နေမင်းကြီးကို ရပ်ခိုင်းမိသူ
by Maung Maung Than on Tuesday, March 20, 2012 at 8:15pm ·
ဒီနေ့ မနက် နမောနမောတော့မလာဘူး၊ အရင်သတိမထားမိလိုက်တဲ့ မင်းကွန်းဆရာတော်ဘုရားကြီး အရပ်ဆယ်မျက်နှာ ဆုတောင်းကို နမောနမောထက် နှေးတဲ့ တိုင်မင် (လွယ်ကူအောင်ပြောရရင် ၀ူရှုးသိုင်းလေ့ကျင်ခဏ်း ပန်းခြံတွေထဲမှာ လုပ်တဲ့တိုင်မင်နဲ့ ) လာပါတယ်
မဒမ်မောင်ကိုက လိုက်ဆိုနေကြည့်တယ် ကျက်သီးထလိုက်တာတဲ့၊ စကြာဝဠာကို သံစဉ်ကို ငဲ့ ပြီး စက်ကြ ၀ဠာ လို့ အထပ်ထပ်အခါခါဆိုသွားလေရဲ့ ၊ စန္ဒယားလက်သံကလဲ ကော့ဒ်တွေနဲ့ ကို ပို့ ပေးထားလိုက်တာ။
အပြင်စက်နဲ့ ရိုက်ထား တည်းဖြတ်ထားတယ်၊ ဂီတကောင်စီဥက္ကဌကြီးကိုယ်တိုင် ပူဇော်ထားတာပဲ၊
မဒမ်ကရိတယ် သူ့ ဘာသာသူ နေ့ အလှည်မကျလို့ နမောနမော မလာတာကို ရှင်က ရှင်ရေးလို့ များ ထင်နေသေးတယ်တဲ့၊
ငတုံး မောင်ကို
ကျူးယွမ်ကျန်း သေခါနီး နေမင်းကြီးကို မ၀င်နဲ့ အုံး ရပ်လိုက်လို့ အမိန့် ပေးတော့ နေမင်းကြီး လိမ်လိမ်မာမာနဲ့ အနောက်ရိုးမတောင်တန်းပေါ်မှာ ရပ်သွားပါပြီဆိုတဲ့ အတိုင်းပါပဲ၊
ဒါပေမဲ့ ရေးချင်တာလေးတော့ရှိသေး
ဆရာကြီး ဂီတာတင်အုံးရဲ့  သံဗုဒ္ဓေသီချင်းပေါ်ပေါက်လာပုံ
ဆရာကြီး ဒုလ္လဘ ရဟန်းခံတုန်း ဘုရား ဂုဏ်တော်တွေကို ကြည်ညို့လွန်းလို့ သူတတ်မြောက်တဲ့ ဂီတနဲ့ ပူဇော်ခြင်လာတယ်၊ လူဝတ်နဲ့ လဲ မရေးခြင်၊ ဥပ္ပဇယ် ဆရာတော်များကို လျှောက်ထားခွင့်တောင်းတယ်၊ အခွင့်ရတော့မှ မယ်ဒလင်တလုံးနဲ့ ဆွမ်းခံရင်း တရားမှတ်ရင်း ဒီ သံဗုဒ္ဓေ ဖြစ်ပေါ်လာတယ်၊ ဂါထာတော်ကို သီချင်းလို မဆိုပါဘူး၊
တေဘုမ္မာလဲ သီချင်းလိုမဆိုပါဘူး၊ ဆရာတော်ကြီးတွေကို ခွင့်လျှောက်ပြီး ရေးမရေးမသိ၇ပေမဲ့ ဆရာတော်ကြီးတွေရဲ့ ချီးကျူးခြင်းခံရပါတယ်
ဆရာဦးမောင်မောင်လတ်ခင်ဗျား နမောနမော၊ အခု မေတ္တာပို့ စသည့် တေးများ ဆရာတော်ကြီးတွေ ခွင့်ပြုချက် တောင်းပြီး ပူဇော်ထားပါသလား၊ ချီးကျူးချက် တစုံတရာများ ရဘူးပါသလား။
ဒီကာလမှာ ဆ၇ာတို့ လို ဆင်ကြီးတွေ သွားတဲ့အခါ လမ်းကြောင်းဖြစ်ပါတယ်၊ ပြောခဲ့ဘူးတာ ရက်ပါတွေ မလုပ်ရဲတာ နိုင်ငံတော် သီချင်းနဲ့ တရားတော်တွေပဲ ရှိတော့တယ်လို့ 
ဆရာတို့ ဒီလမ်းကြောင်းကို သာသနာပိုင်များ ခွင့်ပြုချက်နဲ့ လျှောက်ကြတာ၊ မင်းကွန်းဆရာတော်ကြီး အနုပညာသည်များကို အဖွဲ့ ဖွဲ့ ပေးသလိုဆိုရင်
ကျနော်မျိုး ကျူယွမ်ကျန်း အေးအေးဆေးဆေးပဲ သေပါတော့မယ်ခင်ဗျား နေမင်းကြီးကို မရပ်ခိုင်းတော့ပါဘူး
0 comments:
Post a Comment