"အင်းဝနေပြည်တော်က ဘူးသီး ၃ လုံးပြဿနာ"
Ko Kyi Win created the doc:
အင်းဝနေပြည်တော်ခေတ်တုန်းက ဦးနီဆိုတဲ့လူတစ်ယောက်ဟာ စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်ပြီးတော့ ယင်းမြို့အနီးအနားကမြို့လေးတစ်ြ မို့မှာနေထိုင်လျက်ရှိပါတယ်။ တစ်နေ့မှာဦးနီဟာ သူ့ခြံကထွက်တဲ့ဘူးသီးတွေကို အင်းဝနေပြည်တော်ဆီကိုသွားရောင်း မယ်ဆိုပြီးတော့ သူ့ဘူးသီးတွေကို လှေပေါ်တင်ပြီး ထွက်ခွာခဲ့ပါတယ်။ အင်းဝနေပြည်တော်ရဲ့လှေဆိပ်ကိုေ ရာက်တော့
အကောက်တော်အရာရှိဆိုသူက `လှေဆိပ်မှာလှေတွေ အလကားကမ်းကပ်လို့မရဘူး၊ ဘူးသီး ၃
လုံးပေးရမယ်´ လို့ပြောပါတယ်။ ဦးနီကလည်း အင်းဝနေပြည်တော်ကို တစ်ခါမှ
မရောက်ဖူးဘူးဆိုတော့ `အော်..အင်းဝနေပြည်တော်ရဲ့ထုံး စံဘဲဖြစ်မယ်´ လို့တွေးထင်ပြီး ဘူးသီး ၃ လုံးကို အသာတကြည်ဘဲ ပေးလိုက်ပါတယ်။ ပြီးနောက်အဲဒီဘူးသီးတွေကိုသယ်ြ ပီးလာရာ
မြို့တံခါးအရောက်မှာ တံခါးမှုးက `အင်းဝ နေပြည်တော်ကိုဝင်မယ်ဆိုရင်
အလကားဝင်လို့မရဘူး၊ ဘူးသီး ၃ လုံးပေးရမယ်´ ဆိုပြီးပြောပါတယ်။ ဒီတခါမှာတော့
ဦးနီက အနည်းငယ်ဒေါသထွက်သွားပြီး `ဘယ်တတ်နိုင်မလဲ..ရောက်တော့မှ
ပေးရတော့မှာဘဲ´ လို့တွေးပြီးဘူးသီး ၃ လုံးထုတ်ပေးလိုက်ပါတယ်။
ဒီတစ်ခါတော့ပြီးလောက်ပါပြီလို့ေ တွးပြီး
ဘူးသီးတွေကိုသယ်ကာ ဈေးကိုထွက်ခွာလာခဲ့ပါတယ်။ ဈေးကိုရောက်တော့
ဈေးအ၀င်ဝမှာ ဈေးအကောက်တော်အရာရှိက `ဒီဈေးမှာ အလကားရောင်းလို့မရဘူး၊
ဘူးသီး ၃ လုံးပေးရမယ်´ လို့ပြောတော့ ဦးနီက ဒေါသအရမ်းထွက်သွားပြီး
`လှေဆိပ်မှာလည်းပေးပြီးပြီ၊ မြို့တံခါးမှာလည်း ပေးပြီးပြီ၊ ဒီတစ်ခါတော့
မပေးနိုင်တော့ဘူး´ လို့ပြောတော့ `မပေးရင်ဒီဈေးမှာရောင်းလို့ မရဘူး´ လို့ပြောပါတယ်။ ဦးနီကလည်း ဈေးမှာမရောင်းရရင် ရွာထဲမှာလည်ရောင်းမယ်ဆိုပြီး ရွာဘက်ကိုထွက်လာခဲ့ပါတယ်။
ရွာအ၀င်ဝကိုရောက်တဲ့အခါမှာတော့ သူကြီးက `ရွာထဲမှာ အလကားရောင်းလို့မရဘူး၊ ဘူးသီး ၃ လုံးပေးရမယ်´ လို့ပြောတော့ ဦးနီက ဒေါသအိုးပေါက်ကွဲပြီး မပေးနိုင်ကြောင်း၊ ဒီကိစ္စကို မြို့ဝန်မင်းဆီသွားတိုင်မယ်ဆြို ပီး မြို့ဝန်မင်းအိမ်ကို
ထွက်လာခဲ့ပါတယ်။ မြို့ဝန်မင်းအိမ်ကိုရောက်တော့ ခြံဝမှာ ခြံစောင့်က `မနေ့ညက
မြို့ဝန်မင်း အပျိုတော်အကတွေကို ကြည့်ပြီးအိပ်ရေးပျက်လို့
အိပ်နေသေးတဲ့အကြောင်း၊ တကယ်လို့တွေ့မယ်ဆိုလဲ အလကားဝင်လို့မရကြောင်း၊ ဘူးသီး
၃ လုံးပေးရမှာဖြစ်ကြောင်း ပြောပါတယ်။ (အခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ေ တာ့
ရ.ယ.က ကြံ့ဖွတ်တွေ KTV . Night Club သွားနေတာဖြစ်မှာပေါ့) ဒီတစ်ခါဦးနီက
ဒေါသမထိမ်းနိုင်တော့ဘဲ `ဘူးသီး ၃ လုံးကိုလဲမပေးနိုင်ကြောင်း´ ဆိုပြီး
မြို့ဝန်မင်းအိမ်ရှေ့မှာ အဲဒီဘူးသီးတွေကို ထုရိုက်ပစ်လိုက်ပါတယ်။
ဒီအခါမှာတော့ မြို့ဝန်မင်းရဲ့စောင့်တွေက ဒီလူဟာ အင်းဝနေပြည်တော်နဲ့
မြို့ဝန်မင်းကိုပါ စော်ကားတာဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကိုပါညစ်ပတ်စေကြာင်း ဆိုပြီး ဦးနီကိုဖမ်းဆီးပြီး ကြိမ်ဒဏ်အချက် ၂၀ ပေးလိုက်ပါတယ်။ (အခုခေတ်မှာဆိုတော့ ပုဒ်မ ၅၀၅-ခ ပေါ့ဗျာ)။
ဒီတော့ဦးနီခမျာ အခွန်တော်ဘူးသီးတွေလဲပေးခဲ့ရ၊ ကြိမ်ဒဏ်လဲခံရပြီး အင်းဝနေပြည်တော်မှာ ယောင်လည်လည် ဖြစ်နေစဉ် တစ်ရွာတည်းနေအသိဖြစ်သူ စာတိုငညိုနဲ့တွေပါတယ်။ အကြောင်းစုံကိုရှင်းပြတော့ စာတိုငညိုက သူပြောသလို လုပ်ဖို့အကြံပေးပါတယ်။ ပြီးနောက်ဦးနီဟာ စာတိုငညိုအကြံပေးတဲ့အတိုင်း လူသူလေး ငါးယောက်စုဆောင်းကာ မင်းဝတ်တန်ဆာတွေဝတ်ပြီး အင်းဝနေပြည်တော်ရဲ့ လူစည်ကားရာနေရာတွေမှာမှာ ၁၅ ရက်လောက်သွားလာနေပါတယ်။ (အဲဒီခေတ်တုန်းက အယောင်ဆောင်မှုနဲ့ဖမ်းလို့ရတဲ့ ဥပဒေမရှိဘူးဖြစ်မှာပေါ့)။
ပြီးတော့မြို့ပြင်င်္သချိုင်းကုန်းအ၀င်ဝမှာ
`မသာအခွန်တော်ရုံး´ ဆိုပြီး ဆိုင်းဘုတ်ထောင်ကာ လာသမျှအသုဘတွေ ဆီက
အခွန်တော်တွေကောက်ယူပါတယ်။ လူတွေကလည်း `အော်..ရုံးတစ်ရုံးအသစ်ဖွင့်လို က်တာဘဲ.. သူများပေးရင် ပေးရမှာပေါ့´ဆိုပြီးတော့ပေးလို က်ကြပါတယ်။ တစ်နေ့မှာတော့ အမတ်တစ်ဦးရဲ့ဆွေမျိုးအသုဘတစ်ခု ချလာပါတယ်။ ဦးနီက အသုဘချမည်ဆိုလျှင် မသာအခွန်တော်ပေးရမယ်ဆိုပြီးပြော ပါတယ်။ ဒီအခါမှာတော့ `တစ်ခါမှ မပေးရပါဘူး၊ ငါတို့က မင်းမှုထမ်းအမျိုးတွေ၊ အခွန်တော်ဆိုတာ တစ်ခါမှ မပေးရဘူး´ လို့ပြောတော့ ဦးနီက မသာအခွန်တော်မပေးရင် အသုဘချလို့မရကြောင်းပြောတော့ မင်းမှုထမ်းအမျိုးတွေလဲ မပေးချင်ဘဲ ပေးခဲ့ရပါတယ်။
နန်းတော်ကိုရောက်တော့ င်္သချိုင်းကုန်းမှာ မသာအခွန်တော်ရုံးဖွင့်ပြီး အခွန်တော်ကောက်နေကြောင်း မင်းကြီး ထံလျှောက်တင်ကြပါတယ်။ ဒီတော့မင်းကြီးက `အဲဒီလူတွေ ဘယ်ကလူတွေလဲ၊ ငါ့ဆီခေါ်ခဲ့စမ်း´ ဆိုပြီးတော့နန်းတော်ထဲကိုခေါ်လို က်ပါတယ်။ နန်းတော်ထဲကိုရောက်တဲ့အခါမှာ ဦးနီက သူအင်းဝနေပြည်တော်ကို ဘူးသီးရောင်းရန်လာရောက်ခဲ့တဲ့ အချိန်ကနေ ဖြစ်ပျက်သမျှဟာတွေကို ဖြစ်ကြောင်းကုန်စင်အကုန်ပြော ပပါတယ်။ သူလဲ`အခွန်တော်ဆိုတာ ကောက်ချင်သလိုကောက်လို့ရတယ်ထင် လို့ ကောက်ကြည့်တာ´ဖြစ်ကြောင်း၊ အသုဘ အခွန်တော်တွေကိုလည်း သူ့ကိုယ်ကျိုးအတွက်လုံးဝမသုံးစွဲဘဲ စာရင်းနဲ့အတိအကျမှတ်တမ်းတင်ထား ပါကြောင်း၊ ငွေသားတွေနှင့်တကွ စာရင်းတွေကိုကိုပါ ဘုရင်မင်းကြီးထံတင်သွင်းပါကြော င်း ဖြစ်ကြောင်းကုန်စင်လျှောက်တင်လိုက်ပါတယ်။
ဒီအခါမင်းကြီးက ဒီလူဟာ ပညာရှိပီသပါတယ်၊ ငါ့ရဲ့အားနည်းချက်တွေကို
ထောက်ပြတာဘဲဆိုပြီးတော့ ဆုတော်တွေနဲ့တကွ မြို့ဝန်မင်းရာထူးကိုပါ
ပေးသနားလိုက်ပါတယ်။
(လက်ရှိအခြေအနေတွေနဲ့ ယှဉ်ထိုးသုံးသပ်လို့ရအောင် ယခင်ရနံ့သစ်မဂ္ဂဇင်းပါ စာရေးဆရာ ကျော်ရင်မြင့်ရေးသားတဲ့ဆောင်းပါ ကို မှီငြမ်းရေးသားပါတယ်။)
ဒီတစ်ခါတော့ပြီးလောက်ပါပြီလို့ေ
ရွာအ၀င်ဝကိုရောက်တဲ့အခါမှာတော့ သူကြီးက `ရွာထဲမှာ အလကားရောင်းလို့မရဘူး၊ ဘူးသီး ၃ လုံးပေးရမယ်´ လို့ပြောတော့ ဦးနီက ဒေါသအိုးပေါက်ကွဲပြီး မပေးနိုင်ကြောင်း၊ ဒီကိစ္စကို မြို့ဝန်မင်းဆီသွားတိုင်မယ်ဆြို
ဒီတော့ဦးနီခမျာ အခွန်တော်ဘူးသီးတွေလဲပေးခဲ့ရ၊ ကြိမ်ဒဏ်လဲခံရပြီး အင်းဝနေပြည်တော်မှာ ယောင်လည်လည် ဖြစ်နေစဉ် တစ်ရွာတည်းနေအသိဖြစ်သူ စာတိုငညိုနဲ့တွေပါတယ်။ အကြောင်းစုံကိုရှင်းပြတော့ စာတိုငညိုက သူပြောသလို လုပ်ဖို့အကြံပေးပါတယ်။ ပြီးနောက်ဦးနီဟာ စာတိုငညိုအကြံပေးတဲ့အတိုင်း လူသူလေး ငါးယောက်စုဆောင်းကာ မင်းဝတ်တန်ဆာတွေဝတ်ပြီး အင်းဝနေပြည်တော်ရဲ့ လူစည်ကားရာနေရာတွေမှာမှာ ၁၅ ရက်လောက်သွားလာနေပါတယ်။ (အဲဒီခေတ်တုန်းက အယောင်ဆောင်မှုနဲ့ဖမ်းလို့ရတဲ့ ဥပဒေမရှိဘူးဖြစ်မှာပေါ့)။
ပြီးတော့မြို့ပြင်င်္သချိုင်းကုန်
နန်းတော်ကိုရောက်တော့ င်္သချိုင်းကုန်းမှာ မသာအခွန်တော်ရုံးဖွင့်ပြီး အခွန်တော်ကောက်နေကြောင်း မင်းကြီး ထံလျှောက်တင်ကြပါတယ်။ ဒီတော့မင်းကြီးက `အဲဒီလူတွေ ဘယ်ကလူတွေလဲ၊ ငါ့ဆီခေါ်ခဲ့စမ်း´ ဆိုပြီးတော့နန်းတော်ထဲကိုခေါ်လို
(လက်ရှိအခြေအနေတွေနဲ့ ယှဉ်ထိုးသုံးသပ်လို့ရအောင် ယခင်ရနံ့သစ်မဂ္ဂဇင်းပါ စာရေးဆရာ ကျော်ရင်မြင့်ရေးသားတဲ့ဆောင်းပါ
0 comments:
Post a Comment