Wednesday, September 7, 2011

"DNA,ရိုးရာဆောက်နှင့် ထုထွင်းပုံဖော်ထားသော ပန်းပုရုပ် (၂) ရုပ်"

created the doc: "DNA,ရိုးရာဆောက်နှင့်...
Ying Kyal created the doc:
          DNA နှင့် Genetic code များကြောင့် Chromosome ဖြစ်လာရသည်။ X,Y (သို့) X,X chromosome များပေါင်းစပ်၍ cell ဖြစ်ပေါ်လာသည်။ ထိုဆဲလ်များပွားများသောအခါ သန္ဓေသားလောင်းလေး ဖြစ်လာသည်။ ထိုမှ တဖန်သန်းခြောက်ထောင်သောလူတွေဖြစ်လာသည်။ ထိုသန်းခြောက်ထောင်ထဲတွင် ဘယ်နှယောက်သည် ဘယ်သူတွေလက်ဆင့်ကမ်းထွင်မှန်းမသိခဲ့သည့် ရိုးရာ၊နီတိဆိုသည့် ပုံစံခွက်၊ စံပေတံများနှင့်ညီညွတ်ပါသနည်း။ ထိုသို့ညီညွတ်သူများ၏ ဘ၀သည်ကောပျော်ရွှင်မှုရှိပါသလား။ ပုံစံမ၀င် စံမညီသူများသည် လူစဉ်မမီ၊ အရိုင်းအစိုင်းတွေဖြစ်ကုန်ပါသည်လား----ထိုမေးခွန်းကို ကွန်ဖြူးရှပ်ရဲဝံ့စွာဖြေရဲခဲ့သလား။ ဆိုကရေးတီး၊ပလေတိုး၊ နန္တသူရိယအမတ်၊ ဦးပေါ်ဦးတို့ကော သုံးသပ်ဖူးခဲ့ရဲ့လား။ ဒိုင်အိုးဂျီးနိစ်ရှာတွေ့ခဲ့ရဲ့လား။ ရှေးဟောင်းပစ္စည်းဆိုတန်ဖိုးရှိသည်ဟုပြောကြသည်။ သို့ဆိုလျှင် ရှေးဟောင်းအယူအဆများကလည်း တန်ဖိုးရှိရမည်ပေါ့။ သို့သော်လက်တွေ့တွင်တော့----

           တစ်ခါကမြို့လေးတစ်မြို့တွင် နေရောင်၊  ဧကရီမေဆိုသည့်ကောင်လေးနှင့်ကောင်မလေး ရှိခဲ့ဘူးသည်။ ငယ်ရွယ်စဉ်က သစ်ရိုင်းတုံးလေးများပမာ အဖြူသက်သက်ဖြင့် ကလေးဘ၀ကို အေးဆေးစွာဖြတ်သန်းခဲ့သည်။ သို့သော်သူတို့၏ဘ၀ကို နိတိ ရှေးရိုးကျမ်းဂန် ဆိုသည့် ဆောက်များနှင့်ထွင်းထုလိုက်ချိန်တွင်တော့---
          နေရောင်သည် မိသားစုထဲတွင်အထွေးဆုံးဖြစ်သည်။ အကြီး၃ယောက်မှာ မိန်းကလေးများဖြစ်ကြသည်။ မိန်းမမှန်လျှင် သားမွေးမှ မြတ်သည်ဟူသော အယူအဆကို လက်ကိုင်ထားသော နေရောင့်မိဘများအဖို့ သူ့ကိုတုန်နေအောင်ချစ်ကြသည်။ တစ်ရက်တွင် အစ်မများနှင့် အသုပ်စုံလုပ်စားစဉ် အမေဖြစ်သူက လှမ်းဟန့်သည်။ “ ဟဲ့သား ယောက်ျားဆိုသာ အဲ့လို အသုပ်စုံတွေ အာပူလျှာပူတွေမစားရဘူး။ပြီးတော့ ဇီးယိုနေကြာစေ့တွေလည်းမစားရဘူးနော်။ 

အဲ့ဒါမိန်းကလေးတွေစားတဲ့ဟာ” ဟုအမေဖြစ်သူကပြောသည်။ လူဆိုတာ sperm နဲ့ ovum ပေါင်းလို့ဖြစ်လာတာခြင်းတူတူဖြစ်ပြီး မမတို့ကျတော့ အဲ့ဒီအစားအစာတွေစားရတယ်။ ငါ့ကျတော့ ဘာလို့မစားရတာလဲ။နေရောင်စဉ်းစားကြည့်မိသည်။ ဘာကြောင့်မှန်းမသိ။နေရောင်၏ နုနယ်သောအတွေးတွင် ယောကျာ်းဆိုသည်မှာ အဲ့လိုလမ်းဘေးအစားအစာတေမစားရဟူသော ပညတ်ချက်သည် သံမှိုက်ရိုက်သလိုစွဲသွားခဲ့သည်
          ကလေးသဘာဝတူတူပုန်းတမ်းဆော့ကြစဉ်မေမေသည် “ဟဲ့သားအဲ့ဒီတန်းက လုံချည်လှမ်းတဲ့တန်း။ အဲ့ဒီနားမှာမဆော့ရဘူး။ ဘုန်းနိမ့်တတ်တယ်” ဟုပြောသည်။ သာမာန်အ၀တ်စတစ်ခုကို ချည်နှင့်ချုပ်ပြီး မိမိအစ်မနှင့် အဒေါ်၊မေမေတို့ဝတ်ဆင်ကြသည်။ ထိုအ၀တ်စများလှန်းရာ ထိုတန်းနားတွင်ဆော့တော့ ဘုန်းနိမ့်တတ်သည်တဲ့။ နေရောင်တစ်ယောက်ဘာမှန်းမိဘဲ ဟုတ်ကဲ့ဟုသာဖြေလိုက်သည်။ တနေ့မေမေနှင့်မမတို့ခုံပေါ်ထိုင်လျက်တီဗီကြည့်နေသည်။ ထိုစဉ်ဖေဖေလည်းသူတို့နှင့်ဝင်ကြည့်သည်။ ထိုအခါမေမေသည် သူကိုယ်တိုင်လည်းအောက်ဆင်းလျက် မမတို့ကိုလည်း အောက်ဆင်းခိုင်းသည်။ မိန်းမဆိုတာ ဘုန်းကံနိမ့်တယ်တဲ့။ လာပြန်ပြီ ဒီဘုန်းကံ။

          တစ်နေ့တွင် နေရောင်ကျောင်းမှ အပြန် ဖေဖေနှင့် မေမေ အကြီးအကျယ် ရန်ဖြစ်ကြသည်။ ဖေဖေသည် မေမေ့ကို ခါးပတ်ဖြင့်အကြီးအကျယ်ရိုက်နေသည်။ မေမေသည် ဘာမှမလုပ်နိုင်ဘဲ ငိုနေရှာသည်။ ခဏအကြာ ရန်ပွဲများစဲသွားတော့ နေရောင်သည် ဖေဖေ့ကို မေးမိသည်။ မေမေ့ကို ဘာကြောင့်ရိုက်သနည်းဟူ၍။ ဖေဖေဖြေပုံမှာ “ ဟ-ငါ့သားရ အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တာတဲ့။ မိန်းမနဲ့နွား သနားစရာမလိုဘူးကွ” ။နေရောင်တစ်ယောက် ဒုတိယကမ္ပပိ ရိုးရာဆောင်နှင့် ထုထွင်းပုံဖော်ခံလိုက်ရသည်။
          မေမေ့ကိုသနားပြီး ဖေဖေဒီလောက်ရိုက်နေတာ ဘာကြောင့်မကွာတာလဲဟုမေးသော်--- “သားရယ် မေမေတို့မိန်းမသားတွေဘ၀က ကံဆိုးပါတယ်။ အိမ်ထောင်မှု။ဘုရားတည်။ ဆေးမင်ရည်စုတ်ထိုး ဤ၃မျိုးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့အမျိုးတဲ့။ မေမေ့အနေနဲ့ ကောင်းကောင်းဆိုးဆိုး ဒီဘ၀အတွက်တော့ ပေါင်းရမယ်သား။ မေမေလည်းခုတော့ သားဖေဖေနောက်မိန်းမထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခွင့်လွှတ်နိုင်ပါပြီလေ။ ယောက်ျားကောင်းမောင်းမတစ်ထောင်လို့ဆိုရိုးရှိတယ်မဟုတ်လား။” နေရောင်၏နှလုံးသားတွင် tattoo ရာထင်သွားလေပြီ။

          လူတိုင်းတွင် phobia ( အကြောက်လွန်ခြင်း) တစ်မျိုးစီရှိကြပါသည်။ သို့သော်ယောက်ျားဟူသမျှ သူရသတ္တိနှင့်ပြည့်စုံရမည်ဟု ပညတ်ထားသည်။ ထိုပညတ်ချက်ကြောင့် ရှေးတုန်းက ယောက်ျားသားများ ထိုးကွင်းထိုးခဲ့ကြသည်။ ကျန်စစ်သားသည် ထိုးကွင်းထိုးနေစဉ်လုံးမကြောက်ဘူးတဲ့လား။ တပင်ရွှေထီးမှာကော ဘာကြောက်ရွံ့မှုမှမရှိဘူးလား။ မည်သူမျှအတတ်မပြောနိုင်ပါ။ နေရောင်သည် အင်းဆက်များကို အလွန်ကြောက်သည်။ တစ်နေ့တွင် လင်းနို့တစ်ကောင် သူ့အခန်းထဲဝင်လာရာ နေရောင်တစ်ယောက် ငယ်သံပါအောင် အော်ဟစ်တော့သည်။ ဦးလေးဖြစ်သူက မင်းကွာ ယောကျာ်းမဟုတ်တဲ့အတိုင်းဘဲဟု ကြိမ်းသည်။ ယောကျာ်းဆိုသည်နှင့်ဘာကိုမှ မကြောက်ရတော့ဘူးလား။ ထိုမေးခွန်းကိုနေရောင်မဖြေနိုင်ပါ။
            တစ်ခေါက်နေရောင်တို့ ပုဂံသွားလည်စဉ်က ဦးလေးဖြစ်သူသည် အမြင့်ကြောက်သဖြင့် မည်သည့် စေတီပုထိုးပေါ်မှ မတက်ခဲ့ပါ။ ရွှေဆံတော်ဘုရားတွင် အားလုံးက ဆည်းဆာ( sunset ) ကြည့်ရန်အတင်းတိုက်တွန်းသောကြောင့် ဦးလေးဖြစ်သူသည် လိုက်တက်ခဲ့သည်။ သို့သော် အပေါ်တွင် ကြောက်ဒူးများတုန်ကာ ၁၀မိနစ်ပင်မခံဘဲ အောက်သို့ဆင်းသွားတော့သည်။ နေရောင်ခမျာ “ ဦးလေးနှယ် ယောက်ျားမဟုတ်တဲ့ အတိုင်းဘဲ ဒါလေးတောင်မတက်ရဲဘူးဟု မပြောရဲပါ”။ နာရင်းအုပ်ခံရမည်ကိုး။

          အရာရာပုံစံခွက်ကြီးအတိုင်းသာနေရန်ဖိအားပေးခံရသောနေရောင်သည် ယောက်ျားဆိုသည်မှာ ဟူသည့် ပညတ်ချက်ကြီးကို သေရာပါစွဲသွားခဲ့သည်။ မေးမြန်းစူးစမ်းချင်စိတ်များမှာလည်း ရိုက်ချိုးခံလိုက်ရသည်။ တစ်နေ့တွင် ဘာသာရေးလိုက်စားသော သူ့အန်တီကိုမေးခွန်းတစ်ခုမေးဖြစ်ခဲ့သည်။
“အန်တီအန်တီ သူတစ်ပါးအသက်ကို သတ်လျှင် ပါဏာတိပါသာကံမြောက်တယ်ဆိုရင် ကျွန်တော်နှစ်စဉ်သောက်နေတဲ့ သန်ချဆေးသောက်လျှင်ကော ပါဏာတိပါသာကံမြောက်သလား။ ပြီးတော့ နေ့စဉ်ကျွန်တော်ဆပ်ပြာတိုက်တာကော ပါဏာတိပါသာကံမြောက်သလား။”
အန်တီဖြစ်သူသည် အံ့သြစွာဖြင့် “ဘာလို့လဲသားရဲ့”
“99% antibacterial action ရှိတယ်လို့ရေးထားတယ်လေ။ ဘက်တီးရီးယားတွေကကော သက်ရှိမဟုတ်ဖူးလား?”
အန်တီဖြစ်သူသည် သူ့တူဖြစ်သူသည် ဂေါက်သွားလေပြီဟူသော အကြည့်မှ တစ်ပါး ဘာကိုမှ မပေးနိုင်ခဲ့ပေ။ထိုအကြည့်များကို ရင်ဆိုင်ရဖန်များလာသောအခါ နေရောင်တစ်ယောက် စူးစမ်းမေးမြန်းရမှာကိုကြောက်လာသည်။

နေရောင် ၁၆နှစ်တွင် ရှင်ပြုခဲ့သည်။ ကိုရင်ဝတ်နှင့်ရှိနေစဉ် တစ်ည၌ celebrity တစ်ဦးနှင့် sexual sense များပါသော wet dream(if u wanna know detail- look@ wikipedia) တစ်ခုကိုမက်လေသည်။ ကံ၃ပါး၌ တစ်ခုခုဖြင့်ကျူးလွန်လျှင် ပြစ်မှုမြောက်သည်ဟုဆိုသည်။ သို့ဆိုလျှင် wetdream သည် မနောကံထိုက်ပါသလား။ သို့ဆိုလျှင် သူသည်ဘုရား၏သားတော်အဖြစ်ခံယူထားလျက် ကာမေသုမိစ္ဆာမှုကိုကျူးလွန်မိပြီလား။ ထိုအတွေးသည် သူ့ကို လပေါင်းများစွာနှိပ်စက်ခဲ့သည်။ သို့သော် sex ကိစ္စကို ညစ်ညမ်းသည်ဟု သတ်မှတ်ထားသော လူမှုဝန်းကျင်၌ ကျောင်းထိုင်ဆရာတော်ကိုဖြစ်စေ၊ တခြားတယောက်ကိုဖြစ်စေ နေရာင်ပြောပြတိုင်ပင်ခြင်းမလုပ်ခဲ့ပါ။ နောင်လည်းဘယ်တော့မျှ မပြောမည်ကို နေရောင် စိတ်ထဲက အလိုလိုသိနေပါသည်။
          ရလဒ်ကတော့ နေရောင်သည် စာကျက်ရာတွင်လည်း စဉ်းစားတွေးခေါ်တတ်ခြင်းမရှိဘဲ ကြက်တူရွေးစာအံနည်း (parrot learning) သာလုပ်တတ်ရှာသည်။ သို့သော် ၁၀တန်းတွင် အမှတ်ကောင်းသဖြင့် မိဘများက နိုင်ငံခြားသို့ စေလွှတ်လိုက်သည်။
+++++

ဧကရီမေသည် ပင်ကိုယ်အားဖြင့်ဥာဏ်ရည်ထက်မြက်သည်။ နာမည်ကသာ ဧကရီပါ။ လက်တွေ့မှာတော့ဧကရီမဖြစ်ခဲ့ပါ။ တရုတ်လူမျိုးတို့၏ ဒိတ်အောက်နေသာ အယူအရ ယောက်ျားလေးမွေးမှသာ မျိုးရိုးကိုဆက်ခံနိုင်မည်။ သားဦးမဖြစ်ဘဲ သမီးဦးဖြစ်ခဲ့သည် ဧကရီသည် မွေးကတည်းက အမျိုးအားလုံး၏ ချစ်ခင်မှုကိုမရခဲ့။ “စာမတတ်တဲ့ယောက်ျား အကန်းနဲ့တူသတဲ့။ ယက်ကန်းမတတ်တဲ့ မိန်းမ အကျိုးနဲ့တူသတဲ့”
“ညည်းဒီစကားပုံကို နားလည်ရင် ငါပြောတာ သဘောပေါက်မှာပါလေ။ ညည်းဆေးကျောင်းတက်တော့ကော ငါတို့က ဘာစံစားရမလဲ။နောင်ကို ညည်းယောက်ျားရရင်ဆရာဝန်ဖြစ်လည်းကလေးဘဲထိန်းနေရမှာ။ ညည်းအောက်မှာ မောင်လေးရှိသေးတယ်။ သူ့အတွက်လည်း စာနာပေးအုန်း။ ညည်းကျောင်းဆက်တက်ဖို့ငါတို့ မထောက်ပံ့နိုင်ဘူး။” အမေဖြစ်သူ၏ ဆုံးမစကား -ဒီတစ်သက် ဧကရီမေ မမေ့။

          တစ်ခါတစ်ခါ မိမိကိုယ်ကို တရုတ်လူမျိုးမိန်းကလေးဖြစ်ရတဲ့ ကံတရားကိုစိတ်နာသည်။ အိမ်ထောင်ပြုလိုက်သည်နှင့် မိမိကိုယ်ကို မိမိမပိုင်တော့။ မိမိသည် ဘာမျိုးနွယ်(family name ကိုဆိုလိုပါသည်) ဖြစ်လင့်ကစား ယောက်ျားဖြစ်သူ၏ မျိုးနွယ်ကို ခံယူရမည်တဲ့။ မိမိ မိသားစုနှင့်ဘာမျှမသက်ဆိုင်တော့တဲ့။ မိဘအမွေအနှစ်မှန်သမျှ ဘာမှ ပိုင်ဆိုင်ခွင့်မရ။ ဒီကြားထဲ သားယောက်ျားလေးမွေးနိုင်သမျှမွေးရအုန်းမည်။ မမွေးနိုင်လျှင် မိန်းမယုတ်ဟု အခေါ်ခံရအုန်းမည်။ ရှေးတုန်းကဆို နောက်မိန်းမပါ တရားဝင်ယူခိုင်းသည်တဲ့။ တရုတ်ကားများထဲမှာ မြင်ရရုံဖြင့်စိတ်ကုန်ပါသည်။
          ကမ္ဘာမှာ ၅ယောက်လျှင် ၁ယောက်က တရုတ်လူမျိုးတဲ့။ သို့ဆိုလျှင် တရုတ်လူမျိုးက သန်း၁၂၀၀ပေါ့။ ထိုအထဲတွင် တရုတ်အမျိုးသမီး သန်း၆၀၀ခန့်ရှိလိမ့်မည်။ ထိုသန်း၆၀၀ထဲတွင် ဘယ်နှယောက်က မိမိလိုတွေးပြီးစိတ်ဆင်းရဲနေမည်နည်း။ ဘယ်နှယောက်ကကော ပျော်ရွှင်နေမည်နည်း။ ဘယ်နှယောက်က ရိုးရာထုံးတမ်းစဉ်လာတွေကို စိတ်နာနေမည်နည်း။ တစ်ခါတစ်ခါ သတင်းစာထဲမှာ ဖတ်ရသည်။ တရုတ်ပြည်တွင် တရားမ၀င်ကိုယ်ဝန်ဖျတ်ချမှု။ one child, one family ပြဌာန်းထားသော တရုတ်ပြည်တွင် ကလေးတယောက်သာ ယူခွင့်၇ှိသည်။ ထို့အတွက် သမီးမိန်းကလေးမွေးလျှင် ဘ၀က စုတ်ပြတ်နေသည့်အထဲ ရစရာမရှိဖြစ်မည်။ မိခင်တို့မည်သည် သားသမီးကို ချစ်စမြဲပင်။ ရင်နှင့်လွယ်ထားရသော ကိုယ်ဝန်ကို စွန့်ရိုးထုံးစံမရှိ။ သို့သော် လုံလောက်သော force တစ်ခုရလျှင် displacement ဖြစ်သည်ဟူသည့်နိယာမအတိုင်း ဖိအားတွေက ထိုကိုယ်ဝန်ကို ဖျတ်ချရန်လုံလောက်လာသော အခါ---- ဧကရီမေဆက်မတွေးချင်တော့ပါ။ တခါတခါ ထုံးတမ်းစဉ်လာသည် လူသတ်သမား။ လူအညွှန့်တွေကို ဖျတ်ဆီးသူဖြစ်နေပြီလား။

          နောက်ဆုံးတော့လည်း ခါချဉ်ကောင်မာန်တင်းလို့သာ တောင်ကြီးဖြိုမယ့်ဟန်ကြံသော်လည်း အားမသန်မာန်လျှော့ရလေပြီ။ အိမ်မှုကိစ္စအချက်အပြုတ်များကြားမှာ စီးမြောရင်း feminist ဆိုသည်စာလုံးပေါင်းကိုပင် မေ့မေ့ပျောက်ပျောက်ဖြစ်လာသည်။ တစ်ခါတစ်ခါတော့ ဟင်းရွက်တင်ရင်း စဉ်းစားမိသည်။ ဒီအချိန်မှာ ငါမီးဖိုချောင်မှာ ဟင်းရွက်တင်နေပေမယ့် ငါ့ထက် အမှတ်၅၀လောက်နည်းတဲ့ ယောက်ျားတစ်ယောက်က ဆေးကျာင်းမှာ ပျော်နေမှာပေါ့။ မိန်းမဖြစ်လာတာ အပြစ်လားဟု မိုးနတ်မင်းကြီးကို အော်ဟစ်မေးလိုက်ချင်သည်။
++++++

နောင်၁၀နှစ်ခန့်ကြာသော်----
          နေရောင်သည် ငယ်စဉ်ကပင် မဟာပုရိသ၀ါဒကို ရိုက်သွင်းခံရသူပီပီ သူထားရာနေ၊စေရာသွား၊ ခိုင်းရာလုပ်၊ ကျွေးရာစားမည့်မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့သည်။ အမှန်စင်စစ်ထိုမယားသည် ပွဲတက်မယားသာဖြစ်သည်။ အစကတည်းက ခပ်တုံးတုံး ထိုမိန်းမသည် ကလေး၂ယောက်ရပြီးသည်နှင့် ပစ်စလက်ခတ်နေပစ်သည်။ ဘယ်တော့ကြည့်ကြည့် အဆီတ၀င်းဝင်း ထမိန်ဘိုသီဘတ်သီနှင့် ဆင်ခန္ဓာဝက်ကိုယ်လုံးဖြစ်နေပြီ။The purpose of marriage is for companion, understanding, security, joyfulness, sex and parental life တဲ့။ ထိုအဆိုသာမှန်လျှင် နေရောင်သည် ထိုမိန်းမကို companion, security and parental life အတွက် လက်ထပ်ခဲ့ခြင်းသာဖြစ်သည်။ understanding, joyfulness and sex အတွက်မူ small လေးပေါင်းများစွာနှင့်ခြေရှူပ်ခဲ့သည်။ “ယောက်ျားကောင်းမောင်းမတစ်ထောင်” “မိန်းမနှင့်နွားမသနားနှင့်” “မိန်းမသည် ခွေးထီးလောက်မှ မမြတ်” ဆိုသည်ကို နေရောင်တစ်ယောက် သက်သေပြဖို့ ကြိုးစားခဲ့သလို ဟိုခပ်အူအူမိန်းမကလည်း မျက်ရည်နှင့် ထောက်ခံရန်သာသိလေသည်။ ပန်းသီးမစားဖူးသူသည် ပန်းသီးအရသာမသိသကဲ့သို့ female rights ကိုမသိရှာသော ထိုမိန်းမအဖို့ ၀ဋ်ကြွေးကံကြမ္မာသည်သာ ရိုးမယ်ဖွဲ့စရာဖြစ်ခဲ့သည်။

          ဧကရီမေသည် မိဘပေးစားသော သူတို့နှင့်မျိုးရိုးမတူသူတစ်ဦး(different family name) နှင့်လက်ထပ်လိုက်သည်။ သူဌေးကတော်အဖြစ်လူသိများသော ဧကရီမေသည် သူ့အပေါ်နှိပ်စက်နိုင်အားကြီးသော ခင်ပွန်းကိုကွာရှင်းဖို့အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ သို့သော် သူ့ကြိုးစားမှု မီးစာကို အပြီးတိုင် မှုတ်ပစ်လိုက်သည်က “အရှက်မရှိတဲ့မိန်းမ။ညည်းမို့ကွာဖို့စဉ်းစားရတယ်လို့်။လင်ကိုဘုရား သားကိုသခင် သဘောထားစောင့်ရှောက်ရမယ်” ဟူသော သူ၏မိခင်ဆုံးမစကားပင်ဖြစ်သည်။ သန္ဓေသားလောင်းဖြစ်စဉ်အတွင်း XY chromosomeပေါင်းစပ်လျှင် ယောကျာ်းလေးဖြစ်၍  XX chromosome ပေါင်းစပ်လျှင် မိန်းကလေးဖြစ်ရသည်။ ထိုမိုက်ခရိုစကုပ်နှင့်ကြည့်လျှင်တောင် အဆပေါင်းများစွာချဲ့ရသော အဆိုပါXနှင့် Y ခရိုမိုဆုမ်းလေးကွဲပြားမှုက XY ရသူကို သခင်ဖြစ်စေ၍ XX ရသူက အဖြည့်ခံကျွန်လိုဖြစ်စေသတဲ့လား။ သို့ဆိုလျှင်အတော်တရားသော လောကကြီးပင်။ ဒုက္ခကိုဖယ်ရှားရဲတာ အရှက်မဲ့တာလား။ဒုက္ခကိုမဖယ်ရဲဘဲကျိတ်ခံတာကာမှ အရှက်မဲ့တာလား။ဧကရီတစ်ယောက်မဆုံးဖြတ်တတ်ပါ။ အမရာ၊ ကိန္ဒရီ မဒီ၊ သမ္ပူဆိုမိန်းမမြတ်တဲ့။ ပန်ထွာဘုရင်မလည်း တိုင်းပြည်ကိုအတတ်နိုင်ဆုံးအုပ်ချုပ်ခဲ့တယ်လေ။ ဟိုမိန်းမမြတ်လေးပါးလိုလည်း လင်ကိုမှီပြီး နာမည်ကြီးတာမဟုတ်ဘူးလေ။ သူ့ကိုကော မိန်းမမြတ်စာရင်းထဲဘာလို့မထည့်လဲ။ 

ဒိုင်းခင်ခင်ကိုကျတော့ကော သမိုင်းမှာ ဘာလို့ချန်ထားတာလဲ။ ဧကရီတစ်ယောက်အတွေးများနှင့်ချာချာလည်လာသည်။ ဟိုးအရင်ကတည်းက ဘုရင်မ ဖြစ်အောင် မသွန်သင်ဘဲ မိဖုရားဖြစ်အောင်သာ သွန်သင်ခဲ့သော ရှေးလူကြီးများကို အပြစ်တင်ရန်လည်း ဧကရီမသိတော့ပြီ။ နောက်ဆုံးတော့ လောကကြီးကို ခပ်တေတေရင်ဆိုင်ရင်း ခံစားချက်မယ့် သူဌေးကတော်ဘ၀ကို ခံယူကာ ပျော်သလိုဖဲဝိုင်းထဲဝင်လိုက်တော့သည်။ လောင်းကစားဘက်အာရုံရောက်သွားတော့သည်။ မနက်မိုးလင်းလာလျှင် သူသိသည်မှာ ဂဏန်းများသာရှိတော့သည်။
             အများအမြင်တွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးနေရောင်နှင့် သူဌေးကတော်ကြီးဧကရီမေ ဘ၀တို့မှာ အားကျစရာ ဖြစ်သော်လည်း သူတို့ကိုယ်တိုင်မှာ ခံစားချက်များကို ထုတ်ဖော်ခွင့်မရသော ထုံးတမ်းစဉ်လာများအောက်မှာ ဖိနှိပ်ခံနေရသောခံစားချက်မဲ့ ပန်းပုရုပ်ထုများလို အသက်ရှင်နေထိုင်သွားကြသည်။
(လူတိုင်းလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါသည်။

 ying kyal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...