Sunday, March 4, 2012

အိမ်


       စနေနေ့  နေ့လည် ၂ နာရီ . . . ကျနော် မာဃတစ်ယောက် ထမင်းစားပြီးကာစ အိမ်သူသက်ထားဇနီးမယား နဲ့ တီဗွီလေးကြည့်ရင်း  ချစ်တင်းကျူနေတဲ့အချိန် ။ ကိုမာဃ ရေ ဖုန်းလာတယ် . . . ဖုန်းလာတယ် ဆိုတော့ ဖုန်းသွားကိုင်ရတယ် ။ နေက ပူလိုက်တာမှ  ကျဲကျဲတောက် . . . ကိုယ်ပိုင်ဖုန်းက မိဘအိမ်မှာကျန်ခဲ့ပြီဆိုတော့ . . . ကျနော်နေတဲ့ လမ်းလေးရဲ့ အနီးဆုံးက ဖုန်းတလုံးကိုပဲ လေလံဆွဲထားရတယ် ။အဲ့ဒီဖုန်းက လည်း သွားရတာ ဆယ်မိနစ်လောက်ကြာပါရဲ့ ။

 အင်း . . . ဖုန်းသွားကိုင်လိုက်တော့  ဖုန်းဆက်တဲ့တရားခံက BAD BOY ကိုး ။ အေး  . . . ပြော သယ်ရင်း . . . ဘာကိစ္စလဲ ။ အေး . . . ငါပေါက်တောဝမှာဘီယာသောက်နေတာ . . . လာခဲ့လေ ။ အာ.  .  . ဟေ့ကောင် အဝေးကြီးပဲ . . . ငါမလာတော့ပါဘူးကွာ . . . ပိုက်ဆံမရှိဘူးကွ ။ လာခဲ့ပါ ငါတက်စီခပေးပါ့မယ် . . .
ပိုက်ဆံမရှိရင် လဲ ဒီရောက်မှ ပေးလိုက် မြန်မြန်သာလာခဲ့ . . . ငါ ပေါက်တောဝ က မောရွှေလီမှာစောင့်နေမယ် . . .တဲ့ ။ အိမ်ကို ရောက်တာနဲ့ အိမ်သူသက်ထားဇနီးမယားကို ညာတာပါတေးနဲ့။ မိန်းမရေ . . . ဟိုကောင်ကြီးလေ ဘက်ဘွိုင်းကြီးပေါ့ . . . ဘာတွေအရေးကြီးလဲ မသိပါဘူး . . . အကို သွားလိုက်ဦးမယ်လို့ ရွီးလိုက်တယ် ။ အင်းပါ . .  အကိုရယ် . . . စောစော ပြန်ခဲ့နော် ။ အင်းပါ . . . စောစော ပြန်ခဲ့ပါမယ် ။ အဲ့ဒါနဲ့ ပဲ ပေါက်တောဝ ကိုတက်စီစီးပြီးသွားခဲ့တယ် ။

ငနဲသား ဘက်ဘွိုင်းက မိန်းမနဲ့ စကားများပြီး ထွက်လာသကိုး ။ ဘီယာတွေသောက်ထားတာလည်း အေဘီစီ သုံးခွက်လောက်ရှိနေပြီ ။ ဒါနဲ့ ဒီကောင်နဲ့ အေဘီစီဘီယာတွေ တော်တော်သောက်ဖြစ်တယ် ။ သူကလည်းသူ့အပူနဲ့ သူ . . . ကျနော်ကလည်း ကျနော့်အပူနဲ့ ကျနော် ဆိုတော့ ။ ကျနော် သတိထားမိတဲ့အချိန်မှာ လူက ရစ်ထွေ ရစ်ထွေ ဖြစ်နေကြပြီ ။ ဒါနဲ့ အရင်က အတူလုပ်ခဲ့ကြတဲ့ ကုပဏီကလူတွေအကြောင်းပြောလိုက်ကျောင်းတုန်းက အကြောင်းတွေ ပြောလိုက် ။ မေးဂရုလ်တွေက လူတွေအကြောင်းတွေပြောလိုက်နဲ့ . . . စကားစပ်မိရင်း ။ ဟိုတလောကမှ သဘောင်္လိုက်ရာက ပြန်ရောက်လာတဲ့ မေးလ်က ရေးဖော်ရေးဖက်တစ်ယောက်နဲ့ တွေ့တဲ့အကြောင်းရောက်သွားတော . . . ဘက်ဘွိုင်းက ခေါ်ဆိုတာနဲ့ . . . အဲ့ဒီ ပုဂိုလ် ကိုဖုန်းဆက်ပြီး ဘီယာတိုက်ခိုင်းလိုက်တော့ အဲ့ဒီပုဂိုလ်ကလဲ တိုက်မယ်ဆိုတာနဲ့ ။ လှည်းတန်းကိုရောက်သွားကြပြန်တယ် ။

လှည်းတန်းက 64 မှာ ဘီယာသောက်ဖြစ်ကြတော့ တော်တော်မှုးနေပြီ ။ ဘီယာဆိုင်က ထွက်ကျတော့ ဘက်ဘွိုင်ရယ် ကျနော်ရယ် အင်တာနက်ဆိုင်ကို အမှုးပြေ အမော်ပြေ ခဏ၀င်ကြတယ် ။ အဲ့ဒီအချိန်မှာ ဟိုကောင်တော့ မသိ ကျနော်က တော်တော်မှုးနေပြီ ။ အဲ့ဒါနဲ့ အွန်လိုင်းထိုင်ရင်း မျှဝေလိုက်ရပါသည် ကိုတင့် ဆိုပြီး လူတကာရေးတဲ့ စာတွေကို သူရေးသလိုလို ဘာလိုလို လုပ်တတ်တဲ့ မောင်တင့် နဲ့ တွေ့တော့ ဒီကောင့်ကို ကျပ်ပြန်တယ် ။ ဒီကောင်က ဖော့ကန်က ချက်နေတာထင်တယ် ။ ဒီကောင်ကလည်း သောက်မယ်စားမယ်ဆိုရင် နှစ်ခါခေါ်ရတဲ့ကောင်မဟုတ်တော့ ပြေးချလာမယ် ကြီးပဲလုပ်တော့တာ ။ ဒါနဲ့ ဒီကောင့်ကို 64 ရှေ့မှာချိန်းလိုက်တယ် ။ လိုင်းပေါ်က လူတွေကို စကားတောင်မပြောနိုင်တော့ဘူး . . . စာတောင်မရိုက်နိုင်တော့ဘူးပြောတာ ။ မျက်စိတွေ ၀ါးပြီး လူက အော့ချင်သလိုလို အန်ချင်သလိုလို ဖြစ်နေတယ် ။ ကိုစိုးနိုင်ကြီး နဲ့တောင်လိုင်းပေါ်မှာတွေ့တော့ စကားကောင်းကောင်းပြောနိုင်တော့ဘူး ။ ဒါနဲ့ မောင်တင့် ရောက်လာတော့ ဆိုင်ပြောင်းပြီး သောက်ကြပြန်တယ် ။


စာဖတ်ပရိတ်သတ်လည်း သောက်တာကြီးပဲ ဖတ်နေရတော့ ကျနော့်ကိုချဉ်နေပြီထင်ပါရဲ့ နေပါဦး ဇတ်လမ်းက အခုမှ စမှာ ။ ဘက်ဘွိုင်း မောင်တင့် ကျနော် သုံးယောက် ဆိုင်ကထွက်တော့ ၁၀ နာရီခွဲကျော်ပြီ။ လှည်းတန်းကားဂိတ်မှာ ကားစောင့်နေရင်း. . . ဒီနှစ်ကောင်က တော့ ပဲခူးကားလေးလာတာနဲ့ အင်းစိန်ကို လိုက်သွားကြတယ် ။ကျနော်မာဃက တော့ လှည်းတန်းကားဂိတ်မှာတယောက်ထဲ . . . ၁၇၄ ကိုစောင့်နေတာပါ ။ ၁၇၄ ကအရင်တုန်းက တော့ ဒီအချိန်လာတယ် . . . အဲ့နေ့က မလာတော့  သမိုင်းကို
ကားလေးစီးပြီး သွားစောင့်တယ် ။ သမိုင်း ကိုလည်း ဘာကားမှ မလာဘူး ။ ဒုက္ခတော့ ရောက်ပြီ ။ သမိုင်း ကနေ မြောက်ဥက္ကလာကိုတောင်ကားမရှိတော့ဘူး ကျနော်ပြန်ရမှာက မြောက်ဒဂုံကို . . . သွားပါပြီ ။

  တက်စီဌားသွားရင်ကောင်းမလားဆိုပြီး ရပ်ထားတဲ့ တက်စီ တစ်စီးကိုဈေးနုန်းမေးမြန်းကြည့်ပါတယ် . . . မြောက်ဒဂုံကို လေးထောင်မှ မရရင် မလိုက်နိုင်ဘူးတဲ့ ။ အင်းး . . . လတ်တလေအလုပ်မရှိ
ပါဘူးဆိုမှ . . . ပိုက်ဆံလေးထောင်က အိမ်စရိတ်တရက်စာလောက်ရတယ် ။ လိုင်းကားကလည်း တစီးမှမ လာ ခွကျတော့ပြီ ။ မှုးနေတဲ့အ ချိန်လေးက လည်းတဖြည်းဖြည်းလွင့်စပြုလာပါ့ပြီ ။ အချိန်
ကိုကြည့်လိုက်တော့ ၁၁နာရီ ခွဲ ။ သမိုင်းကနေ မြောက်ဒဂုံကို တက်စီမဌား ၊ လိုင်းကားမရပဲ နဲ့ ဘယ်လိုပြန်ရမလဲ ။ မလွယ်တာကတော့ သေချာလှပါပြီ ။ အင်းစိန်ဖေါ့ကန်မှာရှိတဲ့ အမေ့အိမ်ကို သွား
အိပ်ရင်ကောင်းမလား . . . အိမ်သူသက်ထားရဲ့  အကိုရေ စောစော ပြန်ခဲ့နော် ဆိုတဲ့ အသံလေးကိုပြန်ကြားယောင်မိတယ် ။ အင်း . . . မဖြစ်သေးပါဘူး . . . အိမ်ကိုရောက်အောင်ပြန်ရမယ် ။ ဘယ်လို
ပြန်ရပါ့ ။ သမိုင်းမှာ ကျနော်မာဃ တစ်ယောက် ၁၁ နာရီလေးဆယ့်ငါး လောက်အထိ ယောင်လည်ယောင်လည် ။


သမိုင်း က မြောက်ဒဂုံကို လမ်းလျှောက်ပြီး ပြန်ရင် ရော . . . ။ အိုး . . . ဘယ်လောက်ရူးနှမ်းတဲ့ အတွေးမျိုးလဲ ။ မရူးသွပ်တဲ့ လူသာမန်တစ်ယောက်ဆို ဒီလိုတွေးပါ့မလား ။ ဒါမှ မဟုတ်အရမ်းအမှူးလွန်
နေသလား . . . မဟုတ်ပါ မဟုတ်ပါ ။ ကျနော်မာဃ မူးလဲ မူးမနေတော့ပါ  . . .  ရူး တယ်လို့လည်းမထင်မိပါ ။ အိမ်ကို ပြန်ချင်တယ်  . . . အိမ်ကို ပြန်ဖို့အတွက်က ခြေထောက်သုံးရမဲ့ နည်းလမ်းသာ
ရှိပါတော့တယ် ။ ဒီတော့ ဘယ်လိုသွားမလဲဆိုတာ တွက်ချက်ရပါတော့တယ် ။ သမိုင်းက သွားရင် ရှစ်မိုင် . . . ပြီးရင် မြောက်ဥက္ကလာဘက်ကို ချိုးချ . . . မယ်လမုဘုရားတွေ ဘာတွေကျော် . . . ပြီး
ရင် မြောက်ဥက္ကလာအ၀ိုင်းကိုရောက် . . . အ၀ိုင်းက မှ တခါ မြောက်ဒဂုံကိုလမ်းပြန်လျှောက် . . . ဦးကျော်သူရဲ့ နာရေးကူညီမှု့အသင်းကိုကျော် . . . ပြီးရင် ဒဂုံတက္ကသိုလ်အထွက်မုဒ်ဝ အထိ . . .
ဟူး . . . တွေးမိတာနဲ့ တင်ရင်မောတယ် ။ နောက်လမ်းကြောင်းတခု ဆွဲကြည့်တယ် . . . ။ ပဲခူးကားလေးနဲ့ လိုက်သွား . . . စော်ဘွားကြီးကုန်းမှာဆင်း . . . စော်ဘွားကြီးကုန်းကနေ ဆယ်မိုင် အထိ
လမ်းလျှောက် ။ ဆယ်မိုင် လေဆိပ်လမ်းမှာ ကေတီဗွီလမ်းတခု ရှိတယ်မလား ။ အဲ့လမ်းက ဖောက်ထွက်သွားရင် မြောက်ဥက္ကလာ သုံးခွတံတားအထိပေါက်တယ် ။ ဆိုတော့ . . . ဒီလမ်းကြောင်းက တို
သလိုပဲ . . . အဲ့ဒီလမ်းကြောင်းကိုပဲ ရွေးလိုက်ပါတယ် ။ ဒီတော့ လာတဲ့ ပဲခူးကားလေးကို တက်စီးလိုက်တယ် . . . စော်ဘွားကြီးကုန်းကို . . .။

စော်ဘွားကြီးကုန်းကိုရောက်တော့ ည ၁၂နာရီ ၁၀မိနစ်တိတိ ။ လမ်းစလျှောက်ပါပြီ  ။ စော်ဘွားကြီးကုန်းကတော့ ညဆယ့်နှစ်နာရီတောင် ညဌက်မလေးတွေနဲ့ စည်စည်ကားကား ။ ရဲကားကြီးကလည်း
အဲ့ဒီနားမှာ ရပ်ထား ။ အို ဘယ်လိုနားလည်ရမှန်းကိုသိဘူး ။ ထားလိုက်ပါ ။ ကိုယ့်အလုပ်က လမ်းလျှောက်ဖို့ပဲ မဟုတ်လား ။ ဇတ်လမ်းက အခုမှ စတာလေ ။ ဒီတော့ လျှောက်ပါတယ် လျှောက်တယ်ပေါ့ ။
သမိုင်းက ၀ယ်လာတဲ့ ကြယ်နီဆေးပေါ့လိပ်တစ်လိပ်ကို လွယ်အိပ်ထဲက ထုတ် . . . လမ်းဘေးမှာ ဖွင့်ထားတဲ့ ထမင်းကြော်ဆိုင်လေးက မီးခြစ်နဲ့ တို့လိုက်တယ် ။ ၀ှား . . . အရသာရှိလိုက်တာ ။ အဲ့ဒီနေရာ
က စော်ဘွားကြီးကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့ ။ အချိန်က ည ၁၂ နာရီ ၁၅ ။

ဆယ်မိုင်ကုန်းကို ရောက်လာပါပြီ ။ ဆယ်မိုင်ကုန်း ဂုံးပေါ်တက်လိုက်ရတော့ လူက နည်းနည်းချိသွားတယ် ။ ဆယ်မိုင်ကုန်း ငပလီ စားသောက်ဆိုင်ရှေ့မှာ အမှုးသမားတချို့ အန်နေကြတာလည်းတွေ့ခဲ့
ရဲ့ ။ အင်း . . . အရက် ဘီယာ ကောင်းကျိုးမပေးတဲ့ အမျိုးတွေပါလား . . . လို့တော့ အဲ့ဒီအချိန်က တွေးမိသေးတယ် ( အခုတွေးတာမဟုတ် ) ။ ဆယ်မိုင်ကုန်း လေဆိပ်လမ်းက ပိုလစ်ဘောက်မှာ ကျနော်
သူငယ်ချင်း မော်တော်ပီကယ်တစ်ယောက်တာဝန်ကျနေတယ် ။ စီးပွားရေးတက္ကသိုလ်ပထမနှစ်ကျလို့ ကိုယ့်ဘ၀ကိုယ် လက်စတုန်းပစ်မယ်ဆိုပြီး ရဲထဲ ၀င်သွားတဲ့ကောင်လေ ။ ရဲထဲဝင်ရင် လက်စတုန်း
တယ်လို့ ဘယ်ကောင်ပြောလိုက်လဲ သိပါဘူး ။ အင်း . . . အဲ့ကောင်ဆီဝင်ရင်ကောင်းမလား ရေလဲ ဆာနေပြီ ။ ဒီကောင့် မော်တော်ပီကယ်ရုံကို လည်းမြင်နေရပြီ ။ ၀င်လိုက်ပါမယ် လေ ။ ၁၂ နာရီ ၃၀တိတိ။

ကျနော့်ဘော်ဒါရဲကြီးကတော့ စစ်ခြင်ထောင်စုတ်ကြီး ခြုံပြီး အိပ်နေပါပြီ ။ အင်း . . . ငါ့ကောင်ကြီး တနေကုန်ပိုက်ဆံတောင်းရတာမောနေလောက်ပြီ . . . အိပ်ပါစေ တော့ ဆိုပြီး ။ ကေတီဗွီလမ်းခဲ ချိုး
ဝင်လိုက်တော့တယ် ( ကေတီဗွီလမ်းဟု ခေါ်ရခြင်းမှာ လမ်းနာမည်မသိလို့ပါ ) ။ အဲ့ဒီလမ်းမှာတော့ ကေတီဗီတွေ တန်းစီပြီးတွေ့ပါတယ် ။ နာမည်အမျိုးမျိုးနဲ့ ။ ကားကြီးတွေကလည်း ၀င်လိုက်ထွက်
လိုက်နဲ့တ၀ီဝီ ။ ကျနော်မာဃတစ်ယောက်ကတော့ ခေါင်းလေး ငိုက်စိုက်ငိုက်စိုက်နဲ့ အဲ့ဒီ ခေတ်ပျက်သူဌေးလမ်းကြီးကို ကျော်လာခဲ့ပါတော့တယ် ။ ခြေထောက်တွေလည်း တောင့်လာပါပြီ ။ ထိုင်နားရင်
ကောင်းမလားလို့ တွေးလိုက်သေးတယ် ။ ဒါပေမယ့် ကေတီဗွီဆိုင်တခုကိုကျော်သွားရင် မီးမရှိတော့ တလမ်းလုံးမဲမှောင်နေတာပါပဲ ။ နောက်ကေတီဗွီတခုရောက်မှ အလင်းရောင်ပြန်ရပါတယ် ။ နည်း
နည်းလည်း ကြောက်စိတ်ဝင်လာတယ် ။ လူကိုကြောက်တာမဟုတ်ပါဘူး . . . သရဲကြီးများ ဗြဲခနဲ့ ပေါ်လာလေမလား . . . တစ္ဆေကြီးများ ၀ါး ခနဲ့ ခြောက်လာလေမလားဆိုပြီး ။ ဒါနဲ့ ရှေ့ကတ္တရာလမ်း
ပေါ်မှာ မဲမဲ ရှည်မြောမြောကြီးတွေ့လို့ သတိထားကြည့်လိုက်ပါတယ် . . . အားလားလား မြွေကြီးဗျား ။ လူကြီးလက်တစ်လံလောက်ရှိမယ် ။ မဲပြီး လုံးခဲနေတာပါပဲ ။ တော်သေးတာပေါ့ တက်များနင်းလို့
ကတော့ ဂွိခနဲနေမှာပဲ ။ မြွေကြီးကို ရှုးရှဲ လုပ်ပြီး မောင်းထုတ်လိုက်ရသေးတယ် ။ ဒါနဲ့ ဆက်လျှောက်တယ် . . . လျှောက်တယ် . . . လျှောက်တယ် ။ အချိန်က ဆယ့်နှစ်နာရီငါးဆယ်ကျော်ကျော် ။

ကျွိခနဲ အသံနဲ့ဘေးကိုတက်စီတစင်းထိုးရပ်လာပါတယ် ။ . . . အကို ဘယ်ကိုသွားမလို့လဲဗျ . . . တက်စီမောင်တဲ့ လူက ငယ်ငယ်လေးရှိပါသေးတယ် ။ အသက်နှစ်ဆယ်စွန်းစွန်းပေါ့ ။ ဟုတ်ကဲ့ . . .
မလိုက်တော့ပါဘူး . . . အကိုရေ  ကျနော်ပိုက်ဆံပြတ်သွားလို့ လမ်းလျှောက်နေတာ . . .။ အာ . . . ရပါတယ် ပိုက်ဆံမယူပါဘူး လမ်းကြုံရင်တင်ခေါ်သွားမလို့ပါ . . . မြောက်ဥက္ကလာ အ၀ိုင်းအထိ
ရောက်မယ် လိုက်မလားအကို . . . လိုက်ရင်တက် ။ ကဲ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲ . . . ခြေထောက်ရှေ့တက်စီရောက်နေပြီပဲ . . . မူမနေတော့ပါဘူးဆိုပြီး အဲ့ဒီတက်စီနဲ့ တက်လိုက်လာခဲ့တယ် ။
ကားဒရိုင်ဘာရယ် အကူရယ် က ကျနော့်ကို ကောင်းကောင်းမွန်မွန်ပြောကြရှာပါတယ် . . . ဘယ်လိုဖြစ်လာတာလဲ အကိုရယ်  . . . အကို့ ပုံစံနဲ့ ဒီခရီးကိုလမ်းလျှောက်ရတယ်လို့ ။ ဒီလိုပါပဲဗျာ . . .
ဆိုပြီး ကျနော်လည်း  လျောချ ပလိုက်ရပါတယ် ။ နာမည်တွေတောင်မေးလာခဲ့သေးတယ် ။ ကားဒရိုင်ဘာက မြေက်ဒဂုံ လေးဆယ့်ခြောက်ရပ်ကွက် ၄၆ လမ်းဆုံအအေးဆိုင်နားက ကိုဇော်ထက်တဲ့ ။
ြ့မန်မာလူမျိုးတွေ ကူညီချင်တဲ့စိတ်တွေရှိကြသေးတာ ၀မ်းသာတယ်ဗျာ ( ကား ဖရီးစီးရလို့ ပြောတာမဟုတ်ဘူးနော် ) ။ဒီလိုနဲ့ မြောက်ဥက္ကလာအ၀ိုင်းကိုရောက်လာတော့ ၁ နာရီ နဲ့ ငါးမိနစ် ။

ဒါနဲ့ ဒရိုင်ဘာကိုဇော်ထက် တို့ကို နုတ်ဆက်ပြီး မြောက်ဥက္ကလာကနေ လမ်းစလျှောက်ရပြန်ပါပြီ ။ မြောက်ဥက္ကလာနဲ့ မြောက်ဒဂုံနဲ့ သွယ်ထားတဲ့ တံတားကိုရောက်တော့ ရဲတွေအများကြီးပဲ . . .
ကျနော့် ကို ၀ိုင်းကြည့်နေပြန်တယ် ။ အယ် . . . မသင်္ကာမှု့နဲ့ ဖမ်းချင်မှ ဖမ်းတော့ကွယ်ဆိုပြီး . . . သူတို့ရှေ့က ကွတ ကွတ နဲ့လျှောက်လာခဲ့တာပါပဲ ။ လူက လည်းတော်တော်ပြိုင်းနေပြီ ။
ခြေထောက်တွေဆိုရင်လည်း နီရဲဖုထစ်နေပြီ ။ တခါမှလည်းမလျှောက်ဖူးဘူး ။ အင်း . . . ငါ့မိန်းမတော့ မျှော်နေတော့မယ် . . . ငါ့မိန်းမနဲ့အတူ သူ့ဗိုက်ထဲက ငါ့ကလေးကော မျှော်နေမှာလား ။
ဘာရယ်မဟုတ် . . . တွေးကြည့်တာပါ ။ အခုမှပဲ ဒီလိုတွေးခွင့်ရတာကိုး ။ ထားတော့ ထားတော့ ။ ဒီလိုနဲ့ လျှောက်လာရင်း ဦးကျော်သူ နာရေးကူညီမှု့ကိုကျော်သွားပြီ ။  ဆက်လျှောက်လာတယ် ။
ဆက်လျှောက်တယ် . . . လျှောက်တယ် ။ ကျန်းမာရေးမှတ်တိုင်မရောက်ခင်မှာ ခွေးကြီးနှစ်ကောင်လိုက်ဆွဲလို့ ပြေးရသေးတယ် ။ တကယ် အဲ့ကောင်တွေက ခဲနဲ့ထုမှပဲ ပြေးသွားတော့တယ် ။
ဒါတောင် ခပ်လှမ်းလှမ်းက ဟောင်နေသေး . . . လမ်းမှာ ဘယ်က ပြန်လာကြမှန်းမသိတဲ့ ကိုရင် ငါးပါး ခြောက်ပါးနဲ့တွေ့လို့ ဆေးပေါ့လိပ်မီး ညှိရသေးတယ် ။ ၁နာရီ နဲ့သုံးဆယ့်ငါးမိနစ် ။

မာဃတို့ ဘ၀ က ကံဆိုးလိုက် ကံကောင်းလိုက် ။ ကံဆိုးတော့ လမ်းလျှောက်ရတယ် ။ကံကောင်းတော့ တက်စီနောက်တစ်စီး ရောက်လာပြန်တယ်ဗျာ ။ ဟိတ် . . . ညီလေး ဘယ်လဲ ။ အမယ် ဒီ
တခါ ဒရိုင်ဘာက အသက် လေးဆယ်ကျော် ငါးဆယ်လောက်ဗျ ။ ကျနော် တက္ကသိုလ်မုဒ်ဝ ပြန်မှာဗျ ။ အေး တက်ကွာ ။ အာ ရပါတယ် ကျနော် ပိုက်ဆံပေးစရာမရှိလို့ပါ ။ ရတယ် ရတယ်တက်တက်။
ဒီလိုဆိုတော့လည်း တက်သည်ပေါ့ ခဗျား ။ မထိုင်ရတာကြာလို့လားမသိဘူး ။ တက်စီဆိုဖာပေါ်ထိုင်ရတာ ဇိမ်ကိုကျလို့ အဟေဟေး ။ ညီလေး . . . မြောက်ဥက္ကလာက လမ်းလျှောက်လာတာမဟုတ်လား။
မဟုတ်ဘူးဗျ . . . ကျနော် စော်ဘွားကြီးကုန်းက လျှောက်လာတာ ။ ဟားး . . . မင်းတော်တော်ဇွဲကောင်းတဲ့ကောင်ပဲ . . . သဘောကျတယ်ကွာ . . . ယောင်္ကျားဆိုတာဒီလိုမှကွ . . . ဘုရားလက်ထက်မှာ
ဆို မဟာဇနက မင်းသားဆိုလား . . . အေးအေး ဟုတ်တယ် အဲ့လိုဇွဲမျိုး . . . ဒီမှာ ဘာမှအားမငယ်နဲ့ . . . အကိုကြီးဆို မဝေးသေးတဲ့ ကာလတခုတုန်းက တောင်မြောက်လမ်းဆုံကနေ အကိုကြီးနေတဲ့
လေးဆယ့်လေးရပ်ကွက်ကို မကြာခဏလမ်းလျှောက်ရတယ် . . . ဟုတ်တာပေါ့  ဆူးလေနဲ့ မြေနီကုန်းလောက်ရှိတယ်လေ . . . ။ အကိုကြီးက ရှေ့လမ်းဆိုရောက်ပြီ ဒါပေမယ့် ညီလေးကို ဂုဏ်ပြုတဲ့
အနေနဲ့ ၄၆ လမ်းဆုံအထိ ပို့ပေးမယ် ။ ဟုတ်ပီလား . . . ။ ဒါနဲ့ ကျနော်လည်း ကျန်းမာရေးမှတ်တိုင်ကနေ လေးဆယ့်ခြောက် လမ်းဆုံ မှတ်တိုင်ကိုရောက်လာပါတော့တယ် ။ ၁နာရီ လေးဆယ့် ငါးမိနစ်။

၄၆ လမ်းဆုံကနေ ကျနော်နေတဲ့ မုဒ်ဝ ကို ဆယ့်ငါးမိနစ်လောက်ယောင်္ကျားခြေထောက်နဲ့ လျှောက်ရင်ရောက်ပါတယ် ။ မိန်းမနဲ့ မမွေးသေးတဲ့ သားရေ . . . အဖေကြီးပြန်လာပြီကွ လို့ စိတ်ထဲမှာကြွေး
ကြော်မိတယ် ။ လမ်းလျှောက်နေရင် ကိုယ့်ဟာကိုယ်လည်း တွေးရင်းတွေးရင် တခိခိ ကနေ ဟက်ဟက်ပက်ပက်ရယ်မိတယ် ။ အရမ်းကြီးမားတဲ့ အခက်အခဲကြီးတခုကို ကျော်လွားလာခဲ့နိုင်သလိုပါပဲ ။
စိတ်ထဲမှာ အိမ်နားကိုရောက်တာနဲ့အမျှ ပေါ့ပါးသွက်လက်လာတယ် ။ နာနေတဲ့ ခြေထောက်တွေလည်း အနာသက်သာလာသလို ဖြစ်လာတယ် ။ ဟိုး . . . မီးရောင်လဲ့လဲ့ ဟာ ကျနော့်အိမ်မဟုတ်လား ။
ရောက်ပြီ . . . ရောက်ပြီကွ . . လို့ စိတ်ထဲမှာပဲ အော်ဟစ်လိုက်တယ် ။ ခြံထဲကိုပေါ့ပါးတဲ့ ခြေထောက်တစုံနဲ့ ၀င်ပြီး တခါးကို ဖွဖွလေးခေါက်လိုက်တယ် . . . ခိုင်လေးရေ . . . ခိုင်လေး ။

ည ၂နာရီ ဆယ်မိနစ်
 မာဃလုလင်
      
  (http://margaluelin.blogspot.com/)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...