Tuesday, March 6, 2012

နိုင်ငံရေးနှင့် စိတ်ချမ်းသာမှု

by Lwin Aung Soe on Tuesday, March 6, 2012 at 11:50pm ·

 
စိတ်ချမ်းသာမှုဟာ နိုင်ငံရေးနဲ့လည်း ဆက်စပ်တယ်။ အစိုးရဟာ နိုင်ငံသားတွေရဲ့ စိတ်ချမ်းသာမှုကို အလေးထားရမယ်။

စိတ်ချမ်းသာတဲ့သူ များတဲ့နိုင်ငံဟာ ပိုပြီးတိုးတက်တယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ မျှော်လင့်ချက်တွေပြည့်ပြီး စိတ်အားထက်ထက်သန်သန်နဲ့ လုပ်ကြမှ နိုင်ငံတိုးတက်မယ်။ မျှော်လင့်ချက်သိပ်မရှိရင် စိတ်အားထက်သန်မှု မရှိဘူး။


မပျော်ဘူး။ မပျော်ရင် အလုပ်တွေကိုပိုကောင်းအောင် မလုပ်နိုင်ဘူး။ ကိုယ့်အကျိုးလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ သူများအကျိုးလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး။

စိတ်ချမ်းသာနေရင် လုပ်စရာရှိတာကို လိုလိုချင်ချင် လုပ်တယ်။ လိုလိုချင်ချင်လုပ်ရင် ကောင်းကောင်းမွန်မွန် ဖြစ်တယ်။

မယုံရရင် စိတ်ဆင်းရဲတယ်။ မမျှတရင် စိတ်ဆင်းရဲတယ်။ ယုံကြည်ရမှ စိတ်ချတယ်။ စိတ်ချလက်ချလုပ်ရမှ အားသွန်ပြီးလုပ်နိုင်တယ်။

ဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသားတွေမှာ စိတ်ချလက်ချ ယုံယုံကြည်ကြည် လုပ်နိုင်အောင် စီစဉ်ပေးနိုင်ရင် နိုင်ငံသူ၊ နိုင်ငံသားတွေ စိတ်ချမ်းသာမယ်။ နိုင်ငံလည်းတိုးတက်မယ်။

စိတ်ချမ်းသာတဲ့သူဟာ မလုပ်သင့်တာကို မလုပ်ဘူး။

ဒုစရိုက်ကို လုပ်ကြတဲ့သူတွေဟာ များသောအားဖြင့် စိတ်မချမ်းသာတဲ့ သူတွေပဲ။

စားဝတ်နေရေး အဆင်ပြေရင် ၊ ဆက်ဆံရေး အဆင်ပြေရင် ကောင်းကောင်းမွန်မွန် နေမယ်။ ဒါကြောင့် စားဝတ်နေရေး အဆင်ပြေအောင် စီစဉ်နိုင်ရင် စိတ်ချမ်းသာမယ်။ ကောင်းကောင်းနေမယ်။ အကျိုးပြုမယ်။

( ဆရာတော် ဦးဇောတိက )
By: Nay La Minn

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...