုင်း အစဉ်လိုက်ဖော်ပြထားခြင်း ဖြစ်ပါတယ်။
နိုင်ငံ့ရတနာတွေကို နှစ်မျိုးခွဲခြားထားပါတယ်။ လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းများပါဝင်တဲ့ နိုင်ငံ့ရတနာ နှင့် နေရာဒေသ၊ အဆောက် အဦတွေ
အဓိကပါဝင်မယ့် နိုင်ငံ့ရတနာဆိုပြီးတော့ရယ်ပါ။ ကမ္ဘာရော မြန်မာကပါ
အသိအမှတ်ပြုထားပြီး နာမည်ကျော်ကြားမှု၊ နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်မှုတို့
အပေါ်မှာ ဦးစားပေးရွေးချယ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံ့ရတနာ (အဆောက်အဦ၊ နေရာဒေသ)

နိုင်ငံ့ရတနာ အမှတ်စဉ် ၁
- ရွှေတိဂုံစေတီ
ရှင်းလင်းချက်
      ဘုရားလေးဆူ၏ ဓါတ်တော်မွေတော်များနှင့် အသုံးအဆောင်ပစ္စည်းတော်များ
ဌာပနာကာတည်ထား သော ကမ္ဘာ့အကြီးမားဆုံးသော စေတီတော်အဖြစ် တည်ရှိနေ၊ ကမ္ဘာမှ
မြန်မာနိုင်ငံ၏ ပြယုဂ်တစ်ခုအဖြစ် သိရှိထား။
နိုင်ငံ့ရတနာ အမှတ်စဉ် ၂
- ပုဂံမြို့ဟောင်း
ရှင်းလင်းချက်
      လွန်ခဲ့ပြီးသော နှစ် ၁၀၀၀ ခန့်မှ မြန်မာများ၏
ရှေးဟောင်းဘုရားဆင်းတုတော်များ၊ အဆောက်အဦများ အား လေ့လာနိုင်သော
မြို့ဟောင်းအဖြစ် တည်ရှိနေ၊ မြန်မာလူမျိုးတို့၏ ပုဂံခေတ်
ဗိသုကာလက်ရာများနှင့် စေတီပုထိုးပေါင်း လေးသန်းကျော်ရှိခဲ့သော
မြို့ဟောင်းတစ်ခုအဖြစ် ကမ္ဘာရော၊ မြန်မာကပါ အသိအမှတ် ပြုထား။
နိုင်ငံ့ရတနာ အမှတ်စဉ် ၃
- အင်းလေးကန်
ရှင်းလင်းချက်
      နှစ်ပေါင်းသန်းကျော်တည်ရှိနေသော ကုန်းတွင်းတောင်ပေါ်ရေကန်ကြီးအဖြစ်
တည်ရှိနေ၊ ၄င်းကန် တည်ရှိရာဒေသတွင်း လူမှုအကျိုးစီးပွားအား
ဖြည့်ဆည်းပေးနေ၊ အင်းလေးကန်ပေါ်ရှိ ဒေသခံရှမ်းတိုင်းရင်းသား များ၏
အသက်မွေးဝမ်းကျောင်းမှုနှင့် နေထိုင်မှုဓလေ့စရိုက်ကို လေ့လာနိုင်ပြီး
ကမ္ဘာရော မြန်မာပါအသိအမှတ် ပြုထား။
နိုင်ငံ့ရတနာ အမှတ်စဉ် ၎
- ဧရာဝတီမြစ်
ရှင်းလင်းချက်
      ကွန်မြူနစ်ကောင်များ၊ ပြည်တွင်းငတေများထံမှ မြန်မာပြည်သူများ
ကယ်တင်ထားသည့် မြန်မာနိုင်ငံ မြောက်ဖျားရှိ ရေခဲတောင်များမှ
မြစ်ဖျားခံစီးဆင်းကာ မြစ်ဝကျွန်းပေါ်ဒေသအထိ ဒေသခံများ၏ လူနေမှုဘ၀ များ၊
သုံးစွဲရန် စိုက်ပျိုးရန် ရေအရင်းအမြစ်နှင့်
ကုန်းတွင်းရေကြောင်းပို့ဆောင်ရေးအတွက် အားထားရသော မရှိမဖြစ်အရေးပါသော
ပင်မအသက်သွေးကြောမြစ်ကြီး တစ်စင်း။
နိုင်ငံ့ရတနာ အမှတ်စဉ် ၅
- မန္တလေး ရွှေနန်းတော်
ရှင်းလင်းချက်
      နိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်များ
ထီးနန်းစိုက်ခဲ့ရာ ထိုရွှေနန်းတော်ကြီး သည် မြန်မာနိုင်ငံ၏ ပဒေသရာဇ်ခေတ်
သမိုင်းကြောင်းများနှင့် တိုင်းပြည်၏ဂုဏ်သိက္ခာကို ထည်ဝါစွာဖော်ပြနေ
လျက်ရှိ။ (စကားချပ်။     ။ လွန်ခဲ့သောဆယ်စုနှစ်များကတည်းက စစ်တပ်မှတပ်စွဲထား)
နိုင်ငံ့ရတနာ အမှတ်စဉ် ၆
- မြိတ်ကျွန်းစုများ
ရှင်းလင်းချက်
      မြန်မာပြည်၏ တောင်ဘက်ဆုံးပိုင်းတွင် အစုအဖွဲ့များစွာဖြင့် တည်ရှိနေသော
၎င်းကျွန်းစုများနှင့် သန္တာ ကျောက်တန်းများသည် မြိတ်၊
ကော့သောင်းမြို့တို့ကို လေမုန်တိုင်းရန်နှင့် ဆူနာမီကဲ့သို့သော သဘာဝဘေး
အန္တရာယ်များမှ ပင်လယ်တံတိုင်းများအဖြစ် ကာကွယ်တားဆီးပေးထားနိုင်သည့်အပြင်
ပင်လယ်ပျော် သတ္တ၀ါများအတွက် ဂေဟစနစ်ကို ထိန်းညှိပေးလျက်ရှိ၊
သာယာလှပသည့်နေရာအဖြစ် ကမ္ဘာမှသိရှိထား။
နိုင်ငံ့ရတနာ အမှတ်စဉ် ၇
- အင်းတော်ကြီး
ရှင်းလင်းချက်
      ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာရှိတဲ့ အင်းတော်ချောင်းမှ
စီးဝင်သောအင်းတော်ကြီးအိုင် သည် မြန်မာပြည်တွင်အကြီးဆုံး
ကုန်းတွင်းရေအိုင်ကြီးဖြစ်။ သဘာဝဘေးမဲ့ ဥယျာဉ်အဖြစ်လည်း သတ်မှတ် ထားကာ
ဆောင်းခိုငှက်များကျက်စားရာ နေရာဒေသတစ်ခုဖြစ်သည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၈
- မြစ်ဆုံ
ရှင်းလင်းချက်
      ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ရေခဲတောင်များမှ
အရည်ပျော်ကာစီးဆင်းလာသည့် မေခ နှင့် မလိခ မြစ်နှစ်သွယ်
ပေါင်းဆုံရာနေရာဖြစ်သည်။ ဧရာဝတီမြစ်၏အစဖြစ်သလို တောင်များအကြားဝေ့၀ိုက်ကာ
စီးဆင်း လာသည့်မြစ်နှစ်သွယ်ကြောင့် သာယာလှပသောနေရာတစ်ခုဖြစ်နေသည်။
(စကားချပ် ။     ။ ယခုအခါတွင်တော့ ယင်းနေရာတ၀ိုက်တွင် ရွှေလုပ်ကွက်များ
များစွာလုပ်ကိုင်ခဲ့မှုကြောင့် ရေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။)
နိုင်ငံ့ရတနာ အမှတ်စဉ် ၉
- မင်းကွန်းခေါင်းလောင်းကြီး
ရှင်းလင်းချက်
      ဧရာဝတီမြစ်ကမ်းဘေး စစ်ကိုင်းတောင်တွင်တည်ရှိသော
မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာတွင် တီးခေါက်နိုင်သော
အကြီးဆုံးခေါင်းလောင်းကြီးဖြစ်။ ကြေးသတ္ထုဖြင့်ပြုလုပ်ထားကာ
ယင်းခေါင်းလောင်းကြီး၏ အလေးချိန်မှာ ကြေးပိဿချိန် ၅၅၅၅၅ ဖြစ်သည်။

နိုင်ငံ့ရတနာ (လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း)
နိုင်ငံ့ရတနာ အမှတ်စဉ် ၁
- ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ၊ ရဲဘော်သုံးကျိပ်(နေ၀င်းမပါ)၊
ဘီအိုင်အေ တပ်မတော် နှင့် လွတ်လပ်ရေး လှုပ်ရှားသူများ
ရှင်းလင်းချက်
ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ အား
မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုခေါင်းဆောင်ကြီး၊ ပြည်ထောင်စု
ဗိသုကာကြီးဟုလည်း သတ်မှတ်ကြကာ၊ ရဲဘော်သုံးကျိပ် တွင်တစ်ဦးအပါအ၀င်ဖြစ်သော
ဗိုလ်ချုပ်အောင်ဆန်း သည် နိုင်ငံ၏လွတ်လပ်ရေးအတွက်
ကြိုးစားလှုပ်ရှားခဲ့သူဖြစ်ပြီး ကိုလိုနီနှင့် ဖက်စစ်တို့ကို
တော်လှန်ရာတွင် မြန်မာ့နိုင်ငံအရေးကို မိမိ၏မိသားစုအရေးကဲ့သို့
အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူ ဖြစ် သည်။ ထို့အတူ ရဲဘော်သုံးကျိပ်နှင့်
မြန်မာ့ဘီအိုင်အေတပ်မတော်တို့သည်လည်းကောင်း မြန်မာ့လွတ်လပ်ရေး
လှုပ်ရှားမှုတွင် အသက်သွေးချွေးများရင်းကာ လွတ်လပ်ရေးအား
ရယူပေးနိုင်ခဲ့သဖြင့် နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ထားပါ သည်။ သခင်မြ၊
မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်နှင့်
ဒီးဒုတ်ဦးဘချို တို့သည် အာဇာနည် စာရင်းဝင်များ ဖြစ်ကြသည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၂
- ဂဠုန်ဆရာစံနှင့်တောင်သူလယ်သမားများ
ရှင်းလင်းချက်
      ကိုလိုနီနယ်ချဲ့များနှင့် ယင်းတို့နောက်လိုက်များအား အသက်သေသည်ထိတိုင်
တော်လှန်ရာတွင် ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်ခဲ့သူဖြစ်သည်။
နိုင်ငံ၏လွတ်လပ်ရေးအား မရယူနိုင်ခဲ့သည့်တိုင် ဂဠုန်
ဆရာစံနှင့်တောင်သူလယ်သမားများသည် မြန်မာ့လွတ်လပ်ရေးသူရဲကောင်းများ၏
ရှေ့ဆောင်လမ်းပြတစ်ဦး အဖြစ် မှတ်တမ်းဝင်ခဲ့သူတစ်ဦးဖြစ်သည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၃
- သံဃာတော်များ
ရှင်းလင်းချက်
      မြန်မာနိုင်ငံနှင့် ကမ္ဘာတွင် ထေရ၀ါဒဿသနာတော်နှင့် တရားဓမ္မအား
ပြန့်ပွားစေရေးအတွက် သံဃာ တော်များ၏ကဏ္ဍသည်လည်း အရေးပါသဖြင့်
နိုင်ငံ့ရတနာအဖြစ် သတ်မှတ်လိုက်ရပါသည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၎
- ၈၈ မျိုးဆက်ကျောင်းသူကျောင်းသားများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ
ရှင်းလင်းချက်
      အများသိထားသည့် July 7 နှင့် ၁၉၈၈ ခုနှစ်တွင် အာဏာရူးနေ၀င်းအား
ဖယ်ရှားရန်နှင့် မြန်မာနိုင်ငံ အား ဒီမိုကရေစီနိုင်ငံတော်အဖြစ်
ပေါ်ပေါက်လာစေရန် သွေးချောင်းစီးသည်အထိ မိမိတို့၏ အနာဂါတ်များ၊
အသက်များပေးဆပ်ကာ ဆန္ဒပြခဲ့သူများဖြစ်သည်။ မြန်မာ့သမိုင်းတွင်
စစ်ရာဇ၀တ်ကောင်များ၏ အဆိုးရွား အယုတ်ညံ့ဆုံးလုပ်ရပ်များ ပေါ်ပေါက်ခဲ့သည့်
အချိန်တစ်ခုလည်းဖြစ်သည်။ ယင်းတို့၏လူမဆန်သော လုပ်ရပ် များကြောင့်
ကျောင်းသူကျောင်းသားများ၏ မိဘ၊ ဆွေမျိုးများ ၀မ်းနည်းကြေကွဲခံစားခဲ့ရသည်။
စစ်ရာဇ၀တ် ကောင်များ၏ မည်သို့မှဖျောက်ဖျက်မရသော အမည်းစက်ဖြစ်သည်။
ထို့ကြောင့် ၈၈ ကျောင်းသူကျောင်းသား များအားလည်း နိုင်ငံ့ရတနာအဖြစ်
သတ်မှတ်လိုက်ရပါသည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၅
- ဒေါ်အောင်ဆန်းစုကြည်
ရှင်းလင်းချက်
      ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့သမိုင်းဝင်ခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်။ သူမသည်
အမျိုးသမီးတစ်ယောက်ပင်ဖြစ်သော်ငြားလည်း ပြည်သူလူထုအတွက် စစ်မှန်သော
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့အတွက်
စစ်အာဏာရှင်အုပ်စုအား နှစ်ရှည်လများ ဆန့်ကျင်လာသူဖြစ်ကာ ယခုအခါ
နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် ကြိုးစားနေသူဖြစ်သည်။ သူမသည်
မြန်မာနိုင်ငံ၏ ပြယုဂ် တစ်ခုဖြစ်ကာ သူမ၏ကြိုးစားလုပ်ဆောင်မှုများအား
ကမ္ဘာမှအသိအမှတ်ပြုပြီး လူထုမှလည်းထောက်ခံအားပေး မှု အပြည့်အ၀ရထားသော
ပြည်သူ့ရင်ထဲကခေါင်းဆောင်ဖြစ်သည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၆
- ဦးသန့်
ရှင်းလင်းချက်
      အာရှတိုက်မှ ပထမဆုံးသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးဖြစ်သော ဦးသန့်သည်
ကမ္ဘာ့ ရေးရာကိစ္စရပ်များအား တရားမျှတမှုရှိစွာ
စီမံဆောင်ရွက်နိုင်သူတစ်ဦးအဖြစ် ကမ္ဘာ့နိုင်ငံများမှ သိရှိထားသည်။
မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးမှုအတွက်လည်း
အကြံပေးစာပေများ ရေးသားထားသူဖြစ်သည်။ မြန်မာ ဂုဏ်ဆောင်နိုင်သူတစ်ဦးအဖြစ်
ထင်ရှားသည်။ ထို့ကြောင့် အာဏာရူးနေ၀င်း၏ မျက်မုန်းကျိုးခြင်း ခံရသူလည်း
ဖြစ်သည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၇
- ဦးကျော်သူ
ရှင်းလင်းချက်
      နာရေးကိစ္စများအတွက် အခမဲ့ကူညီဆောင်ရွက်ပေးသည့် နာရေးကူညီမှုအသင်း၏
ဥက္ကဌလည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည့် ဦးကျော်သူသည်
မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူဖြစ်သည်။ နာရေးကူ ညီမှုအသင်းတွင်
စိတ်နှစ်ကာ လူမှုရေးအလုပ်များကို အင်တိုက်အားတိုက်
လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်သည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၈
- ပရဟိတ လူမှုရေးအသင်းအဖွဲ့များ
ရှင်းလင်းချက်
      မြန်မာပြည်တွင် ပရဟိတလူမှုရေးအဖွဲ့များ များပြားစွာရှိသဖြင့်
အဖွဲ့အမည်များအား မဖေါ်ပြထားပါ။ ယင်းအဖွဲ့အစည်းများတွင် NGO, INGO များ၊
ပြည်တွင်းအဖွဲ့အစည်းများလည်း ပါဝင်သည်။ HIV စောင့်ရှောက် သူအဖွဲ့များ၊
မသန်မစွမ်းစောင့်ရှောက်မှုအဖွဲ့များ၊ ကလေးသူငယ်များနှင့်
မိဘမဲ့ကလေးများအား စောင့်ရှောက် သည့်အဖွဲ့များ အစရှိသည့်
အဖွဲ့အစည်းများသည်လည်း နိုင်ငံ့ရတနာတစ်ပါးဖြစ်သင့်သည်။
နိုင်ငံ့ရတနာ အမှတ်စဉ် ၉
- ပြည်သူလူထု (စစ်ရာဇ၀တ်ကောင်တစ်ချို့၊ ယူနီဖေါင်းချွတ် “ချ” ကောင်များ
နှင့် ယင်းတို့၏ကပ်ပါးများမပါဝင်)
ရှင်းလင်းချက်
      နိုင်ငံတစ်ခုတွင် အရေးပါအရာရောက်ဆုံးသည် ပြည်သူလူထုပင်ဖြစ်သည်။
လူမရှိသောနေရာတွင် မြို့မရှိနိုင်၊ မြို့မရှိပဲနှင့်
တိုင်းပြည်တစ်ပြည်မဖြစ်နိုင်ပေ။ ထို့ကြောင့် ပြည်သူလူထုရှိမှ
နိုင်ငံဆိုတာ ရှိလာနိုင် သည်။ နိုင်ငံကိုပြည်သူက တည်ဆောက်ခြင်းဖြစ်သည်။
အစိုးရဆိုသည်မှာ ပြည်သူအသိအမှတ်ပြုမှ မှန်ကန် သောအစိုးရ ဖြစ်သည်။
မဟုတ်လျှင် ပြည်သူများအတွက် အစိုးရဆီမှ အဆိုးများသာရသည့် ဒဏ်ခံရသည့်
“အဆိုး ရ” ဖြစ်နေလိမ့်မည်။(ဥပမာ - အလိုက်ကန်းဆိုးမသိသော
အုပ်ချုပ်သူများကြောင့် ဧရာဝတီ အရေး တော်ပုံအား ပြည်သူများမှဝင်ပါရခြင်း)
ထို့အတူ တိုင်းပြည်၏ဂုဏ်သိက္ခာ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရားမျှတမှုတို့
အတွက် အုပ်ချုပ်သူလူတန်းစားနေရာမှာ တရားမျှတမှုရှိ
အကျင့်စာရိတ္တကောင်းမွန်ပြီး အမှန်အကန် အရည် အချင်းရှိ၊
လုပ်နိုင်စွမ်းရှိသော ပြည်သူထဲမှ ဖြစ်နေရမည်။ ပြည်သူလူထုရှိမှ
နိုင်ငံဆိုတာရှိလို့ ပြည်သူလူထုသည် လည်း နိုင်ငံ့ရတနာတစ်ပါးဖြစ်သည်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ တန်ဖိုးထားတဲ့ နိုင်ငံ့ရတနာတွေရှိသလို
အဖျက်သမား သုံးမရတဲ့ ချီးထုပ်တွေလည်း ရှိကြပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း “ရွှေ နှင့် မစင်”လို ကွာခြားတဲ့
“နိုင်ငံ့ရတနာများ နှင့် လူဆိုးလူယုတ်”မှတ်တမ်းဝင် ချီးထုပ်တွေလည်း
ရှိပါတယ်။ နိုင်ငံ့ချီးထုပ်တွေကို တိုင်းပြည်နှင့်ပြည်သူကို ဒုက္ခအပေးဆုံး
အဆိုးရွားဆုံး အယုတ်ညံ့ဆုံး မှတ်တမ်းဝင် “အမည်းစက်” ပိုင်ရှင်တွေကို
ရွေးချယ်ထားပါတယ်။
နိုင်ငံ့ချီးထုပ် အမှတ်စဉ် ၁
- အာဏာရူး ပြည်ဖျက် နေ၀င်း နှင့် ဇနီးသားသမီးမြေးမြစ်တစ်စု
ရှင်းလင်းချက်
      အာဏာရာထူးရမက်ကြီးမားသော ပြည်ဖျက်နေ၀င်းသည် ဖက်ဆစ်တော်လှန်ရေး ကာလကတည်းက
မြောက်ပိုင်းတိုင်း တိုင်းမှုးမေဂျာရာထူးဖြင့် လုပ်ကိုင်နေရသည်ကို
သိမ်ငယ်သည်ဟုထင်ကာ အာဏာရူးသည့် ရောဂါတဖြည်းဖြည်း စွဲကပ်လာပြီး ဖဆပလ
ဒီမိုကရေစီအစိုးရလက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ်ရာထူး
ခန့်အပ်ခြင်းခံရသည်။ သို့သော်သူသည် သူ့အားနေရာပေးခဲ့သည့်
သမ္မတဦးနုကိုပင်ကျေးဇူးကန်းကာ သမ္မတအ လုပ်ကိစ္စဖြင့်
အိန္ဒိယနိုင်ငံသို့ရောက်ရှိနေစဉ်ကာလတွင်း ဗြောင်ပင်အာဏာသိမ်းကာ
မီးကုန်ယမ်းကုန် သောင်း ကျန်းပါလေတော့သည်။ အာရှတိုက်တွင် ဂျပန်၊
ဟောင်ကောင်တို့နှင့်အပြိုင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ဖြင့်
နိုင်ငံတိုးတက်ဖွံ့ဖြိုးမှု စတင်အရှိန်ယူနေစဉ်ကာလအတွင်း သူ၏လုပ်ရပ်ကြောင့်
တိုင်းပြည်အညွန့်ကျိုးခဲ့ရ၏။ ကွန်မြူနစ် ဗကပများနှင့် ဖဆပလတို့
တိုက်ပွဲများဖြစ်နေစဉ်ကာလ အတွင်း ထိုအာဏာရူးကပါ ရောဂါရင့်ပြီး ဆို
ရှယ်လစ်လမ်းစဉ်ပါတီထောင်ကာ မည်သူမျှအသိအမှတ်မပြုဘဲ မိမိကိုယ်ကို
နိုင်ငံ့ခေါင်းဆောင်ရာထူး ရယူခဲ့ သည်။ ၄င်းအာဏာရူးသည် မီဒီယာရှေ့တွင်
ပြည်သူ့အတွက်ဟု ကြုံးဝါးနေသော်လည်း မိမိနှင့်မိသားစု၊ မိုက် ဖော်မိုက်ဖက်
အမာခံစစ်ရာဇ၀တ်ကောင်များနှင့် ပတ်သက်ရာပတ်သက်ကြောင်းများအတွက်သာ ပါသလောက်
သဲ့ယူခဲ့သူဖြစ်သည်။ ဆိုရှယ်လစ်စနစ်အောက်တွင် မြန်မာပြည်၏ စီးပွား
ရေးဖွံ့ဖြိုးမှုသည် ဆီပြတ်သည့်ကား၊ အင်ဂျင်ကျနေသောကားလို
ဒေသတွင်းထိပ်ပိုင်းအဆင့်မှ လုံးဝရပ်တန့် သွားသောအဆင့်သို့ ရောက်ကာ
တဖြေးဖြေး နောက်တွင်ပြတ်ကျန်ခဲ့သည်။ ထိုအာဏာရူးသည်
ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်များ လုပ်ကြံ ခံရမှုတွင် ကြံရာပါအဖြစ်
သံသယထားခံရသူဖြစ်သည်။ သူ၏ရာထူး အာဏာအား ထိပါးလာသော ကျောင်းသူ ကျောင်းသား၊
ပြည်သူလူထုကိုလည်း သူ၏လက်မရွံ့ရာဇ၀တ်ကောင်များနှင့် လူမဆန်စွာ
ရက်ရက်စက်စက် သုတ်သင်ဖယ်ရှားခဲ့သည်။ ကမ္ဘာမှ အကြမ်းဖက်သမားများနှင့်
တူညီသူဟုသတ်မှတ်ခံရသူ ဖြစ်သည်။ ၄င်း၏ မိသားစုဝင်များမှာလည်း ၂၀၀၄
ခုနှစ်တွင် ဂျူနီယာစစ်ဖက် နောင်တော်များ မှမတတ်သာ၍ ဖမ်းဆီးထိန်းသိမ်း
လိုက်ရသည့်အချိန်တိုင်အောင် မဟုတ်ကဟုတ်ကဖျက်လိုဖျက်ဆီး
နိုင်ငံ့ဘဏ္ဍာပါဖျောင်သည်အထိ လုပ်ဆောင် ခဲ့သူများဖြစ်သည်။ မဆလခေတ်တွင်
ထိုပြည်ဖျက်အာဏာရူးကြီးနှင့် ဂျူနီယာအဖွဲ့ဝင်များသာချမ်းသာပြီး တိုင်း
ပြည်တွင်တော့ ဒေါ်လာဘီလျံချီ၍ အကြွေးနွံတွင် နစ်နေခဲ့သည်။
နိုင်ငံ့ချီးထုပ် အမှတ်စဉ် ၂
- အာဏာရူး လိပ်အိုကြီး သန်းရွှေ နှင့် ဇနီးသားသမီးမြေးတစ်စု
ရှင်းလင်းချက်
      လိပ်အိုကြီးသန်းရွှေသည် အာဏာရူးနေ၀င်း၏ ဂျူနီယာထဲမှတစ်ယောက်ဖြစ်ကာ
နေ၀င်းခြေရာ နင်းသူ တစ်ယောက်ဖြစ်သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ခေါင်းစဉ်ပြောင်းကာ
ဥက္ကဌရာထူး ရယူခဲ့သူဖြစ်သည်။ နေ၀င်းလက်ထက်တွင် မဆလအဖွဲ့၊
နေ၀င်းရာထူးမှရှောင်ပေးသောအခါ နိုင်ငံတော ငြိမ်ဝပ် ပိပြားရေးအဖွဲ့ဖြစ်ကာ
ယင်းနောက်မှ နှိမ်ခေါ်သည်ကိုမခံနိုင်သဖြင့် ပြည်ခိုင်ဖြိုးအသင်းနှင့်
ယင်းကောင်စီ နှစ်ဖွဲ့ ဖွဲ့ကာ တိုင်းပြည်ကို ဒုက္ခပေးခဲ့ကြ၏။
ပြည်ခိုင်ဖြိုးကိုပင် ပြည်သူက အသိအမှတ်မပြုသည့်အနေဖြင့် ကြံ့ ဖွတ် ဟု
တိရစ္ဆာန်နှစ်ကောင်အမည်ပေးခဲ့သည်။ ပထွေးကွန်မြူနစ်တရုတ်များအား
ခြေထောက်ဖက်ပြီး အာဏာထိန်း သိမ်း၊ ပြည်သူကိုနှိပ်စပ်ညှင်းပန်းသည့်
အသားထဲကလောက်ကောင်ဖြစ်သည်။ ထို့ကြောင့် ကွန်ုမြူနစ်ကောင်များ
ကယခုအချိန်အထိ မြန်မာပြည်ကို သူတို့ခြယ်လှယ်ချင်သလို ခြယ်လှယ်နိုင်သည့်
နိုင်ငံအဖြစ် မှတ်ယူထားခြင်း ဖြစ်သည်။ လိပ်အိုကြီးသည် ၈၈
ပြည်သူလူထုဆန္ဒပြမှုတွင်လည်း လက်စွမ်းပြခဲ့သူဖြစ်သည်။ ၂၀၀၇ စက်တင်
ဘာရွှေဝါရောင်ဆန္ဒပြမှုတွင်လည်း သံဃာတော်များပင်မရှောင်
ကွန်မြူနစ်ပထွေးများလို ပြင်းပြင်းထန်ထန် နှိပ် ကွပ်နှိပ်စက်သူ
တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူနှင့်သူ့မိသားစုဝင်များသည်
အာဏာအလွဲသုံးစားလုပ်သည့် နေရာတွင်လည်း နှစ်ယောက်မရှိသူဖြစ်သည်။
ထို့ကြောင့် လိပ်အိုကြီးဟုလည်း သမုတ်နိုင်သည်။ လိပ်သည် အ ချိန်တိုင်း
ကိုယ့်ဘက်ကိုယက်သော တိရစ္ဆာန်ဖြစ်သောကြောင့်ဖြစ်သည်။
အာဏာအလွဲသုံးစားလုပ်ပြီး စစ်ကိုင်း တိုင်းရှိ အထွက်ကောင်းသော
ရွှေတွင်းများအား လက်ဝါးကြီးအုပ်ခြင်း၊ သဘာဝဓါတ်ငွေ့လုပ်ကွက်များ ချပေးရာ
မှရရှိသော ဒေါ်လာများ၊ ချမ်းသာသောနိုင်ငံခြားတိုင်းပြည်များအား
နိုင်ငံတော်ဖွံ့ဖြိုးမှုတည်ဆောက်ရေးအတွက် ဟုဆိုကာ
ချေးယူထားသောဘီလီယံချီဒေါ်လာများအား မလိမ့်တပတ်ဗုန်းခြင်းနှင့်
တစ်ခြားပုန်းလျှိုးကွယ်လျှိုး စီးပွားရေးလုပ်ငန်းများတွင်
အဓိကချုပ်ကိုင်သူအဖြစ်ရှိနေသည်။ လိပ်အိုကြီးခိုးလာသောငွေများအားစီမံကာ
မြေး ဖြစ်သူလိပ်ချေးထိုးပိုးကောင်သည်လည်း အရှက်မရှိစွာပင်
အမြတ်ရရန်လွယ်သည့်လုပ်ငန်းများတွင် ရှယ်ယာ ငွေများ အတင်းအကျပ်
လိုက်လံမြှပ်နှံနေတာကို တွေ့နေရသည်။ နာမည်ကျော် သူခိုးတေဇသည်လည်း သူတို့
အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ ထိုသူခိုးမှနှစ်စဉ် ထိုလိပ်အိုကြီးအား
ရှယ်ယာဝေစုအမြတ်များ ကန်တော့လျှက်ရှိ သူဖြစ်သည်။
အာဏာလက်မလွှတ်ချင်သေးသော်လည်း ၂၀၁၁ အာရပ်နွေဦးသတင်းများနှင့်
အာဏာရှင်များကျ ဆုံးခန်းက ထိုလိပ်အိုကြီးအားနှိပ်စက်လာသောကြောင့်
လောဘသတ်ပြီး ကြံ့ဖွတ်အသင်းကို ပါတီပြောင်း၍ မိမိ တို့နောင်ရေး
အနရ္တာယ်မရှိနိုင်သည့်လူများရွေးကာ အာဏာလွှဲပြောင်းပေးခဲ့သည်။
အာဏာရူးလိပ်အိုကြီးသည် သူနှင့်သူ့မိသားစုဝင်များ၏လုပ်ငန်းများကို
ထိခိုက်နိုင်မည့်အဆိုပြုလွှာများ လွှတ်တော်တွင်ပေါ်လာလျှင် ခုံရုံးမှ
တစ်ဆင့် ၀င်ရောက်စွက်ဖက်လျက်ရှိသည်။ ယခုအခါ ထိုလိပ်အိုကြီးသည်
အိမ်တွင်ပေသီးခေါက်လျက်ရှိသည် ဟုကြားသိရသည်။
သူ၏ယူနီဖေါင်းချွတ်အမတ်ပါတနာများဖြစ်ကြသော ကြောင်သူတော်ရွှေမန်း၊
ကုပ်ကမြင်း တင်အောင်မြင့်ဦး၊ စူဇကာအောင်တောင်း (ယခင်စက်မှု ၁ ၀ံကြီး၊
ယခုကြံ့ဖွတ်အမတ်)  နှင့် နောက်လိုက် နောက်ပါအုပ်စုများသည်လည်း
နိုင်ငံ့ချီးထုပ်များဖြစ်သည်။ လက်ရှိသမ္မတနေရာတွင်ရှိနေသော
သိန်းစိန်အစိုးရ ကိုတော့ နိုင်ငံ့ချီးထုပ်ဖြစ်မဖြစ်သတ်မှတ်ရန်
နောက်ထပ်နှစ်ကွက်၊ သုံးကွက်ခန့် စောင့်ကြည့်ရဦးမည်ဖြစ်သည်။
နိုင်ငံ့ချီးထုပ် အမှတ်စဉ် ၃
- ပြည်တွင်း ငတေများ၊ ချကောင်များ နှင့် အာဏာအလွဲသုံးစား လက်ဝါးကြီးအုပ်၊
ခေါင်း ပုံဖြတ်သူများ
ရှင်းလင်းချက်
      ယနေ့ ကျွန်တော်တို့နိုင်ငံသည် လက်တစ်ဆုပ်စာချီးထုပ်များအတွက်ကြောင့်
ဂျူံးဂျူံးကျနေပြီဖြစ်သည်။ ထိုချီးထုပ်များသည် မိမိအကျိုးအမြတ်အတွက်
မြန်မာနိုင်ငံကို ရောင်းစားလို့ရောင်းစား၊ ခိုးလို့ရတာခိုးခြင်းဖြင့်
ဘနဖူးတိုက်တူးမည့်သူများဖြစ်သည်။ (ဥပမာအားဖြင့် ဧရာဝတီအရေးတော်ပုံတွင်
ပြည်တွင်းငတေများနှင့် ၀ံကြီး တို့သည် ထင်ရှားသည်။)
နိုင်ငံတကာစံနှုန်းအတိုင်း ဂျီအက်စ်အမ်မိုဘိုင်းလိုင်းများ
ရောင်းချပေးမည့်ကိစ္စကို လည်း အာဏာအလွဲသုံးစား လက်ဝါးကြီးအုပ်သူများ၏
အမ်ပီတီမှ “ချ” ကောင်များအား စို့စို့ပို့ပို့စီစဉ်ပေးထားမှု များကြောင့်
ပျက်ပြယ်သွားခဲ့ရသည်။ အဆိုပါကိစ္စအား ဌာနမှအကောင်များ၏သားသမီးများ
နိုင်ငံခြားတွင်ဘွဲ့ရ ပြီးမှသာ စဉ်းစားပေးမည်ဟု ကြားသိရသည်။
ပြည်သူလူထုအား မထီမဲ့မြင်ပြုခြင်းပင်ဖြစ်သည်။ တစ်ခြားကဏ္ဍ များတွင်လည်း
ဥပမာပေး ပြောစရာများ အများအပြားရှိနေပါသေးသည်။
အာဏာအလွဲသုံးစားလက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်သူများထဲတွင် သူခိုးတေဇ၊
မြန်မာ့စီးပွားဦးပိုင်မှ ခေတ်ပျက်ဗိုလ်သူဌေးကြီးများ၊ တံငါသည်ဌေးမြင့်၊
ဘောဇော်ဇော်၊ ဖိုးတွမ်တီးခင်ရွှေ၊ တစ်ခြားဘိန်းစားဘိန်းသမားများ ဖြစ်သော
အေရှားဝေါလ် ထွန်းမြင့်နိုင်၊ ရွှေ သံလွင်နှင့် ငွေကြေးခ၀ါချ ဖူးသော
အာရှဓနဘဏ်မှ ဘိန်းစားကြီးအိုက်ထွန်း (ယခု ရွှေတောင်) တို့သည် ထင် ရှားသည်။
ထိုကဲ့သို့သော ငတေများ၏လုပ်ရပ်များကြောင့် ပြည်သူများသည်
တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဒဏ်ခံစားနေရသည်။
နိုင်ငံ့ချီးထုပ် အမှတ်စဉ် ၎
- လူလိမ်ဖိုးတွမ်တီးများ
ရှင်းလင်းချက်
      ယနေ့ မြန်မာနိုင်ငံတွင် လိမ်လည်မှုများ များပြားလှစွာ တွေ့မြင်နေရသည်။
နိုင်ငံရေးအရ၊ မိမိအကျိုး စီးပွားရေးအရ လိမ်ညာလှည့်ဖျားနေသောသူများ
ရှိနေသည်။ ဥပမာ ဖိုးတွမ်တီး ခင်ရွှေသည် မိမိအကျိုးစီးပွား အတွက်
အစိုးရနှင့်တော်သူလယ်သမားများအပေါ် မတော်မတရားဖျံကျမလိမ့်တပါတ်လုပ်ကာ
လယ်ယာမြေ များသိမ်းယူထားမှု၊ တစ်ချို့တစ်ချို့သော ကုန်သည်၊ ဈေးသည်များ၏
သုံးစွဲရန်မသင့်တော်သည့် ရောစပ်ပစ္စည်း အတုများထည့်သွင်းကာ
ကုန်ပစ္စည်းများအားလိမ်လည်ရောင်းချမှုတို့သည် မြန်မာနိုင်ငံတွင်
အဖြစ်များလာပြီကို တွေ့နေရသည်။ ထိုစနစ်သည် ဒီမိုကရေစီအမည်ခံ
ကွှန်မြူနစ်တရုတ်များထံမှ ဆင်းသက်လာသည်။ လိမ်ရဲသူ သည်
မဟုတ်တာအကုန်လုပ်ရဲသူဖြစ်သည်ဟူသောစကားအတိုင်း နိုင်ငံနှင့်ပြည်သူကို
ဒုက္ခကောင်းကောင်းပေး နေသူများဖြစ်သဖြင့် နိုင်ငံ့ချီးထုပ်အဖြစ်
သတ်မှတ်လိုက်ရပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...