Tuesday, March 20, 2012

သနပ်ခါးအကြောင်းသိကောင်းစရာ

သနပ်ခါးကို ကျွန်မတို့ မြန်မာလူမျိုးများ နှစ်သက်ကြပါတယ်။မွေးကင်းစ
အနှီးထုပ်အရွယ်တည်းက စလို့ သနပ်ခါးလိမ်းကြပါတယ်။မြန်မာနိုင်ငံမှာ ဘယ်နေရာကို သွားသွား သနပ်ခါးမျက်နှာများကို...တွေ့ကြရမှာပါ။ သနပ်ခါးရဲ့ ရုက္ခဗေဒ အမည်ကတော့ Limonia crenulata ဖြစ်ပြီး
chinese box tree လို့ လူသိများပါတယ်။

 


သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း နဲ့

မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ တို့မှာ

တွေ့ရှိရပါတယ်။မြန်မာ့သနပ်ခါးထဲမှာ လူကြိုက်အများဆုံးကတော့ ရှင်မတောင်

သနပ်ခါးဖြစ်ပါတယ်။

 

ရှင်မတောင်သနပ်ခါးရဲ့ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း

ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးအပြင်

ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးတယ်။ ရွှေဘိုသနပ်ခါးက

ရှင်မတောင်သနပ်ခါးလို ထူးခြားစွာ အနံ့ မမွှေးပျံ့ ပေမယ့် ၀င်းဝါတဲ့

အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း ကျွန်မတို့

မြန်မာအမျိုးသမီးများက နှစ်သက်ကြပါတယ်။သနပ်ခါးပင်နဲ့

မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia

acidissima)လည်းရှိပါသေးတယ်။ သီးပင်ကို wood apple လို့

အမည်ခေါ်ဆိုကြပါတယ်။ မြန်မာလူမျိုးများက သီးပင်ရဲ့ အသီးကို

ထန်းလျက်နဲ့ပေါက်ကာ ရောမွှေစားလေ့ရှိကြပါတယ်။ သီးပင်ရဲ့ အခေါက်ဖြစ်တဲ့

သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါတယ်။



အညာဒေသမှာ သနပ်ခါးက အညာသူလုံမပျိုတို့ရဲ့ အလှပြင်ပစ္စည်း တခုဖြစ်ပြီး အညာနေပူ ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။ အညာသူတွေ တောထဲထွက်ရင် သနပ်ခါးဘဲကြား လိမ်းတယ် ဆိုတာ မျက်နှာကို နေပူဒဏ်ကနေ ကာကွယ်နိုင်အောင်လို့ပါ။ သနပ်ခါးတုံးနဲ့ ကျောက်ပြင် ကတော့ အညာက အိမ်တိုင်းလိုလိုမှာ ရှိပါတယ်။ ကျွန်တော်တို့ကို အမေက ငယ်ငယ်ကတည်းက သနပ်ခါးကို လိမ်းလိမ်းပေးတယ်။ ငယ်ငယ်ကဆို ရေချိုးပြီးရင် သနပ်ခါးသွေးပြီးသားတွေ ပါးစပ်ထဲခွံ့တာကို အတော်ြေ...ကာက်တာ။ စကားပြောတတ်တဲ့ အရွယ်အထိ ရေချိုးပြီးတိုင်း သနပ်ခါးခွံ့ကျွေးသေးတယ်။ ကျန်းမာရေး ကောင်းတယ်တဲ့လေ။ အရသာက ခါးသက်သက်နဲ့ဆိုတော့ ကလေးတွေ ဘယ်ကြိုက်မလဲနော်။ မကြိုက်လည်း ကြောက်တော့ စားရတာပါပဲ။ ငယ်ငယ်က ကျောင်းသွားရင် ရွာကျောင်းက ဆရာမက မျက်နှာမှာ သနပ်ခါးပါမလာရင် ရိုက်တယ်ဗျ။ ယောကျာ်းလေးတွေလည်း လိမ်းရတာပဲ။ ငယ်သေးတဲ့ အရွယ်ဆိုတော့ ကျန်တာတွေ ဘာမှမစဉ်းစားဘူး။ တခါတလေကျတော့ ဖြစ်သလိုပဲ မှန်မကြည့်ဘဲ ဟိုပွတ်ဒီပွတ် ပွတ်သွားလိုက်တာပဲ။ သနပ်ခါးပါရင် ပြီးတာပဲလေ မဟုတ်ဘူးလား။See More

ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ" ဆိုသလို "ရွှေညာသနပ်ခါးတုံးများ မြန်မာပြည်အနှံ့ လိမ်းဖို့ယူ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ ဆိုပြီးတော့လေ"
ပြောသာပြောရတယ် အခုခေတ်က အလှကုန် ပစ္စည်းတွေကလည်း ပေါမှပေါဆိုတော့ သနပ်ခါးတုံးလိမ်းသူက ခေတ်နောက်ကျ သလိုများ ဖြစ်နေမလားမသိဘူး။ ဒါပေမဲ့ အညာဘက်မှာ အညာသူတွေ သနပ်ခါးတုံးလိမ်းတဲ့ အလေ့အထကတော့ မပျောက်ပျက်သေးတာ သေချာတယ်ဗျ။ ယနေ့ထက်တိုင် အညာသူတွေ တောထဲသွားရင် သနပ်ခါးဘဲကြားလိမ်းဆဲ၊ ညနေခင်း ရေခပ်ဆင်းရင် သနပ်ခါးပါးကွက်လေးကွက်ဆဲ၊ ခါးကိုင်းနေပြီဖြစ်တဲ့ အဖွားတွေလည် ဘုရားသွားကျောင်းတက်ရင်း သနပ်ခါးလိမ်းကြဆဲ ရှိနေပါသေးတယ်။ မြို့ကြီးတွေမှာ အလှခြယ်ပစ္စည်းတွေ မရေတွက် နိုင်လောက်အောင် ပေါနေသော်လည်း ကျေးတောပျော် အညာသူလုံမေတို့ကတော့ သဘာဝစစ်စစ် သနပ်ခါးတုံး လိမ်းခြယ်ကြတဲ့ ဓလေ့ကို ဆက်လက်ထိန်းသိမ်းနေဆဲပါ။
ဝန်ခံချက်....လိုအပ်သည်များကို မြန်မာဝီကီပီယားမှကိုးကားသည်။
ရွှေအိမ်စည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...