Sunday, August 17, 2014

တိုက်ဆိုင်မှုရှိလျှင် By Coincidence & ဘောလိဝုဒ်သရုပ်ဆောင် လိုင်လာခန်း (Laila Khan)

ကိုယ့်ယောင်္ကျားကို လက်ဆွဲခေါ်ပြီး ဒီဇာတ်ကားကို နှစ်နာရီလောက် အချိန်ပေးပြီး ကြည့်ရင် "ကျွန်မ ရှင့်ရင်ခွင် မှာ တစ်ဘဝလုံး မြှပ်နှံ ရကျိုးနပ်ပြီ" ဆိုသည့် စိန်ဌေး ဗီဒီယို ရုပ်ရှင်ထုတ်လုပ်ရေး မှ စီစဉ်သည့် "တိုက်ဆိုင်မှု ရှိလျှင်" ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာ လဆန်း၌ ရုံတင် ပြသမည် ဟု စိန်ဌေး ဗီဒီယို ရုပ်ရှင်ထုတ်လုပ်ရေး မှ ဦးဝင်းကြည်က ပြောသည်။

" ဒီနှစ်မှရုံတင် ပြသရမှာပါ" ဟု၎င်းက ပြောသည်။
အိမ်ထောင်ရေး ဖောက်ပြန်မှုကို ပုံဖော်ရိုက်ကူးထားသည့် "တိုက်ဆိုင်မှုရှိလျှင်" ရုပ်ရှင်ဇာတ်ကား စက်တင်ဘာ၌ ရုံတင် ပြသမည်။
တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရိုက်ကူး ပုံဖော် ထားပြီး ပြေတီဦး ၊ မိုးဟေကိုတို့ အပြင် မြန်မာပြည်ဖွား အိန္ဒိယမင်းသမီး Laila Khan လည်း ပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်ကား ဖြစ်သည်။ ယင်းဇာတ်ကားကို ၂ဝ၁၁ခုနှစ်တွင် ရိုက်ကူး ခဲ့သော်လည်း ရုပ်ရှင်ရုံများ နည်းပါးခြင်း ၊ ရုံတင်ရက် နောက်ကျခြင်းကြောင့် ၂ဝ၁၄ခုနှစ် စက်တင်ဘာလ ရောက်မှသာ ပြသနိုင်ခြင်းဖြစ်သည်။
ယင်းဇာတ်ကားတွင် အိမ်ထောင်သည် အမျိုးသားများ ဆင်ခြင်နိုင် စေရန် နှင့် သူစိမ်း အမျိုးသမီးများ အပေါ်တွင် လိုအပ်သည်ထက် စေတနာလွန်မိပါက တဏှာကျွန် ဘဝသို့ ရောက်တတ်သည်ကို ပညာပေးရန် ရည်ရွယ် ရိုက်ကူးခြင်း ဖြစ်သည်။
တစ်ချိန်က ဒေါက်တာ သက်ပိုင်စိုးနှင့်အမရာတို့၏ မိသားစုသည် အလွန်ပျော်စရာ ကောင်းခဲ့ပြီး ဇနီးဖြစ်သူ အမရာသည်ဇနီးကောင်း မိခင်ကောင်း ပီသသူလည်း ဖြစ်သည်။ သားဖြစ်သူမှာလည်း ဥာဏ်ကောင်းပြီး ပညာရေးတွင် ထူးချွန်သည့် ကလေး ဖြစ်သည်။
တစ်နေ့ တွင် သက်ပိုင်စိုး ဆေးခန်းထိုင်စဉ် အိန္ဒိယမှ မော်ဒယ်တစ်ဦး( စန္ဒာဝင်း) ကိုယ်ဝန်ပျက်ကျပြီး သက်ပိုင်စိုးထံ ရောက်လာခဲ့ပြီး ကုသမှု အောင်မြင်သော်လည်း ၎င်း၏ သားအိမ် ထုတ်လိုက်ရသည်။ သားအိမ် ထုတ်လိုက်ရခြင်းကြောင့် အိန္ဒိယမှ ၎င်းချစ်သူက လက်မထပ်နိုင်ဟု ငြင်းဆိုလိုက်သည်။
၎င်းသည် စိတ်ဓာတ်ကျ ပြီး သေကြောင်း ကြံစည်သည်အထိ ဖြစ်ခဲ့ခြင်းကြောင့် သက်ပိုင်စိုးက အချိန်မီ ကယ်နိုင်ခဲ့ပြီး ဆရာဝန် တစ်ယောက် အနေဖြင့် နှစ်သိမ့်ပေးရာက စန္ဒာဝင်း သည် သက်ပိုင်စိုးကို တွယ်တာခဲ့လေသည်။ စန္ဒာဝင်း၏ စိတ်ကို အကဲခတ်မိသည့် သူငယ်ချင်း ကိုကိုလွင်က ၎င်းသည် စိတ်မမှန်သည့်လက္ခဏာ တစ်ချို့ကို တွေ့ရခြင်းကြောင့် အားပေး နှစ်သိမ့်ရာ၌ သတိထားရန် သတိပေး ခဲ့သော်လည်း စန္ဒာဝင်း၏ မာယာအလှည့် အပြောင်းထဲ ကျရောက်သွားလေသည်။
ယင်းဇာတ်ကားတွင် မြန်မာလူမျိုးတို့၏ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးသင့်သည်ကို ပညာပေးအဖြစ် ရိုက်ကူး ထားခြင်းဖြစ် သည်။ ယင်းဇာတ်ကားကို ဇာတ်လမ်း သိန်းထွန်းအောင် ၊ ဇာတ်ညွှန်း အောင်ကြီး ၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ရိုက်ကူးကာ ပြေတီဦး ၊ မိုးဟေကို ၊ မြန်မာပြည်ဖွား အိန္ဒိယမင်းသမီး Laila Khan (စန္ဒာဝင်း)၊ ရဲအောင် ၊ မေသဉ္ဇာဦး ၊ မြတ်သူအောင် ၊ သီရိရှင်းသန့်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။
ဘောလိဝုဒ်သရုပ်ဆောင်လိုင်လာခန်း ပါဝင်ရိုက်ကူးထားတဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာမှာ ရုံတင်ပြသမှာဖြစ်ပြီး မြန်မာ နိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။
အဆိုပါဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “မြန်မာနိုင်ငံမှာက ၂၀၁၄ မှာ ရုံတင်ပြမယ်၊ ပြည်ပမှာက စင်ကာပူမှာ လောလောဆယ် ပြောထားပြီးပြီ၊ ကျန်တာကတော့ ယူအက်စ်တို့ ဘာတို့က ကမ်းလှမ်းထားတာတွေရှိတယ်၊ မလေးရှားကလဲ ကမ်းလှမ်းထားတာရှိတယ်၊ မလေးကတော့ ဗမာနဲ့ ကိစ္စရှိလို့ သွားပြဖြစ်မှာ မဟုတ်ဘူး၊ နိုင်ငံတကာမှာတော့ ဘယ်တော့ပြဖြစ်မယ်မသိသေးဘူး၊ သူတို့ရုံအဆင်ပြေမယ့် ရက်ချိန်းယူရဦးမှာတွေ ရှိတယ်” လို့ ပြောပါတယ်။
တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားကို အဆင့်မြင့် HD နည်းပညာနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းပိုင်းအရရော ဇာတ်ကားရဲ့အရည်အသွေးပိုင်းတွေကိုပါ စနစ်တကျပြင်ဆင်ပြီး အချိန်ယူရိုက်ကူးထားတာ ဖြစ်ပါတယ်။ သည်ဇာတ်ကားဟာ မြန်မာနိုင်ငံဖွား ဘောလိဝုဒ်မင်းသမီး လိုင်လာခန်းရဲ့ ပထမဆုံး မြန်မာရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။
အဆိုပါဇာတ်ကားကို အင်္ဂလိပ်စာတန်းထိုးနဲ့ ပြသမှာဖြစ်ပြီး လက်ရှိမှာ ဆင်ဆာခွင့်ပြုချက်လည်း ရရှိသွားပြီဖြစ်ပါတယ်။
နမူနာ ကြည့်ရန် - http://www.youtube.com/watch?v=m1dclZSN0hg

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...