ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ(၃)
Author: lubo601 |
11:31 PM |
No မှတ်ချက် |
by Kyaw Aye on Sunday, September 4, 2011 at 12:27am
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
အခုဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဘယ်လိုစာတမ်းတွေ
ထွက်လာမယ်ဆိုတာ မသိရသေးပါဘူး။ ဆွေးနွေးပွဲရဲ့ စာတမ်းတွေ အပြန်အလှန်
ဆွေးနွေးချက်တွေ မထွက်လာသေးပါဘူး။ ဒါကိုနိုင်ငံတော် တာဝန်ရှိသူတွေက ဘယ်လို
လက်ခံတယ်ဆိုတာတွေ မထွက်လာသေးပါဘူး။ ကျနော်တို့ အမြင်လေးတွေကို
ကြိုပြောနေရတာတော့ သိပ်မဟုတ်လှပေမဲ့ ပြောဖို့တော့ လိုနေလို့ ပြောနေရတာပါ။
ငါပြောတာမှ အမှန်ဆိုတာ မဟုတ်ရပါဘူးဆိုတာကို နံမည်မခံရဲသူတွေက
ဝေန်စောနေပါတယ်။ ရှင်းနေတာဘဲ။ ပြည်သူလူထုရဲ့ ဆန္ဒတစက်လေးမှ မပါခဲ့တဲ့ ၂၀၀၈-
အပြီး တတိုင်းတပြည်လုံး လူပေါင်း နှစ်သိန်းခွဲလောက်သေကြရ
လူပေါင်းနှစ်သန်းခွဲလောက် စားရမဲ့သောက်ရမဲ့ အိုးအိမ်တွေ ပျက်စီးနေကြရချိန်
နေစရာမရှိ ဖြစ်နေချိန်မှာကို ၉၂.၄၈ % ထောက်ခံထားပါတယ်ဆိုတဲ့ နာဂစ်ဥပဒေကြီး
အခုကမ္ဘာနဲ့အာဆီယံက လက်ခံဖို့ ခက်နေတယ်။ အာဆီယံကို နိုင်ငံရေးပါတီကြီးတွေက
ဒီအခြေခံဥပဒေကြီးကို အာဆီယံအဖွဲ့ အကဲဖြတ် ပုဂ္ဂိုလ်တွေလာရောက်ပြီး
အကဲဖြတ်ခွင့်ပြုမှ အာဆီယံအနေနဲ့ အသိအမှတ်ပြုပါလို့ တင်ပြသင့်ပါတယ်။
ဆင်းရဲမှုကို တကယ်တိုက်ဖျက်ချင်ရင် ဒီဆင်းရဲမှုကိုဖြစ်အောင် လုပ်ခဲ့သူ
တဦးတည်း စိတ်ကြိုက်ရေးထားတယ် စိတ်ကြိုက်လူရွေးခေါ်ပြီး
ဟန်ပြလုပ်လက်မှတ်ထိုးခိုင်း ထားတဲ့ အခြေခံအဆောက်အအုံကြီးကို
ပြန်သုံးသပ်ရပါမယ်။ နောက်ဆုံးဗျာ ကြပ်ပြေးမှာ မြို့တော် တည်ထားတဲ့အတွက်
(နေပြည်တော်လို့ ကျနော်မသုံးနိုင်ပါ။ ဘုရင်မရှိဘဲ လိုက်မသုံးနိုင်ဘူး။
အဲဒီလို လိုက်ပြောနေသူတွေဟာ မမှန်တာကို ထောက်ခံနေကြတာဘဲ)
နိုင်ငံတော်စီပွားရေးမှာ အပိုကုန်ကျမှုတွေ ဘယ်လောက်အထိ အလဟသ ပိုကုန်မယ်။
ကုမ္မဏီတွေဆိုရင် နေပြည်တော်ကို လွှတ်ဖို့ အပိုစားရိတ်တွေ ၀န်ထမ်းအပိုတွေ
ခန့်ထားရတာတွေကို တင်ပြကြပါ။ အချိန်တွေ ဘယ်လောက်ဖင့် နေရပါတယ်
ဆိုတာကိုတင်ပြကြပါ။ မကြောက်ကြပါနဲ့။
၉၅- ခုနစ်မှာ
ဂဏန်း/ကျောက်ပုဇွန်အရှင်တွေ တင်ပို့တော့ဌာန အဆင့်ဆင့် လက်မှတ်ထိုးရတယ်။
လေယာဉ်တင်ဖို့ လုပ်ရတယ်။ မလွယ်ဘူး။ အစည်းဝေးမှာ ကျနော်ဇွတ်အတင်း
ထချဲတာပေါ့။ ခင်ဗျားတို့က လုပ်ငန်းတွေ သွက်လက်မြန်ဆန်အောင်
လုပ်ပေးနိုင်တယ်။ မလုပ်ပေးချင်တာလား မလုပ်ချင်တာဖြစ်နေပြီ ကောထဲ့တာ။
တပတ်အတွင်း အားလုံးလေယာဉ်ကွင်းမှာ အစအဆုံး လုပ်ပေးလာပါတယ်။ သူတို့က
ရုံးမှာလုပ်ပေးချင်တယ်။ အချိန်ဆွဲထားချင်တယ်။ မြန်အောင် လာဘ်ထိုးရတယ်။
မပြီးရင် အိမ်အထိ လိုက်ရပါတယ်။ ထိုးပေးတော့ လက်မှတ် တစောင်ကို
ကုန်အပေါ်လိုက်ပြီး ၅၀၀၀-ကျပ် (ဒေါ်လာ-၄၀-) ကနေ ၁၀၀၀၀- (ဒေါ်လာ-၈၀)။
ကိုယ်လိုသူလို စောင့်နေသူတွေကလဲ ၁၅-ယောက်မကဘူး။ တွက်သာကြည့်။
ဒါညွှန်မှုးအဆင့် ရှိသေးတယ်။ ဌာန တခုဘဲရှိသေးတယ်။ ကိုယ်ကလာဘ်ထိုးမှ သူတို့က
လက်မှတ် ထိုးပေးတာလေ။ လာဘ်ပေးတာတောင် (မင်းတို့က လခွီးမှ လချေးဆဲဆိုပြီးမှ
အလုပ်ပြီးတာတောင် ကောင်းကောင်းမနားရဘူး ဆဲဆိုတာ ခံရသေးတယ်)။ ဒါကို
ဗိုလ်ချုပ်ထွန်းကြည့်ကို ပြောပြတော့ ခင်ဗျား သက်သေမခိုင်မာဘဲ
လျှောက်ပြောနေရင် အရေးယူခံရမယ်ပေါ့။ ပြန်ပြောလိုက်ပါတယ်။ အသံဖမ်းစက်နဲ့
ဖမ်းပေးမယ်။ အခုခင်ဗျားငွေစက္ကူ မှတ်ထားပြီး ကျနော့်ကိုပေးလိုက်ပါ။
ခင်ဗျားလူတွေ ဘယ်လောက်စားနေတာ အခိုင်အမာပြမယ် ပြန်ပြော ထည့်လိုက်ပါတယ်။
ဗိုလ်ချုပ်မင်းသိန်းပါ အတူရှိနေပါတယ်။ ငြိမ်သွားပါတယ်။
ဆရာဦးမြင့်တို့ကလဲ ဒါတွေကိုပါ ပြုစုပေးစေချင်ပါတယ်။ စာရင်းတိတိကျကျနဲ့
အစိုးရကို အရှိကို အရှိအတိုင်း တင်ပြကြရပါမယ်။ နောင်လာမယ့် ၁၀-နှစ်နဲ့
အနှစ်-၂၀ မှာ ပိုပြီးကုန်ကျလာမဲ့ စားရိတ်တွေကို တင်ပြကြရပါမယ်။
အခုဆိုမြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထားဝယ်နဲ့ မြိတ်ကျွန်းစုတွေကို
ဗဟိုပြုတဲ့ အင်အားဖြစ်လာပါပြီ။ (ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကြီးဟာ
ကျနော်စဉ်းစား ဖေါ်ထုတ်ထားတဲ့ စီမံကိန်းကြီးပါ)။ (စကားချပ် .. ယခင်
ဆရာရေးထားတဲ့ ဆောင်းပါးများမှာ ထားဝယ် ရေနက်ဆိပ်ကမ်း အကြောင်း
ပြန်ကြည့်နိုင်ပါတယ်...) ဒီလောက်ကြီးမားပြီး နိုင်ငံရဲ့စီးပွားရေးကို
ဦးမော့စေမဲ့ စီမံကိန်းကို ကြံဆောင်ပေးထားတာကို
လူပုဂ္ဂိုလ်ရေးဝေဖန်လိုသူတွေ ပြောကြပါဦး။ ကျနော်ရဲ့ BRAINCHILD PROJECT
မဟုတ်ပါဘူး ငြင်းချင်သေးလား။ လောင်းကြေး ကြိုက်သလောက် ထပ်ထားလိုက်ပါ။
ဒီလောက် နိုင်ငံတော် စီးပွားရေးကို ဦးမော့စေမယ့် စီမံကန်းကြီးကို
ဖေါ်ပေးထားတာကို နိုင်ငံတော်က လိုက်လုပ်နေပါပြီ။ ကျနော်ကို အပြုသဘော
ဆောင်တာလေး ရေးပါ ပြောချင်သူတွေ။ ဒါထက်ကြီးမားတဲ့ စီမံကိန်းကိုလည်း
အခုပြောနေပါတယ်။ ဒီရေကနေ ထုတ်တဲ့ ရေအားလျှပ်စစ် ။
ထိုင်းကုမ္မဏီ ဥက္ကဌကြီးကို အင်တာဗျူးတခုမှာ သန်းရွှေက လုပ်မှာလား မေးတော့
ချက်ချင်း လက်မှတ် ထိုးလိုက်တယ်။ အင်တာဗျူးမှာ မေးတော့ ဆယ်စက္ကန့်တောင်
မစဉ်းစားနိုင်ဘူးတဲ့။ ချက်ချင်းကို လက်ခံလိုက်တာပါတဲ့။ သူ့တသက်မှာ ဒီလောက်
သေချာပေါက်အောင်မြင်မဲ့ စီမံကိန်းမျိုး မကြုံဘူးသေးပါဘူးတဲ့။
တခြားစီမံကိန်းတိုင်းကို အပေါင်းအနုတ် အသေအချာ တွက်ဆပြီး၊ အသေးစိတ်
စဉ်းစားပြီးမှ ချီတုံချတုံ ဆုံးဖြတ်ရတာပါတဲ့။ ဒီစီမံကိန်းက စဉ်းစားနေလို့
သူများကို ကမ်းလှမ်းလိုက်မှာလဲ စိုးရိမ၊် သေချာပေါက် အောင်မြင်မှာမို့
ချက်ချင်း လက်ခံလိုက်ရတာပါတဲ့။ လက်မှတ်ထိုးပြီးတာနဲ့ သူ့ကုမ္မဏီရဲ့ 
စတောက်ရှယ်ယာဈေးတွေ ထောင်တက် သွားပါတော့တယ်။
အဲဒီတော့
နောင်ဆိုရင် သေချာပေါက် မြန်မာ့စီးပွားရေး အချက်အချာက
တောင်ပိုင်းမှာပေါ်နေပြီ။ အဓိကပို့ကုန် ဆန်စပါးကလဲ တောင်ပိုင်းမှာ။
မြို့တော်က အထက်မှာ။ အပိုတွေကုန်ကျမှာ အခုကထဲက ရပ်ကြရပါမယ်။
သန်းရွှေစီမံထားတာကို ဘယ်သူမှ သဘောမတူကြပါဘူး။ နောက်ဆုံးဗျာ
ဗိုလ်ချုပ်မောင်အေးတို့ကအစ သဘောမတူကြပါဘူး။ မတတ်သာလို့ ငြိမ်ခံကြရတာပါ။
ဒါကိုအစိုးရသစ်က ငြိမ်ခံနေစရာ မလိုပါဘူး။ အပိုကုန်ကျတာတွေ ထောက်ပြ
ဆွေးနွေးကြရပါမယ်။ ဒါကို သန်းရွှေက အေးအေးမနေဘဲ အာဏာပြနေသေးရင်
ဘာတတ်နိုင်မလဲ နိုင်ငံတကာ ခုံရုံးကိုသာ ပို့ပေးလိုက်တော့။ ဒီပဲယင်းကိစ္စက
အခိုင်အမာစွဲလို့ ရပါတယ်။ အာနေတာမဟုတ်ဘူး။ ICC ကိုပို့ဖို့ ဆိုတာဘာမှ
မခက်ခဲလှပါဘူး။ ပို့ဖို့ မလွယ်ဘူးပြောသူ နိုင်ငံရေးစကား မပြောနဲ့တော့။
ငတုံးဘဲပြောလိုက်မယ်။
ဒီ ICC ကိစ္စက ဗိုလ်သန်းရွှေ
တော်တော်လေးကို လန့်နေတယ်။ အခု အတိုက်အခံတွေထဲက သူတို့ မြုပ်ထားတဲ့သူတွေနဲ့
(ဥက္ကဌတွေ..၊ အတွင်းရေးမှုးတွေပေါ့) ပေါင်းပြီး အချင်းချင်း ရန်တိုက်ပေးရေး
ပြည်တော်ပြန်လာအောင် သွေးဆောင် အလုပ်တွေနဲ့ ဖျားယောင်းရေးလုပ်နေပါပြီ။
သြဂုတ်လ-၃-ရက်နေ့က အထူးတံခါးပိတ် အစည်းအဝေးလုပ်ပါတယ်။ သမ္မတကြီးရယ်
ဒု-သမ္မတရယ် တပ်ချုပ်ကြီး အသစ်စက်စက်ရယ် ရဲချုပ်ခင်ရီရယ်။ အဲဒီကနေ
ပြည်တော်ပြန်ခေါ်ရေး ဆွယ်ရေးဆုံးဖြတ်တာပါ။ ပြန်ချင်သူတွေ ပြန်ကြည့်ကြ။ ဘာမှ
မဖြစ်သူ များကတော့ သူတို့လူ။ ယုံလို့ တခြားနိုင်ငံသား ခံထားတာ စွန့်ပြီး
ပြန်ချင်ရင်ပြန်ကြ။ ကျုပ်က သြဂုတ်လ- ၃-ရက်နေ့ ညနေကထဲက သတင်းအတိအကျ
ရထားပြီးပြီ။
အဲဒီမတိုင်ခင် ထူးထူးဟန်တို့ အုပ်စုတွေ
ICC လမ်းလွှဲရေး စီမံချက်အတွက် ထအော်ပေးတာပါဘဲ။ သတင်းရထားတယ်။
ထူးထူးဟန်အော်တာနဲ့ ချက်ချင်းမေးကြည့်တယ်။ ငါးယောက် အော်မယ်တဲ့။ တယောက်
လိုနေသေးတယ်။ မကြာခင် အင်္ဂလန်ကလဲ ထအော်ဖို့ အစီအစဉ် ဆွဲထားသေးတယ်။ သြဇီက
အော်တာ ဘယ်လိုရှိသလဲ စောင့်ကြည့်နေတာ။ ရည်ရွယ်ချက်က ICC ကိစ္စ
ဖေါရှောဖြစ်အောင် ကန့်လန့် ၀င်ရှုပ်ပြနေတာ။ ရှင်း�ကို ကြောက်ေ�br />
မီးပေါင်ကျတယ်ဆိုပြီး အချိန်ဆွဲနေကြတာလား။ (မီးပေါင်ကျတယ်) ဆိုတာ အခုခေတ်
လူလတ်ပိုင်းတွေတောင် နားလည်ဖို့ ခက်နေပါမယ်။ ၁၉၇၀-ခေတ်တွေအထိ ကျောက်မီးသွေး
ခေါင်းတွဲကြီးတွေနဲ့ မောင်းရတော့ ကျောက်မီးသွေးထိုးရ ရေတွေအများကြီး
ဖြည့်ရပါတယ်။ ရေတွေဖြည့်ရင် ရေနွေးငွေ့ ပေါင်ချိန်ကျသွားတော့ ရေနွေးတွေ
ပြန်ဆူအောင် အချိန်နာရီဝက် တနာရီ စောင့်နေကြရပါတယ်။ ဒါကိုတချို့ အရပ်မှာ
မီးပေါင်ကျတယ်။ တချို့ အရပ်မှာ မီးပေါင် ကျိုးတယ်ခေါ်တာပါ။
ကဲ ပြန်ဆက်ကြရအောင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို ကျနော်ဆီက
မိတော့ စစ်ဗိုလ်ချုပ်တွေက ဒါအမေရိကန်နဲ့ ထိုင်းပူးတွဲပြီး
ထားဝယ်အောက်ပိုင်းကို ပြန်သိမ်းဖို့ စီမံနေတဲ့ စစ်ရေးစီမံကိန်းလို့
ထင်ပြီးမတရားစွပ်စွဲလို့ လူလည်းတော်တော် ညှင်းပန်းတာခံလိုက်ရတယ်။ ပြီးအထက်က
ဒါကို စီးပွားရေးစီမံကိန်းပါလို့ အရှိအတိုင်း လက်ခံတော့လဲ
ကျနော့်ကိုစစ်တဲ့ ဗိုလ်ကြီးရဲ့ သဘောထားလားတော့ မသိဘူး။ ခင်ဗျားတို့
နိုင်ငံရေးသမားတွေက လူကြီးက ကျောက်ဖြူရေနက် စီမံကိန်းလုပ်လာလို့
လူကြီးတွေကိုဆန့်ကျင်ဖို့ ရေးဆွဲလာတာ ဒါစိတ်ကူးယဉ်စီမံကိန်း ဘာညာ
ပြောသေးတယ်။ နိုင်ငံတော်အရေး (စီးပွားရေးပေါ့) ကျနော်မြင်ထားတာတွေ
တင်ပြတယ်။ နိုင်ငံအရေး တကယ် အလေးထားသူတွေလဲ ၀ိုင်းစဉ်းစားကြပါလို့
ပန်ကြားပါတယ်။ ၀န်ကြီးတွေ ညွှန်ကြားရေးမှုးတွေမှာ တကယ်တော့ ထမင်းစား
ရေချိုးတာတောင် အချိန်ကို အနိုင်နိုင် လုလုပ်နေကြရတာပါ။
သူတို့မှာစဉ်းစားဖို့ နေနေသာသာ အလုပ်တွေအကြွေးမကျန်အောင် ဖုတ်ပူမီးတိုက်
လုပ်နေကြရတာပါ ။
ကျနော် ဥပမာတခုပေးမယ်။
၁၉၉၅-ခုနှစ်ကပေါ့။ ကနေဒါ / သြစတြေးလျနဲ့ ဟောင်ကောင်က ငွေကြေး
အဖွဲအစည်းကြီးတခုက ချီလီနိုင်ငံမှာ လုပ်မဲ့ ငွေးကြေးဈေးကွက်ကြီးကို
လုပ်နေတယ်။ ချီလီရဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်တော့ မြန်မာနိုင်ငံကို
ယူလာတယ်။ အခုသမ္မတကြီးရဲ့ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ်က ဘဏ္ဍာရေးဝန်ကြီး
ဗိုလ်ချုပ်ဝမ်းတင် ဆီကိုတင်ပြထားတယ်။ စာတမ်းက စာမျက်နာ ၄၀-လောက်ရှိတဲ့
စာရင်းဇယားကြီးနဲ့ စာအုပ်ကြီး။ ၀န်ကြီးတွေခမျာ ဗိုလ်ချုပ်ထွန်းကြည်
ပြောသလိုပါဘဲ မိတ်ကပ်လိမ်းတဲ့ စစ်သားက တခါလာ ဒို့တာဝန်အရေး ၃-ပါး
ပြောပြောနေတာကိုပြေး နားထောင်ရတာက တလုပ်။ ပြီးအစည်းအဝေး ဘာညစာကတမျိုး၊
အားရတယ်ကို မရှိတော့ အဲဒီစာတမ်း (စာအုပ်ကြီး)ကို မဖတ်အားဘူး။ ခြောက်လလောက်
ကြာလာတော့ အဲဒီအဆက်တွေက ကျနော်ကို လာပြီး အကူအညီ တောင်းတယ်။
ကျနော်ဖတ်ကြည့်တယ်။ ပိုနားလည်အောင် အသေအချာ ရှင်းပြခိုင်းတယ်။
ပြီးစာအုပ်အပေါ်ကနေ စာမျက်နှာနှစ်မျက်နှာ မြန်မာလို အနှစ်ချုပ်ရေးပြီး
ဝန်ကြီးဆီထပ်တင် ပေးလိုက်တယ်။ ၀န်ကြီးက အင်္ဂလိပ်စာကို ကျနော်တို့ထက်
အများကြီးပိုပြီး တကယ်ကျွမ်းကျင်သူပါ။ နောက်တနေ့ ၀န်ကြီးကဖုံးဆက် မေးလာတယ်။
ပြီးဗဟိုဘဏ်ဥက္ကဌ ဦးကြည်အေးကို သွားရှင်းပြရတယ်။ နောက်နေ့ ၀န်ကြီးက
လက်ခံတွေ့ဆုံပါတယ်။ ၀န်ကြီးပြောတာက အစကထဲက အခုလို အနှစ်ချုပ်လေး ရေးပေးရင်
ပြီးသွားတာကြာပြီတဲ့။ ငါတို့မှာ အချိန်မရှိဘူးတဲ့။
ချက်ချင်းဝန်ကြီးက အဲဒီအဖွဲ့ကို ပြည်ဝင်ခွင့်ပေးဖို့ လက်မှတ်ထိုးပေးပါတယ်။
ဒါပေမဲ့ ထောက်လှမ်းရေးက အဖွဲ့ခေါင်းဆောင်က ယခင် နိုင်ငံရေးသမားဟောင်း
(မဟုတ်ပါ) ဆိုတာနဲ့ ယခုစီမံချက် တင်ပြလာသူ-ကျနော်ကလဲ နိုင်ငံရေးသမားမို့
မရိုးသားဘူးဆိုပြီး ထောက်လှမ်းရေးက စင်ကာပူသံရုံးကို လှမ်းပိတ်လိုက်တော့
ဟိုလူတွေ မလာဖြစ်တော့ပါဘူး။ စင်ကာပူကနေ ပြန်လှဲ့ ပြန်သွားကြရပါတယ်။ သူတို့
ပရောဂျက်က ဒေါ်လာသန်း-၇၀၀- ပါလာမယ်။ ပြီးမြန်မာဘဏ်နဲ့ စာချုပ်ပြီး
ငွေစုလက်မှတ်တွေ ကမ္ဘာ့ဈေးကွက်မှာ ထပ်တိုးဖေါက်ရောင်းပေးမယ်။ တနည်း
စတော့ရှယ်ယာ ပုံစံဖေါ်ပေးဖို့ပါ။ တဦးတယောက်က ကြားက ဖျက်လိုက်တော့
တိုင်းပြည်အတွက် အကျိုးရှိနိုင်တာလေး ပျက်သွားပါတယ်။
အဓိကပြောလိုတာကတော့ လူကြီးတွေမှာ စဉ်းစားဖို့ အကြံဥာဏ် ထုတ်နိုင်ဖို့
နေနေသာသာပါ။ တိုင်းသူပြည်သားတွေ ပညာရှင်တွေက ငါငါ ငါ့အရေးတွေ ခေတ္တခဏ
ဘေးချိတ် တိုင်းပြည်အတွက် ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်းတွေးတော
ကြံဆပေးဖို့လိုနေပါတယ်။ ဧရာဝတီကို သွားကြည့်ကြပါ။ သွားပြီးဘာဝယ်ရ ကောင်းမလဲ
မတွေးပါနဲ့။ ငါလာတာ စွမ်းအင်ထုတ်လို့ ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလားဆိုတာ
နှစ်မြုပ်ပြီးစဉ်းစားပါ။ ကျနော်တို့ အခုလျှပ်စစ်မှာ သုံးနေတဲ့မီးအား
အခေါ်အဝေါ် WATT ဆိုတာဟာ လွန်ခဲ့တဲ့ နှစ်-၂၀၀-ကျော်က JAMES WATT ကိုဂုဏ်ပြု
ခေါ်ဆိုထားတာပါ။ ရေနွေးအိုးလေး ရေဆူလာတော့ ရေနွေးအိုးအဖုံးလေး ကြွကြွတက်နေတာ
စွမ်းအင်လို့ မြင်ပြီး ရေနွေးငွေ့စက်ကို တီထွင်ခဲ့တာပါ။ အခုဧရာဝတီ
ဒီရေစွမ်းအင်ကို ကျနော်မြင်တာက ဂျိမ်းဝပ်တီထွင်တာရဲ့ အမြင်ရဲ့
အပုံတရာပုံတပုံ မခက်ပါဘူး။ မရှုပ်ထွေးပါဘူး။ အခုရေးပြလိုက်ရင်
ဟာဟုတ်သားဘဲလို့ လူဆယ်ယောက်မှာ နှစ်ယောက်မြင်စေရပါမယ်။ အခုလူအများစု
နားလည်နေတာက ၀န်ကြီးတွေက အသိပညာရှင်ကြီးတွေ ထင်နေကြတာဟာ
တက်တက်စင်လွဲနေပါတယ်။ သူတို့နေရာနေကြည့်ပါ။ အားတောင် မအားကြရှာပါဘူး။
အပိုင်း(၄) ဆက်လက်ဖော်ပြပါမည်...
အားလုံးကို လေးစားလျှက်....
ဒေါက်တာလှိုင်မြင့်
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment