Sunday, September 4, 2011

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး

 
by Wai Maw on Sunday, September 4, 2011 at 7:31pm

၁၉၅၂ ခုနှစ် မတ်လ၃ရက်မှ ၂၁ နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန် ပြည်သူ့လွှတ်တော်ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ကျင်းပနေစဉ်၌ မတ်လ ၁၂ ရက် နေ့ တွင် ပြည်သူု့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်နှစ်ရပ် တွဲဖက် ညီလာခံမှ နိုင်ငံတော် တရား ရေး ၀န်ကြီးချုပ်ဟောင်းဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြည်။ သို့ဖြင့် မတ်လ ၁၃ရက်နေ့တွင်ပြည်သူ့လွတ်တော်အစည်း အဝေးခန်းမ ကြီး၌ ဒေါက်တာဘဦးသည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားကို ကျင်းပခဲ့သည်။


ယင်းနေ့၌ပင် နိုင်ငံတော် သမ္မတကြီးအဖြစ် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ ၁၉၅၂ ခုနှစ်မတ်လ ၁၂ ရက်နေ့ အထိ ထမ်းရွက်ခဲ့သော သမ္မတဟောင်း ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက်အား လူမျိုးစုလွှတ်တော် နယက အဖြစ် ရွှေးကောက်တင်မြောက်ခဲ့ ကြသည်။

မြန်မာနိုင်ငံ၏ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီးအဖြစ် ရွှေူးကောက် တင် မြောက် ခြင်းခံ ရသော ဒေါက်တာဘဦးကို ခရစ် ၁၈၈၇ ခုနှစ် မေလ ၂၆ရက် ကြာသာပတေးနေ့တွင် ပုသိမ်မြို့၌ အဖ အရေးပိုင် ဦးဖိုးလှ (C.I.E, K.S.M, A.T.M) အမိ ဒေါ် ညွန့်တို့မှ ဖွားမြင်ခဲ့သည် ။

မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်သည်။ မွေးချင်းကိုးယောက် အနက် ညီငါး ယောက် နှင့် ညီမ ၁ ယောက်တို့မှာ ငယ်စဉ်ကပင် ဆုံးပါးသွား ခဲ့ရာ ဒေါက်တာဘဦး၊ ညီကပ္ပတိန်လှဘူး နှင့် ဦးမြဘူး တို့သာ ကျန်ရစ်ခဲ့သည်။


ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး

ဖခင်ဖြစ်သူ အရေးပိုင် ဦးဖိုးလှ မှာ ၁၉၂၁ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် ပုသိမ်မြို့မှ အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည်။
အောက်လွတ်တော် အမတ် အဖြစ် သက်တန်းတကြိမ်ဆောင်ရွက်ပြီးနောက် ၁၉၃၆ ခုနှစ်တွင် အထက် လွှတ်တော် ဒုဥက္ကဌအဖြစ် ဒုတိယကမ္ဘာစစ် မဖြစ်မီအထိ ဘုရင်ခံ၏ ခံ့အပ်ခြင်းခံခဲ့ရသည်။
ဒေါက်တာဘဦးသည် ပုသိမ် တိုင်းရင်းမြန်မာကျောင်း၊ မအူပင် အစိုးအလယ်တန်း ကျောင်း အေတီအမ် အလယ်တန်းကျောင်း၊ ပုသိမ်အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်းအစိုး ရအထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။
၁၉၀၅ ခုနှစ်တွင် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ မက်ထရစ် စာမေးပွဲ (တက္ကသိုလ်ဝင်တန်း) ကို ဒုတိယ အဆင့်မှ အောင်မြင်၍ ပညာသင်စုရခဲ့သည်။ ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာသင်ရာအက်ဖ်အေ စာမေးပွဲ မဖြေမီ ၁၉၀၇ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်ပြည်သို့ ဥပဒေပညာ သွားရောက် သင်ယူသည်။
ထို့နောက် ကိန်းဘရစ် တက္ကသိုလ် ထရီနတီ ကောလိပ် မှ ၁၉၁၂ တွင် ဥပဒေဘွဲ့ (L.LB) မဟာဝိဇ္ဇာဘွဲ့ (M.A) ၁၉၁၃တွင် ၀တ်လုံဘွဲ့ (Barrister) ဘွဲ့များရရှိခဲ့သည်။ အင်္ဂလန် ၌ပညာသင်နေစဉ်အတွင်း မြန်မာ - ကိန်းဘရစ်တက္ကသိုလ်ကလပ်အသင်း တွင် အတွင်းရေးမှုး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၁၃ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာခဲ့သည်။

၁၉၁၃ မှ ၁၉၂၀ထိ ရန်ကုန်လွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်၍ ၁၉၂၁ ခုနှစ်မှ စတင်ကာ အစိုးရ၀န်ထမ်းလောကသို့ ၀င်ရောက်ခဲ့သည်။ ၁၉၂၁- ၂၂ တွင် ဖျာပုံခရိုင် စက်ရှင် တရားသူကြီး၊
၁၉၂၂-၂၃တွင် ရန်ကုန်အစိုးရ ရှေ့နေ ၊
၁၉၂၃ - ၃၀ တွင်တောင်ငူ၊ မကွေး၊ မြောင်းမြ ခရိုင်စက်ရှင် တရားသူကြီး။
၁၉၃၀ - ၃၂ တွင် တရားလွှတ်တော် တရားဝန်ကြီး၊
ရန် ကုန်ခရိုင်နှင့် အင်းစိန်ခရိုင် စက်ရှင်တရားသူကြီး အဖြစ်ဆောင်ရွက်ခဲ့သည်။
ခရိုင်နှင့် စက်ရှင် တရာသူကြီးအဖြစ် အင်းစိန်ခရိုင်တွင် တာဝန်ချထားခံရစဉ် ၁၉၃၀ ပြည့်နေ့ ဒီဇင်ဘာလတွင် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရာ အထူးခုံရုံး တရာသူကြီး ဂျေအာအီးကန်းလစ်၊ အေဂျေဒါဝတ် တို့နှင့်အတူ အထူးခုံရုံးအဖွဲ့ဝင် တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော် ပုံ ဂဠုန်တပ်သားများကို အိန္ဒိယ ရာဇသတ် ပုဒ်မ ၁၂၁ အရ သေဒဏ် အပြစ်ပေးခဲ့သည်။
သို့သော် နောင်တွင် ၄င်းရေးသားခဲ့သော ‘ ကျွှန်ုပ် ၏ ပြည်မြန်မာခေါ် သမ္မတတစ်ဦး၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ’ (My Burmaး The autobiography of a president ) စာအုပ်တွင် တောင်သူလယ်သမားများဘက်မှ တတ်နိုင်သမျှ ဖေးမ ခဲ့ကြောင်း၊ ပြစ်ဒဏ်ထင်ရှားသူများကို သာ အထက်မှ ဖိအားပေး၍ တာဝန်အရ ပြစ်ဒဏ်စီရင် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ခုခံ ရေးသားထားလေသည်။
ထို့ပြင် မြန်မာ့လွတ်လပ်ရေး လမ်းပြဆရာတော် ဦးဥတ္တမ သည် ဒေးဒရဲမြို့ စုကလပ်ရွှာ တရားပွဲတွင် နယ်ချဲ့ ဗြိတိသျှ အစိုးရအား ပြင်းပြင်းထန်ထန် ဆန့်ကျင်တရားဟောပြောမှုဖြင့်ပုဒ်မ ၁၂၄(က) နှင့်  ၁၅၃ (က) အရ ထောင်ဒဏ်သုံးနှစ်နှင့် ၈ လ ချမှတ်ခဲ့သည့် ကိစ္စနှင့်ပတ် သက်၍ ဆရာတော်ဦဥတ္တမကို ပြစ်ဒဏ် ချမှတ်ခဲ့သူမှာ ၄င်း၏ဦးလေး မအူပင်အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M) ဖြစ်ပြီးအမှုကို ကိုင်တွယ်ရမည့် ဖျာပုံ ခရိုင်အရေးပိုင်မှာ သူ၏ဖခင် ဦးဖိုးလှဖြစ်ကြောင်း၊
၎င်း၏ဖခင်ဖြစ်သူ ဦးဖိုးလှက အမှုကို မကိုင်တွယ်လို၍ အခြားတစ်ဦးအား လွှဲပြောင်းခွင့်တောင်းခဲ့ရာ မအူပင် ခရိုင်အရေးပိုင် ဦးဖိုးဘေအား တရားလွှတ်တော်မှ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊
တဖန် ဦးဖိုးဘေကလည်း လွှဲပြောင်းခွင့်ထပ်မံတောင်းရာ တရားလွှတ် တော်ချုပ်မှ ခွင့်မပြု၍ ဆရာတော်ဦးဥတ္တမအား စီရင်ချက်ချခဲ့ရခြင်း ဖြစ်ကြောင်း
စီရင်ချက်ချခဲ့ သော်လည်း ဆရာတော်အား ထောင်တွင်း၌သက်တောင့်သက်သာ နေစေရန် ၄င်း၏ဖခင်က စီမံပေးခဲ့၍ ဆရာတော်ဘက်မှလည်း ကျေးဇူးတင်ရှိကာ ဆရာဒကာ ဆက်ဆံရေး ရှိခဲ့ကြောင်း၊
သူ၏ဖခင်နှင့် ဦးလေးတို့၏ သဘောထားကို ဆရာတော် နားလည်၍ ဆရာတော်ထောင်မှ လွှတ်ချိန်တွင် ၄င်း၏ညီများနှင့် အလွန်ရင်းနှီး သွားပြီး အထူးသဖြင့် ကပ္ပတိန် လှဘူး၏ နေအိမ်တွင် အခါအားလျော်စွာ ဆွမ်းဘုန်းပေးခဲ့သည်မှာ ဆရာတော်ပြန်လွန်တော် မမူခင် ၂ နှစ် ၃ နှစ်မျှ ထိပင် ကြာမြင့်ခဲ့ကြောင်း ရေးသားခဲ့လေသည်။
ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး

ထို့နောက် ဒေါက်တာဘဦးသည် ၁၉၃၂-၄၂တွင် တရားလွှတ်တော် တရားဝန်ကြီး၊
၁၉၄၂-၄၅ ဂျပန် ခေတ်တွင် တရားလွှတ်တော်ဝန်ကြီး ၊
၁၉၄၅ -၄၈ တွင် တရားလွှတ်တော်ချုပ်၏ တရားဝန်ကြီး ချုပ် ၊
၁၉၅၂ ခုနှစ် မတ်လ ၁၃ရက်နေ့မှ ၁၉၅၇ မတ်လ ၁၂ရက်နေ့အထိ နိုင်ငံတော်သမ္မတ ၊
၁၉၆၀ပြည့်နေ့ ဧပြီလ ၂၅ရက်နေ့ မှ ၁၉၆၂ မတ်လ ၁ရက် နေ့အထိ နိုင်ငံတော်အစိုးရ အကြံပေးအဖွဲ့ဥက္ကဌအဖြစ် အသီးသီး ဆောင်ရွက်ခဲ့သည်။
ဒေါက်တာဘဦးသည် ၁၉၁၃ ခုနှစ်တွင် ဖခင်၏ အစ်မ ကြီး ဒေါ်ရှင်နှင့် ခရိုင်စက်ရှင် တရားသူကြီး ဦးအောင်ဇံ (K.S. M) သမီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထပ်၍ သားနှစ်ယောက် ထွန်းကားခဲ့သည်။
ထို့နောက် ၁၉၂၁ ခုနှစ်တွင် ဇနှီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါဖြစ် ကွယ်လွန်ခဲ့ပြီးနောက် ၁၉၂၃ ခုနှစ်တွင် ဖခင်၏ ညီဖြစ်သူ အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M)၏ သမီးထွေး ဒေါ်အေးနှင့် ဒုတိယအိမ်ထောင် ထူခဲ့သည်။
ဒေါ်အေးနှင့် သားနှစ် ယောက် သမီး ၃ ယောက် ထွန်းကားခဲ့သည်။
၁၉၄၁ ခုနှစ်တွင်ဒေါ်အေး ကွယ်လွန်ခဲ့သည်။ ဒေါ်အေးကွယ်လွန်ပြီးနောက် ၆လအကြာတွင် ပထမအိမ်ထောင်မှ ဒုတိယ သား နှင့်ဒုတိယ အိမ်ထောင်မှ သမီးနှစ်ယောက်တို့ အဆုတ်ရောဂါဖြစ် ကွယ်လွန်သွားခဲ့လေသည်။

တရားလွှတ်တော် တရားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ရွှေးကောက်ပွဲ စုံစမ်းရေး ကော်မတီများ၊ ၁၉၃၈ ဒီဇင်ဘာလတွင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့် ကျောင်းသားသ ပိတ်တွင် စုံစမ်းရေးကော်မတီဝင်၊ ၁၉၃၁ ခုနှစ်တွင် ဆရာစံနှင့် ဂဠုန်တပ်သားများအား အမှု့စစ် ဆေး၍ အပြစ်ဒဏ်ချမှတ်ခဲ့သည့် အထူးခုံရုံး တရားသူကြီးအဖွဲ့ဝင်၊ ၁၉၄၇ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ၏ တရားရေးကော်မတီ၌ အကြံပေး၊ ၁၉၄၈ -၅၂ ဒေသ အုပ်ချုပ်မှု စုံစမ်းရေးကော်မတီနှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ဥက္ကဌ စသည့်တာဝန် များကိုထမ်းရွက်ခဲ့သည်။
လူမှုရေးလုပ်ငန်းများအနေဖြစ် အိုးရီးရင့်ကလပ် ဥက္ကဌ၊ မြန်မနိုင်ငံကြက်ခြေနီအသင်း၊ သူနာပြုတပ်ဖွဲ့၊တက္ကသိုလ်ရန်ပုံငွေအဖွဲ့၊ပန်းဥယျာဉ်အသင်းဥက္ကဌအဖြစ်စသည့်အဖွဲ့အ စည်းများကို ဦးဆောင် ပါဝင်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဗြိတိသျှအစိုးရမှ ချီးမြင့်သောဆာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံရသည့်အခါ ဆာဘွဲ့ကို စွန့်လွှတ်ခဲ့ရ သည်။

နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာသရေစည် သဘွဲူ့၊ အဂ္ဂမဟာ သီရိသူဓမ္မဘွဲ့များ ချီးမြင့်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ် ထူးဆောင်ဥပဒေပညာ ပါရဂူ (L. LD) ဘွဲ့ ချီးမြှင့်ခံရသည်။
၁၉၅၅ တွင် ယိုးဒယား(ထိုင်း) ဘုရင်၏ ဂုဏ်ထူးဆောင် ဆင်ဖြူဘွဲ့ တဆိပ် ၊ ယူဂိုစလားဗီးယား နိုင်၏ ဂရိတ်စတားတဆိပ် များ ချီးမြင့်ခံရသည်။
ဒေါက်တာဘဦးသည် ၁၉၆၃ ခုနှစ်နိုဝင်ဘာလ ၉ ရက်နေ့တွင်ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
ကွယ်လွန်စဉ် က သားကြီးဦးကျော်ဦး၊ ဦးမြဦး၊ ဦးမြင့်ဦး နှင့်သမီး ခင်စောဦး ကျန်ရစ်ခဲ့သည်။
နိုင်ငံတော်သမ္မတဟောင်းဒေါက်တာဘဦးသည် ၁၉၅၉ခုနှစ်က ကျွှန်ုပ်၏ ပြည်မြန်မာခေါ် သမ္မတတဦး၏ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကိုအင်္ဂလိပ်ဘာသာဖြင့် ရေးသား၍ ထုတ်ဝေခဲ့သည်။
အဆိုပါစာအုပ်ကို ၂၀၁၀ ပြည်နေ့ ဇွန်လတွင် စာရေးဆရာ စိန်ဝင်းစိန်က ကျွှန်ုပ်၏မြန်မာနိုင်ငံ အမည်ဖြစ် ဘာသာပြန်၍ လောကသစ်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သည်။

သန်းဝင်းလှိုင်
၃၁ -သြဂုတ် - ၂၀၁၁
ဖော်ဝပ်မေးလ်မှ ရောက်ရှိလာပါသဖြင့် ထပ်ဆင့်ဖော်ပြပေးလိုက်ပါသည်။(ဟစ်တိုင်)
---------------------------------------------

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...