Friday, August 15, 2014

ဟာသစုဗူး (၆)


(#သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´
(‪#‎သူဌေးနှင့်နွား‬)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။

စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´
#‎ရုပ်အရမ်းဆင်တဲ့‬ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ
လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ
ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို
ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။
တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို
"ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ"
(မိန်းမဆုံးသွားတာကို>ရည်ညွှန်းပြီးပြောတာ ဖြစ်တယ်)
ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ..
ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း
အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။
ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို
ဖြစ်သွားရတာ"

#(18+)
‪#‎တစ်ခါတုန်းက‬ ရွာတစ်ရွာမှာ အလွန်မြာပွေတဲ့ ရွာသူကြီးတစ်ယောက်ရှိတယ်။ သူဟာ ဘယ်လောက် မြာပွေသလဲဆိုရင် ရွာထဲမှာ အပျိုလေး အပျိုကြီး တစ်ခုလပ် မုဆိုးမ သူနဲ့လွတ်တာ တော်တော်ကိုရှားတယ် ဆိုပဲ။ နောက်တစ်ခု သူ့မှာ ထူးခြားတဲ့ အနံ့ခံအားရုံ ရှိတယ်။ သူ့မှာ လူပျိုဖြစ်နေပြီဖြစ်တဲ့ သားယောင်္ကျားလေးတစ်ယောက်ရှိတယ်။
တစ်နေ့တော့ သားကို ခေါ်ပြီးပြောတယ်။
`` သား ဒီရွာမှာ သားရည်းစားထားမယ်ဆိုရင် အဘနဲ့ လွတ်တဲ့သူရှားတယ် ဒါကြောင့် သားများရည်းစား ရရင် အဘ နဲ့ မပတ်သတ်တဲ့သူဖြစ်မှ ကောင်းမယ်``
``ဒီလိုဆို ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ အဘရဲ့ ``
``လွယ်ပါတယ် သားရယ် သားချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ သူ့ဆီက ခွင့်တောင်းပြီး ပြန်ကာနီးကျရင် လက်နဲ့ ထိလာခဲ့( ဘာကိုထိခိုင်းတာလည်းဆိုတာ ကိုယ့်ဖာသာ သဘောပေါက်) ပြီးရင် အဘ နဲ့ပတ်သတ်ဖူးလား မပတ်သတ်ဘူးလား အဘဆုံးဖြတ်ပေးမယ်။ ``
ဒီလိုနဲ့ သားဖြစ်တဲ့သူဟာ သူ့အဘမှာသလို လုပ်လာတယ်။ ပြီးတော့ ဘယ်သူပါလို့မပြောပဲ လက်ကိုပေးတယ်။ သူ့အဘက အနံ့ခံကြည့်ပြီး---
``ဟေ့ ဒါရွာတောင်ပိုင်းက ရွှေကြည်ရဲ့သမီး အေးမ မဟုတ်လား မလုပ်နဲ့ကွ အဘနဲ့ပတ်သတ်ဖူးတယ်``
နောက်တစ်ယောက် ပြောင်းပြီး လုပ်လာပြန်တယ်။
``ဒီဟာက ရွာမြောက်ပိုင်း က မသန်းမှီရဲ့ အကြီးဆုံးသမီး ရင်ရင် ပါကွာ ဟုတ်တယ်မဟုတ်လား``
``ဒါကတော့ ရွာအနောက်ပိုင်းက မချစ်ပဲ``
``ဒါကတော့ ရွာအရှေ့ပိုင်းက တစ်ခုလပ် မကျေးတော ပါကွာ``
``ဒါက ရွာအလယ်ပိုင်းက အပျိုပေါက်မလေး ထွေးထွေးမဟုတ်လား``
ကြာတော့ သားလုပ်တဲ့သူဟာ စိတ်တိုလာတယ်။ တစ်ရွာလုံး သူ့အဘနဲ့ လွတ်တဲ့သူကို မရှိတော့ဘူး။ ပြောသမျှလည်း လုံးဝကွက်တိ ။ တော်တော်ဆိုးဆိုးပဲ။
ဒီနေ့တော့ သူဘယ်သူနဲ့မှ ချိန်းမတွေ့ခဲ့ဘူး။ ဒါပေမယ့် သူ့အဘကို စိတ်ခုနေတာရယ် သူ့အဘတကယ် သိတာလားသိချင်တာရယ်ကြောင့် လမ်းဘေးမှာ အိပ်နေတဲ့ ခွေးမကို ထိပြီး သူ့အဘကို စစ်ခိုင်းတယ်။ သူ့အဘဟာ သားဖြစ်သူရဲ့ လက်ကိုအနံ့ခံရင်း အရင်လို အလွယ်တကူ မပြောဘူး။ တော်တော်စဉ်းစားတယ်။ ခဏကြာမှ အလန့်တကြားနဲ့---
``ဟေ့ဟေ့ ငါ့ကို တောင်ဝှေး ပေးစမ်းပါ ---- ဒါအသစ်လေးကွ`` တဲ့။
ကိုင်း ကောင်းရော----------------
Credit-Ko Soe Naing

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...