Sunday, September 18, 2011

အိမ်ထောင်ရေး ပြဿနာ (ဟာသလေးတွေပါ)


သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ကျနော့ သူငယ်ချင်းတွေကို ပျော်ရွှင်စရာလေးတွေ ပြောပြဦးမယ်နော်၊ အင်း... အိမ်ထောင်ပြုကြမယ် ဆိုရင်လည်း အတွေ့အကြုံလေးတွေတော့ ရကောင်း ရနိုင်ပါတယ်လေ.......
               သူငယ်ချင်း ယောက်ျားလေးတို့ရေ.... မရှိမကောင်း ရှိမကောင်းတဲ့ မိန်းမဆိုတာကို ယူဖို့စဉ်းစားပြီ ဆိုရင်ဖြင့် ဒါလေးတွေတော့ သိထားရမယ်နော်.... ဟီးးးးးးးးးးးး


(လင်မယားနှစ်ယောက် စကားပြောနေကြသည်)
ယောင်္ကျား။  မိန်းမတွေက စကားတော်တော်များတာပဲ။ တစ်ရက်ကို စကားအလုံးပေါင်း
                   (၄) သောင်း (၅) သောင်း အထိ ပြောကြတယ်၊
ဇနီး။            အဲ့ဒါ နင်တို့ယောင်္ကျားတွေကို တစ်ခွန်းပြောရင် ဒို့က အခွန်းတစ်ရာလောက်
                   ပြန်ပြန်ပြောနေရလို့လေ၊
ယောင်္ကျား။ ဘာ……….
ဇနီး။           အဲ့ဒါ နင့်တို့ယောင်္ကျားတွေကို @$%^%^*&******




(လင်မယားနှစ်ယောက်ရန်ဖြစ်ပြီး တရားရုံးသို့ရောက်လာသည်)
တရားသူကြီး။  ဘာလို့ နင့်ယောင်္ကျားကို ကုလားထိုင်နဲ့ ရိုက်ရတာလဲ၊
မိန်းမ။             ဘာလို့လဲဆိုတော့ စားပွဲခုံက အရမ်းလေးနေတော့ မ မနိုင်လို့ပါ။




(လင်မယားနှစ်ယောက် ဈေးဝယ်ထွက်လာသည်)
သူတောင်းစား။ မမချောချောရေ.. ထမင်းဖိုးလေး မ စ ပါဦးဗျာ၊
ဇနီး။                 ကြည့်စမ်း ကြည့်စမ်း ဒီလူ အကန်းယောင်ဆောင်ပြီး
                        လိုက်တောင်းစားနေတာပဲနော်၊
ယောင်္ကျား။      တကယ်ကန်းနေလို့နေမှာပေါ့ဟ၊
ဇနီး။                ဟင်း..... တကယ်ကန်းတယ်လို့ နင်က ဘယ်လိုသိတာလဲ၊
ယောင်္ကျား။     နင့်ကို မမချောချော လို့ခေါ်နေတယ်လေဟာ။




(ယောက်ျားလေး သူငယ်ချင်းနှစ်ယောက် စကားပြောနေသည်)
ယောင်္ကျား-၁။ မိန်းမတွေ မငြိုငြင်အောင် ဘယ်လိုနေရမလဲ ..
ယောင်္ကျား-၂။ အင်း.. ကိုယ်ကမှားတဲ့အချိန်ကျရင် အမှန်အတိုင်းဝန်ခံလိုက်၊
                      ကိုယ်က မှန်တဲ့အချိန်ကျရင် တိတ်တိတ်နေပေးလိုက်။




(လင်မယားနှစ်ယောက် အိပ်ယာထဲတွင်ဖြစ်သည်)
ဇနီး။             ဘေးအိမ်က တစ်ယောက်ဆို သူ့မိန်းမကို တစ်နေ့သုံးကြိမ်
                    မွှေးမွှေးပေးတယ်၊ ညတိုင်း ညတိုင်း ပန်းလေးတွခူးပေးတယ်၊
                    နင်ရော အဲ့လိုမျိုး မလုပ်ပေးချင်ဘူးလား၊
ယောင်္ကျား။  အင်း … သူခွင့်ပြုမယ်ဆိုရင်တော့ လုပ်ပေးချင်တာပေါ့ဟ။




(လင်မယားနှစ်ယောက် တိရ စ္ဆာန်ရုံထဲသွားပြီး မျောက်ရွာသို့အရောက်)
ဇနီး။             ဟိုမှာ တွေ့လား… နင့်အမျိုးတွေ။
ယောင်္ကျား။  ဟုတ်တယ်လေ အဲ့ဒါ ငါ့ယောက္ခမနဲ့ယောက္ခထီးတွေပဲ ငါသိတာပေါ့ဟ။




(လင်မယားနှစ်ယောက် အကြီးအကျယ် ရန်ဖြစ်နေကြသည်)
ဇနီး။          ငါတို့လက်ထပ်တဲ့အချိန်တုန်းက ငါ့အဖေသာ ပိုက်ဆံတွေမပေးရင်
                  အခုလို LCD TV တွေ၊ ကားတွေ၊ အိမ်တွေ ရှိမှာမဟုတ်ဘူး၊
ယောင်္ကျား။ အေး …. မင်းအဖေသာ ပိုက်ဆံတွေ မပေးရင် ငါလည်း အခုလို
                  ဒီအိမ်မှာ ရှိနေမှာ မဟုတ်ဘူး။




(မိန်းခလေး သူငယ်ချင်းနှစ်ယောက် စကားပြောနေကြသည်)
မိန်းမ-၁။ နင့်ယောင်္ကျားကို မချစ်နိုင်တော့ရင် သူ့ကိုထားခြဲ့ပီး သူ့အိမ်ကနေ
               ဆင်းလိုက်ပါလား  ဘာလို့ဒုက္ခ ခံနရတာလဲ၊
မိန်းမ-၂။ အင်း …. အဲ့လိုလုပ်လိုက်ရင် သူပျော်နေမှာကို ငါလည်း မမြင်ချင်ဘူးဟ။




(လင်မယားနှစ်ယောက် စကားများကြပြန်သည်)
ဇနီး။            နင်က နင့်အမျိုးကောင်းတဲ့အကြောင်းပဲ အမြဲပြောတယ်၊
                   ငါ့အမျိုးကောင်းတဲ့ အကြောင်းပြောတာ မရှိသလောက်ပဲနော်၊
ယောင်္ကျား။ သြော်… အေးအေး၊ ငါမေ့နေလို့ကွ၊ နင့်ယောက္ခမတွေက
                   ငါ့ယောက္ခမတွေထက် ပိုကောင်းတယ်နော်။




(မိန်းခလေး သူငယ်ချင်းနှစ်ယောက် စကားပြောနေကြသည်)
မိန်းမ-၁။   ငါ့ယောင်္ကျားက ငါ့ကို လိမ်နေတယ်လို့ ငါထင်တယ်ဟဲ့၊
မိန်းမ-၂။   နင်က ဘယ်လိုလုပ်ပြီးသိတာလဲ ပြောပါဦးဟာ၊
မိန်းမ-၁။   မနေ့ညက အိမ်ကိုညနက်မှ ပြန်လာပြီး သူပြောတာလေ၊
                သူ့သူငယ်ချင်း လှမောင်နဲ့အတူတူ ပါတီပွဲ သွားနေရလို့တဲ့၊
                အဲ့ဒီညဦးပိုင်းမှာ သူ့သူငယ်ချင်း လှမောင်က ငါနဲ့အတူတူ ရှိနေတဲ့ဟာကို။
shweba
                                          ကိုတင

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...