Tuesday, September 13, 2011

သစ္စာတရားနဲ့ ဖူးပွင့်မယ့် အချစ်

True Life is only love, Love only bliss, (Browning)

" ဘဝသစ္စာဆိုတာ
ချစ်မေတ္တာပါပဲ။ ချစ်မေတ္တာဆိုတာ ဘဝရဲ့ချမ်းမြေ့နှစ် သက်စရာပါပဲ" (ဘရောင်းနင်း)

လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု ဆိုတာ ဘာလဲလို့ ကျွန်မ မကြာခဏ စဉ်းစား ကြည့်ဖူးပါတယ်။ တချို့က ဥစ္စာပစ္စည်း ကြွယ်ဝတာကိုပျော်ရွှင်မှု လို့ သတ်မှတ်ချင်ကြတယ်။ တချို့ ကအောင်မြင်ကျော်ကြားမှုကိုပျော် ရွှင်မှုလို့ သတ်မှတ်ချင်ကြတယ်။ သူ့သတ်မှတ်ချက်နဲ့သူ မှန်ကောင်း မှန်နိုင်ပေမယ့် စစ်မှန်တဲ့ ပျော်ရွှင်မှု ဆိုတာ စိတ်အတွင်း အဇ္ဈတ္တကနေ ဖြစ်တည်လာတာပါ။ ဥစ္စာပစ္စည်း ဆိုတာ ထာဝရ မတည်မြဲပါဘူး။
ဘယ်တော့မှ ဖျက်ဆီးလို့မရအောင် အဇ္ဈတ္တမှာ တည်မြဲနေနိုင်တာက" ချစ် ခြင်းမေတ္တာ"ပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ထုံမွှမ်းထားတဲ့ ဘဝကသာ ပျော်ရွှင် ဖွယ်ဘဝလို့ ကျွန်မ ဆိုချင်ပါတယ်။
ဒီလို တွေးကြည့်ရအောင်ပါ။ ပိုက်ဆံတွေတော့ ချမ်းသာပါရဲ့၊ ပညာတွေတော့ တတ်ပါရဲ့ ဒါပေ မယ့် အထီးကျန်ဖြစ်နေရင် ဘဝမှာ ပျော်ရွှင်နိုင်ပါ့မလား။ တစ်စုံတစ် ယောက်ကို ချစ်နေရတာ ဖြစ်စေ၊ တစ်စုံတစ်ယောက်ရဲ့ အချစ်ခံရ တာဖြစ်စေ ချစ်ခြင်းက အရေးကြီး ပါတယ်။ တကယ်လို့ သင်ကနေ တစ်စုံ တစ်ယောက်ကို ချစ်နေမိပြီ ဆိုပါတော့ ကိုယ့်ရဲ့ ချစ်ခြင်းကို တစ်ဖက်ကအသိမှတ်ပြုလာအောင် သိမ်မွေ့နူးညံ့စွာ ကြိုးစားရပါမယ်။ ကိုယ်ချစ်တဲ့ သူကနေ ကိုယ့်ကို "ချစ် တယ်"လို့အဖြေပေးပြီ ဆိုရင်တော့ သင် ဟာ ကမ္ဘာပေါ် မှာ အပျော်ရွှင်ဆုံးလူသားတစ် ယောက် ပါပဲ။ ချစ် ခြင်းဟာ လူသားတွေအတွက်ဘုရားသခင်က ပေးအပ်ထားတဲ့အကြီးမားဆုံးဆု လာဘ်ပါ။ ကြပြီဆိုရင် ကိုယ့်ဘက်ကအကောင်း ဆုံးဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။

ကိုယ့်ချစ်သူကနေ အထင်အ မြင်သေးစေမယ့် အပြုအမူတွေကို တတ်နိုင်သလောက် ရှောင်ရှားပါ။ ချစ်သူနဲ့တွေ့ဖို့ ချိန်းဆိုထားရင် ဖြစ် ကတတ်ဆန်းဝတ်စားတာမျိုး မလုပ်မိဖို့ သတိထားပါနော်။ ဆံပင်တွေ ဖရိုဖရဲဖြစ်နေတာ၊ အင်္ကျီကြယ်သီး ကျော်တပ်မိတာမျိုးတွေ မဖြစ်ပါစေ နဲ့။ တစ်ယောက်နဲ့တစ်ယောက် တွေ့ ဆုံတဲ့နေရာက ဣနြေ္ဒရရ စကား ပြောနိုင်တဲ့ နေရာဖြစ်ဖို့လည်း လိုပါ တယ်။ အရမ်းလူပြတ်တဲ့ နေရာ၊မှောင် တဲ့နေရာ မဖြစ်သင့်ပါဘူး။
ချစ်သူက ပြောလာတဲ့စကား ကို ဂရုတစိုက် နားထောင်ဖို့ မမေ့ပါ နဲ့။ တချို့ မိန်းကလေးတွေက စကားအရမ်းပြောတဲ့ယောကျာ်းတွေကို စိတ်ပျက်တတ်ပါတယ်။ ကိုယ့်ချစ် သူတွေ့ကြုံနေရတဲ့ အခက်အခဲတွေ ရှိရင်လည်း ကိုယ့်အနေနဲ့ ဘယ်လို ကူညီနိုင်မလဲဆိုတာစဉ်းစားပါ။ အ နည်းဆုံးတော့ စိတ်ဓာတ်အင်အား ကို မြှင့်တင်ပေးတဲ့ စကားတွေ ပြော ပေးသင့်ပါတယ်။ သင်ဟာယောကျာ်း လေး တစ်ယောက်ဆိုရင် သင့်ချစ်သူ နဲ့တွေ့ဆုံတဲ့အခါ သင်ကပဲ ပိုက်ဆံ ရှင်းသင့်ပါတယ်။ ချိန်းတွေ့တိုင်း မိန်းကလေးဘက်ကပဲ ပိုက်ဆံရှင်းရမယ်ဆိုရင် သင့်ကို ကပ်စေးနှဲတစ်ယောက် လို့ မှတ်ထင်သွားမှာပါ။

နောက်ထပ်အရေးကြီးတဲ့ အချက် က ချိန်းတဲ့ အချိန်ကို တိတိကျကျ ရောက်ဖို့ ကြိုးစားပါ။ ကျွန်မမိတ်ဆွေ မိန်းကလေးတစ်ယောက်က အချိန်လေးစားသူ တစ်ယောက်ပါ။ သူနဲ့ သူ့ရည်းစားက တစ်ယောက်ကို တစ်ယောက်တော် တော်လေး ချစ်ကြပါတယ်။ လက် ထပ်ဖို့အထိတောင် ရည်ရွယ်ထား ပါသတဲ့။ တစ်ရက်မှာတော့ သူက သူ့ရည်းစားနဲ့ ပြတ်သွားပြီလို့ ပြော လာတော့ ကျွန်မ အံ့ဩသွားမိပါ တယ်။ နောက်မှ သိရတာက ချိန်း တိုင်းချိန်းတိုင်း သူ့ရည်းစားက နာရီ ဝက်၊ ၄၅ မိနစ်လောက် နောက်ကျ ပါတယ်တဲ့။ ဘာကြောင့် နောက် ကျရတာလဲလို့မေးရင် အဖြေကို မရေမရာပေးပါတယ်တဲ့။ အဲဒီ တော့ ဒီလောက်တောင် အချိန် မလေးစားတဲ့သူတစ်ယောက်ဟာ ဘဝမှာလည်း အားကိုးလောက် စရာလို့ မထင်တဲ့ အတွက် အဆက် ဖြတ်လိုက်ရတာပါတဲ့။ သင်ခန်းစာ ယူစရာ တစ်ခုပေါ့နော်။
တချို့ယောကျာ်းလေးတွေက တော့ ကိုယ့်ချစ်သူ မိန်းကလေးဆီ က ပိုက်ဆံချေးတတ်လေ့ရှိပါတယ်။ များသောအားဖြင့် ဒီလိုလူမျိုးကို မိန်းကလေးတွေက နှစ်သက်လေ့ မရှိပါဘူး။ ပိုက်ဆံချေးတယ်ဆို ပေမယ့် သမီး ရည်းစားအချင်းချင်း ပဲဆိုပြီး ပြန်ဆပ်တာနည်းပါတယ် တဲ့။ အဲဒီတော့ မိန်းကလေးဘက် က အထင်သေးသလို ယုံကြည်မှု လည်း လျော့လာပါတယ်။ တချို့ ကတော့ ကိုယ့်ကို အထင်ကြီး အောင် မဟုတ်တာရော၊ ဟုတ် တာရော ပြောလေ့ရှိပါတယ်။ "မင်း ကို တိုက်ခန်းဝယ်ပေးမှာပါ" "မင်း ကို စိန်လက်စွပ်ဝယ်ပေးမှာပါ" "မင်းကို အခမ်းနားဆုံးဟိုတယ်မှာ မင်္ဂလာဆောင်ပေးပါ့မယ်"အစရှိ သဖြင့်ပေါ့။ ကြီးကြီးကျယ်ကျယ် တွေလျှောက်ပြောပေမယ့် လက် တွေ့မှာ ဘာမှ လုပ်မပေးနိုင်ရင် သိက္ခာကျပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်ရှိအရှိတရားကိုပဲ ချစ်သူကို ရှင်းပြဖို့ လိုပါတယ်။ တကယ်ချစ်တဲ့ ချစ်သူဆိုရင်ဆင်း ရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာ တာပဲဖြစ်ဖြစ် အေးအတူ၊ ပူအမျှ ဘဝကိုလက်တွဲဖို့ လက်ခံလာမှာပါ။
ချစ်သူတိုင်း သစ္စာ တရားကို လက်ကိုင်ထား နိုင်ပါစေလို့လည်း ဆုတောင်း ပေးလိုက်ပါတယ်။

written by ပန်းပွင့်ကဗျာ

Cloud Cuckoo Land

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...