သြော်...အတ္တ .. သြော်အတ္တ...
“ငါ့အိမ်မီးလောင်နေပြီ၊ ငြှိမ်းကြပါဟ၊ လုပ်ကြလေ..ဘာလို့ငါ့အိမ်မီးလော င်နေတာကို ကြည့်နေကြတာတုန်း”
မီးလောင်နေတဲ့အိမ်ကိုကြီးပြီး အိမ်ပိုင်ရှင်အဖိုးကြီးတစ်ယောက် က သောကတွေနဲ့ အော်ပြောနေတဲ့အသံပါ။
အဲဒီအချိန်မှာ သားအကြီးက သူ့အဖေနားကပ်ပြီး
“အဖေ..စိတ်မပူနဲ့အဖေ။ ဒီအိမ်ကို ပေါက်ဈေးထက် သုံးဆပေးမယ်ဆိုလို့ မနေ့ကပဲ ကျွန်တော် အရောင်းအ၀ယ် စာချုပ် ချုပ်ထားပြီးပြီ အဖေရ၊ အဖေ စိတ်အေးအေးထားပါ၊ ဒါ အဖေ့အိမ် မဟုတ်တော့ဘူး”
အိမ်ပိုင်ရှင်အဖိုးကြီး ချက်ချင်းမျက်နှာပြောင်းသွားပြီး
ခုနသောကတွေချက်ချင်းငြိမ်းသွား တယ်။ မီးလောင်တာကို
ဝိုင်းကြည့်နေကြတဲ့လူတွေလိုပဲ ငါ့အိမ်မီးလောင်နေတာ မဟုတ်ဘူးလို့
ခံစားချက်ဖြစ်သွားတယ်။
အဲဒီအချိန်မှာ ဒုတိယသားက အဖေ့ကို ၀င်ပြောပြန်တယ်။
“အဖေရေ…. အရောင်းအ၀ယ်စာချုပ်သာချုပ်ထားတာ ၊ စရန်ကလည်း နည်းနည်းလေးပဲ
ပေးထားတာ၊ မ၀ယ်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့အထင်
စရန်းအဆုံးခံမယ်ထင်တယ်”
သူ့သားရဲ့စကားလည်းကြားရော အဖိုးကြီး ချက်ချင်းပြာယာခတ်သွားပြန်တယ်။ လုပ်ပါဟ ၀ိုင်းပါဟ ငြှိမ်းကြပါဟနဲ့ ဖြစ်ပြန်ရော။
အဲဒီအချိန်မှာ တတိယသားက ပြေးလာပြီး သူ့အဖေကို ပြောပြန်တယ်။
“အဖေရေ…အဲဒီကုမ္ပဏီက မန်နေဂျာနဲ့ သားနဲ့က သူငယ်ချင်း၊ အခုလေးတင် အဲဒီမန်နေဂျာနဲ့ တွေ့ခဲ့ပြီ။ သူ့ရဲ့ ဘော့စ်ဆီကို ဖုန်းဆက်တယ်တဲ့၊ သူ့ရဲ့ဘော့စ်က ပြန်ပြောတယ်၊ အိမ်မီးလောင်တာ၊ မြေမီးလောင်တာမဟုတ်ဘူး၊ ၀ယ်မယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ ၀ယ်မယ်တဲ့၊ အဲဒီမြေပေါ်မှာ အဆောက်အအုံအသစ် ပြန်ဆောက်မယ်လို့ပြောတယ် အဖေ..”
“မင်းဟာက သေချာရဲ့လားကွ”
“သေချာပါတယ်အဖေရဲ့ သား..ခုလေးတင် မန်နေဂျာနဲ့ စကားပြောလာတာ၊ သားရှေ့မှာတင် သူဖုန်းဆက်ပြီး မေးတာ၊ အဖေ စိတ်အေးအေးထားပါဗျာ”
အဲဒီအချိန် အိမ်ကြီးက မီးတော်တော်ကျွမ်းနေပြီ။ သားငယ်ရဲ့စကားလည်းကြားရော အဖိုးကြီး မျက်ရည်သုတ်လိုက်တယ်၊ ပုဆိုးပြင်ဝတ်ပြီး မြေကြီးပေါ်ထိုင်ချလိုက်တယ်။ သူများအိမ် မီးလောင်နေသလိုအကြည့်မျိုးနဲ့ အေးဆေးပဲ သက်ပြင်းချကာ ကြည့်နေလိုက်တယ်။
အဲဒီအချိန်မှာ အငယ်ဆုံးသမီးလေးက ငိုပြီးတော့ ပြေးလာတယ်။
“ အဖေရေ…အိမ်ကြီးကို ၀ယ်လက်က စရန် အဆုံးခံမယ်တဲ့”
သားငယ်က ၀င်ပြောတယ်။
“နင်ကလည်း မဟုတ်တာ၊ ငါအခုလေးတင် မန်နေဂျာနဲ့ တွေ့ခဲ့တာဟ၊ သူရဲ့ ဘော့စ်က မြေကို မီးလောင်တာမဟုတ်ဘူးတဲ့၊ ပေးထားတဲ့ ကတိအတိုင်း ၀ယ်မယ်တဲ့၊ ငါနားနဲ့ ဆတ်ဆတ်ကြားခဲ့ရတာ”
အဲဒီအချိန်မှာ သူတို့အဖေဟာ သွေးတိုးသလိုလို ဖြစ်လာတယ်၊ မောသလိုလိုဖြစ်လာတယ်။
“အငယ်မ နင်ဘာတွေ ပြောတာလဲ၊ အဖေ့ကို သေချာရှင်းပြစမ်း၊ ငါသေလိမ့်မယ်။ အကြီးကောင်က တစ်မျိုး၊ အလတ်ကောင်ကတစ်မျိုး၊ အငယ်ကောင်က တစ်မျိုး၊ နင်က တစ်မျိုးနဲ့”
“ဟုတ်တယ်အဖေရ၊ သမီးရှေ့မှာ မန်နေဂျာဆီ ဖုန်းထပ်လာတယ်၊ ဒီတစ်ခါ ဖုန်းဆက်တာက ဘော့စ်ရဲ့ မိန်းမကဆက်တာတဲ့၊ ဒီလို မီးလောင်မှတော့ ဘယ်လိုလုပ်ပြီး လာဘ် ရှိမှာလဲတဲ့။ ဒီလို အတိတ်နိမိတ်မကောင်းတဲ့ မြေကို မ၀ယ်ဘူးတဲ့၊ စရန်အဆုံးခံမယ်တဲ့ အဖေရ”
သမီးစကားလည်း ဆုံးရော အဲဒီ..အဖိုးကြီး သတိမေ့သွားပါတော့တယ်။
အတ္တစိတ်ဟာ ကြောက်စရာဘယ်လောက်ကောင်းသလဲ။ မီးလောင်တာချင်းအတူတူ ငါ့အိမ်လို့ စိတ်ဖြစ်နေတဲ့အချိန်မှာ အတ္တဟာ ဥခွံထဲက ဖောက်ထွက်လာပါတော့တယ်။
ငါ့အိမ်မဟုတ်ဘူးဆိုတဲ့ အသိစိတ်ဖြစ်သွားချိန်မှာ အတ္တဟာ ဥခွံထဲမှာ ငုပ်လျှိုးပြီးနေပြန်တယ်။
အဲဒီ ငါ…ငါ.. ငါ ဆိုတဲ့ အတ္တစိတ်ဟာ အားလုံးကို သံသရာတစ်လျှောက်လုံး ဒုက္ခပေးနေတာ။ ပူလောင်မှုတွေ ပေးနေတာပါ။
ဒီဖြစ်ရပ်ကလေးက ဦးဘုန်း(ဓာတု)က ရွှေမန္တလေးဂျာနယ်မှာ တင်ပြခဲ့တဲ့ဖြစ်ရပ်ကလေးပါ။ တကယ်ဖြစ်ရပ်မှန်လို့ ဆိုပါတယ်။
အဲဒါလေးဖတ်မိပြန်တော့ ဆရာဘုန်းကြီးရဲ့ သြ၀ါဒကို သတိရမိပြန်ပါတယ်။ ဆရာဘုန်းကြီးရဲ့ ကျောင်းဆောင်ကို မီးလောင်စဉ်ကပေါ့။ အဲဒီအချိန်မှာ ဆရာဘုန်းကြီးက ကျောင်းမှာ မရှိဘူး။
မိမိတို့က စိတ်ပူလိုက်တာ ကျောင်းမီးလောင်လို့ကတစ်မျိုး ဆရာဘုန်းကြီးရဲ့ အဆူအပူခံရမှာကို ကြောက်တာကတစ်မျိုးနဲ့ ရင်ထဲမှာ ဘလောင်းဆံနေတဲ့အချိန်။
ဆရာဘုန်းကြီး ကျောင်းကို ချက်ချင်းကြွတော်မူလာတယ်။ ပြီးတော့ မီးလောင်တဲ့ကျောင်း အခြေအနေကို ကြည့်ပါတယ်။ ပြီးတော့ မိမိကို ခေါ်ပြီး--
“၀ဏ္ဏ..၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်ရဲ့ သြ၀ါဒ ကြားဘူးလားတဲ့”
မိမိမှာ အဲဒီအချိန် ဘာမှသတိမရနိုင်ပဲ--“အမိန့်ရှိပါ ဘုရား” လို့ ပြန်လျှောက်ထားလိုက်တော့-
“အပြင်မီးလောင်ပေမယ့်။ အတွင်းမီး မလောင်စေနဲ့ကွ၊ အတွင်းမီးဆိုတဲ့ သောကတွေ ဒေါမနဿတွေ ဖြစ်နေရင် မိအေးနှစ်ခါနာဆိုသလိုဖြစ်မှာပေါ့ … ပြုပြင်သင့်တာ
ဆက်ပြီးပြုပြင်ကြတာပေါ့ကွာ…အတွ င်းတော့ မီးမလောင်စေနဲ့” တဲ့။
အေးချမ်းသာယာသောအသံ၊ တည်ငြိမ်သော မျက်နှာနဲ့ မိန့်တော်မူပါတယ်။
တကယ်တော့ အဲဒီကျောင်းဟာ ဆရာတော်တပါးတည်း သီးသန့်သီးတင်းသုံးတဲ့ကျောင်းပါ ။ ဆရာဘုန်းကြီးကို အတ္တနည်းတယ် များတယ်
မဝေဖန်ရဲပါ။ ဝေဖန်နိုင်စွမ်းလည်း မိမိမှာ မရှိပါ။ သို့သော် ဒီအဖြစ်အပျက်ကို
မိမိမေ့လို့မရ။
တစ်စ တစ်စစွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်းဆက်တိုင်းကောင်း၏ -တဲ့။
အတ္တနဲနဲစွန့်နိုင်လျှင် နဲနဲအပူသောက ငြိမ်းအေးလေ။ အတ္တကို
များများစွန့်နိုင်လျှင် များများအပူငြိမ်းလေ။ လုံးဝစွန့်နိုင်လျှင်ကား
ထာဝရငြိမ်းချမ်းမည်တော့မည်သာ။
မီးလောင်နေတဲ့အိမ်ကိုကြီးပြီး အိမ်ပိုင်ရှင်အဖိုးကြီးတစ်ယောက်
အဲဒီအချိန်မှာ သားအကြီးက သူ့အဖေနားကပ်ပြီး
“အဖေ..စိတ်မပူနဲ့အဖေ။ ဒီအိမ်ကို ပေါက်ဈေးထက် သုံးဆပေးမယ်ဆိုလို့ မနေ့ကပဲ ကျွန်တော် အရောင်းအ၀ယ် စာချုပ် ချုပ်ထားပြီးပြီ အဖေရ၊ အဖေ စိတ်အေးအေးထားပါ၊ ဒါ အဖေ့အိမ် မဟုတ်တော့ဘူး”
အိမ်ပိုင်ရှင်အဖိုးကြီး ချက်ချင်းမျက်နှာပြောင်းသွားပြီ
အဲဒီအချိန်မှာ ဒုတိယသားက အဖေ့ကို ၀င်ပြောပြန်တယ်။
“အဖေရေ…. အရောင်းအ၀ယ်စာချုပ်သာချုပ်ထားတာ
သူ့သားရဲ့စကားလည်းကြားရော အဖိုးကြီး ချက်ချင်းပြာယာခတ်သွားပြန်တယ်။ လုပ်ပါဟ ၀ိုင်းပါဟ ငြှိမ်းကြပါဟနဲ့ ဖြစ်ပြန်ရော။
အဲဒီအချိန်မှာ တတိယသားက ပြေးလာပြီး သူ့အဖေကို ပြောပြန်တယ်။
“အဖေရေ…အဲဒီကုမ္ပဏီက မန်နေဂျာနဲ့ သားနဲ့က သူငယ်ချင်း၊ အခုလေးတင် အဲဒီမန်နေဂျာနဲ့ တွေ့ခဲ့ပြီ။ သူ့ရဲ့ ဘော့စ်ဆီကို ဖုန်းဆက်တယ်တဲ့၊ သူ့ရဲ့ဘော့စ်က ပြန်ပြောတယ်၊ အိမ်မီးလောင်တာ၊ မြေမီးလောင်တာမဟုတ်ဘူး၊ ၀ယ်မယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ ၀ယ်မယ်တဲ့၊ အဲဒီမြေပေါ်မှာ အဆောက်အအုံအသစ် ပြန်ဆောက်မယ်လို့ပြောတယ် အဖေ..”
“မင်းဟာက သေချာရဲ့လားကွ”
“သေချာပါတယ်အဖေရဲ့ သား..ခုလေးတင် မန်နေဂျာနဲ့ စကားပြောလာတာ၊ သားရှေ့မှာတင် သူဖုန်းဆက်ပြီး မေးတာ၊ အဖေ စိတ်အေးအေးထားပါဗျာ”
အဲဒီအချိန် အိမ်ကြီးက မီးတော်တော်ကျွမ်းနေပြီ။ သားငယ်ရဲ့စကားလည်းကြားရော အဖိုးကြီး မျက်ရည်သုတ်လိုက်တယ်၊ ပုဆိုးပြင်ဝတ်ပြီး မြေကြီးပေါ်ထိုင်ချလိုက်တယ်။ သူများအိမ် မီးလောင်နေသလိုအကြည့်မျိုးနဲ့ အေးဆေးပဲ သက်ပြင်းချကာ ကြည့်နေလိုက်တယ်။
အဲဒီအချိန်မှာ အငယ်ဆုံးသမီးလေးက ငိုပြီးတော့ ပြေးလာတယ်။
“ အဖေရေ…အိမ်ကြီးကို ၀ယ်လက်က စရန် အဆုံးခံမယ်တဲ့”
သားငယ်က ၀င်ပြောတယ်။
“နင်ကလည်း မဟုတ်တာ၊ ငါအခုလေးတင် မန်နေဂျာနဲ့ တွေ့ခဲ့တာဟ၊ သူရဲ့ ဘော့စ်က မြေကို မီးလောင်တာမဟုတ်ဘူးတဲ့၊ ပေးထားတဲ့ ကတိအတိုင်း ၀ယ်မယ်တဲ့၊ ငါနားနဲ့ ဆတ်ဆတ်ကြားခဲ့ရတာ”
အဲဒီအချိန်မှာ သူတို့အဖေဟာ သွေးတိုးသလိုလို ဖြစ်လာတယ်၊ မောသလိုလိုဖြစ်လာတယ်။
“အငယ်မ နင်ဘာတွေ ပြောတာလဲ၊ အဖေ့ကို သေချာရှင်းပြစမ်း၊ ငါသေလိမ့်မယ်။ အကြီးကောင်က တစ်မျိုး၊ အလတ်ကောင်ကတစ်မျိုး၊ အငယ်ကောင်က တစ်မျိုး၊ နင်က တစ်မျိုးနဲ့”
“ဟုတ်တယ်အဖေရ၊ သမီးရှေ့မှာ မန်နေဂျာဆီ ဖုန်းထပ်လာတယ်၊ ဒီတစ်ခါ ဖုန်းဆက်တာက ဘော့စ်ရဲ့ မိန်းမကဆက်တာတဲ့၊ ဒီလို မီးလောင်မှတော့ ဘယ်လိုလုပ်ပြီး လာဘ် ရှိမှာလဲတဲ့။ ဒီလို အတိတ်နိမိတ်မကောင်းတဲ့ မြေကို မ၀ယ်ဘူးတဲ့၊ စရန်အဆုံးခံမယ်တဲ့ အဖေရ”
သမီးစကားလည်း ဆုံးရော အဲဒီ..အဖိုးကြီး သတိမေ့သွားပါတော့တယ်။
အတ္တစိတ်ဟာ ကြောက်စရာဘယ်လောက်ကောင်းသလဲ။ မီးလောင်တာချင်းအတူတူ ငါ့အိမ်လို့ စိတ်ဖြစ်နေတဲ့အချိန်မှာ အတ္တဟာ ဥခွံထဲက ဖောက်ထွက်လာပါတော့တယ်။
ငါ့အိမ်မဟုတ်ဘူးဆိုတဲ့ အသိစိတ်ဖြစ်သွားချိန်မှာ အတ္တဟာ ဥခွံထဲမှာ ငုပ်လျှိုးပြီးနေပြန်တယ်။
အဲဒီ ငါ…ငါ.. ငါ ဆိုတဲ့ အတ္တစိတ်ဟာ အားလုံးကို သံသရာတစ်လျှောက်လုံး ဒုက္ခပေးနေတာ။ ပူလောင်မှုတွေ ပေးနေတာပါ။
ဒီဖြစ်ရပ်ကလေးက ဦးဘုန်း(ဓာတု)က ရွှေမန္တလေးဂျာနယ်မှာ တင်ပြခဲ့တဲ့ဖြစ်ရပ်ကလေးပါ။ တကယ်ဖြစ်ရပ်မှန်လို့ ဆိုပါတယ်။
အဲဒါလေးဖတ်မိပြန်တော့ ဆရာဘုန်းကြီးရဲ့ သြ၀ါဒကို သတိရမိပြန်ပါတယ်။ ဆရာဘုန်းကြီးရဲ့ ကျောင်းဆောင်ကို မီးလောင်စဉ်ကပေါ့။ အဲဒီအချိန်မှာ ဆရာဘုန်းကြီးက ကျောင်းမှာ မရှိဘူး။
မိမိတို့က စိတ်ပူလိုက်တာ ကျောင်းမီးလောင်လို့ကတစ်မျိုး ဆရာဘုန်းကြီးရဲ့ အဆူအပူခံရမှာကို ကြောက်တာကတစ်မျိုးနဲ့ ရင်ထဲမှာ ဘလောင်းဆံနေတဲ့အချိန်။
ဆရာဘုန်းကြီး ကျောင်းကို ချက်ချင်းကြွတော်မူလာတယ်။ ပြီးတော့ မီးလောင်တဲ့ကျောင်း အခြေအနေကို ကြည့်ပါတယ်။ ပြီးတော့ မိမိကို ခေါ်ပြီး--
“၀ဏ္ဏ..၊ မဟာဝိသုဒ္ဓါရုံ ဆရာတော်ရဲ့ သြ၀ါဒ ကြားဘူးလားတဲ့”
မိမိမှာ အဲဒီအချိန် ဘာမှသတိမရနိုင်ပဲ--“အမိန့်ရှိပါ
“အပြင်မီးလောင်ပေမယ့်။ အတွင်းမီး မလောင်စေနဲ့ကွ၊ အတွင်းမီးဆိုတဲ့ သောကတွေ ဒေါမနဿတွေ ဖြစ်နေရင် မိအေးနှစ်ခါနာဆိုသလိုဖြစ်မှာပေါ
အေးချမ်းသာယာသောအသံ၊ တည်ငြိမ်သော မျက်နှာနဲ့ မိန့်တော်မူပါတယ်။
တကယ်တော့ အဲဒီကျောင်းဟာ ဆရာတော်တပါးတည်း သီးသန့်သီးတင်းသုံးတဲ့ကျောင်းပါ
တစ်စ တစ်စစွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်းဆက်တိုင်းကောင်း၏
ဘလော့အမျိုးအစား(ဆောင်းပါး)
0 comments:
Post a Comment