SEEKING FOR COMMON GROUND - ဘုံအကျိုးစီးပွားရှာပုံတော်
by Udp Myanmar on Monday, March 12, 2012 at 1:51am ·
မျိုးဆက်သစ်-မျိုးဆက်ဟောင်းတွေအကြား Common Ground တွေရှာဖွေပြီး ပူးပေါင်းဆောင် ရွက်ဖို. လိုတယ်လို. နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတော်အခြေပြ မိန်.ခွန်းမှာပြော ထားပါသည်။ ဘုံအကျိုးစီးပွားရှာပြီး လက်ရှိပွင့်လာတဲ့ နိုင်ငံရေးအခွင့်အလန်းတွေ နောက် ကြောင်းမပြန်သွားဖို.အတွက် အစိုးရတင်မဟုတ်ပဲ အားလုံးမှာ တာဝန်ရှိပါသည်။
ဘုံအကျိုးစီးပွားရှားပြီး ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းသာလျင် မြန်မာနိုင်ငံအတွက် အာမခံ ချက်တွေကို အကောင်းဆုံးဖော်ဆောင်ပေးနိုင်မှာဖြစ်ပါသည်။ လက်ရှိမြန်မာပြည် အခြေအနေ ဟာ ကျနော်တိုကမ္ဘာပေါ်မှာ တွေ.မြင်နေရတဲ့ အကောင်းဆုံးအခြေအနေပါ။ လက်ရှိမြန်မာ ပြည်အခြေအနေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအခြေအနေပါ လို. မြန်မာပြည်ဆိုင်ရာ အထူး ကိုယ်စားလှယ် အမေရိကန်အရာရှိက ၀န်ခံထားပါသည်။
တကယ်လဲ ဟုတ်ပါသည်။ ၂၃ နှစ်ကျော် ကာလအတွင်း လက်ရှိမြန်မာ့နိုင်ငံရေးရာသီဟာ အ ပွင့်အလင်းဆုံးနဲ. အစိုးရကလဲ ကန်.သတ်ချုပ်ချယ်မှု အနည်းဆုံးနဲ. ဖွင့်ပေးတဲ့ရာသီပါ။ မြန်မာ ပြည်မှာ အရင်က ဒီလိုအခွင့်အရေးမျိုးမရှိခဲ့ပါ။ မပေါ်ပေါက်ခဲ့သေးပါ။ ဒါဟာ ဒီမိုကရေစီ အပြောင်းအလဲတွေကို ကူးပြောင်းနိုင်ဖို. အနီးစပ်ဆုံးအချိန်ဖြစ်တာမို. ဒီအခွင့်အလန်းကို လက် လွတ်မခံပဲ--အရွေ.တခုကို ကောင်းကောင်းကြီး ရောက်သွားအောင် တွန်းပို.ပေးကြဖို. အားလုံး၏တာဝန်ပါ။ နောက်ပြန်ဆုပ်သွားမလား မသွားဘူးလားဆိုတာ အစိုးရအပေါ်သာ မူတည်နေ တာမဟုတ်ပဲ အတိုက်အခံနဲ. ပြည်သူတွေမှာလဲ တာဝန်ရှိလာပါသည်။ ဒါကြောင့် ဘုံအကျိုးစီး ပွားကိုရှာပြီး အပြောင်းအလဲကို အရှိန်ကောင်းအောင် လုပ်ဖို.လိုပါသည်။
နိုင်ငံရေးပက္ဒိပက္ခတွေကို ဖြေရှင်းရာမှာ အခု မြန်မာပြည် သွားတဲ့ပုံစံက အတော်ကိုလှတဲ့ အ ကွက်ပါ။ Win-Win Situation ဖြစ်ပါတယ်။ ဒီအပြောင်းအလဲအတွက် အစိုးရရော စစ်တပ် သာမက အတိုက်အခံနဲ. တိုင်းရင်းသားတွေ၏ကဏ္ဍတွေပါ ပါဝင်ကြတာမို. အားလုံး၏၀ိုင်းဝန်း ပံ့ပိုးမှုတွေကြောင့် ဖြစ်ရလာတာလို. ဆိုနိုင်ပါသည်။ အစိုးရလဲမျက်နာရသလို အတိုက်အခံ တွေလဲ မျက်နာပန်းသာစေခဲ့တာကိုး။ သူရှုံးလို. ကိုယ်နိုင်-- သူနိုင်လို. ကိုယ်ရှုံးသွားတာ မဟုတ်ပဲ အခုပြောင်းလဲလာမှုအတွက် အားလုံးကို အမှတ်ပေးဖို. Credits ပေးဖို.လိုပါတယ်။
အခုသွားနေတဲ့ ပက္ဒိပက္ခဖြေရှင်းနည်း-Conflict Resolution တာ အောင်မြင်သွားမယ်ဆိုရင် မြန်မာတွေ လက်ခမောင်းခတ်ရမှာပါ။ ဒီဖြေရှင်းနည်းဟာ Made in Myanmar ပြည်တွင်းဖြစ် ဖြစ်ပြီး ကမ္ဘာ့ပြသာနာတွေ အဖြေရှာရာမှာတောင် မြန်မာတွေလုပ်သွားတဲ့ သူမနာကိုယ်မနာ Conflict Resolution Method ကိုပါ နိင်ငံတကာကပညာရှင်တွေတောင် ပြသာနာတွေကို အချင်းချင်း သွေးထွက်သန်ယိုမှု နည်းနည်းနဲ. ဘယ်လို ဖြေရှင်းသွားသလဲဆိုတာ လေ့လာရမှာ သေခြာပါသည်။ ဆယ်စုနှစ် ၆ခုလောက်ကြာတဲ့ နိုင်ငံရေးပက္ဒိပက္ခတွေကို သွေးထွက်သန်ယိုမှု နည်းနည်းနဲ. ဖြေရှင်းလို.ရနိုင်တယ်ဆိုတာ မြန်မာတွေက ကမ္ဘာကို လက်တွေ. သက်သေပြဖို. လိုပါသည်။
ဒါကြောင့် အစိုးရက အခြေအနေမကောင်းလို. ငါတို.ကို အလျော့ပေးလိုက်လျော်ရတာလို.လဲ မမြင်သင့်သလို အတိုက်အခံတွေမှာလဲ အစွမ်းအစတွေ မရှိတော့ဘူးလို.လဲ တဖက်က ထင်ဖို. မသင့်ပါ။ အားလုံးပါဖို. အထူးလိုပါသည်။ ဒါဆိုရင် ဘုံအကျိုးစီးပွားကိုရှာတဲ့ နည်းလမ်းသာလျင် ၂ ဖက်စလုံးအတွက် လက်ခံနိုင်တဲ့ အခြေအနေတွေဖြစ်စေတာမို. အရွေ.တွေလဲ ဒီထက် မြန်စေမည်။
အဲလိုမဟုတ်ပဲ တဖက်နဲ.တဖက် အားစမ်းမယ်။ အားပြိုင်မယ်။ တို.ဖက်ကတော့ အားသာလာ တယ် သူတို.ဖက်တော့ ခြေမခိုင်ပဲ ယိုင်လာတယ်လို.ယူဆပြီး အနိုင်ရဖို. အပိုင်တွန်းချမယ်ဆို တဲ့အမြင်နဲ. လုပ်ကြမယ်ဆိုရင်တော့ နယူတန်၏နိယာမတွေ ပြန်ပြီး ထလာနိုင်ပါသည်။ ဒါဆို ရင် ဘယ်သူအတွက်မှ မကောင်းသလို တိုင်းပြည်လဲ အမှောင်ထဲက လွတ်မြောက်ရာလမ်း မမြင်ပါ။ ဘုံအကျိုးစီးပွား Common Ground ကို ရှာဖို. အရေးကြီးပါသည်။
ကျား၂ကောင်း တွင်းတတွင်းထဲမှာ အတူတူ မအောင်းနိုင်ဘူးဆိုတာ မှန်ပေမည့် ဒီမိုကနေရစီ အသွင်ကူးပြောင်းတဲ့အချိန်မှာတော့ အစိုးရနဲ. အတိုက်အခံတွေ တွင်းအတူအောင်းတတ် အောင်ကို ကျိုးစာရမှာ ဖြစ်ပါသည်။ အစိုးရနဲ.အတိုက်အခံတွေ အတူတူ အလုပ် လုပ်တတ်မှသာ ဒီမိုကရေစီကျင့်စဉ်ဟာ အပင်သန်ပြီး ရှင်သန်ကြီးထွားနိုင်မည် မဟုတ်ပါလား။
ရန်ငါးစည်း ခြားရမည်ဆိုတာ အာဏာရှင် တပါတီဆန်တဲ့ ကွန်မြူနစ်တွေ၏ လက်သုံးစကားမို. ဒီမိုကရက်တွေအကြားမှာ ဒီစကားဟာ လက်တွေ.မကျပါ။ အသုံးမ၀င်ပါဘူး။ ဒီမိုကရေစီကျင့် စဉ်မှာ ရန်သူဆိုတဲ့အယူအဆထက် အမြင်မတူ မူဝါဒကွဲပြားတဲ့ အတိုက်အခံတွေပဲ ရှိပါသည်။ အမြင်မတူရင် ရန်သူဆိုတဲ့သဘောတရားဟာ ဒီမိုကရေစီအတွက် အဟန်.အတားဖြစ်တဲ့ အ ဆိပ်အတောက်ပါ။ အမြင်မတူ ၀ါဒကွဲပြားတဲ့အတိုက်အခံတွေနဲ. အလုပ် အတူတူလုပ်တတ်တဲ့ အကျင့်တွေအားကောင်းမှသာ ဒီမိုကရေစီဆိုတာ အလုပ်ဖြစ်တာပါ။ ဒီအလေ့အကျင့်ကို အား ကောင်းဖို. လေ့ကျင့်ပျိုးထောင်ဖို.လိုပါသည်။
ပြည်သူလူထု၏ အားပေးထောက်ခံမှုတွေ ယုံကြည်မှုတွေနဲ.တန်အောင် လူထုကို ကျေးဇူးပြန် ဆပ်နိုင်ဖို.ဆိုတာ ဒီမိုကရေစီအလုပ်ဖြစ်ဖို. လက်တွေ.ပြဖို.လိုပါသည်။ ဒါကြောင့် အစိုးရက အတိုက်အခံကို လိုသလို အတိုက်အခံတွေကလဲ အစိုးရ၏ခွင့်ပြုအားပေးမှုတွေ လိုနေဦးမည် သာ။ ပျားလဲလျှောက်သာ ရှဉ်.လဲပြေးသာဆိုတဲ့ စကားပုံဟာ အခုအချိန်မှာ တကယ်လိုအပ် တဲ့အရာမို. လုပ်ကျကိုင်ကျတဲ့အခါ ဒီအယူအဆကို စဉ်းစားကျဖို. လိုပါသည်။ အဲဒီလိုမဟုတ်ပဲ ကျားရဲတို.လို ကိုယ်ရှင်သန်ကြီးထားဖို. တဖက်သား၏ဘ၀နဲ.အသက်တွေ ပေးဆပ်ရမည်ဆို ရင်တော့ အခု ပွင့်လာတဲ့ နိုင်ငံရေး ရာသီတွေ မုတ်သုံမိုးတွေ မုန်တိုင်းတွေ ပြန်ကျလာနိုင် သေးပါသည်။
ဒါကြောင့် ဘုံအကျိုးစီးပွား-Common Ground ရှာပြီး အစိုးရနဲ. အတိုက်အခံအကြား တဖက်၏ အားသာမှုတွေကို တဖက်က အားပြုပြီး အရွေ.ခရီး ဒီထက် ပေါက်အောင် ရောက်အောင် ပြိုင်တူတွန်းဖို.လိုပါသည်။ တဖက်က အာဏာနဲ.တင်းကြပ်မည်။ တဖက်က အင်အားနဲ. တွန်း အားပေးမည် ဆိုရင်တော့ Common Ground တွေ ပျောက်ပြီး အရွေးတွေ နောက်တွန်.သွားနိုင်သည်။ ။
0 comments:
Post a Comment