Saturday, August 9, 2014

ထူးအိမ်သင် ဂီတပွဲတော် လွမ်းခြင်းအားဖြင့် (၁၀)နှစ်တာ

Myo Swe Than's status update.
အမှတ်တရရှိုးလုပ်မယ်၊ တီရှပ်ထုတ်မယ်၊ သီချင်းစာအုပ်ထွက်မယ်။
ကျွန်တော် တာဝန်ယူထားတာ သီချင်းစာအုပ်၊ တီရှပ်ဒီဇိုင်းနဲ့ ကိုငှက်ဆိုထားတဲ့
ရာဇဝင်များရဲ့သူတို့သမီး သီချင်းကို (၁၀) နှစ်ပြည့်အမှတ်တရအဖြစ် ပရိတ်သတ်
တွေအတွက် On Line မှာ.တင်ပေးဖို့ Video Track လေးတစ်ခုလုပ်ပေးမယ်။


စိတ်တိုင်းကျရင် ပေးမယ်၊ စိတ်တိုင်းမကျရင် မပေးဖူးပေါ့၊ စိတ်တိုင်းကျရင်ဆိုတာ
ကိုငှက်ရဲ့ ရာဇဝင်များရဲ့သူတို့သမီးကို ကျွန်တော်ဖန်တီးတဲ့ အရုပ်တွေက
သက်ရောက်နိုင်ရဲ့လား ဆိုတဲ့ကျွန်တော့်ရဲ့ စံပါ။
နောက် ကိုမြင့်မိုးအောင် လိုတဲ့ကိစ္စမှန်သမျှ ကူပေးလိုက်မယ်။
ဒါပေမယ့် လွမ်းဆွတ်ရေးကော်မတီထဲမှာ ကျွန်တော်မပါဖူး၊
ဒီဇိုင်းဆရာ တစ်ယောက်အနေနဲ့ အဲဒီပွဲမှာ ကျွန်တော် Officaially သုံးမယ့်
ထူးအိမ်သင်ပုံ၊ ထူးအိမ်သင် Sketch နဲ့ စာလုံး LOGO တို့ကို အသိပေးပါတယ်၊
အခုပုံတွေပါပဲ။
အသိပေးလိုပါတယ်၊
ကျွန်တော်ရေးသမျှစာ၊ ဓါတ်ပုံ၊ ဒီဇိုင်း၊ အချက်အလက်များကို မည်သည့် အမှတ်
အသား တစ်ခုမျှ မလုပ်ပါ၊ ရင်းနှီးသူအားလုံးနှမြောတွန့်တိုပေးပါတယ်၊ စကားလုံး
တစ်လုံးလည်း တူညီကြပါတယ်၊ မတန်ဖူးတဲ့၊ ကျွန်တော် အဲဒီလိုမခံစားပါဖူး၊
တန်ပါတယ်လို့ ခံစားပါတယ်၊ အဲဒါဘာလို့လည်း၊
ကျွန်တော့်နိုင်ငံသားအားလုံးကို ကျင့်ဝတ်နဲ့ ပြည့်စုံစေချင်တဲ့ ဆန္ဒအတွက်
ကျွန်တော့်ဖက်က နိုင်တဲ့ဝန်ကို အသိ၊ ဥာဏ်ပညာရှိရှိနဲ့ ထမ်းရွက်ပေးခြင်းရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အတိအကျဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
အခုထူးအိမ်သင်ရဲ့ ဓါတ်ပုံဟာ ထိုင်းနိုင်ငံကဓါတ်ပုံဆရာရိုက်ကူးထားပါတယ်၊
ပုံတူ Sketch က ပန်းချီဆရာ ကိုမုတ်သုန် ရေးဆွဲထားပါတယ်၊
စာလုံး LOGO က ကျွန်တော့်လက်ရေးဖြစ်ပါတယ်၊ ဓါတ်ပုံ၊ ပန်းချီများက
ဒီအစီအစဉ်အတွက်မဟုတ်ခဲ့လို့ ထူးအိမ်သင် သေဆုံးပြီးစ ကာလမှာ ထွက်ရှိ
ခဲ့တဲ့ ချစ်ခြင်းအားဖြင့် အယ်လ်ဘမ်မှာကတည်းက သမီးမိကွန်ထောကို
ဖခင်ထူးအိမ်သင် ပိုက်ထားတဲ့ပုံကစလို့ အသုံးပြုခဲ့တဲ့ပုံများဟာ ကျွန်တော့်
ကိုယ်ပိုင်စုဆောင်းမှုများသာ ဖြစ်ပြီး၊ ထူးအိမ်သင်၏ဂုဏ်ကျေးဇူးကို ကောင်းစွာ
နားလည်သိရှိသူ ဒီဇိုင်းဆရာတစ်ယောက်က ထို အနုပညာရှင်၏ ဂုဏ်ကို
သက်ရောက်၊ ချဉ်းကပ်မိစေနိုင်သော ပုံရိပ်များကို အသုံးပြုဖို့ရွေးချယ်ခဲ့ခြင်းမှာ၊ ကျွန်တော့်ယုံကြည်ဆုံးဖြတ်မှုနဲ့သာ ရဲရင့်ခဲ့ခြင်းဖြစ်ပါတယ်။
အခု ထူးအိမ်သင်(၁၀) နှစ်ပြည့်မှာလဲ ကျွန်တော့ကို တာဝန်ပေးလာတဲ့အပိုင်းမှာ
အစီအစဉ်ကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်တော့်ဖက်က
ခေတ်ပြိုင် ဂရပ်ဖစ် ဒီဇိုင်းဆရာတစ်ယောက် အနေနဲ့ ကျွန်တော်တို့ခေတ်မှာ
ကိုယ့်ရှေ့က ကြီးမြတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သူ ကွယ်လွန်သူ ထူးအိမ်သင်
အတွက် တာဝန်ပေးထားခြင်း မရှိလျင်သော်မှ ကူညီဖို့ နဲ့ သူ့အနုပညာ နဲ့ သူ့ဂုဏ်
သိက္ခာကို ကာကွယ်ပေးဖို့ အသင့်ရှိတယ်ဆိုတာလည်း ပြောလိုပါတယ်။
ပြီးတော့ ကျွန်တော့်ရှေ့ကပဲ အကြီးဖြစ်ပြီး ကျွန်တော်ချစ်ခင်တဲ့သူလည်းဖြစ်တဲ့
တေးရေးကိုမြင့်မိုးအောင်က ထူးအိမ်သင်ရဲ့ အယုံကြည်ဆုံးထဲက တစ်ယောက်
ဖြစ်လို့ ထူးအိမ်သင်သီချင်းတွေကို ဒါ မြေမြှုတ်သင်္ဂြိုလ်လိုက်တာ မဟုတ်ဖူးလို့
ထင်မြင်တဲ့အတွက် Show စီစဉ်တဲ့အပိုင်းမှာ ကျွန်တော်လုံးဝ မပါဝင်ပေမယ့်
ကောင်းစရာရှိတာ ကောင်းအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကိုယ်နိုင်တဲ့အရာကို
ကူညီမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အခုတရားဝင်အသုံးပြုမယ်လို့ ကြေငြာထားတဲ့ ပုံများကို အခါအား
လျော်စွာ သတင်းထုတ်ပြန်ပေးတဲ့အခါ သူ့အကြောင်းအရာနဲ့သူ့ပုံ တွဲလျက်သာ
Share စေချင်ပါတယ်၊ ဒီပုံတွေကို စီးပွားရေးအတွက်အသုံးပြုမှာမလိုလားသလို
ထူးအိမ်သင်ရဲ့ ဂုဏ်သိက္ခာ နဲ့ အနုပညာတို့ကို ထိခိုက်စေမယ့် အပြောအဆို၊
အရေးအသားများနဲ့လည်း တွဲလျက် မတွေ့စေချင်ပါဖူး ဆိုတာကိုလည်း တရားဝင်
အသိပေးပါတယ်။ထူးအိမ်သင်ရဲ့ အနုပညာ နဲ့ ကင်းလွတ်ပြီး သူ့နောက်က
အနုပညာဟာ သူ့ဂုဏ်ကို ကျော်တာမတွေ့ ဖူးသေးပါဆိုတာ နားလည်အောင်
ပြောရပါကလည်း ထူးအိမ်သင်ရဲ့ တပည့် မဟုတ်ပါ နောက်လုက်မဟုတ်ပါဆိုရင်
နှစ်ပဲ့၊ သုံးပဲ့၊ လေးပဲ့၊ငါးပဲ့၊ ခြောက်ပဲ့ပဲ ဖြစ်ပါလိမ့်မယ်၊
အဲဒါဟာ ဒီချောင်း၊ဒီရေ၊ ဒီမြေထဲမှာ ဘာအပင်ပဲပေါက်လာမယ် ဆိုတာအားလုံး
က သိကြပြီးဖြစ်လို့ပါပဲ။
နောက်တစ်ခုက ကျွန်တော့်မိတ်ဆွေများ အပူတပြင်းမေးမြန်းကြတဲ့ကိစ္စပါ။
အိမ့်ချစ်က ဒီ(၁၀)နှစ်ပြည့်ပွဲ SHOW အတွက် MRTV4 ကထုတ်ပြန်တဲ့သတင်း
ကြော်ငြာမှာ သူ့နာမည် နေရာ ရှေ့နောက် ပြဿနာအတွက် ဒီဇိုင်းဆရာကို
ဒေါသသင့်စေတဲ့ စကားဟာ ကျွန်တော့်ကိုများ ရည်ညွှန်းတာ များလားလို့
Screen Shotရိုက်ပို့ပြီး အမြောက်အများမေးမြန်းလာတဲ့အတွက်ဖြေကြားပါမယ်၊
အဲဒီ ကြော်ငြာဒီဇိုင်းကို
ကျွန်တော်မလုပ်ပါ၊ ကျွန်တော်လုံးဝမသိပါ။
ကျွန်တော့်အတွက် အရေးလည်းမကြီးပါ၊
သို့သော် ထူးအိမ်သင်ရဲ့ အနုပညာဂုဏ်သိက္ခာကို ထိခိုက်လာစေနိုင်တဲ့အကြောင်း
အရာများဖြစ်ပေါ်လာနိုင်တဲ့အတွက် အခုကြေငြာချိန်က စပြီး ထူးအိမ်သင်
လွမ်းခြင်းအားဖြင့်(၁၀)နှစ်တာ အမှတ်တရပွဲနဲ့ ပါတ်သက်တဲ့ Still , One Frame
ပုံရိပ်များကို ကျွန်တော် ဒီဇိုင်းမျိုးဆွေသန်းကသာ အားလုံးတာဝန်ယူလုပ်ကိုင်ပါ
မယ်ဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်။
ထူးအိမ်သင်နဲ့ ပါတ်သက်လို့ စိုးရိမ်ပူပန်တဲ့ သူ့ကိုချစ်ခင်တဲ့ပရိတ်သတ်များကို
လည်း ကျေးဇူးတင်ရှိပါကြောင်းပြောလိုပါတယ်၊
ကျွန်တော် တရားဝင်အသုံးပြုမှာများကို ကြေငြာဖို့အကြောင်း ရှိခဲ့ပြီးဖြစ်လို့
ထူးအိမ်သင် Fun Club မှ ကိုဖိုးသားက ခွင့်တောင်းလာချိန်မှာ ခွင့်ပြုလိုက်တဲ့
အတွက် လွမ်းခြင်းအားဖြင့်(၁၀)နှစ်တာ ထူးအိမ်သင်ဂီတပွဲတော် ဆိုတဲ့
ခေါင်းစည်းက ကျွန်တော့်လက်ရေးနဲ့ ထူးအိမ်သင်ဓါတ်ပုံ အဖြူအမည်း ပုံကို
ကျွန်တော့်ဒီဇိုင်းလို့ တွေ့ပြီးသူတွေက MRTV 4 ဖက်က လက်မှတ်ရောင်းဖို့
ကြော်ငြာထုတ်တဲ့ဒီဇိုင်းက ကျွန်တော့်ကိုရည်ညွှန်းတယ်လို့ ထင်မိတာဖြစ်ပါ
လိမ့်မယ်၊ ထူးအိမ်သင်၊ အယ်ဖြူတို့ရဲ့ ပရိတ်သတ်များက ဖန်တီးပေးထားတဲ့
Fun Pageတွေမှာ ကျင့်ဝတ်ပြည့်စုံတဲ့ Page တွေအတွက် သက်ဆိုင်သမျှ
အရာအားလုံးကို ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း အသိပေးပါတယ်။
ကျွန်တော့်မိတ်ဆွေများကို သိစေလိုတာက၊
ကျွန်တော်ပြုလုပ်ပေးခဲ့သမျှ ဒီဇိုင်းများက သတင်းစာကြော်ငြာမှာပါတဲ့
စာလုံးမျှသာပါသော ဒီဇိုင်းအထိ ဘယ်သူ့မှ အထိမခံပဲ ကိုယ်တိုင်ပဲ လုပ်ပေး
ပါတယ်၊ အဲဒီ အဆိုတော်ရဲ့ အဆင့်အတန်းနဲ့ သူ့ အနုပညာရဲ့ အနှိုင်းအဆ
အတွက် ကျွန်တော့်ဖက်က ထားရှိတဲ့ စေတနာပါပဲ၊
အသေးအဖွဲလေးကစလို့ သူ့အနုပညာ တန်ဖိုးကို ထိခိုက်မှုမရှိရလေအောင်
ဆိုတဲ့ ပညာဥာဏ်နဲ ကျွန်တော်အားထုတ်ပေးခြင်းပါ။
အခုကြော်ငြာကို ကျွန်တော် မြင်ရချိန်ထိ ဘယ်သူတွေဆိုကြမယ်မသိသေးပါ။
ကိုမြင့်မိုးအောင်နဲ့ အခုလေးတင်မှဖုန်းရလို့ The Show Must Go On လို့
နီကိုးလ်ကစ်မင်းရဲ့ မိုလင်ရု(တ်) ဇာတ်ကားက စကားလုံးနဲ့ ဟာသလုပ်ရပါတယ်။
ကျွန်တော်က လက်ရေးလည်းလှလို့၊
လက်ရေးလှမှလည်း ဒီဇိုင်းဆရာဖြစ်မယ်လို့ အခြေခံယုံကြည်လို့ စာလုံးကို
အထူးရွေးချယ်ပါတယ်၊ အဲဒီစာလုံးဟာ ထူးအိမ်သင်ရဲ့ ဘယ်နေရာမှာ ဆိုတာ
ကျွန်တော်ပဲသိပါတယ်၊ ပြီးတော့ ဒီဂျစ်တယ်ကူးပြောင်းချိန်မှာ
Apple Macintosh ကွန်ပြူတာနဲ့ပဲ စတင်ပြုလုပ်ခဲ့ရလို့ တလျောက်လုံး
ဒီအမျိုးအစားကိုပဲ အသုံးပြုခဲ့ရာမှာ Apple ကွန်ပြူတာရဲ့ စာလုံး Fontအတွက်
တည်ဆောက်ထားပုံကို နှစ်သက်ဘဝင်ကျတဲ့ အချက်လည်း ပါဝင်ပါတယ်၊
ဒါ့ကြောင့် အခြားကွန်ပြူတာနဲ့ စာလုံးပုံစံတွေ မတူညီတဲ့အပြင် ဒီ Apple Font
အတွက် မြန်မာစာ စာလုံးရေးတဲ့ ဦးစိုးဝင်းထံမှ တရားဝင် ဝယ်ယူပြီး
ကိုယ့်အရသာ ပါဝင်စေတဲ့အချက်အလက်တစ်ချို့ပြုပြင်ထားတဲ့ စာလုံးများ
ကိုသာ ကိုယ်ပိုင်အသုံးပြုခဲ့တဲ့အတွက် အဲဒီ Apple Fontမှလွဲ၍ Type များကို
မည်သည့်စာလုံးများနှင့်မျှ အလွယ်တကူအသုံးပြုခဲ့ခြင်းမရှိပါ။
ဒီလို Type အခက်အခဲပြဿနာရှိခဲ့လို့ နှေင့်နှေးရခြင်းများကြောင့်
မိမိ Creation ပြီးသော်လည်း ဒီဇိုင်းလုပ်တာကြာမြင့်သည် ဆိုသော နာမည်
ကိုပင် ပျော်ရွှင်စွာ လက်ခံထားခဲ့ပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် မိတ်ဆွေများကို ထို Apple Type စာလုံးများမဟုတ်ပဲနှင့်
မည်သည့်ဒီဇိုင်းကိုမျှ အခြားသော စာလုံး TYPE များနှင့် မလုပ်ဖူးကြောင်းနှင့် ဤကဲ့သို့သောကိစ္စရပ်များအတွက် ဘယ်သောအခါမှ ကျွန်တော့်အား စိုးရိမ်
ပူပန်ပေးရန်မလို ယုံကြည်စိတ်ချနိုင်ပါကြောင်း အသိပေးလိုပါတယ်။
အိမ့်ချစ်နဲ့ပါတ်သက်လို့ မှတ်ချက် သိလိုပါလျင် လည်း
ကျွန်တော်ချစ်ခင်လေးစားသော အနုပညာရှင် အန်ကယ်ချစ်( ချစ်ကောင်း) ၏
သမီးဖြစ်သည့်အတွက် ဘာမျှမှတ်ချက်မပေးလိုသော်လည်း သူ့နေရာဂုဏ်သိက္ခာ
အတွက် တိုက်ပွဲဝင်သည်ဟုပင် ထင်မြင်မိပြီး၊ အန်ကယ်ချစ်၏သဘောအတိုင်း
သြဝါဒ စကားပြောရပါမူ အန်ကယ်ထူးအိမ်သင် လွမ်းဆွတ်ခြင်းပွဲ သမီးဆိုရတယ်
ဆိုရင်ပဲ မြတ်လှပါပြီ၊ နာမည် ရှေ့ကနေရလို့ လည်း လောကီ၊ လောကုတ္တရာ
အကျိုးစီးပွားနှစ်ဖြာထူးခြားသွားမှာမှ မဟုတ်တာ သမီးရယ်လို့ ဆိုရခြင်းမှာလည်း
အန်ကယ်ချစ်က ကျွန်တော်တို့ကို ဆုံးမတဲ့အတိုင်းသာ ဟု။
သီချင်းစာအုပ်အတွက် ပုံများရေးဆွဲပေးကြသော
ချစ်ခြင်းအားဖြင့် ညီအစ်ကိုများအားလည်း ကျေးဇူးတင်ရှိကြောင်းနဲ့
အားလုံးကို အသုံးပြုမှာဖြစ်ပါကြောင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...