Sunday, August 17, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၈)

သစ်ထူးလွင်


Posted: 16 Aug 2014 05:21 AM PDT
  ရန်ကုန် သြဂုတ် ၁၅   ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံးအစိမ်းအနက် ပြထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံးကို ထပ်မံချထားပြီး နံနက်ပိုင်းတွင်ေ
Posted: 16 Aug 2014 05:11 AM PDT
 ဖျာပုံ သြဂုတ် ၁၅  ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဆိပ်မကျေးရွာ အုပ်စု ခါချဉ်ချောင်းအတွင်း ယင်းရွာနေ ဦးမောင်လှိုင် အသက် (၃၈)နှစ် ဘဲမွေးမြူသူ၏ ကျားပိုက်ဟောင်းများဖြင့် ဘဲခြံပြုလုပ်ကာရံထားသော ခြံအတွင်းသို့ အလျား ခုနစ်ပေ ရှစ်လက်မ၊ လုံးပတ် နှစ်ပေ ခြောက်လက်မ အသက် ခုနစ်နှစ်အရွယ်ခန့်ရှိ မိကျောင်းတစ်ကောင်က ဘဲအုပ်များကို ဝင်ရောက်စားရာ ယင်းမိကျောင်းမှာ ကျားပိုက်နှင့်လုံးထွေးရစ်ပတ်ပြီး
Posted: 16 Aug 2014 05:07 AM PDT
  ရှေ့မှမောင်းနှင်နေသော ယာဉ်အား ကျော်တက်စဉ် ပွတ်တိုက်မိပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့်ယာဉ်နှင့် ထပ်မံ ၀င်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ နေပြည်တော်၊ သြဂုတ် ၁၆ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင်-ဘားအံကားလမ်း၊ မိုင်တိုင်အမှတ်(၁၀/၂) ခရုံလမ်းအ၀င်၌ မော်လမြိုင် ဘက်မှ ဘားအံဘက်သို့ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ ဇော်ထွန်းဦး(
Posted: 16 Aug 2014 05:02 AM PDT
 ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံထဲ လူသားချင်းအကူအညီအယောင်ပြပြီး စစ်လက်နက်ပစ္စည်း ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ပေမယ့် ရုရှားစစ်ယာဉ်တန်းကြီးတွေဟာ ယူကရိန်းနယ်စပ်ကို ထွက်ခွာနေကြပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့ညက ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရုရှား စစ်ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောဆိုပါတယ်။ နေတိုးကတော့ အခုလိုရုရှားယာဉ်တန်း ယူကရိန်းနိုင်ငံထဲကို
Posted: 16 Aug 2014 04:59 AM PDT
 ၁၉၆၂ ခုနှစ်ထုတ် Ferrari ပြိုင်ကားဟောင်းတစီးကို အမေရိကန်ဒေါ်လာ ၃၈.၁ သန်းနဲ့ သြဂုတ်လ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ စံချိန်တင်ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံးကားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဗြိတိန်အခြေစိုက် Bonhams လေလံကုမ္ပဏီက လေလံတင်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၅ ကနေ ၂၀၁၄ အထိ ပိုင်ရှင်တဦးထဲက ၄၉ နှစ်ကြာ ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး
Posted: 15 Aug 2014 09:48 PM PDT
  ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်အတွင်း တညနေမှာ ဒေသခံလူငယ် နှစ်ဦးက  မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ Chawl hmun ရပ်ကွက်မြို့ပြင်နေ အသက် ၃၇ အရွယ် အိမ်ထောင်ရှင် ချင်းအမျိုးသမီး Pi Kap Hlei Zing အား ၄င်း၏ ယော င်္ကျား (၆၄) ရှေ့မှောက်မှာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရပါတယ်၊ အဘ C. Laltanpuia ရဲ့သား Zarzoliana(20) နဲ့ အဘ PC Vanlalruata ရဲ့သား PC Lalhruaitluanga (19)တို့ဟာ မြို့ပြင်မှာ ခြံစောင့်နေတဲ့
Posted: 15 Aug 2014 09:27 PM PDT
  အနောက် အာဖရိကတိုက်မှာ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၁၄၅ ယောက်အထိ ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေတယ်လို့ မသင်္ကာသူနဲ့ အတည်ပြုနိုင်တဲ့ ဝေဒနာရှင် စုစုပေါင်း ၁၅၂ ဦး လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ၂ ရက်အတွင်းမှာပဲ သေဆုံးအရေအတွက်ဟာလည်း ၇၆ ယောက်ရှိခဲ့တယ်လို့ WHO ကေ
Posted: 15 Aug 2014 09:25 PM PDT
 အစွန်းရောက် အကြမ်းဖက် အဖွဲ့တွေ အတွက် လူသစ် စုဆောင်းပေး တဲ့၊ ငွေကြေးနဲ့ လက်နက် ထောက်ပံ့တဲ့၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အပေါ် ပစ်မှတ်ထား ကန့်သတ် အပြစ် ယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက် ကို၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ၊ တခဲနက် ထောက်ခံ အတည်ပြု လိုက်ပါတယ်။ ဒီ ဆုံးဖြတ်ချက် ရရှိလာဖို့၊ အဆို မူကြမ်းကို၊ ဗြိတိန် နိုင်ငံက ရေးဆွဲခဲ့တာ ဖြစ်ပြီး၊ အီရတ်နဲ့ ဆီးရီးယား မှာ၊ ထကြွနေကြတဲ့၊ အစ္စလာမ်မစ် နိုင်ငံတော်
Posted: 15 Aug 2014 09:16 PM PDT
  ဒီမိုကရေစီစဉ်ဆက်မပြတ် လှုတ်ရှားမူအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို မနေ့က လှိုင်သာယာမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပြီး ခုလိုမြို့နယ် တရားရုံး တစ်ခုစီကနေ ပုဒ်မတစ်ခုထဲနဲ့ ပြစ်ဒဏ်တွေ သီးခြားစီခွဲပြီး အပြစ်ပေးနေတာဟာ ဥပဒေနဲ့ ကိုက်ညီမူမရှိဘူးလို့ ကိုထင်ကျော်ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFAကို ပြောပါတယ်။ ကိုထင်ကျော်ဟာ လတ်တလောအနေနဲ့ မြိုနယ် ၈ မြို့နယ်က ပုဒ်မ ၅ဝ၅ ခ နဲ့
Posted: 15 Aug 2014 09:07 PM PDT
  ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ရင်း အလုပ် လုပ်နေကြတဲ့ မြန်မာပြည် က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လိုအပ်လာရင် နေရပ်ရင်း ပြန်နိုင်အောင် ခရီးသွားလာခွင့် အထောက်အထားတွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာသံရုံးက ထုတ်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေ အဖမ်းမခံရဖို့ အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကနေ အခုလို အခြေအနေရောက် လာတာဖြစ်တဲ့အကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး
Posted: 15 Aug 2014 09:02 PM PDT
 အီရတ်နိုင်ငံအတွင်းက အစ္စလာမ် အစွန်းရောက် ISIS အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာဒ် လူမျိုးစုတွေကို လက်နက် ထောက်ပံ့ပေးလိုတဲ့ EU အဖွဲ့ဝင် တနိုင်ငံချင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒီအတောအတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ISIS အဖွဲ့ထဲဝင်ဖို့ လူတွေကို လိုက်လံစည်းရုံးတာ၊ ဘဏ္ဍာငွေ စုဆောင်းပေးတာတွေ လုပ်ဆောင်နေသူ ၆ ဦးအပေါ် ကုလသမဂ္ဂက
Posted: 15 Aug 2014 08:49 PM PDT
 ထိုင်းနိုင်ငံမှာ၊ ကိုယ်ဝန် အငှားဆောင်ရာ က မွေးဖွားလာ တဲ့ ကလေးတွေ ကို၊ နိုင်ငံခြားသား မိဘတွေက တိုင်းပြည် အပြင်ဘက် ခေါ်ထုတ် သွားနေကြမှု နဲ့ စပ်လျှင်းပြီး၊ ကန့်သတ်ချက် အသစ်တွေ ချမှတ် လိုက်ပါတယ်။ ကလေးတွေကို၊ ထိုင်းနိုင်ငံ အပြင်ဘက်၊ ခေါ်ဆောင် မသွားခင်၊ မိဘတွေ အနေနဲ့ ထိုင်းတရားရုံး ရဲ့ ခွင့်ပြုမိန့် ရယူရမယ် ဆိုပြီး၊ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တရားရုံး အမိန့် ရယူဖို့ ပျက်ကွက်တဲ့ အတွက်၊ ကလေးငယ်ကိုေ
Posted: 15 Aug 2014 08:47 PM PDT
 မြန်မာနိုင်ငံ မှာ မြို့ပြ စီမံကိန်း အပါအဝင် မြေယာ စီမံ ခန့်ခွဲရေး နဲ့ ပတ်သက်ပြီး၊ အစိုးရမှာ တစ်ခု တည်း သော မူဝါဒ သဘောထား နဲ့၊ အဲဒီ့ မူဝါဒကို စောင့်ကြပ် ပေးနိုင်တဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက် လာဖို့ ဆောင်ရွက် သွားမယ့် အကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်သွား တဲ့၊ အလုပ်ရုံ ဆွေးနွေးပွဲ မှာ ဆုံးဖြတ်နိုင်ခဲ့ ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲ ကို သမ္မတ ဦးသိန်းစိန် တက်ရောက် ဖွင့်လှစ် ပေးခဲ့ပြီး၊ြေ
Posted: 15 Aug 2014 08:43 PM PDT
 မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ကနဦး တိုးတက်တဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး စိန်ခေါ်မှုတွေလည်း အများကြီးရှိနေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစွာကျင်းပနိုင်ရေးကို အထူးအလေးထား ကူညီပံ့ပိုးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်၊
Posted: 15 Aug 2014 08:42 PM PDT
 ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းခံခဲ့ရပြီးကတည်း ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ပိုဆိုးဝါးလာနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ အကူညီပေးရေး ပြောကြားထားတဲ့အတိုင်း ခွင့်ပြုဖို့ ဟော်လန် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ အကြံပေး Reshma Adatia က မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီလက
Posted: 15 Aug 2014 03:07 PM PDT
   ဩဂတ်စ်လ ၁၅ ရက် ၂၀၁၄   ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရွှေ့ပြောင်း အလုပ်သမား အဖြစ်ရောက်ရှိ အလုပ်လုပ်နေသော သျှမ်းပြည်တောင်ပိုင်းမှ အမျိုးသမီးတဦး ရုပ်ရည်ချောမောလှပမှုကြောင့် ချင်းမိုင်မြို့တွင် မော်ဒယ်အလုပ်တဖက် စားသောက်ဆိုင်စားပွဲထိုး အလုပ်တဖက်ဖြင့် ထိုင်းမော်ဒယ်အသိုင်းအဝိုင်း နှင့် သတင်းမီဒီယာလောက တွင် ယခုလအတွင်း နာမည်အထူးကြော်ကြားလာသည်။ ဩဂတ်စ်လ ၁၈ ရက်က သျှမ်းသံတော်ဆင့်သတင်းဌာန
Posted: 15 Aug 2014 02:55 PM PDT
 ပါကစ္စတန် နိုင်ငံ Gujranwala မြို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ဦးဆောင်လာတဲ့ အတိုက်အခံ ခေါင်းဆောင် Imran Khan ရဲ့ ကား သေနတ် နဲ့ အပစ်ခံရပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဒီကနေ့မှာ ဖြစ်ခဲ့ပါတယ်။ ကားကို ကျည်ဆန် ထိမှန်ခဲ့ပေမဲ့ ခေါင်းဆောင် ဒဏ်ရာ မရခဲ့ဘူး လို့ သူရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ Imran Khan ရဲ့ ကားတန်းကို လူတစ်စုကလည်း ကျောက်ခဲ တွေ နဲ့ ပေါက်ခဲ့ပါတယ်။ အကျင့်ပျက်
Posted: 15 Aug 2014 02:51 PM PDT
 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အရေးယူ ဒဏ်ခတ်မှု စာရင်းမှာ ပါဝင်နေသူတဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ မလွှဲသာ မရှောင်သာ တည်းခိုခဲ့ရတာ သာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ရှင်းလင်းချက် ထပ်မံထုတ်ပြန် လိုက်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ ဒဏ်ခတ်မှု စာရင်းမှာ ပါဝင်နေသူတွေကို အမည်စာရင်း ပယ်ဖျက်ဖို့ စဉ်းစားနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
Posted: 15 Aug 2014 02:45 PM PDT
  ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ပြီး စတင် ဖွဲ့စည်းခဲ့တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ CPB ပါတီ သက်တမ်း ၇၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ကွန်မြူနစ် ပါတီ အနေနဲ့ ပြည်တွင်းမှာ တရားဝင် ရပ်တည်ခွင့် ရရေး ရည်မှန်းချက် အခုချိန်ထိ ရှိနေတယ်လို့ ပါတီ ပြောရေးဆိုခွင့် ရှိသူ ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။ သူတို့ ပါတီ တရားဝင် ရပ်တည်ခွင့်ကို အစိုးရက ပိတ်ပင်ခဲ့လို့ ကွန်မြူနစ် ပါတီက လက်နက်ကိုင်
Posted: 15 Aug 2014 02:42 PM PDT
  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ( UPWC ) နဲ့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ တို့ တွေ့ဆုံရာ မှာ တိုင်းရင်းသား တွေ ဘက် က အဓိက တောင်းဆို နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ အချက် ကို အစိုးရ ဘက် က လက်ခံလိုက်ပါတယ်။ တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး စာချုပ် သဘောတူလက်မှတ်ထိုးဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရဟာ ရန်ကုန်မှာ (၂)ရက်ကြာတွေ့ဆုံဆွေးနွေးနေတာြ
Posted: 15 Aug 2014 02:40 PM PDT
  တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းရဖို့ ဒီနေ့ ရန်ကုန်မြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အစိုးရဘက်က ဒီကနေ့ သဘောတူညီလိုက် ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ
Posted: 15 Aug 2014 02:38 PM PDT
  တပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် ဒုတိယမူကြမ်း အချောသတ်ရေး အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ် တွေဟာ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဆွေးနွေးရာမှာ တိုင်းရင်းသား အဖွဲ့တွေ တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ စကားရပ်အပေါ် နားလည်မှု ရခဲ့တာကြောင့် ဆွေးနွေးပွဲဟာ အဆင်ပြေပြေနဲ့ ညှိနှိုင်းနိုင်ခဲ့ တယ်လို့ ဆွေးနွေးပွဲ ပထမနေ့အပြီးမှာ သတင်း ထုတ်ပြန်
Posted: 15 Aug 2014 02:34 PM PDT
  မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ရွာသား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကို ညှိနှိုင်း ဖြေလျှော့ တဲ့ နည်းနဲ့ ဖြေရှင်းမယ်လို့ မန္တလေးတိုင်း ဒုတိုင်း တပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။ အခင်းဖြစ်ပွားပုံ အခြေအနေ၊ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုရဲမှူးကြီးကို မေးမြန်းထားပါတယ်။ မနေ့က ဖြစ်စဉ်မှာ ရဲတွေလည်း ဖမ်းခံရတယ် ကြားလို့၊ အဲဒီဖြစ်စဉ် အမှန်လေး
Posted: 15 Aug 2014 02:28 PM PDT
  မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာက သိမ်းဆည်း ထားတဲ့ လယ်ယာ မြေတွေမှာ ၀င်ရောက်ထွန်ယက်တဲ့ တောင်သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ခဲ့တာကို ဒီကနေ့ ကျေးရွာ သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ညောင်ဝန်းကျေးရွာမှာ ဖြေရှင်းခဲ့ရာမှာ ပြေလည်မှုရရှိခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ရဲမှူးနဲ့ ညှိနှိုင်းရာမှာပါဝင်ခဲ့တဲ့ ညောင်ဝန်းရွာသား ကိုအောင်အောင်က အခုလို ပြောပါတယ်။ "ဘာအကြောင်းနဲ့ ဝင်စီးတာလဲ၊
Posted: 15 Aug 2014 02:26 PM PDT
  မြန်မာနိုင်ငံမှာ ငွေကြေး တတ်နိုင်သူတွေရဲ့ မြေဈေးကစား မှုတွေကြောင့် မြေဈေးနှုန်းတွေ အဆ မတန်ကြီး မြင့်နေကြောင်းနဲ့ ငွေကြေးဖောင်းပွမှု အန္တရာယ်တွေ ကြုံတွေ့လာနိုင်ကြောင်း၊ ဆင်းရဲနွမ်းပါး သူတွေအတွက် တန်ဖိုးနည်း အိမ်ရာတွေ တည်ဆောက်သွားဖို့ လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြားခဲ့ပါတယ်။ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီနေ့ ကျင်းပတဲ့ မြို့ပြကျေးရွာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...