Wednesday, September 14, 2011

ဘာကြောင့် စိတ်မပါရတာလဲ

by Moenge Aung on Tuesday, September 13, 2011 at 1:35pm
 
အမျိုးသမီးတွေမှာ စိတ်ဆန္ဒစွမ်းအား နဲ့ ပတ်သက်ပြီး အခက်အခဲတွေ များစွာ ရှိတတ်ကြပါတယ်။

ဆက်ဆံရေးပြဿနာ
ကလေးမွေးဖွားတာ၊ ကလေးငယ်ကို ထိန်းကျောင်းရတာ၊ ငွေရေးကြေးရေး စတဲ့ ပြဿနာတွေ ပေါ်မှာ ဇနီမောင်နှံနှစ်ဦး အမြင်မတူတာ၊ ညှိနှိုင်းမရတာတွေက သင်ရဲ့ လိင်စိတ်စွမ်းအား အပေါ် သက်ရောက်မှု ရှိနေပါတယ်။ စိတ်စွမ်းအင် ကို လျော့နည်းစေပါတယ်။

စိတ်ခံစားမှု
စိတ်ဓာတ်ကျတာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးမှုများတာ၊ ဂနာမငြိမ်တာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ထင်မြင်တာတွေက မိန်းကလေးတစ်ယောက် ရဲ့ လိင်မှုစိတ်စွမ်းအား ကို လျော့နည်းစေပါတယ်။
ဗဟုသုတနည်းခြင်း
မိန်းကလေးတစ်ယောက် အနေနဲ့ သိသင့်သိထိုက်တဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အခြေခံပညာပေး တွေလောက်တော့ အမျိုးသမီးများ သိထားသင့်ပါတယ်။
မီးယပ်ဆိုင်ရာ ရောဂါများ ရှိခြင်း
မီးယပ်ဆိုင်ရာ ရောဂါတွေ ရှိရင်လည်း လိင်မှုစွမ်းရည်တွေ ကျဆင်းစေနိုင်ပါတယ်။
ယောနိ လမ်းကြောင်း ခြောက်သွေ့ခြင်း
ငယ်ရွယ်သူတွေမှာ စိတ်ဆန္ဒ နှိုးဆော်မှု နည်းတဲ့အခါမှာ ယောနိလမ်းကြောင်း ခြောက်သွေ့နေတတ်ပါတယ်။ အသက်ရွယ်ကြီးသူတွေမှာတော့ သွေးဆုံးခါနီးမှာ အီစထရိုဂျင် ဆိုတဲ့ မဟော်မုန်း လျော့နည်းတာကြောင့်လည်း ယောနိလမ်းကြောင်း ခြောက်သွေ့နိုင်ပါတယ်။ ဟော်မုန်းမညီမျှမှု၊ ဖျားနာတာနဲ့ ဆေးကုသမှု ခံယူနေရတဲ့ အခြေအနေတွေမှာလည်း ယောနိစွတ်စိုမှု အားနည်းနိုင်ပါတယ်။ ယောနိခြောက်သွေ့တာကြောင့် လိင်ဆက်ဆံမှုကို အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။

ယောနိ လမ်းကြောင်း နာကျင်ခြင်း
ယောနိလမ်းကြောင်း ဝန်းကျင်မှာရှိတဲ့   ကြွက်သားတွေ တင်းတာကြောင့် ယောနိလမ်းကြောင်း ကျဉ်းပြီး နာကျင်မှုကို ဖြစ်စေပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ ခွဲစိတ်ကုသမှု ခံယူထားတာ၊ ကလေးမီးဖွားထားတာ၊ ပိုးဝင်တာနဲ့ ဓာတ်မတည့်မှုတွေကြောင့် ယောနိလမ်းကြောင်း နာကျင်မှုကို ဖြစ်စေပါတယ်။
လိင်မှတစ်ဆင့် ရောဂါကူးစက်ခြင်း
ဂနိုပိုး၊ ရေယုန်ပိုး၊ ကြွက်နို့ပိုး၊ ကလမ်မိုက်ဒီယားပိုး နဲ့ ကာလသားပိုးတွေက လိင်ဆက်ဆံတာနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒီပိုးတွေ ကူးစက်ခံရတဲ့ အခါမှာလည်း မျိုးပွားအင်္ဂါတစ်ဝိုက်မှာ မသက်မသာနဲ့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။
မိန်းမကိုယ် ရောင်ရမ်းခြင်း
ယောနိမှာ ပိုးဝင်တာကြောင့် သားအိမ်ခေါင်း၊ သားအိမ်နဲ့ သားဥအိမ်တွေ ရောင်ရမ်းနိုင်ပါတယ်။ ဒီလို ရောင်ရမ်းနေချိန်မှာ လိင်ဆက်ဆံမှု ပြုလုပ်မယ်ဆိုရင် ယောနိလမ်းကြောင်းမှာ အလွန် နာကျင်တတ်ပါတယ်။

အာရုံကြော ချို့ယွင်းခြင်း
တချို့ အမျိုးသမီးတွေမှာ သားအိမ်ထုတ်တဲ့အခါ ခွဲစိတ်မှုပြုရင်း အာရုံကြောငယ်လေးတွေ ဖြတ်တောက်လိုက်ရတာကြောင့်လည်း လိင်စိတ်ခံစားမှု အားနည်းနိုင်ပါတယ်။
မောပန်း နွမ်းနယ်ခြင်း
နာတာရှည် ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ၊ အာရုံကြော ချို့ယွင်းနေတာ၊ သွေးလှည့်ပတ်မှု မကောင်းတာ၊ ဟော်မုန်းမညီမျှတာ၊ သွေးဆုံးချိန်ရောက်တာ၊ ကိုယ်ဝန်ဆောင်တာ၊ အရက်စွဲနေတာ စတာတွေ ခံစားနေရသူတွေမှာ စိတ်ဆန္ဒ အားနည်းနိုင်ပါတယ်။

ဖြေရှင်းပါ။ ဆေးဝါးများနှင့် ကုသပါ
တချို့သော ဆေးဝါးတွေနဲ့ မိန်းကလေးတွေရဲ့ စိတ်ဆန္ဒ အားနည်းတာကို လျော့ချပေးနိုင်ပါတယ်။ သင့်မှာ နဂိုဓာတ်ခံရောဂါ တစ်ခုခု ရှိနေတယ်ဆိုရင် အဲဒီရောဂါကို ဆေးဝါးကုသမှု ခံယူပါ။
ညှိနှိုင်းတိုင်ပင်ပါ
အတွေ့အကြုံ မရှိတာကြောင့်လည်း ဇနီးမောင်နှံနှစ်ဦး အပေးအယူမမျှ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ဦးနှင့် တစ်ဦး ညှိနှိုင်းတိုင်ပင်ကြဖို့ လိုပါတယ်။
အလိုက်သိပါ
တစ်ဦးအကြိုက်ကို တစ်ဦးက အလိုက်သိစွာ ကြိုးစားဆောင်ရွက်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...