ဒီမိုကရေစီအတွက် ရုန်းကန်ကြ - အမှတ်စဉ် (၇) မျိုးသန့်
by Myo Thant on Saturday, March 24, 2012 at 6:41pm ·
ဒီမိုကရေစီကို ယုံကြည်လျင် ရွေးကောက်ပွဲကို ကြောက်၍ မရပါဘူး။ ပုံမှန်ကျင်းပသော ရွေးကောက်ပွဲတို့ကို ဖြတ်သန်း ရပါတယ်။ ရွေးကောက်ပွဲဆိုဒါ ငြိမ်းချမ်းသောနည်းဖြင့် အာဏာကို လွဲပြောင်းပေးရသော (သို့မဟုတ်) အာဏာကို လွဲပြောင်း ရယူသော စနစ်တရပ်ဖြစ်လို့ သိက္ခာရှိတယ်။ လူကြီးလူကောင်း ပီတ တယ်လို့ ဆိုနိုင်ပါတယ်။
မိမိရာထူး သက်တမ်းကုန်သွားလို့ (ဒါမှမဟုတ်) ပြည်သူတွေက မိမိကို ထပ်မံ၍ မရွေးကောက်တော့ပဲ ရွေးကောက်ပွဲမှာ ရှုံးသွားခဲ့လျင်၊ မိမိက ရွေးကောက်ပွဲခံရသော သူကို ကြည်ကြည်ဖြူဖြူဖြင့် လုပ်ငန်းတွေနဲ့ တာဝန်ဝတ္တရားများကို လွဲအပ်ပေးရပါတယ်။
အကယ်၍ မိမိကို ရွေးကောက်တင်မြောက်လာလို့ လွှတ်တော်အမတ်ဖြစ်လာမယ်၊ သမ္မတဖြစ်လာမယ်၊ ဒါဟာ ရာထူး အာဏာယူ ယုံ သက်သက်မျှ မကပါဘူး၊ တာဝန်ဝတ္တရားတွေပါ ကပ်ပါလာဒါဖြစ်လို့ ထို့တာဝန်ကို သက်တမ်း ကာလ အတွင်းမှာ ပြည်သူ့အကြိုက်နဲ့ အကျိုးတို့အတွက် ကျေပြွန်စွာ ထမ်းဆောင်နိုင်ရပါတယ်။
ရွေးကောက်ပွဲသည် နိုင်ငံတစ်ခု၏ ကံကြမ္မာ၊ ပြည်သူ၏ ဘ၀တွေအတွက် အဆုံးအဖြတ်ပေးဒါဖြစ်လို့ အင်မတန် အရေးကြီးသော နိုင်ငံရေးတာဝန်တရပ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပခြင်းဖြင့် ဒီမိုကရေစီ၏ အခြေခံမူတွေကို ခိုင်မာလာအောင် ဆောင်ကြဉ်းပေးခြင်းဖြစ်နေလို့ ပို၍တောင် အရေးကြီးနေပါတယ်။
ရွေးကောက်ပွဲတွေဟာ ကိုယ်စားပြုဒီမိုကရေစီစနစ်အတွက် ယန္တရားတရပ်ဖြစ်နေပါတယ်။ ထို့ကြောင့် (၁၇) ရာစုလောက် ကတည်းက ရွေးကောက်ပွဲတွေကို ဒီမိုကရေစီနိုင်ငံတွေမှာ ပုံမှန်ကျင်းပလာခဲ့ကြပါတယ်။
ဥပဒေပြုလွတ်တော်နေရာများအတွက်၊ အုပ်ချုပ်ရေးမှူးနေရာများအတွက်၊ တရားရုံးများအတွက် ရွေးကောက်ပွဲများ ကို တွေ့ရှိ ရမှာပါ။ နောက်ပြီး ဒေသန္တရနဲ့ ဒေသဆိုင်ရာအစိုးရ ရုံးများအတွက် ရွေးကောက်ပွဲများကို ကျင်းပပြီး အစိုးရ တာဝန်များကို ပေးအပ်ဒါတို့ ရယူကြဒါတို့ကို တွေ့ရှိရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲတွေကို နိုင်ငံရေးတွင်မှာသာမက လူမှုရေး၊ ပုဂ္ဂလိကနဲ့ အခြား စီးပွားရေးအသင်းအဖွဲ့များအတွင်း မှာတောင် ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနေကြပါတယ်။ မျက်မှောက်ခေတ် ကိုယ်စားပြုဒီမိုကရေစီစနစ်အတွက် ဒီလို ရွေးကောက်ပွဲနည်းလမ်းတွေဖြင့် လက်တွေ့အသုံးပြုလာမူတွေက အေသင်ခေတ်မှာလို မျိုးနဲ့တော့ မတူညီပေ။
ရွေးကောက်ပွဲကျင်းပခြင်းဖြင့် ပြည်သူ့ဆန္ဒကို တိုက်ရိုက် ခံယူမှုတရပ်ဖြစ်၍၊ ဒီမိုကရေစီနိုင်ငံတွေမှာ အရေးကိစ္စ အကြီး အငယ် အပေါ်အခြေခံလျက် သက်ဆိုင်ပတ်သတ်သော လူအများစု၏ ဆန္ဒကို တောင်းခံဒါမျိုး လုပ်လေ့ရှိပါတယ်။
နောက်ခံသမိုင်း
ရွေးကောက်ပွဲတွေ ကျင်းပကြသည့် သမိုင်းကို ပြန်ကြည့်လျင် ရှေ့ဟောင်းဂရိနဲ့ ရှေ့ဟောင်းရောမခေတ်၊ အေဒီ (၅) ရာစုမှ (၁၅) ရာစုအတွင်းတွေမှာ အုပ်ချုပ်ရေးအတွက် ခရစ်ယာန်ဧကရာဇ်တွေနဲ့ ပုပ်ရဟန်းမင်းတွေကို ရွေးကောက်ပွဲဖြင့် တင်မြောက်ခဲ့ကြဒါကို တွေ့ရှိနိုင်ပါတယ်။ နောက်ပြီး အေဒီ (၉၂၀)လောက်တွင် ရှေ့ဟောင်း အိန္ဒိယ၏ နေရာတော်တော် များများမှာ ဒီလို ရွေးကောက်ပွဲတွေကို တွေ့ရှိရမှာပါ။ ဒါပေမယ့် မျက်မှောက်ခေတ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေလို မျိုးကိုတော့ (၁၇) ရာစု အစလောက်မှာ ကိုယ်စားပြုဒီမိုကရေစီစနစ်ဖြင့် မြောက်အမေရိကနဲ့ ဥပရောပနိုင်ငံတွေမှာ စတင် ကျင်းပလာကြဒါကို တွေ့ရှိရမှာပါ။
ရွေးကောက်ပွဲတရပ်၏ ထူးခြားသော အင်္ဂါရပ်များ
(က) မဲဆန္ဒပေးခြင်း
ရွေးကောက်ပွဲတွေမှာ ဘယ်သူတွေက မဲပေးကြမည်နည်း၊ ဆိုသောမေးခွန်း၏ အဖြေက သိပ်ကို အရေးကြီး ပါတယ်။ ပြည်သူတွေက မဲပေးတယ်ဆိုဒါက ယေပူယျပြောလိုက် ဒါပါ။ မဲဆန္ဒရှင်ဆိုဒါတိုင် လူတိုင်းကို ဆိုလိုဒါမျိုး မဟုတ်ပါဘူး၊ ဥပမာပြောရလျင် စိတ်မနှံသော သူများကို မဲပေးနိုင်မှုအား ကန့်သတ်ထားဒါမျိုး၊ မဲပေးနိုင်သော အသက်အရွယ်ကို အနည်းဆုံး အသက် မည်မျှရှိမည် အသက်(၁၈)နှစ်လာ၊ (၂၀)လာဆိုဒါမျိုး သတ်မှတ်ချက်တွေ ရှိကြပါတယ်။ ဒါဟာ မဲဆန္ဒရှင်တယောက်၏ အရည်အချင်းသက်မှတ်မှု အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
သမိုင်းကြောင်းအရပြန်ကြည့်လျင် အေသင်ခေတ်က မဲဆန္ဒရှင်ဆိုဒါ ယောကျာင်္းတွေကိုသာ ဆိုလိုဒါပါ။ အမျိုးသမီးများ၊ နိုင်ငံခြားသားများနဲ့ကျွန်များ မဲပေးခွင့်မရှိပါဘူး။ မူလအမေရိကန်အခြေခံဥပဒေမှာဆိုလျင် မဲဆန္ဒရှင်ဆိုဒါ လူဖြူလူမျိုးဓနရှင်များသာဖြစ်ပြီး၊ တခြားဘယ်သူကမှ မဲပေးခွင့်မရှိပေ။ သမိုင်းကြောင်းမှာ မဲပေးခွင့် မရှိသူတွေက မဲပေးခွင့် ရရှိရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာဒါကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများ မဲပေးပိုင်ခွင့် လှုပ်ရှားမှုတွေဟာ နိုင်ငံတော်တော်များများမှာတွေ့ ရှိရမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ ဆိုလျင် အရပ်သားဆိုင်ရာ အခွင့်အရေးလှုပ်ရှားမှုတွေတောင်ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ပြီးတော့ ရာဇာဝတ်သားများ၊ လူနည်းစုများနဲ့ ဆင်ရဲသားပစ္စည်မဲ့များလည်း မဲပေးခွင့်များကို ပိတ်ပင်ထားဒါတွေ ရှိခဲ့ပါတယ်။ တကယ်တမ်းမှာ မဲဆန္ဒရှင်ဆိုသည်မှာ ပုံမှန်အားဖြင့် နိုင်ငံသားတိုင် ရှိရမယ့် အခွင့်အရေးတရပ်ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဆိုလျင် မဲပေးပိုင်ခွင့်ရှိသူက ရွေးကောက်ပွဲတွင် မဲလာ မထည့်ပါက ဒဏ်ကြေးငွေ (အနည်းငယ်) ပေးဆောင်ရဒါမျိုးတောင်ရှိပါတယ်။
(ခ) ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
ကိုယ်စားပြုဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲမတိုင်မှီ ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာနိုင်ငံရေးပါတီအတွင်းမှာ အရင်ဆုံး ရွေးချယ်တင်မြှောက်ကြပြီး၊ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေကို မဲဆန္ဒနယ်မြေအလိုက် အဆုံးသတ် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို တင်သွင်းကြေညာကြပါတယ်။
နိုင်ငံရေးပါတီကျောထောက်နောက်ခံမရှိပဲ တစ်ဦးချင်းအလိုက် မိမိဝင်ပြိုင်လိုသော မဲဆန္ဒနယ်မြေတွေမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ဆီ အမည်စာရင်းသွင်ပြီး၊ ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ အကြောင်းက အရည်အချင်းပြည့်မှီသူ မှန်သမျှ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်သောကြောင့် ဖြစ်ပါတယ်။ တသီးပုဂ္ဂလအဖြစ် (သို့မဟုတ်) ပါတီကိုယ်စားလှယ်အဖြစ် မိမိ၏အမည်စာရင်းကို ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံရန်အမည်စာရင်းကို သက်ဆိုင်ရာမဲဆန္ဒနယ်မြေမှာ တင်သွင်ပြီးလျင် မဲဆန္ဒရှင်ပြည်သူတွေ သိရှိအောင် ကြေညာကြပါတယ်။ မဲပေးသူတွေက သူတို့ကြိုက်နှစ်သက်သော သူမည်သူကို မဆို လွတ်လပ်စွာရွေးချယ်နိုင်ရပါမယ်။
(ဂ) မဲပုံစံစနစ်
ရွေးကောက်ပွဲအပြီး မဲများကို ရည်တွက်မှု ပုံစံစနစ်တွေဟာ အခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များနဲ့ မဲပေးခြင်းဖြင့် ပြည်သူတွေ၏ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ အဆင့်အထိ ဖြစ်လာစေပါတယ်။ မဲများကို ပြည်သူလူထုအရှေ့မှောက်မှာ ရည်တွက်မှု(ဒါမှမဟုတ်) ပြည်သူအများမြင်တွေ့နိုင်အောင် မီဒီယာတွေကို သတင်းယူခွင့်၊ သီးခြားလွတ်လပ်သော အဖွဲ့အစည်းများက စိစစ်လေ့လာသုံးသပ်ခွင့် စသည့်တို့ ရှိနေရပါတယ်။
ပွင့်လင်းမှုနဲ့ တာဝန်ခံမှုတွေဟာ ဒီမိုကရေစီ၏ အမှတ်သင်္ကတများဖြစ်ကြပါတယ်။မဲပေးပုံစနစ်တွေက ယနေ့ ဒီမိုကရေစီနိုင်ငံတွေမှာ မဲပေးမှုပုံစံနဲ့ရည်တွက်မှု နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်လာ၍ လွတ်လပ်တရား မျှတသော ရွေးကောက်ပွဲတွေဖြစ်လာစေရေးအတွက် များစွာအထောက်အကူ ဖြစ်လာပါတယ်။ထို့ကြောင့် လူတွေ၏ စိုးရိမ်းမှုများ လျှော့နည်းလာပါတယ်။
(ဃ) အချိန်ဇယား
ဒီမိုကရေစီ၏ သဘာဝက မိမိ၏ မဲဆန္ဒရှင်ပြည်သူတွေကို တာဝန်ယူပေးရဒါဖြစ်လို့ မဲဆန္ဒရှင်ပြည်သူတွေ၏ ဆန္ဒကို ပုံမှန် ပြန်လည်းတောင်းခံရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အခြေခံဥပဒေတွင် ဘယ်အချိန်၊ ဘယ်အခါတွင် ရွေးကောက်ပွဲကို ကျင်းပရမယ်ဟု တိကျစွာဖေါ်ပြထားကြပါတယ်။ အမေရိကမှာဆိုလျင် ပုံမှန် (၃)နှစ် နှင့် (၆)နှစ် တကြိမ် ပြည်နယ်တိုင်းလိုလိုမှာ ကျင်းပကြပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်အတွက်တော့ (၂)နှစ် တကြိမ်ကျင်းပကြတယ်။
ရွေးကောက်ပွဲအချိန်ဇယားတွေကတော့ နိုင်ငံအလိုက် အမျိုးမျိုးရှိနေပါတယ်။ အိုင်ယာလန်မှာဆိုလျင် သမ္မတကို (၇)နှစ် တကြိမ် ကျင်းပကြဒါကိုတွေ့ရှိရမှာပါ။ ရုရှားနဲ့ဖင်လန်နိုင်ငံတွေမှာတော့ (၆)နှစ် တကြိမ် သမ္မတရွေးကောက်ပွဲကို ကျင်းပကြပါတယ်။ ပြင်သစ်သမ္မတရွေးကောက်ပွဲဆိုလျင်တော့ (၅)နှစ် တခါကျင်းပပြီး၊ အမေရိကန်ကြတော့ (၄)နှစ်တခါ ကျင်းပကြပါတယ်။
ယခုလို ရွေးကောက်ပွဲအချိန်တွေကို သတ်မှတ်ခြင်းဖြင့် ရွေးကောက်ပွဲတွေဟာ မျှတမှုနဲ့ မှန်းဆမှုတွေကို တွက်ဆ၍ ရနိုင်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွက်တော့ အချိန်ပို ယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် ပါလီမန်စနစ်အတွက်တော့ ပါလီမန်ကို ဖျက်သိမ်းမှုတို့၊ ရွေးကောက်ပွဲအချိန်ကို သတ်မှတ်မှုတို့ကို ပြုလုပ်ရပါတယ်။ ဒီနေရာတွင် ရွေးကောက်ပွဲအချိန်သတ်မှတ်ပြီးကာမှ ပြဿနာများဖြစ်လာတတ်ပါတယ်။ (ဥပမာ-စစ်ပွဲတွေ၊ သဘာဝဘေး အန္တရာယ်တွေမျိုး) အင်္ဂလန်ပါလီမန်စနစ်ကျင့်သုံးသောနိုင်ငံမှာတော့ အများဆုံးရွေးကောက်ပွဲအချိန်ကို သတ်မှတ်ထားပြီး အုပ်ချုပ်ရေးအဖွဲ့(အစိုးရ)က ရွေးကောက်ပွဲကို ဘယ်အချိန်အတောအတွင်းမှာ မဲပေးရမယ်ကို ကြေညာပေးပါတယ်။
လက်တွေ့မှာတော့၊ အကယ်၍ ပါလီမန်ထဲမှာ အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခြင်းမရှိပါ အာဏာရ ထားသူအတွက် နောက်ရွေးကောက်ပွဲအတွက် အချိန်ယူပြင်ဆင်နိုင်ပါတယ်။ ဒီလိုတွက်ဆချက်တွေက မတူညီသော အကြောင်းအရာတွေနဲ့မတူညီသော အခြေအနေထဲမှာဖြစ်နေပါတယ်။ အမြင်အယူအဆတွေရယ်၊ အများစုအတွင်း ရှိနေသော အခြေအနေတွေရယ် ၎င်းတို့ အပေါ်မှာသာ အခြေတည်နေပါတယ်။ ရွေးကောက်ပွဲကို တနေ့တည်း တချိန်တည်းကျင်းပကြပါတယ်။
ဒါပေမယ့် ကြိုတင်မဲကိုတော့၊ အကြောင်းကြောင်း ကြောင့် မိမိမဲကို မိမိကိုယ်တိုင်လာရောက် မပေးနိုင်သူတွေအတွက် ကြိုတင်မဲပေးနိုင်သောရက်ကို တနေ့ (သို့မဟုတ်) လိုအပ်သလို ရက်များကို အစဉ်အလိုက် သတ်မှတ်ပေးပြီးတော့၊ ပြုလုပ်တတ်ကြပါတယ်။
ရွေးကောက်ပွဲကျင်းပမည့်အချိန်နဲ့ နေရာမှာ မရှိနိုင်သော မဲဆန္ဒရှင်များအနေဖြင့် မိမိ၏ မဲပြားကို စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ မဲရုံရှိရာသို့ တရားရေးဆိုင်ရာဆုံးဖြတ်ချက် (သို့မဟုတ်) ရွေးကောက်ပွဲ အမျိုး အစားပေါ်မူတည်၍ ကြိုတင်မဲ ပေးကြပါတယ်။ ရည်ရွယ်ချက်မှာ ပုံမှန် ကျင်းပသော ရွေးကောက်ပွဲတွေမှာ နိုင်ငံသား မဲဆန္ဒရှင်တိုင်က မိမိ၏ အသဲကြားက မဲတပြားကို ပေးနိုင်ဖို့ဖြစ်ပါတယ်။
ကြိုတင်မဲပေးတယ်ဆိုဒါက မဲပေးခွင့်ရှိသူများ သတ်မှတ်ထားသော ရွေးကောက်ပွဲကျင်းပသောနေ့မှာ မဲရုံဆီ လာရောက်ပြီး၊ မဲ မပေးနိုင်သူ များကို ဆိုလိုဒါပါ။ ဥပမာ- မဲရုံအလုပ်သမားများ၊ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေး လုပ်နေသူများ၊ ကျန်မားရေးကြောင့်ဆေးရုံတက်ရမည့်သူများ၊ ပြည်ပတွင် အလုပ် လုပ်နေသူများနဲ့ အခြားသော အကြောင်း များကြောင့် ရွေးကောက်ပွဲကျင်းပချိန်တွင် မိမိ မဲပေးရမယ့် မဲရုံ၏ နေရာ အနီးတ၀ိုက်မှာ မရှိနိုင်သောကြောင့်ဖြစ်ပါတယ်။
နောက်ပြီး၊ မိမိမဲသွားထည့်ရမည့်မဲရုံဆီကို သွားရောက် မဲ မထည့်နိုင်သူများသည် ကျန်မားရေးချို့တဲ့နေသူများ၊ ခရီးသွားရမည့်သူများ၊ မိမိမဲရုံဆီသို့ သွားရောက်၍ မဲသွား မထည့်ချင်သူများသည် မိမိနဲ့ မဲရုံ၏ လုံခြုံအတွက် စိုးရိမ်သောကြောင့်ဖြစ်တယ်။ (ဥပမာ- အီရတ်နိုင်ငံ ဆဒန်ဟူစိန်ပြိုတ်ကျအပြီး၊ ပထမဦးဆုံးကျင်းပသော ရွေးကောက်ပွဲမှာ မဲလာထည့်သူဦးရည်က လွန်စွာများပြားနေပြီး၊ စောင့်ဆိုင်းရတာ ကြာလွန်၍ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခံရမှာ စိုးသောကြောင့် မဲရုံကို မလာချင်ခြင်း။) တစ်ချို့နိုင်ငံတွေ ဆိုလျင် ခိုင်လုံသော အကြောင်းပြချက်ရှိမှ့ ကြိုတင်မဲပေး၍ ရပါတယ်။ဒါပေမယ့် ဥရောပမှာတော့ ယခုလိုကြိုတင်မဲကို မဲပေးသူများက သိတာသော ဦးရည်ရှိနေဒါကိုတွေ့ရှိနိုင် ပါတယ်။
(င) မဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲနီးလာဒါနဲ့အမျှ နိုင်ငံရေးသမားများဟာ မိမိပါဝင်ယှဉ်ပြိုင်လိုသော မဲဆန္ဒနယ်မြေတွေမှာ မိမိပါတီ၏ မူဝါဒနဲ့ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုကြေညာဒါတို့၊ ရှင်းလင်းပြောကြားဒါတို့ပြုလုပ်ကြပါတယ်။ မိမိတောက်ခံသော ကိုယ်စားလှယ်လောင်းတို့အတွက် မဲဆွယ်စည်းရုံးပေးဒါတွေလည်း ပြုလုပ်ကြပါတယ်။
ကိုယ်စားလှယ်လောင်းများအကြား မူဝါဒလုပ်ငန်းစဉ်တွေအတွက် အပြန်အလှန်ငြင်းခုန်ကြဒါတို့ကို မဲဆန္ဒရှင်များ၏ ရှေ့မှောက်တွင် (ဒါမှမဟုတ်) မီဒီယာမှ တဆင့် ပြုလုပ်ကြပါတယ်။ အဲဒါမှသာ ၎င်းသတင်း အချက်အလက်များကို မဲဆန္ဒရှင်ပြည်သူတွေက လေ့လာမှတ်တားပြီး၊ မိမိမဲပေးလိုသူဟာ ဘယ်လိုလူမျိုးဖြစ်သင့်သည်ကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။
စည်းရုံးတောက်ခံ အားပေးသောသူတွေသည် စနစ်တကျဖွဲ့စည်းထားဒါ ရှိသလို၊ တစ်ချို့က မိမိတစ်ဦးချင်းအလိုက် စုပေါင်းပြီး၊ အုပ်စုလိုက် ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးတွေကို ပြုလုပ်ကြပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တွေကလည်း သူတို့လေ့လာတွေ့ရှိသမျှကို နည်းစနစ်တွေကို သုံးပြီး၊ ကြိုတင် ဟောကိန်း ထုတ်ဒါတို့ကို ပြုလုပ်ကြပါတယ်။
ခက်ခဲသော ရွေးကောက်ပွဲများ
နိုင်ငံတော်တော်များများမှာ တရားဥပဒေစိုးမိုးရေးမရှိ၊ အားနည်းမှု့တွေကို တွေ့ရှိရမှာပါ။ အဲဒီထဲမှ တူညီသော ပြဿနာ တရပ်က တရားမျှတမှုသော ရွေးကောက်ပွဲမျိုးဖြစ် မလာတဲ့ ကိစ္စပါ။ တရားမျှတသော ရွေးကောက်ပွဲဖြစ် လာစေရေးကို ပျက်ပြားစေဒါက လက်ရှိအာဏာရတဲ့ အစိုးရထဲက ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) တစ်စုက တရားလက်မဲ့ဆောင်ရွက်နေခဲ့သောကြောင့်ဖြစ်ပါတယ်။
အာဏာရှင်တွေက မတရားအာဏာကို မိမိကိုယ်ကျိုးအတွက် မိမိအာဏာတည်မြဲရေးအတွက် ရဲအဖွဲ့တွေကို အသုံးချ ဒါတွေ၊ မာရှယ်လောသုံးဒါတွေ၊ စင်စာ ဖြတ်တောက်ဒါတွေ၊ လွတ်လပ်သော ကြားနေသည့် ရွေးကောက်ပွဲကော်မရှင် မျိုးကို ခွင့်မပြုဒါတွေ၊ လွှမ်းမိုးခြယ်လှယ်ဒါတွေတို့ကို ပြုလုပ်သောကြောင့် ဖြစ်ပါတယ်။
နောက်ပြီး၊ ဥပဒေပြုအဖွဲ့အတွင်းမှ လူတစုက လုပ်ပိုင်ခွင့် အာဏာကို ကြိုးကိုင်ခြယ်လှယ်ပြီး၊ အပြန်အလှန် ထိန်းကျောင်းမှု အာဏာကို ပျက်ပြားစေပြီး၊ ၎င်းရွေးကောက်ပွဲတွေအတွက် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ပေါ်လွင် ရမည့် ရွေးကောက်ပွဲရလာဒ်မျိုးအစား၊ အာဏာရှင်တွေအလိုကျ ဖြစ်လာအောင် အာဏာကို အလွဲသုံးစားပြုနေသောကြောင့်ဖြစ်ပါတယ်။
အစိုးရမဟုတ်သော အင်အားစုတွေကလည်း တရားမျှတသော ရွေးကောက်ပွဲတွေဖြစ်လာဖို့ကို အနှောက်အယှက်ပေးနိုင် ပါတယ်။ ကိုယ်ထိလက်ရောက် (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာအထိ မဲဆန္ဒရှင်တွေကို ကြောက်အောင် ခြောက်လှန့်ဒါတွေ၊ မိမိကြိုက်နှစ်သက်သောသူကို မဲမပေးနိုင်အောင် (သို့မဟုတ်) မဲရည်တွက်မှုတွေကို မှန်မှန်ကန်ကန် မဖြစ်လာစေပဲ၊ အာဏာရှင်၏ အလိုကျဖြစ်လာအောင် ပြုလုပ်တတ်ပါတယ်။
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့က ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်ရေးက အရေးကြီးသော လုပ်ငန်းတရပ်ဖြစ်နေပါတယ်။ ပြဿနာတိုင်းက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးကို ကြီးမားစွာ အဟန့်အတားဖြစ်စေတတ်ပါတယ်။
ပွင့်လင်းသော နိုင်ငံရေးဆိုင်ရာအငြင်းအခုန်ရှိမှု (သို့မဟုတ်) မဲဆန္ဒရှင်ပြည်သူတွေကို လုံလောက်သော သတင်း အချက်အလက်များ မရှိခြင်းတွေက မိမိမဲပေးပြီး နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချမှတ်နိုင်ရေးအတွက် ကြီးမားသော စိန့်ခေါ်မှု့ကြီး တရပ်အဖြစ် ဖြစ်နေစေပါတယ်။ ကိုယ်စားလှယ်လောင်းများနဲ့ ပတ်သော၊ နိုင်ငံရေးဆိုင်ရာ မူဝါဒ လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်သော အကြောင်းအရာကိစ္စတွေကို လေ့လာနိုင်ရေး မရှိပါက လွတ်လပ်သော သတင်း မီဒီယာများမရှိသောကြောင့် ဖြစ်ပါတယ်။
အကြောင်းက သတင်းမီဒီယာရေးရာ ဦးတည်ချက်တွေ သေချာစွာမရှိခြင်း၊ အစိုးရက (သို့မဟုတ်) ကော်ပိုရေးရှင်းကြီးတွေက မီဒီယာတွေကို ချုပ်ကိုင်ထားခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ (ဒါမှမဟုတ်) ပုံမှန်သတင်းနဲ့ နိုင်ငံရေးဆိုင်ရာ သတင်းတွေရရှိနိုင်အောင် ဆောင်ကြဉ်းထားသော မူဝါဒမျိုးမရှိသောကြောင့်ဖြစ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို အစိုးရက ကန့်သတ်ထားဒါတွေ၊ အစိုးရအလိုကျသော ကိစ္စများကိုသာ သိခွင့်ရှိနေဒါတွေ၊ အစိုးရ၏ ၀ါဒဖြန့်ချီရေးအတွက်ပဲလုပ်နေရဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
ထို့ကြောင့် မီဒီယာများကလည်း အစိုးရနဲ့ အာဏာရ နိုင်ငံရေးပါတီတွေအတွက် ၀ါဒဖြန့်ချီပေးသော မီဒီယာတွေအဖြစ် သို့ ရောက် မသွားစေရေးက ပိုပြီး အရေးကြီးနေပါတယ်။ သတင်းအမှန်၊ အချက်အလက်အမှန်တွေကို ပြည်သူတွေ သိရှိအောင် ထုတ်လုပ် တင်ပြပေးရမှာ ဖြစ်ပါတယ်။
မတရားသော ဥပဒေများ
အာဏာကို အလွဲသုံး မတရားလက်ဝါးကြီးအုပ်ပြီး၊ အမျိုးမျိုးသော ဥပဒေတွေဖြင့် အတိုက်အခံ ကိုယ်စားလှယ်လောင်းများကို ကန့်သတ်ထားဒါတွေ၊ မဲဆန္ဒရှင်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်နေ ဒါတွေ၊ ရွေးကောက်ပွဲ ပုံစံတွေကို ပြောင်းလဲပစ်ဒါတွေ၊ စသည့်တို့ဖြင့် ပြည်သူတွေကို အနိုင်ကျင့်ကာ အာဏာရှင်တွေက သူတို့၏ ကိုယ်လောင်းများကို အနိုင်ရရှိရေးအတွက် အဓမ္မဆောင်ရွက်နေတတ်ပါတယ်။
ရွေးကောက်ပွဲမဲဆွယ်မှုတွင် စွက်ဖက်မှုများ
အာဏာရှိသူတွေက ကိုယ်စားလှယ်လောင်းကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို ပိတ်ပင်ခြင်း၊ ရာဇာဝတ်နဲ့ငြိစွန်းအောင်လုပ်ခြင်း၊ ရွေးကောက်ပွဲ မဲဆွယ်မှုဆိုင်သော ရုံးချုပ်တို့ကို ပိတ်ပစ်ဒါတွေ၊ ရွေးကောက်ပွဲ မဲဆွယ်နေသောသူများကို အနှောက်အယှက်ပြု၊ ကိုယ်ထိလက်ရောက်ထိုးကြိတ်ဒါတွေ၊ မဲဆန္ဒရှင်တွေကို အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ စသည့်တို့ဖြင့် ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို နှောက်ယှက်ဟန့်တားများလည်း ရှိတတ်ပါတယ်။
ခွင့်ပြုချက်မရှိပဲ ရွေးကောက်ပွဲ မဲပေးပုံစနစ်ကိုပြောင်းလဲပစ်ခြင်း
မဲပေးပုံ စနစ်ကို ခွင့်ပြုချက်မရှိပဲ ပြောင်းလဲခြင်းဖြင့် မဲရုံတွင် မဲပေးရာတွင် မဲဆန္ဒပြည်သူတွေအတွက် ရှုပ်ထွေးမှုနဲ့ လွဲလွဲမှားမှားများကို ဖြစ်ပေါ်စေတတ်ပါတယ်။ မဲထည့်မှုပုံစနစ်ကို ပြောင်းလဲခြင်း၊ မဲတမဲကို မဲပေါင်းများစွာဖြစ်အောင်ပြု လုပ်ခြင်း၊ တရားမ၀င် မဲပြားများကို ပြုပြင်ခြင်း၊ဖြည့်စွက်ခြင်းတို့ဖြစ်ကြပါတယ်။ တရားမျှတသော မဲပေးမှုကို ပျက်စီးစေခြင်း၊ ရွေးကောက်ပွဲ ရလာဒ်ကိုပြောင်းလဲပစ်ခြင်း၊ မဲစာရင်းများကို မရိုးမသားသောနည်းတို့ဖြင့် ခိုးယူခြင်း၊ မဲဆန္ဒရှင်နေထိုင်သော လိပ်စာအတိုင်း စာရင်းကို မထားရှိခြင်း၊ မဲစာရင်းများကို လိမ်ညာစွာပြောဆိုတင်ပြခြင်းနဲ့ အင်အားသုံးခြင်း၊ (သို့မဟုတ်) ကိုယ်အမူအရာ၊ နုတ်အမူအရာတို့ဖြင့် မဲရုံတွေမှာ ပြုမူခြင်း စသည်တို့ဖြစ်ကြပါတယ်။
အချုပ်အားဖြင့်ဆိုသော် ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲများကို တရားမျှတရေးအတွက် တရားဥပဒေတွေ၊ နည်းပညာတွေနဲ့ တရားဥပဒေစိုးမိုမှုအပေါ်အခြေခံထားသောကြောင့် အကယ်၍ ရွေးကောက်ပွဲဆိုင်ရာ ရလာဒ်အပေါ် မကြေနပ်ပါက သက်ဆိုင်ရာကို တိုင်ကြားပြီး၊ ဥပဒေကြောင်းအရအရေးဆိုနိုင်ပါတယ်။ အကြောင်းက ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတွေမှာ ပြဿနာများရှိလာပါက ဖြေရှင်းနိုင်သော နည်းစနစ်တွေသည် ခိုင်မာစွာ တည်ရှိနေသောကြောင့် ဖြစ်ပါတယ်။
အာဏာရှင်စနစ်အောက်မှာ လုပ်ရသော ရွေးကောက်ပွဲတွေကတော့ ပြဿနာပေါင်းစုံရှိနေတတ်ပြီး၊ အတိုက်အခံတွေကို အာဏာရအစိုးရ ပါတီတွေက အမြဲအနိုင်ကျင့်တတ်ပါတယ်။ အကြောင်းကတော့ တရားဥပဒေစိုးမိုမှု မရှိသောကြောင့်ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးကာလများတွင် စိန့်ခေါ်မှုပေါင်းစုံ ရှိနေတတ်ပါတယ်။
မည်သို့ပင် ဆိုစေကာမူ၊ ဒီမိုကရေစီတည်ရှိရေးအတွက် ရွေးကောက်ပွဲတွေကို အစဉ်တစ်စိုက် ဖြတ်သန်းရာမှဖြစ်လို့ ဒီမိုကရေစီကို အာမခံနိုင်သော တရားဥပဒေနဲ့ ပြည်သူအကျိုးအတွက် တရားဥပဒေစိုးမိုမှုသည် မရှိမဖြစ် လိုအပ်နေပါတယ်။
0 comments:
Post a Comment