မှော်ဂီတရှင်သို့တမ်းချင်း
Dhlaing Win | 3:11pm Sep 9 |
ငှက်
သူဟာ အသိုက်မလိုဘူး
ဂီတ၏ ရိပ်မြုံတစ်ခုအောက်မှာ ပျော်ဝင်စီးဆင်းနေလေရဲ့
နာရီပေါ်က စိုစွပ်နေတဲံ့ မျက်ရည်စက်တွေကို
ရေတွက်ဖို့
အလွမ်းကဖီးမှာ ဆေးပေါ့လိပ်တိုကို မိးမြိုက်ချိန်
သက်ငြိမ်ရဲ့ ရင်ခုန်သံကို အတိုင်းသားကြားခဲ့ရ။
ငှက်
သူဟာ အသိုက်မလိုဘူး
ဂီတ၏ ရိပ်မြုံတစ်ခုအောက်မှာ ပျော်ဝင်စီးဆင်းနေလေရဲ့
စကားလုံးမရှိတဲ့ကောင်းကင်တွေအော
ရင်တွေခုန်တတ်စအရွယ်ကတည်းက
အဓိပတိလမ်းက ခြေရာတွေကို ရေတွက်ဖို့ရာ
ငါ ရူးရူးမိုက်မိုက်နဲ့ အရိပ်စစ်ကိုရှာဖွေခဲ့
နွေဦးကံ့ကော်တွေကြားမှာ
နဲနဲလေးတော့လွဲနေလျက်ပါပဲ
ပျိုမြစ်နုနယ်သောဧရာဝတီရေ
လွဲလွဲလေးလဲကောင်းနေပါသေး၏ ။
အခုတော့
အခါလွန်မှရွာတဲ့မိုးတွေကြောင့်
ဂျပ်ဆင်ကြီးအထက်က
လရိပ်လေးလဲ မပြာနိုင်တော့ဘူး
ဒုက္ခအိုးလေးက မေမေနေကောင်းလားလို့
မေးနေပါလျက်
ခေါင်းလောင်းလေးတွေမြည်နေဆဲမှာ
ရထားဥသြသံကိုကြားပြီး အမေ့အိမ်ဆီ ပြန်နှင့်ပြီလေ ။
ငှက်
သူဟာ အသိုက်မလိုဘူး
ဂီတ၏ရိပ်မြုံတစ်ခုအောက်မှာ ထာဝရ ပျော်ဝင်စီးဆင်းနေလေရဲ့။
ဒီလှိုင်းဝင်း (မန္တလေး )
၁၄-၈-၂၀၁၁ ရက်နေံ ကိုငှက်ကြီး ကွယ်လွန်ခြင်း (၇)နှစ်ပြည့်အမှတ်တရ
0 comments:
Post a Comment