Sunday, March 25, 2012

ခေတ်မှီခြင်းက အဆုံးအဖြတ် ပေးမှာလား…..



ဘဝမှာ တခါတလေ တော့ စိတ်ဓာတ် ကျခြင်းတွေနဲ့ ကြုံတွေ့ ရတာပါပဲ..အဲဒီထဲမှာ အဆိုးဆုံးက မိမိ ဘယ် နေရာကို ဦးတည်ပြီး သွားနေသလဲ ဆိုတာ မသိခြင်းက..အဆိုးဆုံး စိတ်ဓာတ် ကျဆင်း မှုပါပဲ ..ကျွန်မ အတွက် ပြောတာပါ.. တခြား သူတွေတော့ ဘယ်အချိန်ဟာ စိတ်ဓာတ် အကျဆုံးလဲ ဆိုတာတော့ မသိဘူး…. .တခါတလေတော့လည်း နိုင်ငံအခြေအနေကြောင့်၊ စီးပွားရေး အခြေအနေကြောင့် မိသားစု ကျောထောက် နောက်ခံ အားနည်းမှုတွေကြောင့် မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ လက်ရှိဘဝ အခြေအနေဟာ ဝေးနေတတ် ပါတယ်…


အခုခေတ်ဆိုရင်..ဟိုးအရင်တုန်းကလိုမှ မဟုတ်တော့တာ..ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ် ဆိုတဲ့ ဆောင်ပုဒ် ၊ ရိုးရှိးကျင့် မြင့်မြင့်ကြံ၊ ယောင်္ကျားတို့ဇွဲ သေခါမှလျှော့ဆိုတဲ့ ဦးတည်ချက်တွေနဲ့ ကြိုး စားကြည့်ပါသေးတယ်..အမောတပိုင်းနဲ့ မမြင်နိုင်တဲ့ခရီးကို ပြေးနေသလိုပဲ ခံစားမိတယ်… အခွင့် အရေးကို မြင်နိုင်တဲ့သူ အကွက်ကျကျ တွေးတတ် တဲ့သူ.. အကပ်ကောင်းတဲ့ သူတွေပဲ.. ရှေ့ ရောက် သွားသလို ခံစားမိလို့ပါ..ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိမိအသွေးအသားထဲမှာ ရှိနေတဲ့ ရိုးသား ခြင်း၊ ဖြောင့်မတ်ခြင်း ၊ ဖြူစင်ခြင်း တွေကို တော့ အမြဲရှင်သန်အောင်တော့ ထားရမှာ ပဲ.. ဒီဘဝမှာ အကျိုး မခံစားရင် တောင်မှ .နောင်ဘဝအတွက် ကောင်းမှုကုသိုလ် တခုရနိုင် အောင်လို့ပါ….

လူတွေဟာ ခေတ်ဆန်တာကို အရမ်းသဘောကျလာတဲ့အတွက်..ခေတ်ဆန်တာနဲ့ တန်ဖိုးကို ရောနှောနေကြပြန်ရော..အင်တာနက်ခေတ်..facebookတွေ၊ ipodတွေ၊ Cell Phone တွေ Technology ပိုင်းမှာ အရမ်းကို တိုးတက်လာလို့ ဆက်သွယ်ရေး..Network ချိတ်ဆက် မှုတွေ ဟာ အရင်ကထက် တိုးတက်လာလို့ အရမ်းကို အားရစရာ ကောင်းတဲ့ အပြင်.. စိတ် ကြိုက် မိမိတို့ စီးပွားရေး လုပ်ငန်း ..privacy ပိုင်းမှာလည်း ဖန်တီးနိုင်ကြ ပါတယ်..အချိန်မိနစ် တိုတိုလေးအတွင်းမှာ မိမိစိတ်ကြိုက် သတင်းအချက်အလက် information တွေကို မိတ်ဆွေ လုပ်ဖော်ဆောင် ဖက်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေ ကြောငြာတွေ မီဒီယာသတင်းတွေ အရင်ကထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်လာနိုင်ကြတာ..အရမ်းကို အားကျ စရာ ကောင်းပြီး တိုးတက်စရာ တခုပါပဲ..

ဒါပေမယ့် ကျွန်မခံစားမိပါတယ်..ဝမ်းနည်းစရာ ကောင်းတဲ့အရာက..ခေတ်ရှေ့ပြေးတာနဲ့ အညီ ..အကျင့် habit တွေ ၊ love တန်ဖိုးထား တာတွေ၊ မိတ်ဆွေစစ် ခင်မင်ရင်းနှီး တာတွေ ဟာ.. ခေတ်နဲ့ ရောနှောသွားတတ်ပါသလား…

အရင်ကဆိုရင် မိန်းကလေး တယောက်ကို ချစ်ကြိုက်ဖို့အတွက် အရမ်းကို အရှိန်ယူပြီး ပေးဆပ်ကျတဲ့ ယောင်္ကျားလေးတွေ၊ love ကိုပြန်တုန့်ပြန်ဖို့ သေချာ ဆန်းစစ် ပြီးမှ ချစ်တယ်လို့ တုန့်ပြန်တတ်တဲ့ မိန်းကလေးတွေ၊ အခုများကျတော့ ချက်တင် ထိုင်ရင်း ချစ်သူရှာ ဘာဘာညာညာ သေချာမသိပဲ ချစ်တယ်လို့ ၃ ယောက်ထက် မနည်း စတွေးမျို သလို လွယ်လိုက်ကြ တာ..အချစ်ကို ဘာကြောင့်များ ပြီးစလွယ် အသုံးပြုနေကြပါလိမ့်လို့ ကျွန်မစဉ်းစားမိရင်း.. စိတ်ထိခိုက် မိပါတယ်. မိမိနိုင်ငံမှာ အခြားနိုင်ငံတွေထက် တိုးတက်အောင် မနည်း အရှိန်ယူ အားစိုက်နေရတာ တောင်..တခြားနိုင်ငံတွေကို မယှဉ်သာသေးတဲ့ ကျွန်မတို့ဟာ ..ခေတ်ရှေ့ပြေးတဲ့အရာတွေကို.. မိမိ တိုးတက်ဖို့ မိမိလုပ်ငန်းတွင်ကျယ်ဖို့ .အများအကျိုးရှိစေဖို့ နိုင်ငံ တိုးတက်ဖို့အတွက် အသုံးချ သင့်ပါ တယ်လို့ တွေးနေမိပါတယ်… ကျွန်မကတော့လေ..အခုချိန်မှာ မိမိဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ ဖြစ်နေတဲ့ ဘဝဟာ အရမ်းကို ကွာခြား နေတယ်ဆိုတာ သိပါ တယ်..ဒါပေမယ့် မလျှော့သောဇွဲ.တွေနဲ့ မိမိလက်ရှိ အခြေအနေကို အကောင်းဆုံး ဖြစ်အောင် ခြေကုပ်ယူရင်း မြတ်စွာဘုရား ဟောကြားသလိုပဲပေါ့. .ကောင်းမှု ကုသိုလ် လုပ်ရင် အဲဒီ အကျိုးကို ပြန်ခံစားရတယ်ဆိုတော့..အလောဘ၊ အဒေါသ၊ အမောဟ တွေပဲဖြစ်အောင် နှလုံးသွင်းရင်း သွားနေမယ်ဆိုရင်..ကံတရားဆိုတာ ဖြောင့်မတ်သောသူ၊ ရိုးသားသောသူ၊ ဖြူစင်သော သူတို့ဖက်မှာရှိနေမှာပါ…ရှေ့ပြေးနေတဲ့ ခေတ်ကို အမှီလိုက်ရင်း..အဲဒီ ခတ်ရှေ့ပြေးတွေ ဟာ..ဘဝ တိုးတက်ဖို့အတွက် တန်ဆာပလာ ပစ္စည်း၊ ကရိယာတွေ အဖြစ်ပဲ သ ဘောထားနေမိပါတယ်။…လက်ရှိ အခြေအနေကို ကြည့်ကာ စိတ်ဓာတ် အင်အား ကျဆင်းနေတဲ့ စိတ်ကိုအမြန် ကောက်တင်ရင်း.. မိမိအထဲမှာ ပေါက်ဖွားနေတဲ့ ဖြူစင်ခြင်း၊ ရိုးသား ခြင်း၊ ဖြောင့်မတ်ခြင်း နှင့် ချစ်ခြင်းတရားတွေကို အသုံးပြုရင်း …ပြန်ထပြီး ..အရှေ့ကိုကြည့်ကာ အားယူနေမှာပါ. အဲဒီအရာတွေသုံးလို့ အတယ်၊ ဉာဏ်မရှိဘူး ၊ ခေတ် မမှီဘူးလို့တော့ မထင်လိုက်ပါနဲ့။ ရိုးသားဖြူစင်ခြင်းဟာ..ရိုးအပြီး အသိဉာဏ် မရှိတာ မဟုတ်ပါဘူး ..တရားကို လက်တွေ့ဘဝ နယ်ပယ်ထဲမှာ အသုံးချတာ ဟာ အခုဘဝအတွက် ရော..နောက်ဘဝ အထိပါ.ပါသွားမယ့် အရာတွေပါ…တနေ့နေ့ တချိန်ချိန်မှာ ချစ်ခြင်း စေတနာတရားသာ အားလုံး အတွက် ခိုလှုံရာ.. နားခိုရာ ဆိုတာ သဘောပေါက်လာကြမှာပါ.



ဒါကြောင့် ခေတ်ရှေ့ပြေးတဲ့ အရာတွေကို အသုံးပြုရင်း ချစ်ခြင်းကို မိတ်ဆွေကြား၊ ချစ်သူကြား၊ ဇနီးမောင်နှံကြား၊ လုပ်ဖော်ဆောင်ဖက်ကြား..အထူးတန်ဖိုးထား လေးနက်စွာ တည် ဆောက်နိုင်ကြပါစေ…စိတ်ဓာတ်ကျဆင်းနေတဲ့ အချိန်မှာ ..မိမိဘဝရှေ့ဆက်နိုင်ဖို့ ..ချစ်ခြင်းတရားကပဲ တွန်းပို့ပေး နိုင် တာပါ.. အဲဒီချစ်ခြင်း စေတနာ ပိုင်ရှင်ကို. ကျွန်မ အရာအားလုံး ထက် တန်ဖိုးထားပါတယ် ….တွေ့လည်း တွေ့ချင်ပါတယ် ..သူနဲ့လည်း အမြဲအတူ နေချင်ပါတယ် ..စိတ်ဓာတ်ကျ ဘဝမှာ လမ်းပျောက် တိုင်း သူလက်ကိုဆွဲပြီး ပြန်ထချင်လို့ပါ.. မတည် မြဲတဲ့ အရာတွေကြားမှာ..တည်မြဲတဲ့အရာက ဘာလဲ ဆိုတာကိုတော့ ကျွန်မအပါအဝင် အားလုံး ရှာဖွေနေကြမှာပါ..ဒီလိုရှာဖွေရင်းနဲ့ မမြဲတဲ့အရာ တွေကြားမှာ ..ဒုက္ခလောကဓံကြားမှာ ..တိုးတက်လာတဲ့ နည်းပညာတွေကြားထဲမှာ .အင်မတန် တန်ဖိုးထားစရာကောင်းပြီး ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ ကိုယ်ကျင့်သိက္ခာ၊ ချစ်ခြင်းမေတ္တာ၊ ရိုးသား ဖြူစင်မှုတွေကို မကွယ် ပျောက်အောင် ဆက်ထိန်းကြရအောင်နော်.. ခေတ်ကိုအမှီ လိုက်ရင်း… တန်ဖိုးရှိစွာ အသက်ရှင်တတ်ကြပါစေလို့ ဆုတောင်းလျှက်….

http://www.alinyaung.net/index.php?option=com_content&view=article&id=108:2011-06-23-23-53-42&catid=31:2011-05-14-00-28-37&Itemid=46 မှတဆင့်ပြန်လည်းမျှဝေတာပါ
စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...