ကမ္ဘာပတ်လို့ ၆၆ ကြိမ် မင်္ဂလာဆောင်ပြီးတော့ အတည်ဆောင်တော့မယ် လင်မယား
Alex Pelling နဲ့ Lisa Gant တို့ရဲ့ ကမ္ဘာပတ် မင်္ဂလာဆောင်ခဲ့ကြတဲ့ သတင်းကို ဖတ်ဖူးသူများလည်း ရှိကြမှာပါ။ ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ သူတို့ဟာ ၈ နှစ်ကြာ ချစ်သူ ရည်းစား ဖြစ်ပြီးမှ အိမ်ထောင်ပြုကြခြင်း ဖြစ်ပါတယ်။
အိမ်ထောင်ပြုတာကိုလည်း အခြား သာမန်လူများနဲ့ မတူပဲ ၃ နှစ်တာ ကာလ အတွင်း ကမ္ဘာပတ်လို့ မတူကွဲပြားတဲ့ ၆၆ မျိုးသော နည်းလမ်းနဲ့တောင် မင်္ဂလာ ဆောင်ခဲ့ကြ ပါတယ်။
Lisa ဟာ ကုမ္ပဏီတစ်ခုမှ မန်နေဂျာ အဖြစ် လုပ်ကိုင်ပြီး Alex ကတော့
ကားပြင်ဆင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှိသူ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး
ခရီးထွက် မင်္ဂလာဆောင်နိုင်ဖို့အတွက် ကိုယ်ပိုင်အိမ်ကော၊ လုပ်ငန်းများကိုရော
ရောင်းချ ခဲ့ပြီး ၂၀၁၁ ခုနှစ်ကနေ ခရီးထွက် မင်္ဂလာဆောင်လာလိုက်တာ ၂၀၁၄
ခုနှစ် မေလ လောက်မှာပဲ ပြီးဆုံးသွား ပါတယ်။ ကုန်ကျစရိတ် ဘယ်လောက်ရှိတယ်
ဆိုတာ မဖော်ပြပေမယ့် သူတို့ ရောက်ခဲ့တဲ့ နိုင်ငံ က နိုင်ငံပေါင်း ၃၀ ကျော်
ပါတ်။ ပါစ္စတန်လို နိုင်ငံငယ်တောင် မချန်ပါဘူး။ မင်္ဂလာပွဲ တစ်ခုတိုင်း အတွက်
ဓာတ်ပုံများကို ရိုက်ကူးမှတ်တမ်းတင်ပြီးတော့ သူတို့ရဲ့ ဝဘ်ဆိုဒ်မှာ
ပြန်တင်ပါတယ်။ ဒါကြောင့်မို့ ၃ နှစ်တာ သူတို့ လုပ်လာတဲ့ ဘလောဂ်လေးဟာ
ကြည့်ရှုသူ သန်းကျော် ရှိပြီး ကြော်ငြာစီးပွားလုပ်ငန်း လုပ်စရာ နေရာ
တစ်ခုလည်း ဖြစ်လာပါတယ်။
အင်္ဂလန်ကို ပြန်ရောက်လာပြီးတေ့ ယခု မန်ချက်စတာမှာပဲ နောက်ဆုံးပိတ် မင်္ဂလာဆောင် ပြုလုပ်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ကမ္ဘာပတ် မင်္ဂလာဆောင်ထားတဲ့ ချစ်စဖွယ် ဓာတ်ပုံများကို http://www.dailymail.co.uk/femail/article-2724738/We-crazy-romantics-Globe-trotting-British-couple-wed-66-TIMES-traditional-marriage-ceremony-place-theyve-visited-three-years.html ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
Ref : dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

0 comments:
Post a Comment