"ဒီမိုကရေစီနည်းအရ စနစ်ကျဖို့ လိုပါတယ်"
Rozoner King created the doc:
[By Ramanya Ravika]
ဓမ္မာရုံကို ဆောက်နေပါပြီ။ အောက်တိုဘာလလယ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းက အခု စက်တင်ဘာလပထမပတ်မှာပဲ တဝက်ကျော် ပြီးစီးနေပါပြီ။ ဘုရားခန်းနဲ့ဘုံဆင့်အတွက် အားကိုးမိတဲ့ ပန်းချီပန်းပု နိုင်အောင်စိန်ကလည်း ဆရာတော်ဦးဉာဏိဿရ ဦးစီးတည်ဆောက်နေတဲ့ တက္ကဆက်ရွှေစည်းခုံမှာ အကူအညီပေးဖို့ တက္ကဆက်ပြည်နယ်ကို ထွက်သွားခဲ့ပြီ။
ဓမ္မာရုံတစ်ခု ဖြစ်မြောက်ဖို့ ဒို့တတွေ လပေါင်းများစွာ ညှိနှိုင်းတိုင်ပင်ရတယ်။ အင်ဂျင်နီးယားနဲ့ ပဏာမတိုင်ပင်ရတယ်။ ဓမ္မာရုံပုံစံကို ဆွဲရတယ်။ အကုန်အကျကို ခန့်မှန်းရတယ်။ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ တိုင်ပင်ရတယ်။ ဆောက်လုပ်ရေးကုမ္မဏီကို လေလံတင်ရတယ်။ အဆိုပြုတဲ့ကုမ္ပဏီတွေထဲက တစ်ခုကို ရွေးရတယ်။ ပြီးစီးမယ့်အချိန်နဲ့ ကုန်ကျမယ့်စရိတ်စကကို ကြည့်ပြီး Strebeg ကုမ္ပဏီကို ရွေးလိုက်တယ်။
ဆောက်လည်း ဆောက်ရော သူတို့က သက်တောင့်သက်သာနဲ့ပဲ ဆောက်သွားကြတယ်။ မြေကို အရင်တိုင်းတယ်။ ပြီးတော့ ညှိတယ်။ ပနှုက်လောင်းတယ်။ ကျောက်ခင်းတယ်။ ကွန်ကရစ်လောင်းတယ်။ တိုင်ထူတယ်။ သူတို့က 6+2 ကို သုံးတယ်။ လှုပ်ကြည့်တော့ မခိုင်မှန်းသိတယ်။ ဒီအတိုင်းဆို ရှေ့ဆက် ဘယ်လိုလုပ်ရပါ့။
ဒါပေမယ့် တကယ်လည်း အရှိန်ရလာရော အင်မတန်ခိုင်ခန့်တဲ့ အဆောက်အဦးပုံစံ ထွက်လာတယ်။ နံရံကို ကာတယ်၊ အမိုးကို မိုးတယ်၊ ဘုံဆင့်ကို တင်တယ်၊ ရေမီးသွယ်တယ်....အားလုံးက သူ့နေရာနဲ့သူ ဝင်သွားကြတယ်။ မြေတူးမြေညှိတာက တစ်ဖွဲ့၊ ကွန်ကရစ်လောင်းတာက တစ်ဖွဲ့၊ ရေမီးသွယ်တာက တစ်ဖွဲ့၊ အရံအမိုးကာတာက တစ်ဖွဲ့....တစ်ဖွဲ့နဲ့တစ်ဖွဲ့ လာလုပ်သွားကြတယ်။ သူတို့လုပ်ငန်းတွေက သူ့နေရာနဲ့သူ အဖုအထစ်မရှိပါ။
အထူးသဖြင့် ဘုံဆင့်ကို မမြင်ဖူးတဲ့ ဒီလူတွေ ဘယ်လိုလုပ်ကြမလဲ တို့လူတွေ စိတ်ဝင်စားကြတယ်။ သူတို့က အေးဆေးပါပဲ။ စနစ်တကျနဲ့ အပိုင်းပိုင်းတင်ပြီး လွယ်လွယ်ကလေးနဲ့ ပြီးသွားကြတယ်။ ဒို့ဒကာတွေ လုပ်သလိုမျိုး အလုပ်က သိပ်မများလှပါ။
ဓမ္မာရုံရုပ်လုံး ပေါ်လာတော့ ဝမ်းမြောက်တဲ့လူတွေက များလာတယ်။ အရင်တုန်းက သဘောမတွေ့ခဲ့တဲ့လူတွေ သဘောကျလာကြတယ်။ အရင်က အငြင်းသန်လာကြတဲ့လူတွေ နှုတ်ဆိတ်သွားကြတယ်။ အရင်က အပြစ်ပြောတဲ့လူတွေက ချီးမွမ်းစကား ပြောလာကြတယ်။ အရင်ကလည်း ကဲ့ရဲ့တယ်၊ အခုလည်း ကဲ့ရဲ့နေကြတဲ့လူတွေလည်း ရှိသေးတယ်။
ဒီနေ့ ဓမ္မရက္ခိတကျောင်းက ဦးတေဇောဘာသ ရောက်တော့ ပဝါရဏာအကြောင်း ဆွေးနွေးဖြစ်တယ်။ ဖော့ဝိန်းမြို့မှာ မြန်မာလေးကျောင်းရှိလို့ အချင်းချင်းပူးပေါင်းဆောင်ရွက် မှု အရေးကြီးပုံ ဆွေးနွေးဖြစ်တယ်။
ပဝါရဏာဆိုတာ ဒီမိုကရေစီကျပုံကိုလည်း ပြောဖြစ်တယ်။ ပြည်ပမှာ
သာသနာပြုနေကြတဲ့ မြန်မာရဟန်းတွေဟာ မြန်မာပြည်မှာထက်
အနေအထိုင်အစားအသောက်အသွားအလာ သေသေသပ်သပ်နဲ့ ရှိဖို့ လိုသလို
ကိုယ်ကျင့်တရားလည်း ပိုမိုမြင့်မားဖို့လိုကြောင်း ပြောဖြစ်ကြတယ်။
ပြည်ပမှာ ဘုန်းကြီးတွေက ထင်သလို လုပ်လို့မရပါဘူး။ ကျောင်းအတော်များများက ဒကာတွေ ပိုင်ကြပါတယ်။ အချို့ဆို အဖွဲ့အစည်းတွေ ပိုင်ကြပါတယ်။ တစ်ခုခုလုပ်စရာရှိယင် ဒကာတွေ မသိဘဲ လုပ်လေ့မရသလို ဘုန်းကြီးတွေ လုံးဝမကြိုက်ယင်လည်း ဒကာတွေ လှုပ်လို့ မရပါဘူး။ ရဟန်းနဲ့ဒကာကြားမှာ Check & Balance ရှိတယ်။ အပြန်အလှန်ထိန်းကျောင်းမှုတွေ ရှိတယ်။ တစ်ခါတလေ ဘုန်းကြီးဆိုးနဲ့တွေ့တာ ရှိသလို အဆင်မပြေတဲ့ဒကာတွေလည်း နေရာရလာတတ်ကြပါတယ်။ ဒါလည်း ရေရှည်ဆိုးလို့ မရပါဘူး။
ဒါဟာ သာသနာပြုဘုန်းကြီးတစ်ပါးအနေနဲ့ ငြီးငြူစရာမရှိပါ။ သာသနာတော်အတွက် ကျေးဇူးများဖို့ပဲ အစဉ်ကြိုးစားနေရမှာပါ။ တစ်ခါတလေ ဘုန်းကြီးတွေပြောသမျှ ဒကာတွေက ပယ်ချကြပါတယ်။ ဒါဟာ ဝမ်းနည်းစရာမဟုတ်ပါ။ အချို့ဘုန်းကြီးတွေက ဒကာတွေကို ကြောက်ရကြောင်း သိရပါတယ်။
တိုရွန်တိုမြို့ ဓမ္မိကာရာမမြန်မာကျောင်းကို ရောက်တော့ သိမ်ဆောက်ဖို့ ဘုန်းကြီးနဲ့ဒကာ ငြင်းနေတုန်းပဲ။ ဆောက်ချင်တဲ့လူက တစ်ဖက်၊ မဆောက်ချင်တဲ့လူကတစ်ဖက်ပေါ့။ ဆရာတော်ကလည်း ဒို့ကကွာ (၈၈)တုန်းကလည်း သေနတ်ကိုင်တဲ့မဆလစစ်သားတွေကို မကြောက်ဘဲ ဆန္ဒပြရဲကြတယ်၊ အခု ဒီနိုင်ငံရောက်မှ ဒီက ဒကာတွေကို လာကြောက်နေရပါလားတဲ့ အရွှန်းဖောက်ပါတယ်။ ဆရာတော်က မမှန်ဘူးဆိုယင် သေနတ်နဲ့ခြိမ်းခြောက်လည်း ကြောက်စရာမလိုဘူး၊ ဒီမိုကရေစီအမှန်တရားအရဆိုယင် နှုတ်ရေးအရလည်း ကြောက်သင့်က ကြောက်ရမှာပဲလို့ ဆိုလိုရာရောက်သလိုပါပဲ။
အခုလည်း စာရေသူတို့ကျောင်းမှာ ဗုဒ္ဓဘာသာမွန်ကျောင်းကို သာသနာရေးဌာနလက်အောက်မှာ ထားတယ်၊ အဲဒီသာသနာရေးဌာနက MRC အောက်မှာ ထားတယ်ဆိုတော့ ဘုန်းကြီးတွေက ဘယ်အဆင့်မှာ ရှိနေသလဲ မေးစရာရှိပါတယ်။ စာရေးသူတို့က ကမ္ဘာအေးမှာ နေဖူးတော့ ဒီလိုအနေအထားမျိုးက သိပ်ပြီးတော့ မထူးဆန်းပါဘူး။
ကမ္ဘာအေးမှာ နေတုန်းက အဆောင်မှူးပေါ့။ ဟိုက အဆောင်မှူးက သင်တန်းသားတွေ ရွေးကောက်တင်မြှောက်လို့ မဟုတ်ဘဲ အပေါ်က ကြိုက်လို့ ရွေးပြီး ကောက်လိုက်တာပါ။ ဗဟိုစနစ်အရ မှားတယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် အဆောင်အုပ်ချုပ်ရေးမှာ လူကြီးတွေ သိပ်ပြီးတော့ ဝင်မစွက်ပါဘူး။ သင်တန်းသားတွေကိ နိုင်နင်းအောင် အုပ်ချုပ်နိုင်ယင် ရပြီ။ လူကြီးတွေကို ကလန်ကဆန်မလုပ်ယင် ကျေနပ်ပြီ။
လက်ရှိစာရေးသူတို့ကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးမရှိပါ။ နာယကဆရာတော်ပဲ ထားပါတယ်။ အဲဒီနာယကဆရာတော်ကိုလည်း ဒကာတွေနဲ့ ကျောင်းနေသံဃာတွေက မဲစနစ်နဲ့ ရွေးချယ်ကြတယ်။ ဒီနှစ်မှာ စာရေးသူက မဲအများဆုံးရလို့ နာယကဆရာတော် လုပ်ပါတယ်။ နောင်လာမယ့်နှစ်မှာ မဲရဦးမလား မသေချာပါဘူး။
တစ်နှစ်တာ အုပ်ချုပ်နေတဲ့အချိန်မှာလည်း စိတ်ကြိုက်အုပ်ချုပ်ရတာမဟုတ်ပါ ဘူး။
ထောက်ခံအားပေးတဲ့လူတွေ ရှိသလို အနှောင့်အယှက်ပေးမယ့်လူတွေလည်း
ဒုနဲ့ဒေးပါပဲ။ အားလုံးနဲ့အဆင်ပြေအောင် ပေါင်းတတ်ဖို့ ကြိုးစားသင်ယူရတယ်။
ဒါတောင် အဆင်ပြေလှတာမဟုတ်ပါဘူး။
ဦးတေဇောဘာသနဲ့ ဆွေးနွေးကြည့်တော့ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲဆိုတာ သဘောတူကြပါတယ်။ မတူကွဲပြားမှုတွေကို သည်းခံပြီး ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့လာဆည်းပူးခြင်းမှာ ဒီမိုကရေစီကျင့်စဉ်တစ်ခုပါပဲလို့ 
သဘောပေါက်ကြပါတယ်။ တရုတ်အစိုးရနဲ့ အမေရိကန်အစိုးရတို့ မတူညီပါ။
တရုတ်အစိုးရက ကောင်းတယ်ဆိုယင် ချက်ချင်းထလုပ်လို့ ရပါတယ်။ အမေရိကန်အစိုးရက
ချက်ချင်းလုပ်လို့မရပါဘူး။ လွှတ်တော်မှာ ငြင်းကြရပါဦးမယ်။
ဒီမိုကရေစီအလေ့အကျင့်မှာ နေသားကျလာတော့ လူ့တန်ဖိုးကိုလည်း သိတတ်လာတယ်။ စာတတ်သည်ဖြစ်စေ၊ စာမတတ်သည်ဖြစ်စေ၊ အတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတစ်ယောက်က စကားပြောယင် နားထောင်ပေးနိင်ယင် ဒါက အပေါင်းလက္ခဏာဆောင်ပါတယ်။ အနည်းဆုံး ကိုယ့်ကို တိုက်ခိုက်လာမယ့် လူတစ်ယောက်ကို ခွင့်လွှတ်နားလည်ပေးနိုင်ယင် နားလည်ပေးသူက မြင့်မြတ်သလို နားလည်ပေးခံရသူအတွက်လည်း မနစ်နာတော့ဘူး။
ဒီမိုကရေစီစနစ်တစ်ခုမှာ စည်းကမ်းတကျ နေတတ်လာပြီဆိုယင် ဓမ္မာရုံကို တစ်ဆင့်ပြီးတစ်ဆင့် သူ့နေရာနဲ့သူ တည်ဆောက်နေသလိုပဲ စာတတ်မတတ် အတွေ့အကြုံရှိမရှိ ကိုယ်လက်အင်္ဂါစုံမစုံ အားလုံးသောပြည်သူအပေါင်းတို့ဆီက contribution ရအောင်ပဲ ယူသင့်တာပဲမဟုတ်လား။ အဲဒီလို ယူသင့်ယူခဲ့လို့ ဒီလို ဓမ္မာရုံကြီးတစ်ဆောင် ရုပ်လုံးပေါ်လာပြီမဟုတ်လား။ ကြည့်တတ်ယင် ပညာရပါတယ်။ မကြည့်တတ်ယင် နေရာတိုင်းမှာ အကုသိုလ်ချည်းပါပဲ။
လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ ဟာ တိုင်တစ်လုံးအိမ်နဲ့ တူနေတယ်။
အဆင့်ဆင့် တည်ဆောက်ထားတာမဟုတ်ဘူး။ တိုင်တစ်လုံးကိုပဲ အားကိုးတဲ့
အိမ်ကြီးရခိုင်ဟာ ကြာရှည်မခိုင်မြဲပါဘူး။ ဓမ္မာရုံကို တည်ဆောက်တော့
မြေတူးသမား၊ ကွန်ကရစ်လောင်းသမား၊ အရံအမိုးကာသမား အစရှိသူတို့က
ကုမ္ပဏီအသီးသီးကနေ လာရောက်ပြီး တည်ဆောက်ရပါတယ်။ ပြည်ထောင်စုတစ်ခုမှာလည်း
ထိုနည်းလည်းကောင်းပါပဲ။ ပြည်နယ်အသီးသီးက အတတ်ပညာရှင်အသိပညာရှင်အသီးသီးတို့က ပြည်ထောင်စုကြီးကို တည်ဆောက်ရမှာပါ။ ကချင်ပြည်နယ်ကို ငါဖမ်းလုပ်ငန်းလုပ်ခိုင်းလို့ မရသလို မွန်ပြည်နယ်ကိုလည်း ခါရာဘိုရာဇီခရီးသွားလုပ်ငန်းဝန် ဆောင်မှုပေးခိုင်းလို့ မရပါဘူး။
နောက်ပြီး ဓမ္မာရုံတည်ဆောက်ဖို့ ဓမ္မာရုံပုံစံက အဓိကကျတယ်။ ဒီဓမ္မာရုံပုံစံကို အချေအတင်ဆွေးနွေးရတယ်။ ဒီဓမ္မာရုံပုံစံကို တစ်ယောက်ယောက်က စိတ်ကြိုက်ရေးဆွဲပြီး ကျန်တဲ့လူတွေကို ဒီမိုကရေစီနည်းအရ ငါဆောက်ခွင့်ပြုတယ်လို့ သွားပြောလို့ မရပါဘူး။ အခရာကျတာက ဒီပုံစံပဲ။ ဒီပုံစံကို တစ်ဖက်သတ်ရေးဆွဲထားယင် ဒီဓမ္မာရုံက အများသဘောတူဓမ္မာရုံမဟုတ်ဘူး။
ဓမ္မာရုံပုံစံရေးဆွဲတုန်းက ပါဝင်သူတွေက အားလုံး ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ ရှိကြသူတွေ
မဟုတ်ဘူး။ အချို့က အကြံပေးဖို့ ကြိုးစားရင်း ပွဲပျက်သလိုမျိုး
ဖြစ်ရသေးတယ်။ ဒီဓမ္မာရုံမှာ သူက တစ်စိတ်တပိုင်းပါတယ်ဆိုတော့ သူ့ကို
ပယ်လို့မရပါဘူး။ သူ ပါမှ အားလုံးရဲ့ဓမ္မာရုံဖြစ်မှာကိုး။
ပြည်ထောင်စုမှာလည်း ဒီလိုပါပဲ။ အခြေခံဥပဒေကို ရေးဆွဲတဲ့အခါ ဇွတ်မရေးသင့်ပါ။ အများသဘောတူနိုံင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ အရေးကြီးတယ်။ ဒါမှ အများဆန္ဒနဲ့ နီးစပ်မယ်။ အဲဒီပုံစံကို ရတော့ ပြည်နယ်တွေက သူ့အပိုင်းနဲ့သူ ပြည်ထောင်စုကြီးဖြစ်အောင် တည်ဆောက်ကြပေါ့။
စဉ်းစားကြည့်တော့ စနစ်တစ်ခုပဲ လိုတာပါ။ အဲဒီစနစ်မှာ လူအားလုံးက သဘောတူဖို့ လိုပါတယ်။ မိသားစုတစ်စုမှာ မိဘဆိုတဲ့ပြည်ထောင်စုလက်အောက်မှာ ညီအကိုဆိုတဲ့ ပြည်နယ်တွေ ရှိပါတယ်။ ဒီပြည်နယ်တွေက အများသဘောတူထားတဲ့ အခြေခံဥပဒေအရ မိမိသက်ဆိုင်ရာပြည်နယ်ဖွံဖြိုးေ ရးအတွက်
လုပ်ရတယ်။ ဥပမာ ဓမ္မာရုံဆောက်လုပ်ရေးမှာ ကွန်ကရစ်ကုမ္ပဏီက
အမိုးမိုးပေးမှာမဟုတ်သလိုပဲ ကရင်ပြည်နယ်အရေးက ရခိုင်ပြည်နယ်နဲ့
မဆိုင်ပါဘူး။ တစ်ခုခု ဆွေးနွေးစရာရှိယင် မူရင်းပုံစံကိုပဲ ပြန်ကြည့်ရတယ်။
ပြည်ထောင်စုအစိုးရကပဲ ဖြေရှင်းပေးရသလိုမျိုးပေါ့။
ကိုင်း...ရေးရင်းနဲ့ ညနက်ပြီ။ ဒီမျှပါပဲ။ နောက်မှ ဆက်ရေးကြတာပေါ့။
ဓမ္မာရုံကို ဆောက်နေပါပြီ။ အောက်တိုဘာလလယ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းက အခု စက်တင်ဘာလပထမပတ်မှာပဲ တဝက်ကျော် ပြီးစီးနေပါပြီ။ ဘုရားခန်းနဲ့ဘုံဆင့်အတွက် အားကိုးမိတဲ့ ပန်းချီပန်းပု နိုင်အောင်စိန်ကလည်း ဆရာတော်ဦးဉာဏိဿရ ဦးစီးတည်ဆောက်နေတဲ့ တက္ကဆက်ရွှေစည်းခုံမှာ အကူအညီပေးဖို့ တက္ကဆက်ပြည်နယ်ကို ထွက်သွားခဲ့ပြီ။
ဓမ္မာရုံတစ်ခု ဖြစ်မြောက်ဖို့ ဒို့တတွေ လပေါင်းများစွာ ညှိနှိုင်းတိုင်ပင်ရတယ်။ အင်ဂျင်နီးယားနဲ့ ပဏာမတိုင်ပင်ရတယ်။ ဓမ္မာရုံပုံစံကို ဆွဲရတယ်။ အကုန်အကျကို ခန့်မှန်းရတယ်။ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ တိုင်ပင်ရတယ်။ ဆောက်လုပ်ရေးကုမ္မဏီကို လေလံတင်ရတယ်။ အဆိုပြုတဲ့ကုမ္ပဏီတွေထဲက တစ်ခုကို ရွေးရတယ်။ ပြီးစီးမယ့်အချိန်နဲ့ ကုန်ကျမယ့်စရိတ်စကကို ကြည့်ပြီး Strebeg ကုမ္ပဏီကို ရွေးလိုက်တယ်။
ဆောက်လည်း ဆောက်ရော သူတို့က သက်တောင့်သက်သာနဲ့ပဲ ဆောက်သွားကြတယ်။ မြေကို အရင်တိုင်းတယ်။ ပြီးတော့ ညှိတယ်။ ပနှုက်လောင်းတယ်။ ကျောက်ခင်းတယ်။ ကွန်ကရစ်လောင်းတယ်။ တိုင်ထူတယ်။ သူတို့က 6+2 ကို သုံးတယ်။ လှုပ်ကြည့်တော့ မခိုင်မှန်းသိတယ်။ ဒီအတိုင်းဆို ရှေ့ဆက် ဘယ်လိုလုပ်ရပါ့။
ဒါပေမယ့် တကယ်လည်း အရှိန်ရလာရော အင်မတန်ခိုင်ခန့်တဲ့ အဆောက်အဦးပုံစံ ထွက်လာတယ်။ နံရံကို ကာတယ်၊ အမိုးကို မိုးတယ်၊ ဘုံဆင့်ကို တင်တယ်၊ ရေမီးသွယ်တယ်....အားလုံးက သူ့နေရာနဲ့သူ ဝင်သွားကြတယ်။ မြေတူးမြေညှိတာက တစ်ဖွဲ့၊ ကွန်ကရစ်လောင်းတာက တစ်ဖွဲ့၊ ရေမီးသွယ်တာက တစ်ဖွဲ့၊ အရံအမိုးကာတာက တစ်ဖွဲ့....တစ်ဖွဲ့နဲ့တစ်ဖွဲ့ လာလုပ်သွားကြတယ်။ သူတို့လုပ်ငန်းတွေက သူ့နေရာနဲ့သူ အဖုအထစ်မရှိပါ။
အထူးသဖြင့် ဘုံဆင့်ကို မမြင်ဖူးတဲ့ ဒီလူတွေ ဘယ်လိုလုပ်ကြမလဲ တို့လူတွေ စိတ်ဝင်စားကြတယ်။ သူတို့က အေးဆေးပါပဲ။ စနစ်တကျနဲ့ အပိုင်းပိုင်းတင်ပြီး လွယ်လွယ်ကလေးနဲ့ ပြီးသွားကြတယ်။ ဒို့ဒကာတွေ လုပ်သလိုမျိုး အလုပ်က သိပ်မများလှပါ။
ဓမ္မာရုံရုပ်လုံး ပေါ်လာတော့ ဝမ်းမြောက်တဲ့လူတွေက များလာတယ်။ အရင်တုန်းက သဘောမတွေ့ခဲ့တဲ့လူတွေ သဘောကျလာကြတယ်။ အရင်က အငြင်းသန်လာကြတဲ့လူတွေ နှုတ်ဆိတ်သွားကြတယ်။ အရင်က အပြစ်ပြောတဲ့လူတွေက ချီးမွမ်းစကား ပြောလာကြတယ်။ အရင်ကလည်း ကဲ့ရဲ့တယ်၊ အခုလည်း ကဲ့ရဲ့နေကြတဲ့လူတွေလည်း ရှိသေးတယ်။
ဒီနေ့ ဓမ္မရက္ခိတကျောင်းက ဦးတေဇောဘာသ ရောက်တော့ ပဝါရဏာအကြောင်း ဆွေးနွေးဖြစ်တယ်။ ဖော့ဝိန်းမြို့မှာ မြန်မာလေးကျောင်းရှိလို့ အချင်းချင်းပူးပေါင်းဆောင်ရွက်
ပြည်ပမှာ ဘုန်းကြီးတွေက ထင်သလို လုပ်လို့မရပါဘူး။ ကျောင်းအတော်များများက ဒကာတွေ ပိုင်ကြပါတယ်။ အချို့ဆို အဖွဲ့အစည်းတွေ ပိုင်ကြပါတယ်။ တစ်ခုခုလုပ်စရာရှိယင် ဒကာတွေ မသိဘဲ လုပ်လေ့မရသလို ဘုန်းကြီးတွေ လုံးဝမကြိုက်ယင်လည်း ဒကာတွေ လှုပ်လို့ မရပါဘူး။ ရဟန်းနဲ့ဒကာကြားမှာ Check & Balance ရှိတယ်။ အပြန်အလှန်ထိန်းကျောင်းမှုတွေ ရှိတယ်။ တစ်ခါတလေ ဘုန်းကြီးဆိုးနဲ့တွေ့တာ ရှိသလို အဆင်မပြေတဲ့ဒကာတွေလည်း နေရာရလာတတ်ကြပါတယ်။ ဒါလည်း ရေရှည်ဆိုးလို့ မရပါဘူး။
ဒါဟာ သာသနာပြုဘုန်းကြီးတစ်ပါးအနေနဲ့ ငြီးငြူစရာမရှိပါ။ သာသနာတော်အတွက် ကျေးဇူးများဖို့ပဲ အစဉ်ကြိုးစားနေရမှာပါ။ တစ်ခါတလေ ဘုန်းကြီးတွေပြောသမျှ ဒကာတွေက ပယ်ချကြပါတယ်။ ဒါဟာ ဝမ်းနည်းစရာမဟုတ်ပါ။ အချို့ဘုန်းကြီးတွေက ဒကာတွေကို ကြောက်ရကြောင်း သိရပါတယ်။
တိုရွန်တိုမြို့ ဓမ္မိကာရာမမြန်မာကျောင်းကို ရောက်တော့ သိမ်ဆောက်ဖို့ ဘုန်းကြီးနဲ့ဒကာ ငြင်းနေတုန်းပဲ။ ဆောက်ချင်တဲ့လူက တစ်ဖက်၊ မဆောက်ချင်တဲ့လူကတစ်ဖက်ပေါ့။ ဆရာတော်ကလည်း ဒို့ကကွာ (၈၈)တုန်းကလည်း သေနတ်ကိုင်တဲ့မဆလစစ်သားတွေကို မကြောက်ဘဲ ဆန္ဒပြရဲကြတယ်၊ အခု ဒီနိုင်ငံရောက်မှ ဒီက ဒကာတွေကို လာကြောက်နေရပါလားတဲ့ အရွှန်းဖောက်ပါတယ်။ ဆရာတော်က မမှန်ဘူးဆိုယင် သေနတ်နဲ့ခြိမ်းခြောက်လည်း ကြောက်စရာမလိုဘူး၊ ဒီမိုကရေစီအမှန်တရားအရဆိုယင် နှုတ်ရေးအရလည်း ကြောက်သင့်က ကြောက်ရမှာပဲလို့ ဆိုလိုရာရောက်သလိုပါပဲ။
အခုလည်း စာရေသူတို့ကျောင်းမှာ ဗုဒ္ဓဘာသာမွန်ကျောင်းကို သာသနာရေးဌာနလက်အောက်မှာ ထားတယ်၊ အဲဒီသာသနာရေးဌာနက MRC အောက်မှာ ထားတယ်ဆိုတော့ ဘုန်းကြီးတွေက ဘယ်အဆင့်မှာ ရှိနေသလဲ မေးစရာရှိပါတယ်။ စာရေးသူတို့က ကမ္ဘာအေးမှာ နေဖူးတော့ ဒီလိုအနေအထားမျိုးက သိပ်ပြီးတော့ မထူးဆန်းပါဘူး။
ကမ္ဘာအေးမှာ နေတုန်းက အဆောင်မှူးပေါ့။ ဟိုက အဆောင်မှူးက သင်တန်းသားတွေ ရွေးကောက်တင်မြှောက်လို့ မဟုတ်ဘဲ အပေါ်က ကြိုက်လို့ ရွေးပြီး ကောက်လိုက်တာပါ။ ဗဟိုစနစ်အရ မှားတယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် အဆောင်အုပ်ချုပ်ရေးမှာ လူကြီးတွေ သိပ်ပြီးတော့ ဝင်မစွက်ပါဘူး။ သင်တန်းသားတွေကိ နိုင်နင်းအောင် အုပ်ချုပ်နိုင်ယင် ရပြီ။ လူကြီးတွေကို ကလန်ကဆန်မလုပ်ယင် ကျေနပ်ပြီ။
လက်ရှိစာရေးသူတို့ကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးမရှိပါ။ နာယကဆရာတော်ပဲ ထားပါတယ်။ အဲဒီနာယကဆရာတော်ကိုလည်း ဒကာတွေနဲ့ ကျောင်းနေသံဃာတွေက မဲစနစ်နဲ့ ရွေးချယ်ကြတယ်။ ဒီနှစ်မှာ စာရေးသူက မဲအများဆုံးရလို့ နာယကဆရာတော် လုပ်ပါတယ်။ နောင်လာမယ့်နှစ်မှာ မဲရဦးမလား မသေချာပါဘူး။
တစ်နှစ်တာ အုပ်ချုပ်နေတဲ့အချိန်မှာလည်း စိတ်ကြိုက်အုပ်ချုပ်ရတာမဟုတ်ပါ
ဦးတေဇောဘာသနဲ့ ဆွေးနွေးကြည့်တော့ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲဆိုတာ သဘောတူကြပါတယ်။ မတူကွဲပြားမှုတွေကို သည်းခံပြီး ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့လာဆည်းပူးခြင်းမှာ ဒီမိုကရေစီကျင့်စဉ်တစ်ခုပါပဲလို
ဒီမိုကရေစီအလေ့အကျင့်မှာ နေသားကျလာတော့ လူ့တန်ဖိုးကိုလည်း သိတတ်လာတယ်။ စာတတ်သည်ဖြစ်စေ၊ စာမတတ်သည်ဖြစ်စေ၊ အတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတစ်ယောက်က စကားပြောယင် နားထောင်ပေးနိင်ယင် ဒါက အပေါင်းလက္ခဏာဆောင်ပါတယ်။ အနည်းဆုံး ကိုယ့်ကို တိုက်ခိုက်လာမယ့် လူတစ်ယောက်ကို ခွင့်လွှတ်နားလည်ပေးနိုင်ယင် နားလည်ပေးသူက မြင့်မြတ်သလို နားလည်ပေးခံရသူအတွက်လည်း မနစ်နာတော့ဘူး။
ဒီမိုကရေစီစနစ်တစ်ခုမှာ စည်းကမ်းတကျ နေတတ်လာပြီဆိုယင် ဓမ္မာရုံကို တစ်ဆင့်ပြီးတစ်ဆင့် သူ့နေရာနဲ့သူ တည်ဆောက်နေသလိုပဲ စာတတ်မတတ် အတွေ့အကြုံရှိမရှိ ကိုယ်လက်အင်္ဂါစုံမစုံ အားလုံးသောပြည်သူအပေါင်းတို့ဆီက contribution ရအောင်ပဲ ယူသင့်တာပဲမဟုတ်လား။ အဲဒီလို ယူသင့်ယူခဲ့လို့ ဒီလို ဓမ္မာရုံကြီးတစ်ဆောင် ရုပ်လုံးပေါ်လာပြီမဟုတ်လား။ ကြည့်တတ်ယင် ပညာရပါတယ်။ မကြည့်တတ်ယင် နေရာတိုင်းမှာ အကုသိုလ်ချည်းပါပဲ။
လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ
နောက်ပြီး ဓမ္မာရုံတည်ဆောက်ဖို့ ဓမ္မာရုံပုံစံက အဓိကကျတယ်။ ဒီဓမ္မာရုံပုံစံကို အချေအတင်ဆွေးနွေးရတယ်။ ဒီဓမ္မာရုံပုံစံကို တစ်ယောက်ယောက်က စိတ်ကြိုက်ရေးဆွဲပြီး ကျန်တဲ့လူတွေကို ဒီမိုကရေစီနည်းအရ ငါဆောက်ခွင့်ပြုတယ်လို့ သွားပြောလို့ မရပါဘူး။ အခရာကျတာက ဒီပုံစံပဲ။ ဒီပုံစံကို တစ်ဖက်သတ်ရေးဆွဲထားယင် ဒီဓမ္မာရုံက အများသဘောတူဓမ္မာရုံမဟုတ်ဘူး။
ဓမ္မာရုံပုံစံရေးဆွဲတုန်းက ပါဝင်သူတွေက အားလုံး ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ
ပြည်ထောင်စုမှာလည်း ဒီလိုပါပဲ။ အခြေခံဥပဒေကို ရေးဆွဲတဲ့အခါ ဇွတ်မရေးသင့်ပါ။ အများသဘောတူနိုံင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ အရေးကြီးတယ်။ ဒါမှ အများဆန္ဒနဲ့ နီးစပ်မယ်။ အဲဒီပုံစံကို ရတော့ ပြည်နယ်တွေက သူ့အပိုင်းနဲ့သူ ပြည်ထောင်စုကြီးဖြစ်အောင် တည်ဆောက်ကြပေါ့။
စဉ်းစားကြည့်တော့ စနစ်တစ်ခုပဲ လိုတာပါ။ အဲဒီစနစ်မှာ လူအားလုံးက သဘောတူဖို့ လိုပါတယ်။ မိသားစုတစ်စုမှာ မိဘဆိုတဲ့ပြည်ထောင်စုလက်အောက်မှ
ကိုင်း...ရေးရင်းနဲ့ ညနက်ပြီ။ ဒီမျှပါပဲ။ နောက်မှ ဆက်ရေးကြတာပေါ့။
0 comments:
Post a Comment