Tuesday, March 6, 2012

ပညာသင်ယူသူနှင့် ဥာဏလုပ်သားများ ရရှိနိုင်သည့် ဦးနှောက် ကျန်းမာရေး အကျိုးကျေးဇူး

by So Min Oo on Wednesday, March 7, 2012 at 9:28am ·
 
စာမေးပွဲတွေ ဖြေရတာ၊ စာတမ်းတွေတင်ဖို့ ပြင်ဆင်ရတာ၊ Presentation လုပ်ဖို့ အချက်အလက် စုဆောင်းရတာ .. စတဲ့ အရာအားလုံးက ဦးနှောက်ကို စိန်ခေါ် လုပ်ဆောင်ရတာကြောင့်  စိတ်ပင်ပန်း နွမ်းနယ်မှု ဖြစ်ရတာ အမှန်ပါ။ ဒါပေမဲ့ ဒီလိုပညာရပ် အသစ်တွေကို ဆည်းပူး လေ့လာရတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန် ထက်မြက် လာစေပါတယ်။




အယ်လ်ဇိုင်းမား ရောဂါဖြစ်နှုန်း လျော့နည်းခြင်း
ပညာသင်ယူ လေ့လာတာနဲ့  တွေးခေါ်ဆုံးဖြတ်ရတဲ့ အလုပ်တွေ လုပ်တာကြောင့် မှတ်ဉာဏ်ထိခိုက်မှုကို လျော့ကျစေပြီး အယ်လ်ဇိုင်းမား ရောဂါရဲ့ လက္ခဏာတွေကို ကာကွယ်ပေးနိုင်တယ်လို့ အာရုံကြောဆိုင်ရာ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ သိရပါတယ်။  အမျိုးသမီး ခြောက်ဦးမှာ တစ်ဦးခန့်က အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်တဲ့ အခွင့်အလမ်း များနေတာက ပညာသင်ယူမှုနဲ့ အလုပ်လုပ်ကိုင်မှုမှာ အချိန်ကုန်ဆုံးမှု နည်းတာကြောင့် ဖြစ်ပါတယ်။

သတိမေ့ရောဂါ ဖြစ်နှုန်း လျော့နည်းခြင်း
ပညာသင်ကြားတာနဲ့ ဉာဏ်သုံးရတဲ့ အလုပ်လုပ်တာကြောင့်  သတိမေ့တဲ့ Dementia ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ ပညာကို အဆင့်မြင့်မြင့် သင်ကြားသူတွေနဲ့ ဉာဏ်ရည်ကို လှုံ့ဆော်တဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်သူတွေဟာ ပညာနိမ့်သူ၊ ကာယအားကိုးပြီး လုပ်ရသူတွေထက် သတိမေ့ Dementia ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းမှု ရှိတာကို တွေ့ရပါတယ်။

တွေးခေါ် မြော်မြင်နိုင်စွမ်းအား ကောင်းခြင်း
 ပညာသင်ယူ လေ့လာရတာနဲ့ စိန်ခေါ်တဲ့ အလုပ်တွေကို လုပ်ကိုင်တာတွေကြောင့် တွေးခေါ် မျှော်မြင်နိုင်စွမ်းအားကို ပိုမိုကောင်းမွန် တိုးတက်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အကြောင်းကတော့ အဆင့်မြင့် ပညာသင်ကြားတာနဲ့ ဉာဏ်သုံးပြီး လုပ်ရတာတွေကြောင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ ပိုမိုကောင်းမွန်လာပြီး ဦးနှောက်ကို သန်စွမ်းစေလို့ပါ။

 Tips!
 ပညာသင်ယူသူနှင့် ဉာဏလုပ်သားများ ဦးနှောက် စွမ်းရည် ပိုမိုထက် မြက်စေရန်
 အားလပ်ချိန်မှာ မိနစ် ၃၀ လောက် လမ်းလျှောက်ပေးတာက အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ အရိုးပါးရောဂါ ဖြစ်နှုန်းကို လျော့ကျစေတဲ့ အပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ တကယ်လို့ လမ်းလျှောက်ဖို့ စိတ်မပါရင် ရေကူးတာ၊ တောင်တက်တာ၊ အိမ်မှာ လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင် ပေးနိုင်ပါတယ်။ ဒီလိုလုပ်တာကြောင့် ဦးနှောက်ကို ကြံ့ခိုင်သန်စွမ်းစေကာ စိတ်ကို လန်းဆန်းစေတဲ့အတွက် ပညာသင်ယူ လေ့လာမှုအပိုင်းနဲ့ ဦးနှောက်သုံးပြီး ဆုံးဖြတ်လုပ်ကိုင်မှု အပိုင်းတွေမှာ ပိုမို အဆင်ပြေလာ ပါလိမ့်မယ်။

 ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)


ဖတ်မိတာလေးတွေကို ပြန်လည်မျှဝေလိုက်တာပါ
စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...