Friday, September 16, 2011

အတွေးမှတ်စုများ (၁၆)

by မီးပြတိုက် on Friday, September 16, 2011 at 3:29am


  • တာဝန်ယူခြင်းနှင့် အခွင့်အရေးရခြင်းသည် အမြဲ ဒွန်တွဲနေသည်။ တာဝန်ယူတတ်သူဆီသို့ အခွင့် အရေးများနှင့် အောင်မြင်မှုများက မလဲမသွေ ဆိုက်ရောက်လာတတ်သည်။

  • ရွှငါးတစ်ကောင်လို အဖိုးတန်ချင်ပေမယ့်လည်း အချို့နေရာတွေမှာ သင်ဟာ ငါးခုံးမ ဖြစ်ကောင်း ဖြစ်နေ လိမ့်မည်။ သင့်ကြောင့် တစ်လှေကြီးတော့ အပုပ်မခံပါနဲ့ အလိုက်သိသိ လှေထဲက ခုန်ထွက် လိုက်ပါ။

  • နောက်ဆုံးကျတော့လည်း အရင်တုန်းက ကိစ္စတွေအားလုံးကို မေ့ပစ်လိုက်ကြတာပါပဲ…။

  • အမှတ်တရဆိုသည်မှာ မေ့၍ရမည်….
    အမှတ်သည်းချေဆိုသည်မှာ ဘယ်တော့မှ မေ့လို့မရနိုင်….

  • အကျင့်တစ်ခုကို ပြတင်းပေါက်မှလွှင့်ပစ်၍မရ။ လှေကားဆင်းလမ်းအတိုင်း တစ်ကြိမ်မှာ တစ်ထစ်စီ ချော့ခေါ် ကာ ဖြည်းဖြည်းဆင်းခိုင်းမှရမည်။

  • ယနေ့ဆုံးရှုံးခဲ့သော အချိန်နာရီသည် ထာဝရဆုံးသွားပြီဖြစ်သည်။ မနက်ဖြန်၌ သင် နောက်ထပ် နစ်ဆယ့် လေး နာရီ ရပါလိမ့်ဦးမည်။ သို့သော် မနေ့ကအချိန်ကိုကား တစ်နာရီမျှပင် ပြန်ခေါ်လို့ ရနိုင်မည် မဟုတ် ပေ။

  • အစွမ်းသတ္တိရှိသည့် ပုဂ္ဂိုလ်တိုင်း၏ နောက်ကွယ်တွင် အစွမ်းသတ္တိရှိသည့် ပုဂ္ဂိုလ် နောက်တစ်ယောက် ရှိနေ တတ်သည်။

  • လူတစ်ယောက်ကို သံသယမျက်လုံးနဲ့ ကြည့်နေမည်ဆိုပါက ထိုသူဘာတွေလုပ်နေလုပ်နေ သံသယ ဖြစ်စရာ တွေသာ မြင်နေလိမ့်မည်။

  • အလုပ်အားခိုက် ကြောင်ကို ရေချိုးပေးခြင်းသည် အတွေ့အကြုံ အသစ်တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ကြောင်ကို ရေချိုးပေးရင်း တစ်နေမကုန်သင့်ပေ။

  • လောကတွင် လူအများစုတို့မအောင်မြင်ရခြင်းမှာ
    (၁) ရည်မှန်းချက် တိတိကျကျ မထားရှိခြင်းကြောင့်
    (၂) လုပ်ငန်းအစီအစဉ်များ စနစ်တကျ ချမှတ်လုပ်ဆောင်မှု မရှိခြင်းကြောင့်ဖြစ်သည်။
    (၃) တစ်ကြိမ်မအောင်မြင်ရုံနှင့် နောက်ဆုတ်သွားခြင်းကြောင့် ဖြစ်သည်။

  • အောင်မြင်မှုသာ လွယ်လွယ်ရနေပါက လူတိုင်း အောင်မြင်သူတွေသာ ဖြစ်နေလိမ့်မည်။

  • ခြေလှမ်းကြီးကြီး လှမ်းရမည့်နေရာမျိုးတွင် ကြောက်ရွှံ့ တွန့်ဆုတ်မနေပါနှင့်။ ချောက်ကမ်းပါး တစ်ခု ကို ဖြတ်သန်းရာတွင် ခြေလှမ်းငယ် နှစ်လှမ်းခွဲ၍ လှမ်းနေလို့မဖြစ်နိုင်။

  • ကျွန်ုပ်တို့စိတ်သည် ဥယျာဉ်မြေကွက်နှင့်တူသည်။ ကျွန်ုပ်တို့၏ အတွေးများက မျိုးစေ့များဖြစ်သည်။ ချိုမိန် သော အတွေးများက ပန်းမန်များကို ပွင့်ဖူးစေသည့် မျိုးစေ့များနှင့် တူ၍ နှစ်သိမ့် ကြည်နူးမှု များကို ပေးကာ ခါးသီး သော အတွေးများက ပေါင်းမြက်များ ကဲ့သို့ ရှုပ်ထွေးမှု၊ စိတ်ပျက် အားငယ်မှု၊ ဒေါသ အာဃာတ ပွားရမှုနှင့် ကြေကွဲ ၀မ်းနည်းရမှုများဖြင့် နှိပ်စက်တတ်သည်။

  • ပြတင်းပေါက် သံတိုင်များကြားမှ လူနှစ်ယောက် အပြင်သို့ ကြည့်ကြသည်။ တစ်ယောက်က ရွှံ့အိုင်များကို မြင်သည်။ တစ်ယောက်က ကြယ်များ လင်းလက်တောက်ပနေသည့် ကောင်းကင်ကိုမြင်သည်။

  • ခင်မင်စေလိုလျှင် သူတပါးနာမည်ကို ဂရုတစိုက် မှတ်သားထားပါ။

  • ရွှံ့ဗွက်အိုင်၌ ခြေတံရှည်အိမ်သာ ဆောက်လို့ရမည်။ တိုက်တာ အဆောက်အအုံတစ်ခု တည်ဆောက် လိုက် ပါက မကြာခင်မှာပဲ ပြိုလဲကျလိမ့်မည်။

  • လောက၌ ထူးခြားတိုင်း အောင်မြင်သည်မဟုတ်။ ထူးသလိုနှင့် ရူးသွားကြသူတွေ အများကြီးရှိသည်။

  • ဦးခေါင်းတွင် ရင်းနှီးမြှုပ်နှံသူ၏ ပစ္စည်းကို မည်သူမျှ မလုယက်နိုင်။

  • သညာသိသမားက ငါသိတာအများကြီးဟု ၀င့်ကြွားဂုဏ်ယူတတ်၏။ ပညာရှိကား ငါမသိတာတွေ ရှိသေးသည် ဟု ဦးနှိမ်မာန်လျှော့၏။

  • မိမိဘ၀ကို မိမိပုံစံအတိုင်း နေထိုင်သွားနိုင်သူသည် အောင်မြင်သူပင် ဖြစ်သည်။

  • မတူရင် မတုပါနှင့်။ စောင့်ကြောင့်ထိုင်တာခြင်းတူပေမယ့် ဖားကခြေင်္သေ့ဖြစ်မလာပါ။

  • လူတို့ တန်ဖိုးထားသည့်အရာ သုံးမျိုးရှိသည်။ ရှားပါးသော အရာ၊ မြတ်နိုးသော အရာနှင့် အသုံးတည့် သော အရာ….။

  • ဆင်းရဲခြင်း၊ ချမ်းသာခြင်းထက် စိတ်သဘောထား ရင့်ကျက်ပြီး အကျင့်စာရိတ္တဖြူဆင်ဖို့သာ အဓိကဖြစ်သည်။

  • အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးများသည် အလုပ်ကို စိတ်ဝင်တစားမလုပ်တတ်ကြ။ အလုပ် အဆင်မပြေတဲ့ ယောက်ျားလေးများက အချစ်ရေးကိုစိတ်ဝင်မစားကြတော့။
  • သစ္စာဆိုသည်မှာ မဖောက်ပြန်ခြင်း၊ စောင့်သိခြင်းသာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...