Saturday, September 10, 2011

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း(၃)


အကျိုးတူအုပ်စုများနှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ
(Interest Groups and Public Opinion)
          ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဆိုသည်နှင့်အညီ ပြည်သူ့အသံ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိသည်။ သို့ရာတွင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံဆိုသည်ကို တစုတစည်းတည်းအနေဖြင့် သတ်မှတ်ရန်ကား အခက်အခဲရှိပါသည်။ ပြည်သူလူထုကြီးတွင် အလွှားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေရကား ထိုသူအားလုံးသည် တထပ်လည်း၊ တသံတည်းဖြစ်သော ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ ဆိုသည်ကို ထုတ်ဖော်ရန် များစွာ အခက်အခဲရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ပြည်သူ့ဆန္ဒ ပြည်သူ့အသံမျိုးစုံသည် ကွဲပြားခြားနားသော အလွှာ၊ လူမျိုး၊ ဘာသာ စသည့်နယ်ပယ်များမှ ဆင်းသက်ခြင်း ဖြစ်လာရသည်။ ထိုအခါ ကိုယ်ကျိုးစီးပွားတူရာများဖြင့် ဖွဲ့စည်းထားသည့်အုပ်စုများသည် နိုင်ငံရေးတွင် စုပေါင်းပါဝင်လာကြသည်။
          အချို့က အကျိုးတူအုပ်စုများ ဒီမိုကရေစီနိုင်ငံရေးတွင် ပါဝင်နေမှုကို ဝေဖန်မှုပြုကြသည်။ အထူးသဖြင့် မာစ့်-လီနင် ကွန်မြူနစ် နိုင်ငံရေးအတွေးအခေါ်သည် လူတန်းစားအလွှားကြောင့် ဖြစ်ပေါ်လာရသော ကိုယ်ကျိုးစီးပွားအုပ်စုကို ဆန့်ကျင်ဝေဖန်သည်။ ၁၉ ရာစုတွင် အင်္ဂလန်နိုင်ငံတွင် ရှိခဲ့သော ၀ှစ် (Whig) များ၏ နိုင်ငံရေးတွင် လွှမ်းမိုးနိုင်မှုကို ထောက်ပြရင်း အဆိုးဘက်မှ ဝေဖန်ကြသည်။ ယနေ့ခေတ်တွင်မှု ၁၉ ရာစုခေတ်က ၀ှစ်အလွှာ၏ နိုင်ငံရေးကို ချုပ်ကိုင်ထားမှုမျိုး မည်သည့်လူတန်းစား တရပ်ကိုမျှ ဒီမိုကရေစီနိုင်ငံရေး စနစ်တွင် ခွင့်မပြုချေ။ ထို့အပြင် လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများတွင် လူလတ်တန်းစား ပညာတတ်များ၊ ကုန်သည်များ၊ အလုပ်သမားများ၏ ထုထည်ပမာဏသည် ၁၉ ရာစုခေတ်ကနှင့်မတူ ကြီးထွားလာသည်။ တနည်းအားဖြင့် ၀ှစ်အလွှာကို ဖယ်ရှားနိုင်ခြင်းဖြစ်သည်။ ထို့အပြင် ကွန်မြူနစ်ဝါဒက လူ့အဖွဲ့အစည်းကို ရှုမြင်ရာတွင် အတန်းစား ရှုထောင့်မှ ရှုမြင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းကြီးတွင် အတန်းအစား (အလွှာ) အပြင် လူမျိုးရေးကွဲပြားခြားနားမှု၊ ဘာသာရေး ကွဲပြားခြားနားမှုတို့သည် နိုင်ငံရေးတွင် နက်နဲသော ပြဿနာများအဖြစ် ပါဝင်လျက်ရှိကြသည်။ ဆိုဗီယက်ပြည်ထောင်စု၏ ကွန်မြူနစ် ခေါင်းဆောင်များ သည် ရုပ်ထွေးလှသော ဆိုဗီယက်ပြည်ထောင်စု၏ လူမျိုးရေးပြဿနာများကိုအတန်းအစားပြဿနာ ဖြေရှင်းလျှင် လူမျိုးရေးပြဿနာ ဖြေရှင်းပြီးဖြစ်သည်ဟူသော အယူအဆအရ အတန်းအစားရေးကိုသာ အဓိကထား ဖြေရှင်းခဲ့သည်။ လူမျိုးကို  ကိုယ်စားပြုလျက် ဆိုဗီယက်ပြည်ထောင်စုကြီးမှ နိုင်ငံ (၁၅) ခုကွဲထွက်သွားခြင်းသည် ရှုပ်ထွေးလှသော လူမျိုးရေး ပြဿနာကို အတန်းအစားပြဿနာ ဖြေရှင်းရေးရှုထောင့် တခုတည်းမှ ချည်းကပ်မရတော့ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အတန်းအစား၊ အလွှာအပြင် အခြားသော ပုံသဏ္ဌာန်အမျိုးမျိုး နိုင်ငံရေးဘ၀ထဲတွင် ပါဝင်နေကြသည်ကို အသိအမှတ် ပြုရမည်သာ။ ထိုပုံသဏ္ဌာန်အမျိုးမျိုးသည် တူရာတူရာ အကျိုးတူအုပ်စု အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက် ကြပြီးနိုင်ငံရေးတွင် ပါဝင်လာကြသည်။
          အချို့သော အကျိုးတူအုပ်စုများသည် အစိုးရပေါ်လစီအပေါ် များစွာလွှမ်းမိုးနိုင်သည်ကို တွေ့ရသည်။ ထိုသို့လွှမ်းမိုးနိုင်ခြင်းအပေါ် အစိုးရက ပြောင်းလဲပစ်နိုင်သဖြင့် လူတိုင်း တန်းတူ ညီမျှ ခြင်းဟူသော ဒီမိုကရေစီ၏ အခြေခ့မှုကို ထိခိုက်နိုင်ကြောင်းအချို့က ဝေဖန်ထောက်ပြကြသည်။ ထို့ကြောင့်မည်မျှမှုကို ထိန်းညှိရန်ဆိုသည့် သဘောတရားအရ အစိုးရကို လုပ်ပိုင်ခွင့် အာဏာ ပိုပေးရေးကို အချို့က လိုလားတောင်းဆိုလာကြသည်။ ထိုအခါမျိုးတွင် အစိုးရအာဏာသည် ပြည်သူလူထုထ့မှ သက်ဆင်းရမည် ဟူသော အချက်နှင့် ကွဲလွဲကာ ရံဖန်ရံခါ အာဏာရှင်စနစ်သို့ ဦးတည်သွားတတ်သည်။ ဒီမိုကရေစီသည် ပြဿနာများကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကို ပြဌာန်းသည်။ ထိုပြဌာန်းချက်အရ ကွာဟ မှုများကို အဖြေညှိပေးမည့် နည်းလမ်းများ စိုက်ထူလာကြသည်။ အခြားသော အုပ်ချုပ်ရေးစနစ်များတွင် ခွင့်မပြုနိုင်သော နည်းလမ်းများကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် တွေ့ရှိနိုင်သည်။ ထို့ကြောင့်အကျိုးတူအုပ်စုမျာကြောင့် လူ့အဖွဲ့အစည်းတွင် ပြဿနာအချို့ ရှိနိုင်သော်လည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများရှိသဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို  ထိခိုက်သည်ဟု အချို့က ရှုမြင်ခြင်းမပြုကြချေ။ အကျိုးတူအုပ်စုများသည် မည်သို့သော နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်တွင်မဆို ပေါ်ပေါက်နေမည်သာဖြစ်သည်။
အကျိုးတူအုပ်စုများအဖြစ် နိုင်ငံတော်သိပ္ပံပညာရှင် အများစုက စီးပွားရေးကြောင့် ဖြစ်ပေါ်သော အုပ်စုများကို အဓိက ရည်ညွှန်းပြီးအခြားသော လူမှုရေးအခြေခံအကြောင်းအရင်း များဖြစ်သည့် ဘာသာရေး၊ လူမျိုး၊ အသားအရောင် စသည့်တို့ကြောင့် အုပ်စုများဖြစ်ပေါ်လာခြင်းကို နိုင်ငံရေးနှင့် လူမှုရေးသိပံ္ပပညာရှင်များက လူမှုအုပ်စုကွဲများ (Social Cleavages) ဟုခေါ်ကြသည်။ အကျိုးတူ အုပ်စုများနှင့် လူမှုအုပ်စုကွဲများ နိုင်ငံရေးတွင် အုပ်စုအနေဖြင့် ပါဝင်ပတ်သက်နေခြင်းကို နိုင်ငံရေးအုပ်စုများ (Political Cleavages) ဟုခေါ်သည်။
 ကိုယ်ကျိုးစီးပွား အုပ်စုများ အနေဖြင့် နိုင်ငံရေးတွင် ပါဝင်သက်ခြင်းနှင့်အစိုးက ယင်းတို့အကျိုးစီးပွား အတွက်သင့်လျော်သော ပေါ်လစီချမှတ်ရေးတွင် နည်းလမ်း() သွယ်ဖြင့် ဆက်စပ်ပေးလျက်ရှိသည်။ ၄င်းနည်းလမ်း()သွယ်မှာ-
() အစိုးရဌာနကြီးများနှင့် တိုက်ရိုက်ဆက်သွယ်နေခြင်း၊
() နိုင်ငံရေးပါတီများအပေါ် လွှမ်းမိုးခြင်းဖြင့်
() ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို လွှမ်းမိုးခြင်းဖြင့် သွယ်ဝိုက်၍ ဆက်သွယ်နေခြင်း တို့ဖြစ်သည်။

ဒီမိုကရေစီနှင့် ဗဟုဝုဒ်လူ့အဖွဲ့အစည်း
(Democracy and Plural Society)
          အထက်တွင် တင်ပြခဲ့သကဲ့သို့ လူ့အဖွဲ့အစည်း တစ်ခု၊ နိုင်ငံတစ်ခုတွင် ရုပ်ထွေးပွေလီနေသော အကျိုးတူ အုပ်စုများ ရှိကြပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်လျက်ရှိကြသည်။ နောက်ဆက် ပြဿနာများ သည်လည်း ပေါ်ပေါက်လျက်ရှိကြသည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်တွင် ထိုပြဿနာများကို ဖြေရှင်းရန် စနစ်တကျ နည်းလမ်းရှာဖွေမှုအနေဖြင့် ဆန္ဒအားလုံး ကိုယ်စားပြုခွင့်ရသည့် ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီ (Consociational Democracy) ဟူသည်ကို အဆိုပါ လူ့အဖွဲ့အစည်းများတွင် ကျင့်သုံးလာကြသည်။ ထိုဒီမိုကရေစီ နိုင်ငံရေးစနစ်အရ အကျိုးတူအုပ်စုများ အချင်းချင်းကြား သော်လည်းကောင်း၊ လူမျိုးကွဲများ အချင်းချင်းကြား သော်လည်းကောင်း၊ ဘာသာကွဲများ အချင်းချင်းကြားတွင်လည်းကောင်း မတူကွဲပြားသော နိုင်ငံရေးအတွေးအခေါ် ရှိသူများအကြား သော်လည်းကောင်း၊ အရေအတွက်များသူက နည်းသူကို အနိုင်ယူခြင်းမျိုးမှ ကာကွယ်နိုင်ရန် အထူးစီမံမှု၊ ပြဌာန်းမှုများဖြင့် ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီကို ကျင့်သုံးကြသည်။
          မတူကွဲပြားခြားနားသော လူမျိုးနေထိုင့်သည့် နိုင်ငံများတွင် သာမန်ဒီမိုကရေစီ ကျင့်စဉ် ရိုးရိုးဖြစ်သည့်အများစုဆန္ဒအရ အုပ်ချုပ်ခြင်း၊ အနည်းစု ဆန္ဒကို လေးစားခြင်းဆိုသည်မှာ ပြဿနာများ ပြေလည်စေရန် လုံလောက်မှုမရှိပေ။ အစွန်းရောက်သော အမျိုးသားရေးဝါဒများ (Extreme Nationalism) ကိုသာ မွေးထုတ်ပေးပြီး နောက်ဆုံးတွင် တိုင်းပြည် စည်းလုံး ညီညွှတ်ရေးကို အန္တရာယ်ပြုသည် အထိဖြစ်လာသည်။ ဆိုဗီယက် ပြည်ထောင်စုတွင် လူမျိုးရေးပြဿနာများကို ကွန်မြူနစ်နိုင်ငံရေးစနစ်က စနစ်တကျ ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပေ။ နောက်ဆုံး အစွန်းရောက် အမျိုးသားရေးဝါဒများက ကွန်မြူနစ်စနစ်ကို အနိုင်ရသွားကြသည်။ ဆိုဗီယက်ပြည်ထောင်စု ပျိုကွဲခြင်းသည် ဒီမိုကရေစီ အနိုင်ရခြင်းမဟုတ်ဘဲ အမျိုးသားရေးဝါဒက အနိုင်ရခြင်းသာဖြစ်ကြောင်း အချို့သုတေသီများက သုံးသပ်ကြသည်။
          ဆွစ်ဇာလန်နိုင်ငံသည်လည်း ကွဲပြားခြားနားသော လူမျိုးကြီး () မျိုးထက်မနည်း နေထိုင်သည့် နိုင်ငံဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်မှု လူမျိုးရေးကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီကို စနစ်တကျ ကျင့်သုံးနေသည်ကို တွေ့ရသည်။ ထို့အတူပင် ဘာသာတရား ကွဲပြားမှု၊ နိုင်ငံရေးအတွေးအခေါ် ကွဲပြားမှုရှိသော လူ့အဖွဲ့အစည်း၊ နိုင်ငံတခုကို စည်းလုံးညီညွှတ်စွာ တည်တံ့နေအောင် ဥရောပနိုင်ငံများတွင် ကွန်ဆိုစရေးရှင်း ဒီမိုကရေစီ စနစ်တကျ ကျင့်သုံးလျက်ရှိကြသည်။ ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီအကြောင်းကို အပိုင်း () တွင် ပို၍အသေးစိတ်တင်ပြသွားပါမည်။
 
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...