Saturday, September 10, 2011

Spider girls (အိန္ဒိယနိုင်ငံမှ ကိုယ်ခြင်းဆက် အမွှာညီအစ်မ)

by Aung Lat on Saturday, September 10, 2011 at 7:38pm
 
Spider girls


ကျွန်မတို့ အပြင်ကိုထွက်ခဲတယ်ရှင့် .....အပြင်ထွက်ရမှာကြောက်တယ်..




ဆပ်ကပ်ပြပွဲဖြင့် ဝင်ငွေရှာရတယ် .....


အိန္ဒိယနိုင်ငံမှ ကိုယ်ခြင်းဆက် အမွှာညီအစ်မများဖြစ်သော ဂင်္ဂါနှင့် ယမုံနာ ( မြစ်တွေကိုအမှီပြုပြီး
နာမည်ပေးထားတာ ) တို့ ဟာ သူမတို့ မိသားစု ဘ၀ရပ်တည်ရှင်သန်နိုင်ရေးအတွက် ပင့် ကူညီ
အစ်မများ၏ အထူးအဆန်းပြပွဲ အဖြစ်ရုံသွင်းပြသကာ ငွေရှာထောက်ပံ့ နေကြရပါတယ်...

ခေါင်းနှစ်လုံး၊ ခြေထောက်သုံးချောင်း၊ လက်လေးဘက် တို့ ပါရှိတဲ့ အသက် ၃၉ နှစ် ရှိအမွှာညီ
အစ်မစုံတွဲဟာ ကမ္ဘာပေါ်မှာသက်ရှိထင်ရှားရှိနေတဲ့  အရှားပါးဆုံးသော ကိုယ်ချင်းဆက်အမွှာတွေ
ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်...

အထူးအဆန်းအဖြစ် မြင်တွေ့ လိုသူတွေဟာ အဆိုပါအမွှာပူးညီအစ်မရဲ့  အင်းဆက်ကောင်ကဲ့ သို့ 
တွားတွားသွားတာတွေ ပါဝင်တဲ့  ငါးနာရီကြာစင်တင်ပွဲကို သူမတို့ ဇာတိဒေသမှာ ကျင်းပတဲ့ အုပ်
စုလိုက် အမြောက်အများ သွားရောက်ကြည့် ရှုကြပါတယ်...သူတို့ ညီအစ်မ ရရှိတဲ့ ကြေးကတော့ 
ပေါင်စတာလင် ၂၆ ( ၄၂ ဒေါ်လာ ) ဖြစ်ပါတယ်...

အဲဒီလိုတင်ဆက်ပြသလို့  ရတဲ့ ငွေဟာ မိသားစုဝင်ပေါင်း ၂၂ ဦးရှိတဲ့ သူမတို့ မိသားစုကြီး အတွက်
တော့ လ၀က်စာ ( နှစ်ပါတ်စာ ) စားရိတ်သာဖြစ်ပါတယ်...

” ကျွန်မတို့ ကို အထူးအဆန်းတွေဆိုပြီး လူတွေက စိတ်ဝင်တစ်စားလာကြည့် ကြတာပါ...” လို့ 
ယမုံနာ ကပြောပါတယ်...

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂေါနယ်မှာ သူတို့ နှစ်ဦးကိုမွေးဖွားခဲ့ တုံးက အရပ်လက်သည်နှစ်ယောက်
ဟာ အံ့ သြထိတ်လန့် ပြီး သတိလစ်လဲကျသွားခဲ့ ကြပါတယ်တဲ့ ....
၎င်းနောက် ကလေးမလေးနှစ်ဦးဟာ ခါးရိုးပိုင်းမှာဆက်နေကြပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့  ပုံ
မှန်အလုပ်လုပ်နေတဲ့ အစိတ်အပိုင်း အသီးသီးဖြစ်ပြီး၊ ခြေထောက်သုံးချောင်းမှာ၊ တစ်ချောင်းသာ
အသုံးပြုလှုပ်ရှားနိုင်ပါတယ်...

သူတို့ ရဲ့ အခြားခြေထောက်နှစ်ချောင်းကတော့  တစ်ခုအဖြစ်ပူးကပ်နေပြီး ခြေချောင်းကလေးတွေ
ကိုးခုရှိပါတယ်...
”ကျွန်မတို့ အပြင်ကိုသိပ်မထွက်ကြပါဘူး...အြ

ပင်သွားရမှာကြောက်တယ်...” လို့  ဂင်္ဂါ ကပြောပါ
တယ်...
သူတို့ ညီအစ်မတွေရဲ့ နောက်ထပ် စိုးရွံ့ တဲ့ အရာကတော့  သူတို့ ကို တစ်ဦးစီဖြစ်အောင် ခွဲစိတ်
လိုက်ကြမှာကိုပါပဲ...တစ်ကယ်လို့ ခွဲစိတ်ခဲ့ ယင် အသက်အန္တရယ်ရှိတယ်လို့ ဆရာဝန်တွေက
ပြောခဲ့ ကြတာလေ...
ဒါပေမယ့်  ခန္ဓာကိုယ်ချင်းဆက် အမွှာများခွဲစိတ်ကုသရာမှာကျွမ်း
ကျင်သူ ဆရာဝန်ကြီး ဂျိမ်းစတိမ်း
ကတော့  သူတို့ ကိုခွဲစိတ်ယင် အသက်ရှင်နိုင်ပါတယ်လို့  မကြာမှီမှာထုတ်လွှင့် တော့ မယ့်  ဒစ်စ
ကာဗာရီ ရုပ်သံလိုင်းမှာပြောကြားခဲ့ ပါတယ်...

ဒါပေမယ့်  သူတို့ ညီအစ်မကတော့  တစ်သက်မခွဲပဲ အခုလိုပဲအတူတူနေသွားကြဖို့  ရွေးချယ်ခဲ့ ကြ
ပါတယ်...
” ဘုရားက ကျွန်မတို့ ကို ဒီိလိုနေဖို့ ဖန်ဆင်းခဲ့ တာပါ....” လို့  သူရဲ့ ညီမကိုဖက်ပြီး ဂင်္ဂါကပြောခဲ့ 
ပါတယ်....


http://kopeter.blogspot.com/ကိုပီတာ၇ဲ.အတွေးပုံ၇ိပ်များ ထဲက ကူးယူဖေါ်ပြလိုက်ရပါသည်။


Thiri Yadanar Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...