Tuesday, September 13, 2011

စိတ်ဓာတ်ကျရောဂါအတွက် အိမ်တွင်းကုထုံးများ

Cloud Cuckoo Land created a doc.
စိတ်ဓာတ်ကျနေသလား ။ စိတ်ဓာတ်ကျနေရင် မျိုသိပ်မထားပါနဲ့ ။ မျိုသိပ်နေရင်  စိတ်ဓာတ်ကျတာက သက်သာမလာဘဲ ပိုပြီးမပျော်မွေ့တာမျိုး ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့်  စိတ်ဓာတ်ကျနေပါက သင်လုပ်ကြည့်နိုင်တဲ့ နည်းလမ်းတွေနဲ့  သူတို့ရဲ့  ထိရောက်မှုရှိပုံတွေကို  အကြံပေးလိုက်ပါတယ် ။


အပေါင်းအသင်းကိုရင်ဖွင့်ခြင်း
````````````````````````
... လူတွေနဲ့ ရှောင်ဖယ်ပြီး အထီးကျန်နေထိုင်တာက စိတ်ဓာတ်ကျရောဂါရဲ့    အန္တရာယ်တစ်ခုပါ ။ ဒါကြောင့် အသက်ကြီးပြီး လုပ်ငန်းခွင်မှ အငြိမ်းစားယူထားသူတွေကို လူမှုရေး အလုပ်တွေမှာ ပါဝင်ဖို့ တိုက်တွန်းကြတာပါ ။ လူကြီး ၃၇၈ ဦးကို လေ့လာခဲ့တဲ့ လတ်တလော
လေ့လာမှုအရ  မိတ်ဆွေသူငယ်ချင်းတွေရှိတာကြောင့် စိတ်ဓာတ်ကျတာမဖြစ်အောင် ကာကွယ်နိုင်ကြောင်း သိရပါတယ် ။ စိတ်ဓာတ်ကျနေရင်လည်း ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ဦးကို ရင်ဖွင့်ပြောဆိုလိုက်ရင် သိသိသာသာသက်သာလျော့ပါးသွားပါတယ်


ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ခြင်း
```````````````````````````````
ပုံမှန်လေ့ကျင့်ခန်းလုပ်တာက စိတ်ဓာတ်ကျတာကို သက်သာစေပါတယ် ။          
လမ်းလျှောက်တာ ၊ အလေးမတာ ၊ ရေကူးတာနဲ့  ကခုန်တာစတဲ့ လှုပ်ရှားမှုဖြစ်စေမယ့်
လေ့ကျင့်ခန်းကို သင်ကြိုက်နှစ်သက်ရာ လုပ်ဆောင်ပါ ။ လတ်တလောလေ့လာမှုအရ စိတ်ဓာတ်ကျနေသူ လူကြီး ၂၀၂ ဦးအားလေ့လာခဲ့ရာ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်မှုအဖြစ်
ထည့်သွင်းခဲ့ပြီး နောက်လေးလအကြာမှာ ဆေးကုသမှုတွေလိုပဲ ရောဂါသက်သာလာခဲ့ကြောင်း
တွေ့ရပါတယ် ။


ယုံကြည်မှုကို ရှာဖွေခြင်း
```````````````````
တစ်ပတ်တစ်ကြိမ်လောက် ယုံကြည်သက်ဝင်မှုအတိုင်း ဘာသာတရားကို
လုပ်ဆောင်တာက စိတ်ဓာတ်ကျရောဂါလက္ခဏာတွေကို သက်သာစေကြောင်း လေ့လာမှုအရ
တွေ့ရှိခဲ့ရပါတယ် ။ ပုံမှန်ဘုရားရှိခိုးပြီး ဆုတောင်းတာကလည်း စိတ်ဓာတ်ကျလက္ခဏာကို
သက်သာစေတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ် ။


ကောင်းကောင်းအနားယူခြင်း
````````````````````````
တရားထိုင်တာကိုလေ့လာပါ ။ ပုံမှန်တရားထိုင်တာက စိတ်ဖိစီးမှုကိုလျှော့ချနိုင်
ပြီး စိတ်ဓာတ်ကျလက္ခဏာတွေကို သက်သာစေလို့ပါ ။ တရားထိုင်တာနဲ့အတူ ကြွက်သားတွေ
ပြေလျော့အောင် အနားပေးရင် စိတ်ဓာတ်ကျတာကို သိသိသာသာ လျော့ကျစေပါတယ် ။
 
ရယ်မောခြင်း
```````````
ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ကြည့်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ ရယ်စရာ
ကောင်းတဲ့ စကားတွေ ပြောတဲ့အခါ စိတ်ဓာတ်ကျရောဂါလက္ခဏာတွေကို သက်သာစေပါတယ် ။

အိမ်မွေးတိရစ္ဆာန်နှင့်ကစားခြင်း
`````````````````````````
ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်နဲ့အတူ ကစားတာက စိတ်ဓာတ်ကျရောဂါလက္ခဏာတွေ
ကို သက်သာစေပါတယ် ။ ဒါကြောင့် စိတ်ဓာတ်ကျနေရင် ခွေး၊ ကြောင်စတဲ့ အချစ်တော်တိရိစ္ဆာန်
တွေနဲ့ အချိန်ဖြုန်းလိုက်ပါ ။


သီချင်းဆိုခြင်း
```````````
သူငယ်ချင်းတွေနဲ့အတူ ကာရာအိုကေသီချင်းဆိုတာက စိတ်ကို အပန်းပြေစေပါ
တယ် ။ တေးဂီတသံကြောင့် စိတ်တက်ကြွမှုကိုပါ ရရှိစေပါတယ် ။

အရက်မသောက်ဘဲနေခြင်း
``````````````````````
စိတ်ဓာတ်ကျနေတာ သက်သာဖို့ဆိုပြီး အရက် ၊ မူးယစ်ဆေးဝါးစတာတွေဘက်
မလှည့်လိုက်ပါနဲ့ ။ ဒီအရာတွေကြောင့် စိတ်ဓာတ်ပိုကျစေနိုင်ပါတယ် ။

 Good Health ဂျာနယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...