Friday, September 9, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန့်၏မြေး ဒေါက်တာသန့်မြင့်ဦးတို့ တွေ့ဆုံ


by The Voice Weekly on Saturday, September 10, 2011 at 2:01am


ရန်ကုန်၊ စက်တင်ဘာ ၉

ကမ္ဘာပေါ်တွင် တာဝန်အကြီးဆုံး ရာထူးဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို အာရှတိုက်သား တစ်ဦးအနေနှင့် ပထမဦးဆုံး ထမ်းဆောင်ခဲ့သည့် ဦးသန့်၏ မြေးဖြစ်ပြီး ကုလသမဂ္ဂ အရာထမ်းဟောင်း တစ်ဦးလည်းဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးသည် မြန်မာနိုင်ငံသို့ ရောက်ရှိခိုက် သူနောက်ဆုံး ရေးသားထားသည့် စာအုပ်ကို လက်ဆောင်ပေးရန်အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ယခင်) ရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံနက် ၁၀ နာရီ ၃ဝ မိနစ်ခန့်၌ တွေ့ဆုံခဲ့ကြောင်း ဒေါက်တာ သန့်မြင့်ဦးနှင့် နီးစပ်သူများက ပြောကြားသည်။


ယခင်ကာလ များစွာကပင် မိသားစုချင်း များစွာရင်းနှီး ခင်မင်မှုရှိခြင်းကြောင့် မြန်မာနိုင်ငံသို့ ရောက်ခိုက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ၎င်းနောက်ဆုံး ရေးသားထားသည့် " တရုတ်-အိန္ဒိယတို့ ဆုံတွေ့ရာ အာရှ၏ လမ်းဆုံသစ် မြန်မာ" Burma and the new crossroads of Asia စာအုပ်ကို လက်ဆောင်အဖြစ် ပေးအပ်လို၍ ဖြစ်ကြောင်း ၎င်း၏ ခင်မင်ရင်းနှီးသော မိတ်ဆွေများထံမှ သိရသည်။

သမိုင်းပါရဂူဘွဲ့ကို ကိန်းဘရစ်ခ်ျ တက္ကသိုလ်က ရရှိခဲ့သော ဒေါက်တာ သန့်မြင့်ဦးသည် ယခုစာအုပ် မတိုင်ခင်က " ခြေရာပျောက်မြစ် " The River of Lost Footsteps စာအုပ်၊ " ခေတ်သစ် မြန်မာ့သမိုင်း " The Making of Modern Burma စာအုပ်တို့ကိုလည်း ရေးသား ထုတ်ဝေခဲ့ပြီး နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ လော့ဇင်းဂျလိဇ် တိုင်းမ်၊ အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗျူးန်၊ နယူးစတိတ်မင်း၊ ဖားအိစတမ်း အီကော နောမစ်ရီဗျူး၊ တိုင်းမ်မဂ္ဂဇင်း တို့တွင်လည်း ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။

ဒေါက်တာ သန့်မြင့်ဦးသည် (ယခင်) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...