Thursday, March 22, 2012

ကမ္ဘာ့ ကံအဆိုးဆုံးနဲ့ ကံအကောင်းဆုံးလူသား...

ကိုပီတာရဲ့အတွေးပုံရိပ်များ


Posted: 22 Mar 2012 02:32 AM PDT
 ခရိုအေးရှားနိုင်ငံမှ ဂီတသင်တန်းဆရာ ဖ၇န့် စ်ဆီလက် ( ၁၉၂၉ ခုနှစ်ဖွား ) ဟာ
အိမ်ထောင်လေးဆက်ကျခဲ့ပြီး သူငယ်ချင်းများက သူ့ ကို ဖိုးကံကောင်း လို့ ခေါ်
ကြပါတယ်...( မိန်းမလေးခါယူလို့ တင်မဟုတ်ပါဘူး...)

သူ့ ရဲ့ သေမင်းကိုအကြိမ်ကြိမ်ပျက်ရယ်ပြု လှည့် စားခဲ့ တဲ့ ဖြစ်ရပ်တွေထဲက ပထမဦးဆုံး
အဖြစ်အပျက်ကတော့  ၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလရဲ့ အေးချမ်းတဲ့ နေ့ ရက်တစ်ခုမှာ ဆီလက်
ဟာ ဒူဘရိုနစ် မြို့ သို့ ရထားဆီးလာခဲ့ တဲ့ အချိန်ဖြစ်ပါတယ်....ရုတ်တရက်ပဲ သူစီးလာတဲ့ ရထား
ကြီးဟာ ရေခဲတမျှအေးခဲနေတဲ့ မြစ်ထဲသို့ လမ်းချော်ကျတိမ်းမှောက်သွားခဲ့ ပါတော့ တယ်...
ခရီးသည်ပေါင်း ၁၇ ယောက်သေဆုံးခဲ့ ပြီး ဆီလက်ကတော့ လက်ကျိုးရုံ၊ ပွန်းပဲ့ ထိခိုက်ရုံသာ
ဖြစ်ပြီး အသက်မသေခဲ့ ပါဘူး....


 ထိုမှနောက်တစ်နှစ်အကြာမှာတော့ ဆီလက်ဟာ ဇာဂရက်မှ ရီဂျက်ကာသို့ လေယာဉ်ဖြင့် 
သွားရောက်ခဲ့ ပါတယ်...သူစီးလာတဲ့ လေယာဉ်ဟာ လေယာဉ်မှူးအခန်းမှ တံခါးပွင့် ထွက်
သွားခဲ့ ပြီး သူလည်း လေယာဉ်ပေါ်မှ လွင့် စဉ်ကျသွားခဲ့ ပါတယ်...ထိုအဖြစ်အပျက်
ကြောင့် လူပေါင်း ၁၉ ဦးသေဆုံးခဲ့ ပေမယ့် ဆီလက်ကတော့ ကောက်ရိုးပုံကြီးတစ်ခုပေါ်
ပြုတ်ကျခဲ့ လို့ ကံကောင်းထောက်မပြီး ဒါဏ်ရာအနည်းငယ်သာရကာ ဆေးရုံမှာ ရက်အ
နည်းငယ်သာ သတိလစ်မေ့ မြောနေခဲ့  တာပဲဖြစ်ခဲ့ ပါတယ်...













သူ့ ရဲ့ တတိယအကြိမ်မြောက် သေကံမရောက်သက်မပျောက်ဖြစ်ရပ်ကတော့ ၁၉၆၆ ခုနှစ်မှာ
သူဟာဘတ်စ်ကားတစ်စင်းဖြင့် ခရီးသွားနေစဉ် ယာဉ်တိုက်မှုဖြစ်ပြီး ဘတ်စ်ကားကြီးမြစ်ထဲ
ထိုးကျသွားခဲ့ ပါတယ်... လူ ၄ ဦးသေဆုံးခဲ့ ပြီး သူကတော့ ထိခိုက်ဒါဏ်ရာမရပဲ အသက်
ဘေးကလွတ်မြောက်ခဲ့ ပြန်ပါတယ်...



၁၉၇၀ တွင်တော့ ဆီလက်တစ်ယောက်ကားမောင်းနေစဉ် ရုတ်တစ်ရက်ကားမီးထလောင်
ခဲ့ ပါတယ်...ကံကောင်းထောက်မစွာပဲ သူဟာ ကားဆီတိုင်ကီမပေါက်ကွဲခင် ကားထဲမှ
ထွက်နိုင်ခဲ့ ပါတယ်... ၃ နှစ်ကျော်ကြာပြီးနောက် ဆီလက်မောင်းတဲ့ ကားပဲ မီးထလောင်
ခဲ့ ပြန်ပါတယ်...ဒီတစ်ခါတော့ သူ့ ခေါင်းကဆံပင်တွေအားလုံးနီးပါးမီးလောင်ခံခဲ့ 
ရပါတယ်...လူကတော့ အသက်ဘေးကလွတ်မြောက်ခဲ့ ပြန်ပါတယ်...


















၎င်းနောက် နှစ်ပေါင်း ၂၀ ကြာဘာမျှမဖြစ်ပဲနေခဲ့ ပြီးနောက်
၁၉၉၅ ခုနှစ်တွင် သူဟာ ဇာဂရက်မြို့ မှာဘတ်စ်ကားတစ်စင်းအတိုက်ခံခဲ့ ရပေမယ့် 
ဒါဏ်ရာအနည်းငယ်မျှသာရရှိခဲ့ ပါတယ်...နောက်နှစ်မှာတော့ တောင်ပေါ်လမ်းတစ်ခုမှာ
ကားမောင်းနေစဉ် မျက်နှာချင်းဆိုင်မှလာနေသည့် ကုန်တင်ကားအားရှောင်ယင်းလမ်းဘေး
တွင်ကာထားသည့် သံတန်းအတားအဆီးကိုတိုက်ကာ ကားကတောင်အောက် ပေ ၃၀၀
သို့ ကျကာမီးလောင်သွားခဲ့ ပြီး သူကတော့ သစ်ပင်တစ်ပင်ပေါ်မှာတင်ကျန်နေခဲ့ ပါတယ်...
၂၀၀၃ ခုနှစ်မှာတော့ အံ့ သြစရာကောင်းလှစွာပင် ဆီလက်ဟာ ခရိုအေးရှားထီ တစ်သန်းဆု
ပေါက်ပြီး ကမ္ဘာ့ ကံအဆိုးဆုံးနဲ့ ကံအကောင်းဆုံး လူသားဖြစ်ခဲ့ ပါတယ်...

ကံတရားကား ဆန်းကြယ်ပေစွ တကား....
Posted: 21 Mar 2012 04:29 AM PDT

စိတ်မရှည်နိုင်တော့ တဲ့ ဘွားဘွား....


အသက်လည်း ၁၀၅ နှစ်တောင်နေခဲ့ ပြီးပြီ...သေရမယ့် အချိန်ကိုစောင့် နေရတာ
စိတ်မရှည်နိုင်ဘူးလို့ ဆိုတဲ့ ဘွားဘွား...
Suicide ... Anastasia Khoreva killed herself at 105


ရုရှားနိုင်ငံမှ အသက် ၁၀၅ နှစ်ရှိ ဘွားဘွားကြီး အနာစတာရှား ခိုရီဗာ ဟာဘ၀မှာနေထိုင်ခဲ့ ရ
တာ နှစ်ပေါင်းများစွာကြာမြင့် ခဲ့ ပြီး သေဖို့ စောင့် ဆိုင်းနေရတာကို စိတ်မရှည်နိုင်တော့ ဘူးလို့ 
သူမရဲ့ မိသားစုကိုပြောခဲ့ ပြီးနောက်သူမကိုယ်သူမ ကြိုးဆွဲချပြီးသေဆုံးသွားခဲ့ ပါတယ်...
သူမဟာ အဆုတ်ရောဂါခံစားခဲ့ရပြီးနောက် စိတ်ဓါတ်ကျနေခဲ့ တာဖြစ်ပါတယ်လို့ မြေး၊ မြစ်၊ တီ
တွတ် တို့ ရဲ့ ဘွားဘွားကြီး၏မိတ်ဆွေများကပြောဆိုကြပါတယ်...
ပင်စင်စားဘွားဘွားကြီးဟာ မိသားစုဝင်များအိမ်တွင်မရှိသည့် အချိန်ကိုစောင့် ဆိုင်းကာ သူမ၏
အိပ်ခန်းတွင် အ၀တ်များအား ကြိုးကွင်းသဏ္ဍာန်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်..

ရုရှားနိုင်ငံ၊ ဒါဆွန်ဒေသမှဖြစ်သော ဘွားဘွားကြီး အနာစတာရှားဟာ ရုရှားတော်လှန်ရေးကာ
လ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် များအပြင် ကွန်မြူနစ်ခေါင်းဆောင်ဂျိုးစက်စတာလင်ရဲ့ 
ပြည်သူလူထုအား အစုလိုက်အပြုံလိုက် စီရင်သတ်ဖြတ်ခြင်း ကာလအခြေအနေများကို ကြုံတွေ့ 
ဖြတ်သန်းခဲ့ ပါတယ်...
" ဘ၀ရဲ့ အခုလိုနောက်ဆုံးပိုင်းအသက်အရွယ်ကျမှ ဒီလိုလုပ်သွားတာဟာတော်တော်ထူးဆန်း
လှပါတယ်...ဒါပေမယ့် လည်း အဘွားက သေမယ့် အချိန်ကိုစောင့် နေရတာ တော်တော်စိတ်ပင်
ပန်းလှပြီ၊ စိတ်ပျက်လှပါပြီလို့ ဆိုပြီး သူမအနေနဲ့ သေမင်းနဲ့ သာပြေးတွေ့ လိုက်ချင်တော့ တာပါ
ပဲလို့ လည်းဆိုခဲ့ ပါတယ်..."  လို့ အိမ်နီးချင်းတစ်ဦးကဆိုပါတယ်...
" နေရတာစိတ်ညစ်လာပါပြီလို့ ဆိုပြီး အယင်ကလည်းအဲဒီလိုတစ်ခါလုပ်ခဲ့ ဖူးပါတယ်... အဲဒီတုံး
ကတော့ ကျွန်တော်တို့ အဘွားကိုအချိန်မှီတားဆီးလိုက်နိုင်ခဲ့ ပါတယ်...
ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ ကြပါဘူး... " လို့ အိမ်သားတစ်ဦးကပြော
ကြားခဲ့ ပါတယ်...

A 105-YEAR-OLD woman hanged herself after telling her family she was tired of waiting to die.

Friends said great-great-great-gran Anastasia Khoreva had been depressed after being struck down with a lung infection. The pensioner waited until her family had left the house then used a clothes line to fashion a makeshift noose in her bedroom.Anastasia, from Darsun, Russia, had lived through the Russian Revolution, two world wars and the mass executions of communist tyrant Joseph Stalin.

One neighbour said: "It's a strange thing to do at her time of life but she used to say she was fed up with waiting for death — so she wanted to go and meet it."
A family member added: "She'd tried once before saying she'd had enough, but that time we managed to stop her.
"This time we weren't so lucky."

Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
 ---------------o00o-- (_)--o00o---------------
         
======ஜ۩۞۩ஜ=======
◄██▓░
  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ======= 

  
-------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...