Wednesday, September 14, 2011

ဘ၀ အားဆေး

 
 
1.သူငယ်ချင်းဆိုတာ စိန်ပွင့်လေးတွေနဲ့ တူတယ်..... စိန်ပွင့်လေးတွေက ၂ မျိုးရှိတယ်။ တစ်မျိုးက အပြစ်အနာအဆာရှိတဲ့   စိန်ပွင့်လေးတွေဖြစ်ပြီး နောက်တစ်မျိုးက စင်းလုံးချော စိန်ပွင့်လေးတွေပေါ့.. ဘယ်စိန်ပွင့်လေးတွေပဲဖြစ်ဖြစ် ကတိစကား တည်တံ့တဲ့ မိတ်ဆွေဖြစ်ရင် အဖိုးထိုက်တန်ပါတယ်။


2.ရုပ်လှ ပေမဲ့  ကိုယ်ကျင့်တရား ချို့တဲ့သူ အမျိုးသမီးတွေဟာ ကာရံမညီတဲ တေးသွား တစ်ပုဒ်နဲ့တူတယ်။

3.ရုပ်ဆိုးတဲ့ ဘဲငန်းလေးဟာ ကန်ထဲမှာ သူ့မျက်နှာကို ကြည့်ဖို့ ရှက်နေတယ်ဆိုရင်....သူ့ရဲ့လှပတဲ့ ဘဲငန်းအသွင်ကို မြင်ခွင့်ရမှာမဟုတ်ဘူး။

4.လိုအပ်ခြင်း(needs)ကြောင့် ဆန္ဒ(wants) ဖြစ်တယ်။ ဆန္ဒ(wants)ကစိတ်တွန်းအား(tension)ကို ဖြစ်စေတယ်။ စိတ်တွန်းအားကြောင့် လုပ်ဆောင်ချက်(action) ဖြစ်ပြီး လုပ်ဆောင်ချက်ကြောင့် အောင်မြင်မှု(Success)ဖြစ်စေတယ်။ အောင်မြင်မှုကြောင့် ကျေနပ်အားရခြင်း(Satisfaction) ဖြစ်စေတယ်။

5.စိတ်ရှည်ခြင်းဆိုတာ စန္ဒရားတီး သင်တာနဲ့တူတယ်....မလေ့ကျင့်ပဲ ဆုတောင်းနေရုံနဲ့ မတတ်မြောက်နိုင်ဘူး။

6.အသိတရားရှိရှိ စဉ်းစားပါ၊ အမြော်အမြင်ရှိရှိ ပြုမူပါ၊ ကြင်ကြင်နာနာပြောဆိုပါ၊ ကောင်းကောင်းမွန်မွန် နားထောင်ပါ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ။

7.လူတိုင်းဟာ အကြိမ်များစွာလဲကျနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်က သူ့ကို တွန်းလိုက်တယ် လို့ မခံစားသေးသရွေ့ သူ မကျရှုံး သေးပါဘူး။

8.ဘ၀ဆိုတာ ခရီးစဉ်လေးတွေ အများကြီးနဲ့ တည်ဆောက်ထားတာပါ။ ခရီးစဉ်တိုင်း သင်ယူမှုလေးတွေနဲ့ အတူ ဖြတ်သန်းဖို့လိုပါတယ်။

9.အခွင့်အရေးဆိုတာ တံခါးကို တကြိမ်ထက်ပိုလာခေါက်ပါတယ်။ တကယ်လို့သင်ဟာ မကြားခဲ့၇င် သင့်တံခါးက ထူထဲ မာကျောနေလို့ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခါရောက်လာတဲ့အခါ.... ခေါင်းလောင်းတစ်ခုချိတ်ဆွဲထားလိုက်ပါ၊ အသံမြည်တာကို ဂရုတစိုက်နားထောင်ပါ။

10.အခက်အခဲမှ ရှောင်တိမ်းခြင်းဟာ ပြသနာအများစုရဲ့ အလွယ်ဆုံးထွက်ပေါက်ပါပဲ။ ဒါပေမဲ့ ကံမကောင်းစွာပဲ ပြသနာတိုင်းကို မဖြေရှင်းနိုင်ခဲ့ဘူး။ ဒါကြောင့် သူများတွေ ကိုယ့်ပြသနာ အပိုင်းအစတွေကို မတွေ့ရှိခင်.... အရင်ဆုံး အခက်အခဲကို အခြေကျအောင် ဖြေရှင်းခဲ့ဖို့လိုပါတယ်။

စာချစ်သူများအား ကျေးဇူးတင်ပါသည်။
(ဇေယျာ) 15/Sep/2011, Thursday, 09:00 am.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...