Friday, September 16, 2011

Facebook တွင် လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်

by Phota Yoke on Saturday, September 17, 2011 at 12:52pm
http://blog.myanmars.net/ မှ ကူးယူဖော်ပြပြီး ပြန်လည် ရှယ်ထားခြင်း ဖြစ်တယ်။

ဒီအကြံပြုချက် (၇) ချက်ကို အစအဆုံး သေချာတိကျစွာနဲ့ အပြန်အလှန် ဖတ်ရှုဖို့ လိုပါတယ်။ ၀ရုန်းသုန်းကား ဖြစ်ကလဲ့စမ်း ဖတ်ပြီး ပြီးရော မလုပ်စေလိုပါ။ မရှင်းတာရှိရင်လည်း Comment များ ချန်ထားခဲ့နိုင်သလို ပိုကောင်းတဲ့အကြံဥာဏ်များ ရှိရင်လည်း ရှယ်သွားစေလိုပါတယ်။
ဒီအကြံပြုချက် (၇) ချက် မဖတ်ခင် စာဖတ်သူ ညီအစ်ကို မောင်နှမများကို ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ တစ်ခု သိထားစေလိုတာကတော့ User Availability Vs Security ဆိုတဲ့ သီအိုရီတစ်ခုပါ။
Security မြင့်လာလေ အသုံးပြုသူ User တွေ အနေနဲ့ ပိုမိုတင်းကျပ်မှု ရှိလာလေ ဖြစ်တယ်။ ယခု အကြံပြုချက် (၇) ချက် စလုံး အတိအကျ အားလုံး လိုက်နာမယ်ဆိုရင် Facebook မှာ ညီအစ်ကို မောင်နှမတွေဟာ လာရောက်လည်ပတ် လေ့လာသူ အဆင့် အနေနဲ့သာ ဖြစ်သွားပါမယ်။ ဆိုလိုတာက Facebook ဆိုတာ Social Networking ဖြစ်တယ်။ နိုင်ငံအနှံ့အပြားရှိ လူမျိုးအသီးသီးအား ဆက်သွယ်ပေါင်းသင်း ချိတ်ဆက်ဖို့အတွက် ရည်ရွယ်ချက် ရှိပါတယ်။ အခုလို နိုင်ငံတကာရှိ လူမှုအသိုင်းအ၀ိုင်း မိတ်ဆွေသူငယ်ချင်းတွေအား ပေါင်းသင်း ဆက်သွယ်ဖို့ ဆိုရင် မိမိတို့ အနေနဲ့လည်း တတ်နိုင်သလောက် ကိုယ့်ရဲ့ အချက်အလက်တွေကို ပြောပြရပါမယ်။

နားမလည်မှာ စိုးလို့ ထပ်မံ အကျယ်ချဲ့ပြီး ပြောချင်ပါတယ်။ ဥပမာ - ကျွန်တော် ကိုဖိုးတရုတ်နဲ့ မစံပယ်ငုံး ဆိုတဲ့ ကောင်မလေး တစ်ယောက် ရှိမယ်ဆိုတော့ဗျာ။ ကျွန်တော့် အကြောင်း မစံပယ်ငုံး မသိရင် ကျွန်တော်နဲ့ မိတ်ဆွေ သူငယ်ချင်း ဖွဲ့ဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ကိုဖိုးတရုတ်ကလည်း မစံပယ်ငုံး အကြောင်း မသိရင် မိတ်ဆွေသူငယ်ချင်း ဖွဲ့လိုတဲ့စိတ်/ ဖြစ်ချင်တဲ့စိတ် ရှိမှာ မဟုတ်ဘူး။ ဘာမသိ ညာမသိ သဘာပတိတက်ဖြစ်နေဦးမယ်။

Facebook သုံးတဲ့ ညီမလေးချောချောလေးတွေက သူတို့ ဓာတ်ပုံတွေကို Profile Picture အဖြစ် သုံးထားမယ်ဆိုရင် ကောင်လေးတွေ အလုအယက် Add ကြမယ်ဗျာ။ ကောင်လေး ခန့်ချောလေးတွေကလည်း သူတို့ ဓာတ်ပုံတွေကို Profile Picture အဖြစ် သုံးထားမယ်ဆိုရင် ကောင်မလေးတွေ အလုအယက် Add ကြမယ်ဗျို့။ တကယ်လို့ သူတို့ ဓာတ်ပုံ ချောချောလှလှလေးတွေ မတင်ထားဘူး ဆိုရင်တော့ တာ့တာဘဲဗျ။ ဥပမာ ကျွန်တော်ဆို ကိုယ့်ပုံမတင်ဘူး။ တော်ကြာ ကောင်မလေးတွေ အလုအယက် လာအက်ကုန်မှာ စိုးလို့ဗျ :P

Security တင်းကြပ်ထားရတဲ့ အကျိုးသက်ရောက်မှုကို စာဖတ်သူ ညီအစ်ကို မောင်နှမတွေ သိစေချင်လို့ Profile Picture နံမူနာကို ပြောပြရတာပါ။

ဒါကြောင့် စာဖတ်သူ ညီအစ်ကို မောင်နှမတွေ အနေနဲ့ မိမိ Facebook သုံးတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။

  1. နိုင်ငံတကာရှိ လူမျိုးအသီးသီးက ခံစားဖော်ထုတ်နေကြတဲ့ ရသစာပေ ဗဟုသုတများကို မိမိက မှီငြိမ်းကိုးကား လေ့လာချင်လို့လား။
  2. နိုင်ငံတကာရှိ လူမျိုးအသီးသီးနဲ့ မိတ်ဆွေ သူငယ်ချင်း ဖွဲ့ဖို့ အတွက်လား
  3. နိုင်ငံတကာရှိ လူမျိုးအသီးသီးအား မိမိအကြောင်း ထုတ်ဖော်ရေးသား ပြောဆိုဖို့ အတွက်လား (အဆိုတော်များ/ ရုပ်ရှင်သရုပ်ဆောင်များအတွက်)

စသဖြင့် ရည်ရွယ်ချက်တွေ အပေါ် မူတည်ပြီး စာဖတ်သူတွေရဲ့ Facebook အကောက်အား စီမံကွပ်ကဲထားဖို့ လိုပါတယ်။

ကဲ.. ကျွန်တော် ကိုဖိုးတရုတ်လည်း သောကြာသား ပီပီ ကော်ဖီတွေ စား တော်ကီတွေ ပွား (အဲလေ) စာသားတွေ များသွားလို့ ဒီလောက်ပါဘဲ။ နောက်ပိုင်း Facebook နဲ့ ပတ်သက်ပြီး ဗဟုသုတ အသိပညာတွေကို တင်ပြသွားပါဦးမယ်။ ကြုံတုံး တစ်ခုလောက် ထပ်ထည့်ပြီး ပြောပါရစေ။ အနုပညာရှင်တွေရဲ့ အားဆေးဟာ ပရိတ်သတ် လက်ခုပ်သံ ဖြစ်သလို ကျွန်တော်တို့လို ရှယ်ယာလုပ်သူများ/ စာရေးသူများရဲ့ အားဆေးဟာလည်း စာဖတ်သူတွေရဲ့ Like အားပေးမှုဘဲ ဖြစ်တယ်။

မိမိရည်ရွယ်ချက်အပေါ် မူတည်ပြီး အောက်ပါ အကြံပြုချက် (၇) ချက်မှာ လိုအပ်တာကို လိုသလို အသုံးပြုလို့ ရပါတယ်။

၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ၊ ဓါတ်ပုံတွေစတဲ့ အချက်အလက်တွေကို လူတိုင်းကို မပြသချင်ဘူးဆိုရင် ပုံးကွယ်နေနိုင်ပါတယ်။

သင်ကိုယ်သင်ကာကွယ်ရန် click  Account> Privacy settings ဆီသွားပါ။



Privacy Settings မှာ ၃ မျိုးတွေ့ပါလိမ့်မယ်..
  • (1) Everyone ကို ရွေးထားရင် ကိုယ့်ရဲ့ အကြောင်းအရာ အချက်အလက်တွေ အားလုံးကို လူတိုင်းကတွေ့ရမှာပါ
  • Friends of friends ကိုရွေးထားရင် ကိုယ့်အကြောင်းအရာ အချက်အလက်တွေကို ကိုယ့်သူငယ်ချင်း ရယ်၊ သူ့ရဲ့ သူငယ်ချင်းရယ်ပဲ တွေ့ရမှာပါ။
  • Friend Only ဆိုရင်တော့ ကိုယ်နဲ့ပတ်သက်တာတွေအားလုံးကို ကိုယ့်သူငယ် ချင်းတွေပဲ တွေ့ရမှာပါ။
  • Recommended ဆိုရင်တော့ recommended လုပ်ထားတဲ့ setting ကိုပဲ သူ့ဘာ သာသူရွေးသွားမှာပါ။
  • ဘယ်ဟာကိုပဲရွေးရွေး ပြီးပြီဆိုရင် (2) Apply This setting ကို နှိပ်ပြီး save လုပ်ပါ။



ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် ပြုပြင်ချင်တယ်ဆိုရင်တော့ (3) Customize setting ကို click လုပ်ပါ။ Customize setting ရဲ့အောက်မှာ  တစ်ခုချင်းဆီကို ပြင်ထားနိုင်ပါတယ်။

 

ရွေးပြီးသွားပြီ ဆိုရင် Back to Privacy ကို click လုပ်ပြီး Privacy Setting ကိုပြန်သွားပါ။ ပြီးရင် အပေါ်မှာပြထားတဲ့အတိုင်း save လုပ်ပါ။



၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။

တစိမ်းတရံလူများကသင့်အား invite ပြုလုပ်လာမှုမရှိစေရန်၊ သင့် သူငယ်ချင်းများ၏ friends list တွင်ပုန်းရှောင်ရန် facebook မှ သင့် သင့်စာမျက်နှာကိုရှာဖွေ၍ဆက်သွယ်လာမှုကို တားဆီး နိုင်ပါသည်။

Account> Privacy settings ကိုသွားပါ။ View Settings ကို click လုပ်ပါ။



အောက်ပုံမှာပြထားသလို ကိုယ့် account ကို facebook search ကရှာနိုင်တာမျိုးမလုပ် ချင်ဘူးဆိုရင် Friends Only ကို ရွေးပါ။ ပြီးရင် အောက်က ဟာတွေကိုယ်လဲ ကိုယ့်ဘာသာ ကို ဖတ်ပြီး ပြောင်းကြည့်ပါ။





တစ်စုံတစ်ယောက်အတွက် သီးသန့် customize setting လုပ်ရင်လည်းရပါတယ်။ customize ကို နှိပ်ပါ။





  • Make this visible to ကဘယ်သူတွေကိုပဲတွေ့စေချင်တာလဲ
  • Hide this  form မှာ ကဘယ်သူတွေကိုမတွေ့စေချင်တာလဲ နာမည် နဲ့ အတိအကျပိတ်ထားနိုင်ပါတယ်။




၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့ ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။

သင်က သူတို့ကိုခွင့်ပြုလိုက်မယ်ဆိုရင် facebook သည်ကုမ္ပဏီတွေဆီ သင့်ရဲ့ကောက် ကြောင်းပုံတွေကိုကြေငြာအကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်း တွေ အတွက် ဆက်သွယ်လာမှာ ဖြစ်ပါတယ်။  သူတို့ရဲ့ ကြေငြာတွေမှာ သင့်အချက်အလက် တွေကို သုံးစွဲသွားနိုင်တယ်။

ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings > Apps and websites ကို ကလစ်ပါ။



နောက်တဖန် ‘Instact  Personalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။



အောက်ဆုံးက check box လေးမှာ အမှန်ခြစ်ထားတာလေးကို ဖြုတ်လိုက်ပါ



ဘယ်ကြေငြာမှာမှ သင့်  အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက Account> Account Settings> Facebook Ads ကို click လုပ်ပါ။






Allow ads on  platform pages to show my information to မှာ “no one” နဲ့ Friends only” ထဲကတစ်ခုခုရွေးပါ။
အောက်မှာရှိတဲ့ ‘Show my social actions in Facebook ads to’ မှာ လဲအပေါ်ကလိုပဲ တခုကို ရွေးချယ်ပါ




၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။

သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices များကို  ခွင့်ပြုခြင်း ဖြစ်ပါတယ်။  ဒါကတော့ သင်အမြဲသုံးနေတဲ့ computer ကမဟုတ်ဘဲ တခြားနေရာက သုံးခဲ့ရင် သိနိုင်အောင်လုပ်တာဖြစ်ပါတယ်။ ကိုယ်က computer အတည်တကျ မသုံးဘူး ဆိုရင်တော့ လုပ်စရာမလိုပါဘူး Account> Account settings > ကိုသွားပြီး Account security  ဘေးက  change ကို click လုပ်ပါ။



When a new computer or mobile device logs into this account:  အောက်က check လေးမှာ အမှန်ခြစ်ပေးပြီး save ကို နှိပ်ပါ။



ပြီးရင် log out လုပ်ပြီးထွက်လိုက်ပါ။ ပြီးရင် Log in ပြန်လုပ်ပါ။ အဲဒီအခါ သင့် computer name ကို မေးပါလိမ့်မယ်.



computer name ကိုတစ်ခုခုဖြည့်ပါ. ဥပမာ HOME တို့ WORK တို့ တစ်ခုခုဖြည့်ပါ။ ပြီးရင် Don’t save ကို check လုပ်ပြီး continue ကို click လုပ်ပါ။ ဒါဆိုပြီးပါပြီ။ တကယ်လို့ သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင် သင့်ဆီကို email ပို့ပြီးအကြောင်းကြားပါလိမ့်မယ်။



ဒီလိုမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကို ပြောင်းလဲပေးပြီး facebook ရဲ့ Help Centre ကို အကြောင်းအကြားပါ။

ဒါပေမယ့် ကိုယ်က Freedom တို့ UltraSulf လိုမျိုးနဲ့ proxy ကျော်ပြီးသုံးခဲ့တယ်ဆိုရင်တော့ ဒီ computer တစ်လုံးတည်းသုံးလည်းသူက proxy မတူတဲ့အတွက် ပို့မှာပါ။

၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။

ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို  ခိုးယူသူတွေအတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့ သတင်းအပြည့်အစုံတွေ စုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့် ဘဏ် သို့မဟုတ် credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။  သင်အနေနဲ့ မွေးရက်သက္ကရာဇ်  အပြည့်အစုံထည့်သွားပြီးခဲ့လျှင်  Edit My Profile ကိုနှိပ်ပါ။




အဲဒီ page မှာ ကိုယ့်ရဲ့ မွေးနေ့၊ မွေးလ၊ မွေးနှစ် ဘယ်ဟာကိုပဲပြချင်တယ်ဆိုတာကိုရွေးပါ..





၆။ သင်သူငယ်ချင်များမှ သင်ကိုယ်သင် ကာကွယ်ပါ။

သင့် facebook သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ  သူတို့သည် third parties များနှင့် သင့် အချက်လက်များကို မတော်တဆ အသုံးပြုလာနိုင်တယ်။

ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and websites  သို့သွားပါ။



Info accessible through your friends ရဲ့ Edit Setting ကို click လုပ်ပ်



check box အားလုံးထဲက အမှတ်ခြစ်ထားတာတွေကို ပြန်ဖြုတ်ပြီး save ပြန်လုပ်ပါ။




၇။ သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။

ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ မသုံးမိရန် အသေအချာလုပ်ပါ။

ဒါကတော့ ‘Info’ section မှာ မထည့်ဖို့ အတွက်ပါပဲ။


@Rich Evans ရေးသားသော Seven tips for staying safe on Facebook.
ဘာသာပြန်ဆိုသူကို မသိတော့ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...