အနိစ္စမဆန်တဲ့ အနိစ္စ
by Ko Seven on Friday, March 23, 2012 at 11:02pm
ရိုးရိုးလေးပါပဲ...
သုညကနေ
ဝလုံးကလေးအဖြစ်ပြောင်းသွားတာက လွဲ၍
လူတိုင်း ကိုယ့်လေးညှို့ ကိုယ်ဆွဲ
ကိုယ့်သဘောနဲ့
ကိုယ့်ကိုကိုယ် ထူကြတာချည်းပါပဲ.....
သစ်ပင်တစ်ပင်မှာ သစ်တစ်ရွက်ကြွေရင်
ကြွေသွားတဲ့ အဲ့ဒီသစ်ရွက်အစား
ရွက်နုကလေးတွေ ဝေဝေဆာဆာဝေပေးကြလိမ့်မယ်...
အဲ့ဒါဆို
ကောင်းကင်မှာ ကြယ်တစ်ပွင့်ကြွေရင်
ကောင်းကင်ကြီးက အဲ့ဒီအစား
ကြယ်တစ်ပွင့် ပြန်ဖြည့်ပေးသလား...?
တိမ်တိုက်တွေ တရွေ့ရွေ့နဲ့ ခရီးနှင်ကြဦးပေါ့
မုတ်သုန်မတိုင်ခင်တော့
ပုံသဏ္ဍာန်အဆင့်ဆင့်နဲ့
အရောင်ပြောင်းခွင့် ရဦးမှာပါ...
တကယ်တော့
မုန်တိုင်းဆိုတာ ချိုတဲ့အရာမှာမဟုတ်ပဲ
မွှေးမွှေးမြမြ
ကိုယ့်ယဉ်ကျေးမှုနဲ့ကို
မေ့ထားလိုက်ကြပါတော့ကွယ်...
လမ်းများစွာစီးဆင်းတဲ့
ချိုရီရှရှ
မြို့ပြညနေခင်းလေးတစ်ခုမှာ
မျှော်လင့်ချက်နဲ့ ပစ္စုပ္ပန်
တစ်ယောက်တစ်လမ်းစီလျှောက်
ငါကတော့ နေမဝင်ခင်လမ်းပျောက်သွားတယ်...
ဘာမှမဟုတ်ခဲ့ပါဘူး
အညတြလူငယ်တစ်ယောက်
ရထားဥသြသံတွေအကြားမှာပျောက်သွားရုံကလွဲ၍
မနက်ဖြန်ခါမှာ
နေထွက်မယ်
ပန်းတွေကြွေမယ်
တစ်ခါတစ်ခါ
ငှက်တွေ အုပ်စုလိုက် အလန့်တကြားထပျံကြလိမ့်မယ်.....။
၂၃၊ ၃၊ ၂၀၁၂
0 comments:
Post a Comment