Friday, September 16, 2011

"စာပေအနုပညာ သဘောတရား "


Waynaythu Lay created the doc:

ရှေးအစဉ်လာပေါင်းများစွားကပင် စာပေနှင့်ပတ်သက်၍ လူတို့၏အသိဥာဏ်ထွန်းကားခဲ့ကြသည်။
ကျမ်းစာ၊ပြဇာတ်၊၀တ္တု၊ပုံပြင်နှင့်ကဗျာတို့သည် ခေတ်အဆက်ဆက်တိုင်အောင် ယနေ့ထိတည်တန်ခိုင်မြဲခဲ့
ကြသည်။စာတိုပေစများစွာကပင် စာကောင်းပေမွန်များဖြစ်ပေါ်လာသည်ကိုကြည့်ရူခြင်းအားဖြင့်
လူတို့၏ ယဉ်ကျေးမှုအသွယ်သွယ်ကို လက်ဆင့်ကမ်းသယ်ယူကြသည်မှာ နှောင်တစ်ခေတ်ထိရှိနေမည့်
အမှန်တရားတည်း။

စာပေသမိုင်းပေါင်းများစွာနှင့်ဝါဒပေါင်းများစွာ ဖြစ်ထွန်းခဲ့သည်။စာပေနှင့်ပတ်သက်ပြီး အယူအဆများစွာ သည်လည်း လူတို့၏ ကောင်းမွေဆိုးမွေ အဆင့်ဆင့်ကို ဖြစ်ပေါ်ပြောင်းလဲ ပေးခဲ့သည်။ ကျူချပ်၊ ပေမွန်၊ အုတ်ခွက်စာ၊ကျောက်စာစသည်တို့သည် စာပေ၏ ကြီးမားလှသော ဂုဏ်သတ္တိကို ဖော်ကြူးပြနေသည်။ စာပေနှင်ပတ်သက်ပြီး မိမိ၏ယုံကြည်ချက်အတွက် အဆိပ်ခွက်ကိုပင် သောက်ခဲ့ရသော ပုဂ္ဂိုလ်များ၊ ကြိုးစင် တတ်သွားသူများ၊ ထောင်သွင်းအကျဉ်းကျခံနေရသူများသည် ကမ္ဘာတည်သရွေ့ ရှိနေသည်၊ ရှိလည်းရှိနေ အုံးမည်။

စာရေးခြင်းသည် လွယ်ကူကောင်းလွယ်ကူပေလိမ့်မယ့်၊စာပေ ဖန်တီးမှုအတတ်ပညာပါလာလျှင် စာရေးခြင်း လောက်မလွယ်ကူတော့ပါ။ ထို့ကြောင့်လည်း စာရေးနည်းသင်တန်းဆိုတာတွေ (လိုအပ်ချက်အရ) ပေါ်ပေါက်လာရသည်။ စာပေဖန်တီးရာတွင် သဘာဝကျသည့်အရေးအသား(Novel)နှင့် သဘာဝမကျသည့် အရေးအသား(Story)ဆို၍ နှစ်မျိုးရှိသည်။ သဘာဝကျသည့်အရေးအသား(Novel) ဆိုသည်မှာလူ့သဘာဝကို မှန်ကန်တိကျအောင် ဖော်ပြရသောအမျိုးအစားဖြစ်သည်၊ ဇာတ်လမ်းဇာတ်ကွက်ကောင်းစေရန်ဆို၍ရေးချင် သလိုရေးနိုင်သည့် ပုံစံမျိုးမဟုတ်ပါ။ဇာတ်လမ်းမည်မျှကောင်းစေကာမှု သဘာဝမကျသော အဖြစ်ပျက်တစ်ခု ပါသည်ဟုဆိုလျှင် (Novel)အင်္ဂါနှင့်မညီဟုဆိုကာ (Story) အဆင့်အတန်းသို့လျှောဆင်းရသည်။ အနောက် နိုင်ငံများတွင် novel အမြောက်အမြား ကြိုးစားရေးသားလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင်မှုဝတ္တုရေးဆရာ အများစုမှာ story အဆင့်အတန်းမျှလောက်သာ အများအားဖြင့်ရေးကြသည်။ မြန်မာစာပေတွင် အဆိုပါဝတ္တု နှစ်မျိုးကို ခွဲခြားခေါ်ဝေါ်သည့် ဝေါဟာရအတည်တကျ မရှိသေးပါ။

သဘာဝမကျသည့်ပုံစံစာပေ(Story) များကိုလည်း အထင်မသေးအပ်ပါ။ထိုစာပေများနှင့် အောင်မြင်နေကြ သောစာရေးသူများလည်းရှိသည်။ထိုစာမျိုးသည်လည်း လိုအပ်သည်။အပျော်ဖတ်၊အပြင်းပြေစေရန်ဖတ်၍ ရနိုင်သည်။အဘယ်ကြောင့်ဆိုသော် ထိုသို့သောဝတ္တုမျိုးတွင် ဘ၀အဓိပ္ပာယ်ကို ဆောင်သောလေးနက် သည့် ယထာဘူတတရားမပါရှိချေ။ဖြစ်နိုင်သော ယုတ္တိတန်မှုမျှနှင့် လူ့ဘ၀ပေါ်ယံသဘာဝကိုသာ ဖတ် ကောင်းအောင် ဖော်ပြကြသည်။
Novel ခေါ် သဘာဝကျသည့် ၀တ္တိုမျိုးကား လူသေသော်လည်း နာမည်မသေ။ကမ္ဘာတည်သရွေ့ လေးလေး စားစားဖတ်ရှုရမည့်ဝတ္တိုမျိုး ဖြစ်သည်။သာဓကအားဖြင့် ဒေါ့စတာယက်စကီး(Fyodor Dostoevsky)၏ ကာရာမာဇော့ ညီအစ်ကိုများ (The Brothers Karamazov)၊တော်လစတွိုင်း(Leo Tolstoy)၏ စစ်နှင့်ငြိမ်းချမ်း ရေး (War and Peace) ၀တ္တု စသည်ဖြင့်ရှိကြသည်။မော်ဒန်၊ပိုစ့်မော်ဒန် စာရေးသူများ၏ ပြောစကားများအရ
 ကာရာမာဇော့ ညီအစ်ကိုများ(The Brothers Karamazov) စာအုပ်သည် လူ့သဘောနှင့်ပတ်သက်ပြီး နောက်ဆုံးသော ၀တ္တုလို့ ဆိုရမည်။

အထက်ကဆိုခဲ့သော အရာများသည် စာပေနှင့် စပ်လျင်းသော သဘောတရားအနည်းငယ်လောက်သာ
အမြည်းပေးခြင်း ဖြစ်သည်။ဖန်တီးမှုအတတ်ပညာ(အနုပညာ)ဆိုသည်မှာ ဘယ်သူမှ တိတိကျကျအဓိပ္ပာယ် (ယခုထိ)ဖော်လို့ မရသေးပါ။ ရှေးခေတ်ဘိုးတော်ကြီး ပလေတိုညွှန်းခဲ့တာက ပုံတူကူးခြင်းတို့ စသည်ဖြင့် တတ်နိုင်သလောက် ရှင်းပြခဲ့သည်။ ဒီလိုနဲ့ ကြားထဲမှာဖြစ်လာလိုက်တာ `အနုပညာသည်ပြည်သူအ တွက်´၊`အနုပညာသည် အနုပညာအတွက်´

အဲဒီကမှ ယနေ့ပြောပြောနေတဲ့ ပိုစ့်မော်ဒန်ဆိုတာကြီးအထိပါပဲ။ခံစားလို့ ရတယ်ဆိုရင် အနုပညာမြှောက် သည်။ (အဓိပ္ပာယ် ပိုလေးနက်သွားသည်) ယခုတက္ကသိုလ်၌ ပို့ချချက်အများစုသည် စရိုက်သေ၊စရိုက်ရှင် ဆိုတာကြီးထဲကကို မထွက်နိုင်သေးဖူး။ ကျန်ခဲ့ပြီ အရာရာနဲ့ကို။ စာပေနှင့်ပတ်သက်လာလျှင် သုတ၊ရသ ဆိုတာလည်း ချန်ထားခဲ့လို့ မရဘူး။မြန်မာပြည်မှာက သုတစာပေ အများဆုံးထွက်ရှိတယ်။ ရသစာပေ ဖတ်ချင်တယ်ဆိုရင်ဖြင့် ဂန္တ၀င်ခေတ်ဆီပြန်သွားရမလို ဖြစ်နေပြီ။အရေးကြီးတယ်လို့ဆိုနိုင်တဲ့ ကဗျာ၊ ကဗျာဟူသည်အဘယ်နည်း။(What is Poetry?) ကဗျာနှင့် ပတ်သက်လျှင်လည်း ပြောစရာတွေ အများပြား ရှိတယ်။ ပြောလို့ကုန်သွားတယ် ဆိုတာမျိုးမရှိနိုင်ဘူးလို့ စာရေးသူ ထင်မြင်မိတယ်။ (ကဗျာဆိုသည်မှာ အရာရာတိုင်းဖြစ်သည်။ကဗျာသည် မဖွင့်ဆိုနိုင်သော အရာကိုလည်းဖွင့်ဆိုနိုင်သည်။ အကန့်သတ်မရှိသည် ကိုလည်း ဖော်ပြနိုင်သည်။မပြောပြနိုင်လောက်အောင်ဖြစ်သောအရာကိုလည်း စကားပြောနိုင်သည်။ အသူတရာချောက်ကို ဖေါက်ထွင်းနိုင်သည်။ အဆုံးအစမရှိသည်ကိုလည်းတိုင်းတာနိုင်သည်။) (Poetry is verything:it can define the indefinable;it can embrace the illimitable; it can speak the eineffable;it can penetrate the abyss;it can measure efernity.)(GABRIELE D' ANNUNZIO)။

ကဗျာသည် စာဖတ်သူ၏ စိတ်ကိုနိုးကြားအောင် လှုံ့ဆော်ပေးသော ရသဆိုင်ရာ စာပေတစ်မျိုးဖြစ်သည်။ ကဗျာတစ်ပုဒ်သည် ကဗျာဖန်တီးသူ၏ စိတ်ဖြစ်စဉ်ကို ပြင်ပလောကအမူအရာများနှင့် ထိတွေ့ရာမှ ခံစားမှု၊ စိတ်လှုပ်ရှားမှု အကြောင်းခံ၍ ဖြစ်လာသည်။ကဗျာဖန်တီးသူ၏ ခံစားမှု အသိဖြင့် ရေးဖွဲ့အပ်သော စာပေ တစ်မျိုး ဖြစ်သည်။ ကဗျာရှည် (ကဗျာဝတ္တု) ဆိုတာလည်းရှိသေးတယ်။ကဗျာနှင့် ပတ်သက်ပြီး စာဖတ်သူ တို့ ကြိုက်နှစ်သက်သလို ခံစားနိုင်သည်။စာပေအနုပညာကို လေးစားတန်ဖိုးထားနိုင်သော ပုဂ္ဂိုလ်များ
ဖြစ်ပါစေ။ အလိမ္မာ စာမှာရှိ ဆိုသလို့ ဆိုးတာလည်း စာမှာရှိသည်။စာဖတ်အားနည်းသူများအနေဖြင့် မည့်သည့်စာအုပ်ဖတ်ရမလဲဆိုပြီး တွေးပူမနေပါနှင့် ကိုယ်နှင့်အနီးဆုံးမှာရှိတဲ့ စာပေကိုဖတ်ပါ၊စာစုံဖတ်ပါ။
တဖြည်းဖြည်းခြင်း ကိုယ်ဘာဖတ်ရမလဲဆိုတာ သိလာပါလိမ့်မယ်။စာဖတ်ခြင်းသည် မိမိကိုယ်ကိုကိုယ် ပြည်ဝစေ၏..။

ဝေးနေသူလေး
September 9.2011
(2:30 AM)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...