Saturday, September 10, 2011

(Civil Society Organizations ) များလေကောင်းလေ

by Wai Maw on Sunday, September 11, 2011 at 10:54am
 ဦးးဌေးဇော် -
-11-9, 2011။-

(Civil Society Organizations)နဲ့ (Political Society Organizations)ကို ရောထွေးမြင်လို့မရပါ။
နိုင်ငံရေးအဖွဲ့ဆိုတာ ယုံကြည်ချက်ရှိတဲ့သူတွေ စုဖွဲ့ထားတဲ့ အဖွဲ့ပါ။
ဒီအဖွဲ့က စနစ်တခုတည်ဆောက်နိုင်အောင် ပြည်သူကို စည်းရုံးရတဲ့အဖွဲ့ပါ။ ပြည်သူက ယုံကြည်လာတဲ့အဖွဲ့ကို မဲပေးပြီး ရွေးချယ်မယ်။ ဒါတွေက သီအိုရီတွေပါ။


မြန်မာနိုင်ငံက စီမိုကရေစီကို တဆင့်ခြင်းပေးချင်လို့ ဦးသန်းရွှ အာဏာရယူပြီး တပ်မတော်က ဦးဆောင်ဖို့ ဖွဲ့စည်းပုံရေးဆွဲ အတည်ပြု စစ်ဗိုလ်တမတ်သား လွှတ်တော်ထဲ ၀င်ထိုင် ဦးသန်းရွှေမွေးထားတဲ့ ကြံ့ခိုင်ရေး ပါတီက အမတ်နဲ့ပေါင်း အမြဲတန်း အစိုးရဖွဲ့ဖြစ်အောင် စီမံချက်ချ လုပ်ဆောင်ပြီး ဖြစ်ပါတယ်။

ဒီတော့ အလယ်အလတ်လောက်လိုက်နိုင်တဲ့ ပါတီတွေက လွှတ်တော်ထဲ ရောက်နိုင်ပါတယ်။
အလယ်အလတ်သမားတွေဆိုတော့ ဆန့်ကျင်တဲ့အလုပ်မျိုး မလုပ်ရဲပါ။
ဒီတော့ ၂၀၀၈ဖွဲ့စည်းပုံဆိုတာကို အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံပြည်သူတွေ စာချုပ်ချုပ် ဆိုပြီးဖြစ်လို့ ပြင်လို့မရတော့ပါ။
ပြင်ချင်ရင်(၈၈၈၈)ထက် သာမဲ့ပြည်သူ အုံကြွမှုဖြစ်လာမှ ရပါမယ်။

နိုင်ငံရေးပါတီတွေအလုပ်က တော်လှန်ရေး အလုပ်ပါလို့ မရပါ ။
တော်လှန်ရေး သဘောပါလာရင် အစိုးရကလဲ တရာဝင် တည်ခွင့် မပေးပါ (ဘယ်အစိုးရ ဖြစ်ဖြစ်ပါ) ။

ဒီတော့ နိုင်ငံရေး ပါတီ အလုပ်က ပြည်သူကို စနစ်တခု တည်ဆောက် နိုင်အောင်စည်းရုံးဖို့ များများစည်းရုံးနိုင်လေ များများ ထောက်ခံမှု ရလေပါဘဲ။

အန်အယ်လ်ဒီ စည်းအပြင် ထွက်ထိုင် နေရတာ။ နိုင်ငံရေးပါတီ အလုပ် မလုပ်ခဲ့လို့ပါ။
ပြည်သူကို တကယ်စည်းရုံးခဲ့ရင် (၂၀၀၈) ဖွဲ့စည်းပုံ အတည်ဖြစ်ဖို့ ဆန္ဒပြုပွဲမှာ အန်အယ်လ်ဒီက ပြည်သူကို စည်းရုံးပြီးသားဖြစ်ရင် ပြည်သူ အကျိုးအတွက် ဘာလုပ်ပါလို့ ပြောလိုက်နိုင်ရင် ပြည်သူနားလည် သွားပြီး ကန့်ကွက်လာနိုင်ပါတယ်။


ခုတော့ ပြည်သူနဲ့ နိုင်ငံရေးသမားတွေ ကင်းကွာနေတော့ ပြည်သူက ဘာမှမသိဘဲ ထောက်ခံပါတယ် ဖြစ်သွားပါတယ်။
သူတို့ မဲခိုးတာ ဘာလိုမှ သက်သေပြလို့မရပါ ပွဲကပြီးသွားပြီ။
(Civil Society Organizations)အဖွဲ့တွေဆိုတာ နိုင်ငံရေးပါတီတွေလို ယုံကြည်လို့ ဖွဲ့ကြတာမဟုတ်ပါ။
အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးက စပါတယ်။ ရမ်းဖွဲ့လို့ မရပါ။
စက်ရုံတခုထဲ အလုပ်သမားတွေဆိုရင် အကျိုးစီပွားတူတွေဖွဲ့ရင်းနဲ့ ဖြစ်ပေါ်လာသလို လယ်သမားအဖွဲ့ တတ်သိပညာရှင်များအဖွဲ့ အနုပညာရှင်များအဖွဲ့စတဲ့စတဲ့အဖွဲ့တွေအကုန်လုံး အကျိုးတူပူးပေါင်းဖွဲ့ကြတာပါ။

(Civil Society Organizations)အနည်းစုအဖွဲ့လေးတွေကတော့ ၀ါသနာတူရာဖွဲ့တဲ့အဖွဲ့တွေပါ။
ပတ်ဝန်ကျင်ထိန်းသိမ်းရေးတို့ ဆေးလိပ်မသောက်ရေးအဖွဲ့တို့ သစ်ပင်ချစ်သူများအဖွဲ့တို့ ငှက်များစောင့်ရှောက်ရေးအဖွဲ့ လူမှုရေးအဖွဲ့အားလုံး စတဲ့အဖွဲ့တွေက ၀ါသနာအလျှောက်ဖွဲ့ကြတာပါ။
အလုပ်ကလဲ ခေါင်းစဉ်အောက်ကအတိုင်း လုပ်ဆောင်ရပါတယ် ခေါင်းစဉ်နဲ့ မကိုက်ညီတာတွေကို လုပ်ဆောင်လို့မရပါ။

ဒီအဖွဲ့တွေ အဖွဲ့ဖွဲ့ခွင့် ဘယ်လိုလုပ်ဆောင်ခွင့်တွေဆိုတာ ဒီမိုကရေစီနိုင်ငံစစ်ရင် အစိုးရက သြဇာအာဏာ သက်ရောက်စရာ မလိုဘူးပေါ့။
ဒီအဖွဲ့တွေအပေါ် အစိုးရသြဇာအာဏဘယ်လောက် ချုပ်ကိုင်သလဲကြည့်ပြီး ဒီမိုကရေစီ ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိနိုင်တယ်ဆိုတာ တွက်လို့ရပါတယ်။

နောက်ဆုံး (Civil Society Organizations)တွေက ကိုယ့်ခေါင်းစဉ်အောက်မှာ ကိုယ့်ရဲ့အကျိုးတူ ၀ါသနာတူ အလုပ်တူပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရင်း အစိုးရက လွတ်လပ်ခွင့်တွေကို ချုပ်ကိုင်လာတဲ့အခါ အဖွဲ့အစည်းတွေရဲ့လွတ်လပ်ခွင့်တွေဆုံးရှုံးလာရင် အော်တိုမစ်တစ် အဖွဲ့အစည်းတွေက တောင်းဆိုလာမှာပါ ။
ဘယ်သူမှ လှုပ်ဆော်ပေးစရာမလိုပါ။ သူ့လွတ်လပ်ခွင့်တွေကို သူ့တို့ဖာသာတောင်းဆိုလာမှာပါ။

ဒါကြောင့်မို့ (Civil Society Organizations)အဖွဲ့တွေ များများဖွဲ့လေ ကောင်းလေပါဘဲ။
နောက်ဆုံး ဒီမိုကရေစီကို သူတို့ဖာသူတို့ ဘောင်ချဲ့သွားမှာပါ။ အစိုးရလဲ အဖွဲ့အစည်းတွေများလေ ထိန်းချုပ်မှုတွေကို လျှော့ပေးရလေဖြစ်လာမှာပါ။
နောက်တော့ ဒီမိုကရေစီနိုင်ငံကို တဆင့်ပြီးတဆင့် တက်လှမ်းသွားပါလိမ့်မယ်။
ဒါမို့ ဖရိမ်ချပြီးရင် ဆက်လျှောက်ရပါတော့မယ်။
ဆက်မလျှောက်ဘဲ ပြန်ထိန်းချုပ်လာရင် အဖွဲ့အစည်းများဖွဲ့ပြီးသား လူစုပြီးသားဖြစ်လို့ ပြည်သူ့အုံကြွမှုဆီ ဦးတည်သွားပါလိမ့်မယ်၊
ဒါကြောင့်မို့ (Civil Society Organizations)အဖွဲ့တွေ များလေကောင်းလေပါဘဲခင်ဗျာ။ ၊

လေးစားလျှက်

ဦးးဌေးဇော်
၁၁-၉- ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...